Facebook ခ်စ္သူႏွင့္ အျပင္မွာခ်ိန္းေတြ႔၊ အဆင္မေျပသျဖင့္ မိမိကိုယ္ကို ဓာက္ဆီေလာင္းမီးရႈိ႕

62 Likes Comment

Facebook ခ်စ္သူႏွင့္ အျပင္မွာခ်ိန္းေတြ႔၊ အဆင္မေျပသျဖင့္ မိမိကိုယ္ကို ဓာက္ဆီေလာင္းမီးရႈိ႕ ျပီး ေသေၾကာင္းႀကံစည္မႈ မႏၱေလးတြင္ျဖစ္ပြား….

—————————

ရွမ္းျပည္နယ္ ေနာင္ခ်ဳိျမိဳ႕နယ္မွအမ်ဳိးသားတဦးသည္ Facebook ေပၚတြင္ေတြ႕ဆံုခဲ့သည့္ မႏၱေလးျမိဳ႕ေန ခ်စ္သူမိန္းကေလးအား သြားေရာက္ေတြ႔ဆံုရာ အဆင္မေျပသျဖင့္ မိမိကိုယ္ကို ဓာတ္ဆီေလာင္းမီးရႈိ႕ ၍ ေသေၾကာင္းႀကံမႈ ဇြန္ ၁၉ ရက္ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သတင္းရသည္။

ျဖစ္စဥ္မွာ ေနာင္ခ်ိဳၿမိဳ႕နယ္ ဝက္ဝံေက်း႐ြာေန ညီညီေအာင္ (၃၄) နွစ္က ၎ႏွင့္ Facebook တြင္ ေတြ႔ဆံုခဲ့သည့္ မွန္တန္းရပ္ကြက္ တိုးခ်ဲ႕ (၃) တြင္ အိမ္ငွားေနထိုင္သူ အသက္ ၂၉ ႏွစ္အရြယ္ မ—- အား လာေရာက္ေတြ႕ဆံုရာ မေျပလည္သျဖင့္ မိမိကိုယ္ကို ဓာက္ဆီေလာင္းမီးရိႈ႕၍ ေသေၾကာင္းၾကံစည္ခဲ့ေၾကာင္း၊ အနီး၀န္းက်င္ေနျပည္သူမ်ားက ဝိုင္းဝန္ထိန္းသိမ္းကာ မီးၿငိွမ္းသတ္ကာ ေမတၲာျမင့္မိုရ္လူမႈကူညီေရးအသင္းယာဥ္ျဖင့္ အမရပူရၿမိဳ႕မေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊ ၿမိဳ႕နယ္ေဆးရံုမွတဆင့္ မႏၲေလးျပည္သူ႔ေဆးရံုႀကီး၊ အေရျပားဌာနသို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ မိမိကိုယ္ကို ေသေၾကာင္းႀကံ႐ြယ္သူ ညီညီေအာင္တြင္ အေရျပားမီးေလာင္ဒဏ္ရာရရွိၿပီး အသက္အႏၲရာယ္မရွိ(မစိုးရိမ္ရ)အား အမရပူရၿမိဳ႕မရဲစခန္းက မိမိကိုယ္ကိုေသေၾကာင္းႀကံမႈျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Credit – #NewsWatch

==========

Unicode

Facebook ချစ်သူနှင့် အပြင်မှာချိန်းတွေ့၊ အဆင်မပြေသဖြင့် မိမိကိုယ်ကို ဓာက်ဆီလောင်းမီးရှို့ ပြီး သေကြောင်းကြံစည်မှု မန္တလေးတွင်ဖြစ်ပွား….

—————————

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှအမျိုးသားတဦးသည် Facebook ပေါ်တွင်တွေ့ဆုံခဲ့သည့် မန္တလေးမြို့နေ ချစ်သူမိန်းကလေးအား သွားရောက်တွေ့ဆုံရာ အဆင်မပြေသဖြင့် မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ ၍ သေကြောင်းကြံမှု ဇွန် ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာနေ ညီညီအောင် (၃၄) နှစ်က ၎င်းနှင့် Facebook တွင် တွေ့ဆုံခဲ့သည့် မှန်တန်းရပ်ကွက် တိုးချဲ့ (၃) တွင် အိမ်ငှားနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မ—- အား လာရောက်တွေ့ဆုံရာ မပြေလည်သဖြင့် မိမိကိုယ်ကို ဓာက်ဆီလောင်းမီးရှို့၍ သေကြောင်းကြံစည်ခဲ့ကြောင်း၊ အနီးဝန်းကျင်နေပြည်သူများက ဝိုင်းဝန်ထိန်းသိမ်းကာ မီးငြှိမ်းသတ်ကာ မေတ္တာမြင့်မိုရ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် အမရပူရမြို့မဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့နယ်ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေပြားဌာနသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံရွယ်သူ ညီညီအောင်တွင် အရေပြားမီးလောင်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်မရှိ(မစိုးရိမ်ရ)အား အမရပူရမြို့မရဲစခန်းက မိမိကိုယ်ကိုသေကြောင်းကြံမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit – #NewsWatch

You might like

Leave a Reply

Your email address will not be published. Required fields are marked *