မၾကာခင္ အေကာင္အထည္ေပၚလာေတာ့မယ္ ျပတင္းေပါက္လုံးဝမပါတဲ့ ခရီးသည္ေလယာဥ္

20 Likes Comment

ျပတင္းေပါက္မပါတဲ့ ေလယာဥ္အသစ္ အစမ္းတစ္မ်ိဳးကို တီထြင္မယ့္စိတ္ကူးတစ္ခု စတင္ေဆာင္႐ြက္ဖို႔ရွိေနၿပီး ဆယ္စုႏွစ္တစ္ခုအတြင္းမွာပဲ အေကာင္အထည္ေပၚလာမွာျဖစ္ပါတယ္။ မၾကာခင္မွာ ခရီးသည္ေတြအေနနဲ႔ ခရီးသြားေနစဥ္ ေလယာဥ္ေပၚမွတဆင့္ အင္တာနက္အသုံးျပဳႏိုင္၊ အီးေမးလ္စစ္ေဆးႏိုင္ၿပီး အျပင္ဘက္ ေဝဟင္ယံကို ၾကည့္ရႈခံစားႏိုင္မွာျဖစ္ပါတယ္။

ျပတင္းေပါက္ေတြကို စမတ္ဖန္သားျပင္ေတြနဲ႔ ေျပာင္းလဲတပ္ဆင္ထားမွာျဖစ္ၿပီး အျပင္ဘက္ရႈခင္းကို အခ်ိန္မေ႐ြး ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ ဆႏၵရွိပါက ပိတ္ထားပစ္လို႔လည္း ရမွာျဖစ္ပါတယ္။ ဒီနည္းပညာကို Centre for Process Innovation (CPI) company မွ ႀကံဆခဲ့တာျဖစ္ၿပီး တျခားကုမၸဏီေတြနဲ႔အတူ လက္တြဲထုတ္လုပ္သြားမွာျဖစ္တယ္။ ႀကီးမားမႈ၊ ႐ုပ္ထြက္ၾကည္လင္ျပတ္သားမႈ၊ ပါးလႊားမႈနဲ႔ ေပါ့ပါးတဲ့ မ်က္ႏွာျပင္ေတြက ေလယာဥ္ကိုယ္ထည္ပိုင္းကို ဘယ္ေလာက္ထိ ပုံေဖာ္ေပးႏိုင္မလဲ၊ ေလယာဥ္ရဲ႕အျပင္ဘက္မွာ တပ္ဆင္ထားတဲ့ ကင္မရာေတြကေရာ အျပင္ဘက္ ပုံရိပ္ေတြကို ဘယ္ေလာက္ထိျပသေပးႏိုင္မယ္ဆိုတဲ့ အခ်က္ေတြကို စီမံကိန္းေတြကေန ေဖာ္ျပေပးထားပါတယ္။

ဒီအခ်က္တစ္ခုတည္းသာမဟုတ္ဘဲ ေလယာဥ္ရဲ႕ အေလးခ်ိန္ဘယ္ေလာက္ေလ်ာ့ခ်ေပးႏိုင္မလဲ ဆိုတာေတြကို ကုမၸဏီက အႀကံထုတ္ေနၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေလာင္စာကုန္ဆုံးမႈ ေလ်ာ့နည္းလာၿပီး ေလယာဥ္ခႏႈန္းထားေတြပါ ေလ်ာ့က်လာမွာျဖစ္တယ္။ ေလယာဥ္တစ္စီးရဲ႕ အေလးခ်ိန္ ၁% ရာခိုင္ႏႈန္း ေလ်ာ့ခ်မႈတိုင္းမွာ ေလာင္စာ ဝ.၇၅% ရာခိုင္ႏႈန္း ေခြၽတာေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေခတ္ေရွ႕အလြန္းေျပးတဲ့ ဒီစိတ္ကူးအိုင္ဒီယာထဲ ခရီးသည္ေတြ သူတို႔ျမင္ခ်င္ေတြ႕ခ်င္တာ မွန္သမွ်ေတြ႕လို႔၊ ျမင္လို႔ရေအာင္ မွန္ျပားေတြ ပါဝင္မွာျဖစ္ၿပီး မ်က္စိလႈပ္လိုက္တာနဲ႔ ေျပာင္းလဲေပးမွာျဖစ္တယ္။ CIP ရဲ႕ကိုယ္စားလွယ္ Dr. Jon Helliwell က သဘာဝက်တဲ့ စိတ္ကူးအေတြးသာ ထားရွိၾကပါ။ တို႔ျပတင္းေပါက္ေတြအားလုံး ျဖဳတ္လိုက္ၾကရေအာင္ ( ကုန္တင္ေလယာဥ္ေတြကို လုပ္ထားသလို)။ ခရီးသည္ေတြ ဘာေတြလုပ္ၾကမွာလဲ လို႔ေျပာဆိုခဲ့ပါတယ္။

လွ်ပ္စစ္မီးေပး လည္ပတ္ေပးလိုက္တဲ့အခ်ိန္မွာ သူ႔ကိုယ္ပိုင္အလင္းေရာင္ ထုတ္လုပ္ေပးမယ့္ Organic light-emitting diodes (OLEDs) နဲ႔ ဖန္တီးျပဳလုပ္သြားမွာျဖစ္ပါတယ္။ OLED အတြက္ တျခားလိုအပ္တဲ့ ပစၥည္းေတြအားလုံးျပည့္စုံသြားၿပီဆိုတာနဲ႔ ဒီစိတ္ကူးအိုင္ဒီယာကို ၁၀ ႏွစ္အတြင္း အေကာင္အထည္ေပၚလာမွာျဖစ္တယ္လို႔ Dr.Helliwell က ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။ ေလယာဥ္ကုမၸဏီေလာကရဲ႕ တိုးတက္လာတဲ့ အေျခအေနနဲ႔ အံဝင္ခြင္က်ျဖစ္လာေနတဲ့အတြက္ ဒီအေၾကာင္းေတြ ေျပာဆိုရတာပဲျဖစ္ပါတယ္။

Source: Mirror

==========

Unicode

ပြတင်းပေါက်မပါတဲ့ လေယာဉ်အသစ် အစမ်းတစ်မျိုးကို တီထွင်မယ့်စိတ်ကူးတစ်ခု စတင်ဆောင်ရွက်ဖို့ရှိနေပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။ မကြာခင်မှာ ခရီးသည်တွေအနေနဲ့ ခရီးသွားနေစဉ် လေယာဉ်ပေါ်မှတဆင့် အင်တာနက်အသုံးပြုနိုင်၊ အီးမေးလ်စစ်ဆေးနိုင်ပြီး အပြင်ဘက် ဝေဟင်ယံကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ပြတင်းပေါက်တွေကို စမတ်ဖန်သားပြင်တွေနဲ့ ပြောင်းလဲတပ်ဆင်ထားမှာဖြစ်ပြီး အပြင်ဘက်ရှုခင်းကို အချိန်မရွေး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆန္ဒရှိပါက ပိတ်ထားပစ်လို့လည်း ရမှာဖြစ်ပါတယ်။ ဒီနည်းပညာကို Centre for Process Innovation (CPI) company မှ ကြံဆခဲ့တာဖြစ်ပြီး တခြားကုမ္ပဏီတွေနဲ့အတူ လက်တွဲထုတ်လုပ်သွားမှာဖြစ်တယ်။ ကြီးမားမှု၊ ရုပ်ထွက်ကြည်လင်ပြတ်သားမှု၊ ပါးလွှားမှုနဲ့ ပေါ့ပါးတဲ့ မျက်နှာပြင်တွေက လေယာဉ်ကိုယ်ထည်ပိုင်းကို ဘယ်လောက်ထိ ပုံဖော်ပေးနိုင်မလဲ၊ လေယာဉ်ရဲ့အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကရော အပြင်ဘက် ပုံရိပ်တွေကို ဘယ်လောက်ထိပြသပေးနိုင်မယ်ဆိုတဲ့ အချက်တွေကို စီမံကိန်းတွေကနေ ဖော်ပြပေးထားပါတယ်။

ဒီအချက်တစ်ခုတည်းသာမဟုတ်ဘဲ လေယာဉ်ရဲ့ အလေးချိန်ဘယ်လောက်လျော့ချပေးနိုင်မလဲ ဆိုတာတွေကို ကုမ္ပဏီက အကြံထုတ်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လောင်စာကုန်ဆုံးမှု လျော့နည်းလာပြီး လေယာဉ်ခနှုန်းထားတွေပါ လျော့ကျလာမှာဖြစ်တယ်။ လေယာဉ်တစ်စီးရဲ့ အလေးချိန် ၁% ရာခိုင်နှုန်း လျော့ချမှုတိုင်းမှာ လောင်စာ ဝ.၇၅% ရာခိုင်နှုန်း ချွေတာပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခေတ်ရှေ့အလွန်းပြေးတဲ့ ဒီစိတ်ကူးအိုင်ဒီယာထဲ ခရီးသည်တွေ သူတို့မြင်ချင်တွေ့ချင်တာ မှန်သမျှတွေ့လို့၊ မြင်လို့ရအောင် မှန်ပြားတွေ ပါဝင်မှာဖြစ်ပြီး မျက်စိလှုပ်လိုက်တာနဲ့ ပြောင်းလဲပေးမှာဖြစ်တယ်။ CIP ရဲ့ကိုယ်စားလှယ် Dr. Jon Helliwell က သဘာဝကျတဲ့ စိတ်ကူးအတွေးသာ ထားရှိကြပါ။ တို့ပြတင်းပေါက်တွေအားလုံး ဖြုတ်လိုက်ကြရအောင် ( ကုန်တင်လေယာဉ်တွေကို လုပ်ထားသလို)။ ခရီးသည်တွေ ဘာတွေလုပ်ကြမှာလဲ လို့ပြောဆိုခဲ့ပါတယ်။

လျှပ်စစ်မီးပေး လည်ပတ်ပေးလိုက်တဲ့အချိန်မှာ သူ့ကိုယ်ပိုင်အလင်းရောင် ထုတ်လုပ်ပေးမယ့် Organic light-emitting diodes (OLEDs) နဲ့ ဖန်တီးပြုလုပ်သွားမှာဖြစ်ပါတယ်။ OLED အတွက် တခြားလိုအပ်တဲ့ ပစ္စည်းတွေအားလုံးပြည့်စုံသွားပြီဆိုတာနဲ့ ဒီစိတ်ကူးအိုင်ဒီယာကို ၁၀ နှစ်အတွင်း အကောင်အထည်ပေါ်လာမှာဖြစ်တယ်လို့ Dr.Helliwell က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ လေယာဉ်ကုမ္ပဏီလောကရဲ့ တိုးတက်လာတဲ့ အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်လာနေတဲ့အတွက် ဒီအကြောင်းတွေ ပြောဆိုရတာပဲဖြစ်ပါတယ်။

Source: Mirror

You might like

Leave a Reply

Your email address will not be published. Required fields are marked *