မုဒိမ္းမႈျဖင့္ ရဲအလိုရိွေနသူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးျဖစ္လာ

28 Likes Comment

အသက္မျပည့္ေသးသူကို မုဒိမ္းက်င့္စဥ္ ကူညီအားေပးသူ ၃ ဦးေထာင္က်ၿပီး ျပန္လြတ္လာခ်ိန္မွာ က်ဴးလြန္သူလို႔ ယူဆခံရသူက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ အေရြးခံရပါတယ္
အေမ့အိမ္ကိုျပန္ေရာက္ေနတဲ့ မလဲလဲ့ အိမ္ေရွ႕လမ္းမဘက္ကို ၾကည့္ေနတုန္း ဆိုင္ကယ္ ေမာင္းသြားတဲ့ လူတစ္ေယာက္ကို လွမ္းျမင္လိုက္ရတဲ့ခဏမွာ ထိတ္လန္႔တုန္လႈပ္သြားခဲ့ပါတယ္။ ဘာေၾကာင့္လဲလို႔ ဆိုေတာ့ အဲဒီလူဟာ သူ ၁၄ ႏွစ္သမီးအရြယ္မွာ သူ႔ကို အတင္းကားတင္ေျပး၊ မုဒိမ္းက်င့္အၿပီးထြက္ေျပး လြတ္ေျမာက္ေနသူျဖစ္ေနလို႔ပါပဲ။

ပိုၿပီး ထိတ္လန္႔စရာေကာင္းတာက အဲဒီ တရားခံေျပးဟာ သူအလည္ေရာက္ေနတဲ့ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ ၁၄ဝ ရပ္ကြက္ရဲ႕ တန္ခိုးထက္လွတဲ့ အုပ္ခ်ဳပ္ေရးမႉးျဖစ္ေနတယ္ ဆိုတာပါပဲ။ ရဲက တရားခံေျပး ေၾကညာခံထားရသူဟာ ဘယ္လိုလုပ္ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ျဖစ္ေနရတာလဲဆိုတာကို မလဲ့လဲ့ နားမလည္ႏိုင္ေအာင္ ျဖစ္ရသလို စိတ္ဒဏ္ရာေဟာင္းကလည္း တစ္ေက်ာ့ျပန္ ေပၚေပါက္လာခဲ့ပါေတာ့တယ္။

“ကၽြန္မ ေတာ္ေတာ္ ေၾကာက္သြားတယ္၊ သူမွသူအစစ္ပဲ။ ကၽြန္မက သားကိုအေမနဲ႔ထားၿပီး အျပင္ထြက္ အလုပ္လုပ္ေနတာ။ အိမ္မွာ မေနေတာ့ ဒီရပ္ကြက္မွာ သူေနတာ မသိခဲ့ဘူး။ အေမ့ကိုေျပာျပလိုက္တယ္၊ ကၽြန္မကို မုဒိန္းက်င့္ၿပီး တရားခံေျပးျဖစ္ေနသူက သူဆိုတာ။ သူ႕အိမ္က အေမ့အိမ္နဲ႔ မလွမ္းမကမ္းမွာပဲ။ သူလည္း သူ႕အိမ္ေထာင္နဲ႔သူ”လို႔ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) စက္မႈဇုန္မွာ အလုပ္လုပ္ေနတဲ့ မလဲလဲ့က ဆိုပါတယ္။

လဲ့လဲ့ ဆိုတာသူ႔နာမည္ရင္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီေဆာင္းပါးမွာဒီနာမည္ကိုပဲအသံုးျပဳပါမယ္။ အခုအသက္ ၂၁ ႏွစ္ရွိၿပီျဖစ္တဲ့ မလဲ့လဲ့အတြက္ေတာ့ ၂ဝ၁၁ ႏိုဝင္ဘာ ၃ ရက္ေန႔က အေမ့ကို စိတ္ဆိုးၿပီး အိမ္ကဆင္းသြားခဲ့မိတဲ့အျဖစ္ဟာ တစ္သက္မေမ့ႏိုင္စရာပါပဲ။ ၾကမၼာဆိုးငင္ခဲ့တဲ့ အဲဒီည ၁ဝ နာရီေက်ာ္ေက်ာ္ေလာက္မွာေတာ့ သဃၤန္းကၽြန္းမွာေနတဲ့ သူ႕ ရည္းစားဆီ ဆိုက္ကားနဲ႔အသြား သံသုမာလမ္းမ၊ ‘ေ႐ႊရည္’မွတ္တိုင္နားေရာက္ခ်ိန္မွာ လူငါးေယာက္က ဆိုက္ကားနင္းသူကို ၿခိမ္းေျခာက္ၿပီးမလဲ့လဲ့ကို ကားတစ္စီးေပၚ အတင္းဆြဲေခၚသြားပါတယ္။

အဲဒီ ေယာက်္ားသားအုပ္စုဟာ မလဲ့လဲ့ကို ေနာက္ကေန ဓားလို႔ထင္ရတဲ့အရာတစ္ခုနဲ႔ေထာက္၊ ေတာင္ဥကၠလာပ ၿမိဳ႕နယ္ထဲက ‘ေအး’တည္းခိုခန္းကို ေခၚသြားၾကပါတယ္။ အဲဒီမွာ မလဲ့လဲ့ မုဒိမ္းက်င့္ခံရတာပါ။ ေနာက္တစ္ရက္မွာ မလဲ့လဲ့ဟာ သဃၤန္းကၽြန္းၿမိဳ႕နယ္ရဲစခန္းမွာ အမႈ သြားဖြင့္ခဲ့ပါတယ္။ ရဲက ေလးဦးကိုပဲ တရားခြင္ကို ပို႔ႏိုင္ခဲ့တာပါ။ ေလးဦးမွာ တစ္ဦးက ျပစ္မႈ မထင္ရွားလို႔ လြတ္ေျမာက္၊ သံုးဦးကေတာ့ မုဒိမ္းက်င့္သူကို အားေပးကူညီမႈနဲ႔ ေထာင္ဒဏ္ ႏွစ္ႏွစ္စီ ခ်မွတ္ခံရပါတယ္။ တိမ္းေရွာင္ခဲ့သူကေတာ့ ယေန႔အခ်ိန္အထိ လြတ္ေျမာက္ေနဆဲပါ။

တိမ္းေရွာင္သူနဲ႔ အဖမ္းခံရသူမ်ား

အဲဒီအျဖစ္အပ်က္ ျဖစ္ၿပီးတဲ့ေနာက္ တစ္ႏွစ္ေက်ာ္ေလာက္မွာ မလဲ့လဲ့ အိမ္ေထာင္က်သြားၿပီး ေယာက္်ားျဖစ္သူ ေနထိုင္တဲ့ ဒဂုံအေရွ႕ပိုင္းၿမိဳ႕နယ္မွာ လိုက္ေနခဲ့ပါတယ္။ သူက သူ႔ရဲ႕အျဖစ္အပ်က္ကို အိမ္ေထာင္ဘက္ကို မေျပာျပခဲ့ပါဘူး။ ခင္ပြန္းသည္က အဲဒီျဖစ္ရပ္ကို သားဦးေလးေမြးၿပီးခ်ိန္မွာ သိသြားၿပီး သားအမိႏွစ္ေယာက္စလုံးကို ပစ္သြားခဲ့ပါတယ္။ အတန္းပညာလည္းနည္းပါးတဲ့ မလဲ့လဲ့ဟာ ကေလးတစ္ဖက္နဲ႔ ႐ုန္းကန္ရင္း မိခင္ျဖစ္သူဆီကို ျပန္ေရာက္လာတာပါ။

မိခင္အိမ္မွာ ေနထိုင္ရင္း အိမ္ထဲကေန လွမ္းေတြ႔လိုက္ရတဲ့ ကရင္ကို ခ်က္ခ်င္း မွတ္မိလို႔ မိခင္ျဖစ္သူကို ေျပာျပရာမွာ ကရင္ ဆိုတဲ့သူဟာ လက္ရဲဇက္ရဲႏိုင္လွၿပီး ရပ္ကြက္ရဲ႕ အုပ္ခ်ဳပ္ေရးမႉးလည္း ျဖစ္ေနတယ္လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။ သားအမိႏွစ္ေယာက္ ဘယ္သူ႕ကိုမွ မေျပာျပရဲဘဲ ႀကိတ္မွိတ္ေနခဲ့ၾကပါတယ္။

ကၽြန္မတို႔ အသက္အႏၲရာယ္ကိုေတာင္ စိုးရိမ္မိတယ္”လို႔ မလဲ့လဲ့က ေျပာပါတယ္။

လူကိုယ္တိုင္ကို အခုမွ ျမင္ရေပမယ့္ ကရင္ တိမ္းေရွာင္ေနတဲ့ အေစာပိုင္းကာလေတြမွာသူ႔ကို ေလးႀကိမ္ေလာက္ ဖုန္းဆက္လာတယ္၊ သူ႔ကို လက္ထပ္မယ္၊ ၿပီးရင္ ကြာရွင္းစာခ်ဳပ္ ခ်ဳပ္မယ္ စသျဖင့့္ အမ်ဳိးမ်ဳိး ေျပာဆိုခဲ့တယ္လို႔ လဲ့လဲ့က ဆိုပါတယ္။

မလဲ့လဲ့က မိခင္ရဲ႕အိမ္ဟာ ကရင္ရဲ႕တပည့္ေတြ အခ်ိန္မေရြး ဝင္ေရာက္လာၿပီး ရန္ျပဳႏိုင္တဲ့ အေနအထားျဖစ္တဲ့အတြက္ လံုၿခဳံမႈ မရိွသလို ခံစားေနရပါတယ္။

Myanmar Now က မလဲ့လဲ့ကို ေတြ႕ဆုံေမးျမန္းဖို႔အတြက္ အဲဒီေနရာကေန ပိုမို လုံၿခဳံစိတ္ခ်ရတဲ့တစ္ေနရာကို ကားနဲ႔ ေခၚထုတ္သြားခ်ိန္မွာ နံပါတ္အနက္တပ္ ယာဥ္တစ္စီးက ေနာက္ကေန နာရီဝက္နီးပါး လိုက္ပါလာခဲ့ပါေသးတယ္။

မလဲ့လဲ့ကိုမတရားျပဳက်င့္ခဲ့တယ္ဆိုတဲ့ ကရင္ဟာရဲတပ္ဖဲြ႔ရဲ႕မွတ္တမ္းအရအခုဆိုရင္ အသက္ ၃၈ ႏွစ္ ရိွပါၿပီ။ အိမ္အမွတ္ မ-၆၂၆၊ ၇ လမ္း၊ ငမိုးရိပ္ရပ္ကြက္၊ သဃၤန္းကြ်န္းၿမိဳ႕နယ္မွာေနထိုင္ခဲ့သူျဖစ္တယ္လို႔ ရဲမွတ္တမ္းကဆိုပါတယ္။ သူ႔ကိုအမ်ားကကရင္လို႔ ေခၚၾကတာပါ။ ဆရာကရင္လို႔ ေခၚသူလည္းရိွပါတယ္။

Myanmar Now က ဖတ္ရႈခြင့္ရခဲ့တဲ့ တရားရံုးမွတ္တမ္းတစ္ခုမွာေတာ့ ကရင္ရဲ႕ တျခားအမည္ႏွစ္ခုကရန္ႏိုင္စိုး၊ FRCတို႔ ျဖစ္ေၾကာင္းေဖာ္ျပထားပါတယ္။

မုဒိန္းမႈက်ဴးလြန္ေရးမွာပူးေပါင္းႀကံစည္မႈနဲ႔ ေထာင္ဒဏ္ ႏွစ္ႏွစ္စီက်ခံသြားရတဲ့သံုးဦးကေတာ့ ေဇာ္ေဇာ္ထြန္း (ခ) ေဇာ္ေဇာ္၊ ထြန္းလင္းေအာင္ (ခ) ကုလားႀကီး၊ ဇင္ကိုကိုႏိုင္ (ခ) တင္ဘုန္းကိုတို႔ျဖစ္ပါတယ္။ ႏိုင္ထြန္းေအာင္ (ခ) ဂတံုး (ခ) ဗိုလ္ထူးဆိုသူကေတာ့ တရားေသလြတ္ေျမာက္ခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရးမႉးျဖစ္လာ

တရားခံေျပးျဖစ္ေနသူဟာ ၂ဝ၁၇ ခုႏွစ္မွာ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ရဲ႕ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးအျဖစ္ ေ႐ြးခ်ယ္ခံရၿပီး အဲဒီတာဝန္ကို ဇြန္လ ၄ ရက္ေန႔အထိ ထမ္းေဆာင္ခဲ့ပါတယ္။

ကရင္ဟာ ၂ဝ၁၃ ႏွစ္ကုန္ပိုင္းေလာက္မွာ မိသားစုနဲ႔အတူ ေျပာင္းေ႐ႊ႕လာတာလို႔ ၁၄ဝ ရပ္ကြက္ရဲ႕ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးတိုးက ဆိုပါတယ္။

တစ္လမ္းတည္းမွာ ရာအိမ္မႉးတာဝန္ စတင္ယူခ်ိန္မွာ သူ႕ကို သတိထားမိတယ္၊ အေနေအးသူ၊ ရပ္ကြက္ကိစၥမွာလည္း တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္သူ ျဖစ္တယ္၊ ဆိုးသြမ္းသူေတြကို ဖမ္းဆီးရာမွာေတာ့ ကရင္ဟာ လက္ရဲဇက္ရဲႏိုင္လွတယ္လို႔ ဦးတိုးက ေျပာပါတယ္။

“ေသာင္းက်န္းတဲ့သူေတြကို ကၽြန္ေတာ္တို႔ တားဆီးတယ္၊ ေျပာစကားနားမေထာင္ရင္ ကၽြန္ေတာ္ေတာင္ ဘာမွ မခိုင္းရဘူး၊ သူက ထိုးႀကိတ္ ကန္ေက်ာက္တာေတြလုပ္ေရာ။ တစ္ခါတေလ ကၽြန္ေတာ္ကေတာင္ ျပန္တားယူရတယ္။ အဲ့ဒီ ၁၄၀ ရပ္ကြက္မွာ ေနထိုင္သူတစ္ဦးကလည္း ခပ္မိုက္မိုက္လူ အုပ္ခ်ဳပ္ေရးမႉး ျဖစ္လာတဲ့အတြက္ ရပ္ကြက္ထဲက လူဆိုးလူသြမ္းေတြ ၿငိမ္က်သြားခဲ့တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့လကုန္ပိုင္း အင္တာနက္မွာ ရုတ္တရက္ ေပၚလာတဲ့ သူ႔သတင္း လူသိမ်ားသြားၿပီးေနာက္မွာေတာ့ သူ႕ကို ရပ္ကြက္ထဲ မေတြ႕ၾကေတာ့ပါဘူး။

သို႔ေသာ္လည္း ရပ္ကြက္ထဲမွာ သူ႔ေနာက္လိုက္ လူမိုက္ေတြရွိေသးတာမို႔ ရပ္ကြက္ေနျပည္သူ အေတာ္ မ်ားမ်ားဟာ သူ႔အေၾကာင္းကို ေျပာျပဖို႔၊ မွတ္ခ်က္ျပဳဖို႔ ျငင္းၾကပါတယ္။ တခ်ဳိ႕ကေတာ့ အုပ္ခ်ဳပ္ေရးတာဝန္ေတြ အဆင့္ဆင့္ ရခဲ့စဥ္မွာ ရပ္ကြက္ထဲ နာမည္ပ်က္မရွိတဲ့ ကရင္ဟာ သက္ငယ္မုဒိမ္းတရားခံေျပး တစ္ဦးျဖစ္တယ္ဆိုတဲ့ သတင္းေၾကာင့္ အံအားသင့္မိတယ္လို႔ ေျပာပါတယ္။ ကရင္နဲ႔ လဲ့လဲ့တို႔ တစ္လမ္းတည္း ေနၾကတယ္ဆိုတာလည္း သူတို႔ သိၾကပါတယ္။ သတင္းထြက္လာခ်ိန္မွာ ကရင္ကလည္း ေရွာင္ေနတဲ့အတြက္ အဲဒါဟာ ယုံၾကည္ရတဲ့ သတင္းျဖစ္လာတယ္လို႔ သူတို႔က ယူဆပါတယ္။

“သူ႕ေနာက္ေၾကာင္းေတာ့ မသိဘူး။ စကားေျပာလည္း ႐ိုင္းစိုင္းတတ္သူမဟုတ္ဘူး။ သာေရးနာေရးမွာလည္း သူက တက္တက္ႂကြႂကြပဲ” လို႔ အမည္မေဖာ္လိုတဲ့ ျပည္သူတစ္ဦးက ေျပာပါတယ္။

ကရင္ရဲ႕ အိမ္မွာေတာ့ ကုိယ္ဝန္ေဆာင္ ဇနီးသည္ကကေလးတစ္ေယာက္နဲ႔ ဆက္လက္ ေနထိုင္ေနပါတယ္။

ကရင္ရဲ႕အေဒၚျဖစ္သူ ေဒၚသိန္းသိန္းထိုက္ကေတာ့ သူတူဟာ ဘုန္းႀကီးသြားဝတ္ေနတယ္၊ ဒီကိစၥေတြကို ျပန္လာရွင္းမယ္ လို႔ အခိုင္အမာ ေျပာပါတယ္။

ဇြန္လ ၉ ရက္ေန႔မွာေတာ့ ေဒၚသိန္းသိန္းထုိက္က သတင္းစာရွင္းလင္းပြဲတစ္ခုလုပ္ၿပီး သူ႔တူဟာ အျပစ္ကင္းတယ္၊ မုဒိမ္းမႈက်ဴးလြန္တဲ့သူေတြဟာ တူေတာ္ေမာင္ရဲ႕သူငယ္ခ်င္းေတြသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္တုန္းက သူ႔တူက သူနဲ႔ တစ္အိမ္တည္းေနေၾကာင္း၊ ဒီေန႔အထိ အိမ္ကို ဘယ္ရဲမွေရာက္မလာၾကသလို တရား႐ုံးကေန ဆင့္ေခၚစာပို႔တာမ်ိဳးလည္း မရွိခဲ့ေၾကာင္း ေျပာပါတယ္။

“သူဟာ ဒီအ႐ႈပ္အရွင္းမွာ ဘာမွမပါဘူး။ ဒီမုဒိန္းမႈမွာလည္း သူဘာမွလုပ္ခဲ့တာ မရွိဘူး။ သူ႕ကို သက္သက္ စြပ္စြဲတာ။ ကၽြန္မတို႔ ေရွ႕ေနေတြနဲ႔ တိုင္ပင္ေနတယ္။ သူက အခုထြက္ေျပးေနတာလည္း မဟုတ္ဘူး။ အုပ္ခ်ဳပ္ေရးမႉး တာဝန္ထမ္းေဆာင္ေနရင္ ဘုန္းႀကီးဝတ္ဖို႔ ၿမိဳ႕နယ္မွာပါ ခြင့္တင္ၿပီးသြားခဲ့တာ” လို႔ ေဒၚသိန္းသိန္းထိုက္က ေျပာပါတယ္။

ရဲတပ္ဖြဲ႕အင္တာနက္စာမ်က္ႏွာမွာ တင္ထားတဲ့ ဓာတ္ပုံထဲကလူဟာ သူတူ ျဖစ္တယ္ ဆိုတာကိုေတာ့ သူက အတည္ျပဳပါတယ္။

ေနာက္ေၾကာင္းလိုက္ရန္ ပ်က္ကြက္ျခင္း

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ တရားဝင္ အင္တာနက္စာမ်က္ႏွာမွာေတာ့ ကရင္ဟာ မုဒိမ္းမႈ က်ဴးလြန္ၿပီး တိမ္းေရွာင္ေနသူျဖစ္ေၾကာင္း ‘တရားခံေျပး’စာရင္းမွာ အမႈျဖစ္စဥ္၊ ဓာတ္ပုံတို႔နဲ႔တကြ ေဖာ္ျပထားပါတယ္။

ရာအိမ္မႉးေဟာင္းတစ္ေယာက္ကေတာ့ ရဲက သူ႔ကို ကရင္နဲ႔ ပတ္သက္တဲ့ တရားခံေျပးေၾကညာခ်က္စာ႐ြက္လာျပဖူးတယ္၊ အဲဒီအခ်ိန္ကတည္းက ကရင္ဟာ တရားခံေျပးျဖစ္ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕အေနနဲ႔ သိၿပီးသားျဖစ္မယ္လို႔ ဆိုပါတယ္။

အမ်ုိးသားတစ္ဦးကလည္း အခုႏွစ္ဆန္းပိုင္းမွာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းရဲစခန္းရဲ႕ ႀကိဳးဖုန္းကို သုံးႀကိမ္တိုင္တိုင္ လွမ္းဆက္ၿပီး တရားခံေျပးသတင္း ေပးဖူးတယ္လို႔ ဆိုပါတယ္။ သို႔ေသာ္လည္း ေနာက္ဆက္တဲြ ဘာမွ ျဖစ္မလာဘူးလို႔ သူ႕ရဲ႕ ဖုန္းေခၚဆိုမႈ မွတ္တမ္းေတြကို ျပသၿပီး Myanmar Now ကိုေျပာပါတယ္။

“သူဟာ မုဒိန္းမႈထဲ ပါ၊ မပါ အေရးမႀကီးဘူး။ သူတရားရင္ဆိုင္။ သူမပါရင္ သူလြတ္မွာပဲ။ အခုက တရားခံေျပးတစ္ဦးျဖစ္တယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအထိ ျဖစ္လာရေအာင္ ရဲတပ္ဖြဲ႕မွာ တာဝန္ကိုရွိတာ” လို႔ အဲဒီ အမ်ဳိးသားက ေျပာပါတယ္။

သဃၤန္းကၽြန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ၿမိဳ႕နယ္မႉး ရဲမႉးကိုကိုဦးက သူ႕ကို တရားခံေျပးတစ္ဦးလို႔ သတ္မွတ္လိုက္တဲ့ အခ်ိန္ကစၿပီး ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးက တစ္ႏိုင္ငံလုံးက ရဲစခန္းေတြကို ဓာတ္ပုံနဲ႔တကြ ျဖန္႔ေဝထားၿပီး ႏွစ္စဥ္ႏွစ္တိုင္း ရဲစခန္းေတြကိုပို႔တဲ့ ႏွစ္ခ်ဳပ္အစီရင္ခံစာစာအုပ္မွာလည္း တရားခံေျပးမ်ားစာရင္းကို ထည့္သြင္းျဖန္႔ေဝထားပါတယ္လို႔ ေျပာပါတယ္။

“ကၽြန္ေတာ့္ကို တိုင္းရဲတပ္ဖြဲ႕က မိတ္ေဆြတဦးက Facebook မွာ ဒီသတင္းတက္ေနတယ္။ အဲ့ဒါ မင္းတို႔စခန္းက အမႈဖြင့္ထားတဲ့ တရားခံေျပးလို႔ ေျပာတယ္။ စစ္ၾကည့္ပါဆိုေတာ့ ကၽြန္ေတာ္စစ္ၾကည့္တာ မွန္ကန္ေၾကာင္းေတြ႕ရတယ္။ အဲ့ဒါနဲ႔ ဒီလူ အဲဒီရပ္ကြက္မွာေနတာ မွန္လား သြားၾကည့္ ခိုင္းတယ္။ ဒါေပမယ့္ သူက မရွိေတာ့ဘူး။ Facebook မွာ ပ်ံ႕ေနတာက ေရွ႕ႏွစ္ရက္ေလာက္က ဆိုေတာ့ ဟိုလူ ေရွာင္ေျပးခ်ိန္ရသြားတာေပါ့” လို႔ ရဲမႉးကိုကိုဦးက ေမလကုန္ပိုင္းေလာက္က ေျပာပါတယ္။

ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕အဆင့္ဆင့္ကို အေၾကာင္းၾကားထားၿပီး လုပ္ေဆာင္ေနတယ္လို႔ သူက ေျပာပါတယ္။

၂ဝ၁၇ ခုႏွစ္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ေ႐ြးခ်ယ္ခံမယ့္သူေတြရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို ျပန္လိုက္ခဲ့တာ မရွိခဲ့ေၾကာင္း၊ အရင္အခ်ိန္ေတြတုန္းကေတာ့ ရွိခဲ့ေၾကာင္း သူက ဆိုပါတယ္။

ယခုျဖစ္စဥ္ကို သင္ခန္းစာယူစရာလို႔ မွတ္ယူေၾကာင္း၊ တရားဥပေဒစိုးမိုးေရးအတြက္ မိမိတို႔ရဲတပ္ဖြဲ႕ တစ္ခုတည္းကသာ ေဆာင္႐ြက္ရမွာမဟုတ္ဘဲ ျပည္သူမ်ားအေနနဲ႔လည္း ပူးေပါင္းပါဝင္ ေစခ်င္ေၾကာင္း၊ မိမိတို႔က မေဆာင္႐ြက္ရင္ အျပစ္တင္ႏိုင္၊ အထက္အဆင့္ဆင့္ကို တိုင္ၾကားႏိုင္ပါေၾကာင္း ရဲမႉးကိုကိုဦးက ေျပာပါတယ္။

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရဲ႕ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းႏိုင္ကလည္း နယ္ေျမခံ ရဲစခန္းက တရားခံေျပး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနတဲ့ေၾကာင္း သူ႔ကို အသိေပးထားတယ္လို႔ ေျပာပါတယ္။

အသက္ ၁၄ ႏွစ္အ႐ြယ္တုန္းက မုဒိမ္းက်င့္ခံရတဲ့ မလဲ့လဲ့ကေတာ့ အခုအခ်ိန္မွာ ၁၄ဝ ရပ္ကြက္ထဲ မေနရဲေတာ့ဘဲ တျခား တစ္ေနရာကို ေျပာင္းေ႐ႊ႕ေနေနရပါတယ္။ ႏွစ္အတန္ၾကာ ေျပးေနသူ အျမန္ဆုံး ဖမ္းမိဖို႔ သက္ဆိုင္ရာကို တိုက္တြန္းပါတယ္လို႔ မလဲ့လဲ့က ဆိုပါတယ္။

“သူ႕ကိုမိမွပဲ ကၽြန္မတို႔ ေအးေအးေဆးေဆး ကိုယ့္အလုပ္ကိုယ္လုပ္ႏိုင္ေတာ့မယ္။ အခုက သူ႕ကိုေၾကာက္လို႔ အဲ့ဒီရပ္ကြက္ထဲက ေျပာင္းေျပးလာတယ္။ ေျပာင္းလာတဲ့ေနရာေနာက္ကိုပါ သူတို႔ကလိုက္လာတာ။ ဘယ္အခ်ိန္ ကၽြန္မတို႔ အိမ္ထဲကို ဝင္လာၿပီး တစ္ခုခုလုပ္သြားမလဲကို အခ်ိန္ျပည့္စိုးရိမ္စရာ” လို႔ မလဲ့လဲ့က ေျပာပါတယ္။ ။

Credit – Mizzima – News in Burmese
(PK)

==========

Unicode

အသက်မပြည့်သေးသူကို မုဒိမ်းကျင့်စဉ် ကူညီအားပေးသူ ၃ ဦးထောင်ကျပြီး ပြန်လွတ်လာချိန်မှာ ကျူးလွန်သူလို့ ယူဆခံရသူက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံရပါတယ်
အမေ့အိမ်ကိုပြန်ရောက်နေတဲ့ မလဲလဲ့ အိမ်ရှေ့လမ်းမဘက်ကို ကြည့်နေတုန်း ဆိုင်ကယ် မောင်းသွားတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရတဲ့ခဏမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲလို့ ဆိုတော့ အဲဒီလူဟာ သူ ၁၄ နှစ်သမီးအရွယ်မှာ သူ့ကို အတင်းကားတင်ပြေး၊ မုဒိမ်းကျင့်အပြီးထွက်ပြေး လွတ်မြောက်နေသူဖြစ်နေလို့ပါပဲ။

ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲဒီ တရားခံပြေးဟာ သူအလည်ရောက်နေတဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၄ဝ ရပ်ကွက်ရဲ့ တန်ခိုးထက်လှတဲ့ အုပ်ချုပ်ရေးမှူးဖြစ်နေတယ် ဆိုတာပါပဲ။ ရဲက တရားခံပြေး ကြေညာခံထားရသူဟာ ဘယ်လိုလုပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေရတာလဲဆိုတာကို မလဲ့လဲ့ နားမလည်နိုင်အောင် ဖြစ်ရသလို စိတ်ဒဏ်ရာဟောင်းကလည်း တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပါတော့တယ်။

“ကျွန်မ တော်တော် ကြောက်သွားတယ်၊ သူမှသူအစစ်ပဲ။ ကျွန်မက သားကိုအမေနဲ့ထားပြီး အပြင်ထွက် အလုပ်လုပ်နေတာ။ အိမ်မှာ မနေတော့ ဒီရပ်ကွက်မှာ သူနေတာ မသိခဲ့ဘူး။ အမေ့ကိုပြောပြလိုက်တယ်၊ ကျွန်မကို မုဒိန်းကျင့်ပြီး တရားခံပြေးဖြစ်နေသူက သူဆိုတာ။ သူ့အိမ်က အမေ့အိမ်နဲ့ မလှမ်းမကမ်းမှာပဲ။ သူလည်း သူ့အိမ်ထောင်နဲ့သူ”လို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ မလဲလဲ့က ဆိုပါတယ်။

လဲ့လဲ့ ဆိုတာသူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးမှာဒီနာမည်ကိုပဲအသုံးပြုပါမယ်။ အခုအသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မလဲ့လဲ့အတွက်တော့ ၂ဝ၁၁ နိုဝင်ဘာ ၃ ရက်နေ့က အမေ့ကို စိတ်ဆိုးပြီး အိမ်ကဆင်းသွားခဲ့မိတဲ့အဖြစ်ဟာ တစ်သက်မမေ့နိုင်စရာပါပဲ။ ကြမ္မာဆိုးငင်ခဲ့တဲ့ အဲဒီည ၁ဝ နာရီကျော်ကျော်လောက်မှာတော့ သင်္ဃန်းကျွန်းမှာနေတဲ့ သူ့ ရည်းစားဆီ ဆိုက်ကားနဲ့အသွား သံသုမာလမ်းမ၊ ‘ရွှေရည်’မှတ်တိုင်နားရောက်ချိန်မှာ လူငါးယောက်က ဆိုက်ကားနင်းသူကို ခြိမ်းခြောက်ပြီးမလဲ့လဲ့ကို ကားတစ်စီးပေါ် အတင်းဆွဲခေါ်သွားပါတယ်။

အဲဒီ ယောကျ်ားသားအုပ်စုဟာ မလဲ့လဲ့ကို နောက်ကနေ ဓားလို့ထင်ရတဲ့အရာတစ်ခုနဲ့ထောက်၊ တောင်ဥက္ကလာပ မြို့နယ်ထဲက ‘အေး’တည်းခိုခန်းကို ခေါ်သွားကြပါတယ်။ အဲဒီမှာ မလဲ့လဲ့ မုဒိမ်းကျင့်ခံရတာပါ။ နောက်တစ်ရက်မှာ မလဲ့လဲ့ဟာ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှု သွားဖွင့်ခဲ့ပါတယ်။ ရဲက လေးဦးကိုပဲ တရားခွင်ကို ပို့နိုင်ခဲ့တာပါ။ လေးဦးမှာ တစ်ဦးက ပြစ်မှု မထင်ရှားလို့ လွတ်မြောက်၊ သုံးဦးကတော့ မုဒိမ်းကျင့်သူကို အားပေးကူညီမှုနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရပါတယ်။ တိမ်းရှောင်ခဲ့သူကတော့ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲပါ။

တိမ်းရှောင်သူနဲ့ အဖမ်းခံရသူများ

အဲဒီအဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် တစ်နှစ်ကျော်လောက်မှာ မလဲ့လဲ့ အိမ်ထောင်ကျသွားပြီး ယောက်ျားဖြစ်သူ နေထိုင်တဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ လိုက်နေခဲ့ပါတယ်။ သူက သူ့ရဲ့အဖြစ်အပျက်ကို အိမ်ထောင်ဘက်ကို မပြောပြခဲ့ပါဘူး။ ခင်ပွန်းသည်က အဲဒီဖြစ်ရပ်ကို သားဦးလေးမွေးပြီးချိန်မှာ သိသွားပြီး သားအမိနှစ်ယောက်စလုံးကို ပစ်သွားခဲ့ပါတယ်။ အတန်းပညာလည်းနည်းပါးတဲ့ မလဲ့လဲ့ဟာ ကလေးတစ်ဖက်နဲ့ ရုန်းကန်ရင်း မိခင်ဖြစ်သူဆီကို ပြန်ရောက်လာတာပါ။

မိခင်အိမ်မှာ နေထိုင်ရင်း အိမ်ထဲကနေ လှမ်းတွေ့လိုက်ရတဲ့ ကရင်ကို ချက်ချင်း မှတ်မိလို့ မိခင်ဖြစ်သူကို ပြောပြရာမှာ ကရင် ဆိုတဲ့သူဟာ လက်ရဲဇက်ရဲနိုင်လှပြီး ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်နေတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သားအမိနှစ်ယောက် ဘယ်သူ့ကိုမှ မပြောပြရဲဘဲ ကြိတ်မှိတ်နေခဲ့ကြပါတယ်။

ကျွန်မတို့ အသက်အန္တရာယ်ကိုတောင် စိုးရိမ်မိတယ်”လို့ မလဲ့လဲ့က ပြောပါတယ်။

လူကိုယ်တိုင်ကို အခုမှ မြင်ရပေမယ့် ကရင် တိမ်းရှောင်နေတဲ့ အစောပိုင်းကာလတွေမှာသူ့ကို လေးကြိမ်လောက် ဖုန်းဆက်လာတယ်၊ သူ့ကို လက်ထပ်မယ်၊ ပြီးရင် ကွာရှင်းစာချုပ် ချုပ်မယ် စသဖြင့် အမျိုးမျိုး ပြောဆိုခဲ့တယ်လို့ လဲ့လဲ့က ဆိုပါတယ်။

မလဲ့လဲ့က မိခင်ရဲ့အိမ်ဟာ ကရင်ရဲ့တပည့်တွေ အချိန်မရွေး ဝင်ရောက်လာပြီး ရန်ပြုနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် လုံခြုံမှု မရှိသလို ခံစားနေရပါတယ်။

Myanmar Now က မလဲ့လဲ့ကို တွေ့ဆုံမေးမြန်းဖို့အတွက် အဲဒီနေရာကနေ ပိုမို လုံခြုံစိတ်ချရတဲ့တစ်နေရာကို ကားနဲ့ ခေါ်ထုတ်သွားချိန်မှာ နံပါတ်အနက်တပ် ယာဉ်တစ်စီးက နောက်ကနေ နာရီဝက်နီးပါး လိုက်ပါလာခဲ့ပါသေးတယ်။

မလဲ့လဲ့ကိုမတရားပြုကျင့်ခဲ့တယ်ဆိုတဲ့ ကရင်ဟာရဲတပ်ဖွဲ့ရဲ့မှတ်တမ်းအရအခုဆိုရင် အသက် ၃၈ နှစ် ရှိပါပြီ။ အိမ်အမှတ် မ-၆၂၆၊ ၇ လမ်း၊ ငမိုးရိပ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်ခဲ့သူဖြစ်တယ်လို့ ရဲမှတ်တမ်းကဆိုပါတယ်။ သူ့ကိုအများကကရင်လို့ ခေါ်ကြတာပါ။ ဆရာကရင်လို့ ခေါ်သူလည်းရှိပါတယ်။

Myanmar Now က ဖတ်ရှုခွင့်ရခဲ့တဲ့ တရားရုံးမှတ်တမ်းတစ်ခုမှာတော့ ကရင်ရဲ့ တခြားအမည်နှစ်ခုကရန်နိုင်စိုး၊ FRCတို့ ဖြစ်ကြောင်းဖော်ပြထားပါတယ်။

မုဒိန်းမှုကျူးလွန်ရေးမှာပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ် နှစ်နှစ်စီကျခံသွားရတဲ့သုံးဦးကတော့ ဇော်ဇော်ထွန်း (ခ) ဇော်ဇော်၊ ထွန်းလင်းအောင် (ခ) ကုလားကြီး၊ ဇင်ကိုကိုနိုင် (ခ) တင်ဘုန်းကိုတို့ဖြစ်ပါတယ်။ နိုင်ထွန်းအောင် (ခ) ဂတုံး (ခ) ဗိုလ်ထူးဆိုသူကတော့ တရားသေလွတ်မြောက်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်လာ

တရားခံပြေးဖြစ်နေသူဟာ ၂ဝ၁၇ ခုနှစ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း) ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအဖြစ် ရွေးချယ်ခံရပြီး အဲဒီတာဝန်ကို ဇွန်လ ၄ ရက်နေ့အထိ ထမ်းဆောင်ခဲ့ပါတယ်။

ကရင်ဟာ ၂ဝ၁၃ နှစ်ကုန်ပိုင်းလောက်မှာ မိသားစုနဲ့အတူ ပြောင်းရွှေ့လာတာလို့ ၁၄ဝ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးတိုးက ဆိုပါတယ်။

တစ်လမ်းတည်းမှာ ရာအိမ်မှူးတာဝန် စတင်ယူချိန်မှာ သူ့ကို သတိထားမိတယ်၊ အနေအေးသူ၊ ရပ်ကွက်ကိစ္စမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူ ဖြစ်တယ်၊ ဆိုးသွမ်းသူတွေကို ဖမ်းဆီးရာမှာတော့ ကရင်ဟာ လက်ရဲဇက်ရဲနိုင်လှတယ်လို့ ဦးတိုးက ပြောပါတယ်။

“သောင်းကျန်းတဲ့သူတွေကို ကျွန်တော်တို့ တားဆီးတယ်၊ ပြောစကားနားမထောင်ရင် ကျွန်တော်တောင် ဘာမှ မခိုင်းရဘူး၊ သူက ထိုးကြိတ် ကန်ကျောက်တာတွေလုပ်ရော။ တစ်ခါတလေ ကျွန်တော်ကတောင် ပြန်တားယူရတယ်။ အဲ့ဒီ ၁၄၀ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း ခပ်မိုက်မိုက်လူ အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့အတွက် ရပ်ကွက်ထဲက လူဆိုးလူသွမ်းတွေ ငြိမ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း အင်တာနက်မှာ ရုတ်တရက် ပေါ်လာတဲ့ သူ့သတင်း လူသိများသွားပြီးနောက်မှာတော့ သူ့ကို ရပ်ကွက်ထဲ မတွေ့ကြတော့ပါဘူး။

သို့သော်လည်း ရပ်ကွက်ထဲမှာ သူ့နောက်လိုက် လူမိုက်တွေရှိသေးတာမို့ ရပ်ကွက်နေပြည်သူ အတော် များများဟာ သူ့အကြောင်းကို ပြောပြဖို့၊ မှတ်ချက်ပြုဖို့ ငြင်းကြပါတယ်။ တချို့ကတော့ အုပ်ချုပ်ရေးတာဝန်တွေ အဆင့်ဆင့် ရခဲ့စဉ်မှာ ရပ်ကွက်ထဲ နာမည်ပျက်မရှိတဲ့ ကရင်ဟာ သက်ငယ်မုဒိမ်းတရားခံပြေး တစ်ဦးဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် အံအားသင့်မိတယ်လို့ ပြောပါတယ်။ ကရင်နဲ့ လဲ့လဲ့တို့ တစ်လမ်းတည်း နေကြတယ်ဆိုတာလည်း သူတို့ သိကြပါတယ်။ သတင်းထွက်လာချိန်မှာ ကရင်ကလည်း ရှောင်နေတဲ့အတွက် အဲဒါဟာ ယုံကြည်ရတဲ့ သတင်းဖြစ်လာတယ်လို့ သူတို့က ယူဆပါတယ်။

“သူ့နောက်ကြောင်းတော့ မသိဘူး။ စကားပြောလည်း ရိုင်းစိုင်းတတ်သူမဟုတ်ဘူး။ သာရေးနာရေးမှာလည်း သူက တက်တက်ကြွကြွပဲ” လို့ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

ကရင်ရဲ့ အိမ်မှာတော့ ကိုယ်ဝန်ဆောင် ဇနီးသည်ကကလေးတစ်ယောက်နဲ့ ဆက်လက် နေထိုင်နေပါတယ်။

ကရင်ရဲ့အဒေါ်ဖြစ်သူ ဒေါ်သိန်းသိန်းထိုက်ကတော့ သူတူဟာ ဘုန်းကြီးသွားဝတ်နေတယ်၊ ဒီကိစ္စတွေကို ပြန်လာရှင်းမယ် လို့ အခိုင်အမာ ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ဒေါ်သိန်းသိန်းထိုက်က သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီး သူ့တူဟာ အပြစ်ကင်းတယ်၊ မုဒိမ်းမှုကျူးလွန်တဲ့သူတွေဟာ တူတော်မောင်ရဲ့သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက သူ့တူက သူနဲ့ တစ်အိမ်တည်းနေကြောင်း၊ ဒီနေ့အထိ အိမ်ကို ဘယ်ရဲမှရောက်မလာကြသလို တရားရုံးကနေ ဆင့်ခေါ်စာပို့တာမျိုးလည်း မရှိခဲ့ကြောင်း ပြောပါတယ်။

“သူဟာ ဒီအရှုပ်အရှင်းမှာ ဘာမှမပါဘူး။ ဒီမုဒိန်းမှုမှာလည်း သူဘာမှလုပ်ခဲ့တာ မရှိဘူး။ သူ့ကို သက်သက် စွပ်စွဲတာ။ ကျွန်မတို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ သူက အခုထွက်ပြေးနေတာလည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေရင် ဘုန်းကြီးဝတ်ဖို့ မြို့နယ်မှာပါ ခွင့်တင်ပြီးသွားခဲ့တာ” လို့ ဒေါ်သိန်းသိန်းထိုက်က ပြောပါတယ်။

ရဲတပ်ဖွဲ့အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံထဲကလူဟာ သူတူ ဖြစ်တယ် ဆိုတာကိုတော့ သူက အတည်ပြုပါတယ်။

နောက်ကြောင်းလိုက်ရန် ပျက်ကွက်ခြင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာတော့ ကရင်ဟာ မုဒိမ်းမှု ကျူးလွန်ပြီး တိမ်းရှောင်နေသူဖြစ်ကြောင်း ‘တရားခံပြေး’စာရင်းမှာ အမှုဖြစ်စဉ်၊ ဓာတ်ပုံတို့နဲ့တကွ ဖော်ပြထားပါတယ်။

ရာအိမ်မှူးဟောင်းတစ်ယောက်ကတော့ ရဲက သူ့ကို ကရင်နဲ့ ပတ်သက်တဲ့ တရားခံပြေးကြေညာချက်စာရွက်လာပြဖူးတယ်၊ အဲဒီအချိန်ကတည်းက ကရင်ဟာ တရားခံပြေးဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့ သိပြီးသားဖြစ်မယ်လို့ ဆိုပါတယ်။

အမျိုးသားတစ်ဦးကလည်း အခုနှစ်ဆန်းပိုင်းမှာ ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းရဲ့ ကြိုးဖုန်းကို သုံးကြိမ်တိုင်တိုင် လှမ်းဆက်ပြီး တရားခံပြေးသတင်း ပေးဖူးတယ်လို့ ဆိုပါတယ်။ သို့သော်လည်း နောက်ဆက်တွဲ ဘာမှ ဖြစ်မလာဘူးလို့ သူ့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို ပြသပြီး Myanmar Now ကိုပြောပါတယ်။

“သူဟာ မုဒိန်းမှုထဲ ပါ၊ မပါ အရေးမကြီးဘူး။ သူတရားရင်ဆိုင်။ သူမပါရင် သူလွတ်မှာပဲ။ အခုက တရားခံပြေးတစ်ဦးဖြစ်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအထိ ဖြစ်လာရအောင် ရဲတပ်ဖွဲ့မှာ တာဝန်ကိုရှိတာ” လို့ အဲဒီ အမျိုးသားက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မှူး ရဲမှူးကိုကိုဦးက သူ့ကို တရားခံပြေးတစ်ဦးလို့ သတ်မှတ်လိုက်တဲ့ အချိန်ကစပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးက တစ်နိုင်ငံလုံးက ရဲစခန်းတွေကို ဓာတ်ပုံနဲ့တကွ ဖြန့်ဝေထားပြီး နှစ်စဉ်နှစ်တိုင်း ရဲစခန်းတွေကိုပို့တဲ့ နှစ်ချုပ်အစီရင်ခံစာစာအုပ်မှာလည်း တရားခံပြေးများစာရင်းကို ထည့်သွင်းဖြန့်ဝေထားပါတယ်လို့ ပြောပါတယ်။

“ကျွန်တော့်ကို တိုင်းရဲတပ်ဖွဲ့က မိတ်ဆွေတဦးက Facebook မှာ ဒီသတင်းတက်နေတယ်။ အဲ့ဒါ မင်းတို့စခန်းက အမှုဖွင့်ထားတဲ့ တရားခံပြေးလို့ ပြောတယ်။ စစ်ကြည့်ပါဆိုတော့ ကျွန်တော်စစ်ကြည့်တာ မှန်ကန်ကြောင်းတွေ့ရတယ်။ အဲ့ဒါနဲ့ ဒီလူ အဲဒီရပ်ကွက်မှာနေတာ မှန်လား သွားကြည့် ခိုင်းတယ်။ ဒါပေမယ့် သူက မရှိတော့ဘူး။ Facebook မှာ ပျံ့နေတာက ရှေ့နှစ်ရက်လောက်က ဆိုတော့ ဟိုလူ ရှောင်ပြေးချိန်ရသွားတာပေါ့” လို့ ရဲမှူးကိုကိုဦးက မေလကုန်ပိုင်းလောက်က ပြောပါတယ်။

ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့အဆင့်ဆင့်ကို အကြောင်းကြားထားပြီး လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

၂ဝ၁၇ ခုနှစ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံမယ့်သူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်လိုက်ခဲ့တာ မရှိခဲ့ကြောင်း၊ အရင်အချိန်တွေတုန်းကတော့ ရှိခဲ့ကြောင်း သူက ဆိုပါတယ်။

ယခုဖြစ်စဉ်ကို သင်ခန်းစာယူစရာလို့ မှတ်ယူကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မိမိတို့ရဲတပ်ဖွဲ့ တစ်ခုတည်းကသာ ဆောင်ရွက်ရမှာမဟုတ်ဘဲ ပြည်သူများအနေနဲ့လည်း ပူးပေါင်းပါဝင် စေချင်ကြောင်း၊ မိမိတို့က မဆောင်ရွက်ရင် အပြစ်တင်နိုင်၊ အထက်အဆင့်ဆင့်ကို တိုင်ကြားနိုင်ပါကြောင်း ရဲမှူးကိုကိုဦးက ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကလည်း နယ်မြေခံ ရဲစခန်းက တရားခံပြေး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတဲ့ကြောင်း သူ့ကို အသိပေးထားတယ်လို့ ပြောပါတယ်။

အသက် ၁၄ နှစ်အရွယ်တုန်းက မုဒိမ်းကျင့်ခံရတဲ့ မလဲ့လဲ့ကတော့ အခုအချိန်မှာ ၁၄ဝ ရပ်ကွက်ထဲ မနေရဲတော့ဘဲ တခြား တစ်နေရာကို ပြောင်းရွှေ့နေနေရပါတယ်။ နှစ်အတန်ကြာ ပြေးနေသူ အမြန်ဆုံး ဖမ်းမိဖို့ သက်ဆိုင်ရာကို တိုက်တွန်းပါတယ်လို့ မလဲ့လဲ့က ဆိုပါတယ်။

“သူ့ကိုမိမှပဲ ကျွန်မတို့ အေးအေးဆေးဆေး ကိုယ့်အလုပ်ကိုယ်လုပ်နိုင်တော့မယ်။ အခုက သူ့ကိုကြောက်လို့ အဲ့ဒီရပ်ကွက်ထဲက ပြောင်းပြေးလာတယ်။ ပြောင်းလာတဲ့နေရာနောက်ကိုပါ သူတို့ကလိုက်လာတာ။ ဘယ်အချိန် ကျွန်မတို့ အိမ်ထဲကို ဝင်လာပြီး တစ်ခုခုလုပ်သွားမလဲကို အချိန်ပြည့်စိုးရိမ်စရာ” လို့ မလဲ့လဲ့က ပြောပါတယ်။ ။

Credit – Mizzima – News in Burmese
(PK)

You might like

Leave a Reply

Your email address will not be published. Required fields are marked *