ဖခင္ျဖစ္သူက ၁၃ ႏွစ္အရြယ္ သမီးျဖစ္သူကို သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္

123 Likes Comment

ေရတာရွည္ ဇြန္ ၂၀

ေတာင္ငူခရိုင္ ေရတာရွည္ၿမိဳ႕နယ္ ဆြာၿမိဳ႕ေျမာက္ပိုင္း
ရွမ္းရြာ၌ ၂၀၁၈ ခုႏွစ္ ၄ လပိုင္း ေန႔ရက္မမွတ္မိ ည ၈ နာရီအခ်ိန္ မ…..တစ္ ေယာက္တည္း ေနအိမ္တြင္ရွိေနစဥ္ ဖခင္ျဖစ္သူ သိန္းေဇာ္ဝင္း ၃၇ ႏွစ္ဆြာၿမိဳ႕မွ အရက္မူး လ်က္ျပန္ေရာက္လာခ့ဲေၾကာင္း အိမ္ေပၚအေရာက္ သမီးျဖစ္သူအား ထမင္းစားမည္ေျပာ၍ ထမင္းခူးေပးခ့ဲ ၿပီး အိမ္ေအာက္သို႔ ဆင္းမယ္ျပဳစဥ္ မ….. လက္ကိုဆြဲ ေနအိမ္အိပ္ခန္း အတြင္းကိုေခၚကာ သားမယားအျဖစ္ ၁၅ မိနစ္ခန္႔ျပဳက်င့္ခ့ဲေၾကာင္း

ယခုကိစၥကိုဘယ္သူကိုမွမေျပာရန္ ေျပာ သည့္အတြက္ ျပန္မေျပာရဲခ့ဲေၾကာင္း ထိုက့ဲသို႔ သားမယားအျဖစ္ (၃) ႀကိမ္ျပဳက်င့္ခံရၿပီးေနာက္ မ….၏ ေနထိုင္မႈပံုသ႑ာန္ ပ်က္ယြင္းေနသည့္ အတြက္ အိမ္နီးခ်င္းေနသူတို႔က မိန္းကေလး၏ ဖခင္မရွိခိုက္ ဆီးစစ္ၾကည့္ရာမွ ကိုယ္ဝန္ရွိေၾကာင္းသိရွိရၿပီး
ေက်းရြာ ရာအိမ္မွဴးက တရားလိုျပဳလုပ္၍ ဆြာနယ္ေျမ ရဲစခန္းတြင္ ဇြန္ ၁၉ ရက္ေန႔က အမႈဖြင့္တိုင္တန္းခ့ဲျခင္း ျဖစ္ေၾကာင္းသိရသည္။

ကိုလြင္ – ဆြာ

==========

Unicode

ရေတာရှည် ဇွန် ၂၀

တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့မြောက်ပိုင်း
ရှမ်းရွာ၌ ၂၀၁၈ ခုနှစ် ၄ လပိုင်း နေ့ရက်မမှတ်မိ ည ၈ နာရီအချိန် မ…..တစ် ယောက်တည်း နေအိမ်တွင်ရှိနေစဉ် ဖခင်ဖြစ်သူ သိန်းဇော်ဝင်း ၃၇ နှစ်ဆွာမြို့မှ အရက်မူး လျက်ပြန်ရောက်လာခဲ့ကြောင်း အိမ်ပေါ်အရောက် သမီးဖြစ်သူအား ထမင်းစားမည်ပြော၍ ထမင်းခူးပေးခဲ့ ပြီး အိမ်အောက်သို့ ဆင်းမယ်ပြုစဉ် မ….. လက်ကိုဆွဲ နေအိမ်အိပ်ခန်း အတွင်းကိုခေါ်ကာ သားမယားအဖြစ် ၁၅ မိနစ်ခန့်ပြုကျင့်ခဲ့ကြောင်း

ယခုကိစ္စကိုဘယ်သူကိုမှမပြောရန် ပြော သည့်အတွက် ပြန်မပြောရဲခဲ့ကြောင်း ထိုကဲ့သို့ သားမယားအဖြစ် (၃) ကြိမ်ပြုကျင့်ခံရပြီးနောက် မ….၏ နေထိုင်မှုပုံသဏ္ဍာန် ပျက်ယွင်းနေသည့် အတွက် အိမ်နီးချင်းနေသူတို့က မိန်းကလေး၏ ဖခင်မရှိခိုက် ဆီးစစ်ကြည့်ရာမှ ကိုယ်ဝန်ရှိကြောင်းသိရှိရပြီး
ကျေးရွာ ရာအိမ်မှူးက တရားလိုပြုလုပ်၍ ဆွာနယ်မြေ ရဲစခန်းတွင် ဇွန် ၁၉ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကိုလွင် – ဆွာ

You might like

Leave a Reply

Your email address will not be published. Required fields are marked *