ထူးခြၽန္ေက်ာင္းသူႏွင့္ ဇြဲေကာင္းေသာ ေက်ာင္းသား ပညာသင္ဆုႏွင့္ ေထာက္ပံ့ကူညီမႈမ်ားရရွိ

22 Likes Comment

စာေမးပြဲေျဖဆုိေနစဥ္ မိခင္ေသဆံုးခဲ့ေသာ္လည္း ေျခာက္ဘာသာ ဂုဏ္ထူးထြက္ေသာ ေက်ာင္းသူႏွင့္ စားပြဲထိုးလုပ္ကုိင္ ရင္း တကၠသိုလ္ဝင္စာေမးပြဲေျဖ ဆိုေသာ္လည္း မေအာင္ျမင္ေသာ ေက်ာင္းသားတုိ႔ ပညာသင္ဆုႏွင့္ ေထာက္ပံ့ကူညီမႈ အသီးသီးရရွိ သည္။

၎တုိ႔အေၾကာင္း 7Day Daily သတင္းစာႏွင့္ 7Day News ဂ်ာနယ္တြင္ ေဖာ္ျပၿပီးေနာက္ ကုမၸဏီတစ္ခုႏွင့္ သူငယ္ခ်င္းတစ္ စုက ပညာသင္ဆုႏွင့္ ေထာက္ပံ့ ကူညီမႈမ်ား ျပဳလုပ္ခဲ့သည္။

ဇြန္လ ၂ ရက္က ထုတ္ျပန္ေသာ ၂၀၁၈ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းတြင္ စာေမးပြဲေျဖဆိုေနစဥ္ မိခင္ေသဆံုးခဲ့ေသာ္လည္း ေျခာက္ဘာသာ ဂုဏ္ထူးျဖင့္ ေအာင္ျမင္သည့္ မႏၲေလးၿမိဳ႕မွ မအိရတနာမိုးအေၾကာင္းကို ဇြန္လ ၃ ရက္ထုတ္ 7Day Daily သတင္းစာတြင္ ‘အေမ့ကို ေျပးေျပာခ်င္လိုက္တာ’ေခါင္းစဥ္ျဖင့္ ေဖာ္ျပခဲ့သည္။

ထုိ႔ေနာက္ Bella Cosmetic က 7Day News အယ္ဒီတာအဖြဲ႕ထံ ဆက္သြယ္ခဲ့ၿပီးေနာက္ မအိ ရတနာမိုးထံ သြားေရာက္ေတြ႕ဆံု ကာ Bella ပညာသင္ဆုေပးအပ္ ခဲ့သည္။ ကြယ္လြန္သူမိခင္၏ ဆႏၵအတိုင္း မအိရတနာမိုးအား ဆရာဝန္ျဖစ္ေအာင္ ပညာသင္ဆု ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း Bella က ထုတ္ျပန္ေၾကညာသည္။

အလားတူ ယခုႏွစ္တကၠ သိုလ္ဝင္စာေမးပြဲတြင္ ဘဝ တစ္ေလွ်ာက္လံုး လက္ဖက္ရည္ ဆုိင္၌ စားပြဲထိုးလုပ္ရင္း ေက်ာင္းတက္ခဲ့သူ၊ စာက်က္ခ်ိန္ ေကာင္းေကာင္းမရ၍ ဒုတိယအႀကိမ္ ထပ္မံေျဖဆိုေသာ္လည္း မေအာင္ျမင္ခဲ့သူ၊ ညီျဖစ္သူ ကိုးတန္းေရာက္လာ၍ ေက်ာင္းဆက္ တက္ရန္ အခက္အခဲျဖစ္ေနသူ အမရပူရၿမိဳ႕နယ္ ေရႊၾကက္ယက္ ေဂၚတန္ဆိပ္အနီး လက္ဖက္ရည္ ဆုိင္မွ စားပြဲထုိးေလး ေမာင္ေအာင္ မ်ိဳးထြန္းအေၾကာင္း ဇြန္လ ၆ ရက္ ထုတ္ 7Day News အပတ္စဥ္ ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည္။ ထိုိသို႔ ေဖာ္ျပၿပီးေနာက္ ဩစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕တြင္ ေနထုိင္ေသာ ျမန္မာအမ်ိဳးသမီးတစ္ဦးက ေမာင္ေအာင္မ်ိဳးထြန္းအား လုိအပ္သည့္ အကူအညီမ်ားေပးလို၍ 7Day အယ္ဒီတာအဖြဲ႕ထံ ဆက္ သြယ္လာသည္။

၎အမ်ိဳးသမီးအပါအဝင္ ဩစေၾတးလ်တြင္ေနထိုင္သည့္ သူငယ္ခ်င္းသံုးဦးႏွင့္ ျမန္မာႏုိင္ငံ ရွိ သူငယ္ခ်င္းတစ္ဦးတုိ႔ စုေပါင္း ကာ ေမာင္ေအာင္မ်ိဳးထြန္းအား စစ္ကိုင္းၿမိဳ႕ရွိ လင္းျမတ္ေဘာ္ဒါ တြင္ ေက်ာင္းအိပ္ေက်ာင္းစား ေဘာ္ဒါေက်ာင္းသားအျဖစ္ ေက်ာင္းထားေပးခဲ့ၿပီး လိုအပ္ သည့္ စာရြက္စာတမ္းေၾကးမ်ားပါ ေထာက္ပံ့ေပးခဲ့သည္။

‘‘ခ်ိဳ႕တဲ့တဲ့ ကေလးေတြ ပညာတတ္ေစခ်င္တဲ့၊ လူလူသူသူ အသက္ေမြးႏုိင္ေစခ်င္တဲ့ ဆႏၵနဲ႔ ပဲ လုပ္ၾကတာပါ’’ဟု အမည္ မေဖာ္လိုသည့္ ဩစေၾတးလ်ႏုိင္ငံ မွ အမ်ိဳးသမီးက ေျပာသည္။

ထို႔အျပင္ ေမာင္ေအာင္မ်ိဳး ထြန္းတုိ႔ ညီအစ္ကိုႏွစ္ဦးထံ အကူ အညီေပးလို၍ ဆက္သြယ္သူမ်ား လည္းရွိခဲ့ၿပီး လုပ္ငန္းရွင္တစ္ဦး က ညီအငယ္ ကိုးတန္းေက်ာင္း သားကို က်ဴရွင္စရိတ္ က်ပ္ႏွစ္ သိန္း ေပးအပ္ခဲ့သည္။

Credit – 7Day News Journal

==========

Unicode

စာမေးပွဲဖြေဆိုနေစဉ် မိခင်သေဆုံးခဲ့သော်လည်း ခြောက်ဘာသာ ဂုဏ်ထူးထွက်သော ကျောင်းသူနှင့် စားပွဲထိုးလုပ်ကိုင် ရင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုသော်လည်း မအောင်မြင်သော ကျောင်းသားတို့ ပညာသင်ဆုနှင့် ထောက်ပံ့ကူညီမှု အသီးသီးရရှိ သည်။

၎င်းတို့အကြောင်း 7Day Daily သတင်းစာနှင့် 7Day News ဂျာနယ်တွင် ဖော်ပြပြီးနောက် ကုမ္ပဏီတစ်ခုနှင့် သူငယ်ချင်းတစ် စုက ပညာသင်ဆုနှင့် ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်။

ဇွန်လ ၂ ရက်က ထုတ်ပြန်သော ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် စာမေးပွဲဖြေဆိုနေစဉ် မိခင်သေဆုံးခဲ့သော်လည်း ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သည့် မန္တလေးမြို့မှ မအိရတနာမိုးအကြောင်းကို ဇွန်လ ၃ ရက်ထုတ် 7Day Daily သတင်းစာတွင် ‘အမေ့ကို ပြေးပြောချင်လိုက်တာ’ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။

ထို့နောက် Bella Cosmetic က 7Day News အယ်ဒီတာအဖွဲ့ထံ ဆက်သွယ်ခဲ့ပြီးနောက် မအိ ရတနာမိုးထံ သွားရောက်တွေ့ဆုံ ကာ Bella ပညာသင်ဆုပေးအပ် ခဲ့သည်။ ကွယ်လွန်သူမိခင်၏ ဆန္ဒအတိုင်း မအိရတနာမိုးအား ဆရာဝန်ဖြစ်အောင် ပညာသင်ဆု ချီးမြှင့်ခြင်းဖြစ်ကြောင်း Bella က ထုတ်ပြန်ကြေညာသည်။

အလားတူ ယခုနှစ်တက္က သိုလ်ဝင်စာမေးပွဲတွင် ဘဝ တစ်လျှောက်လုံး လက်ဖက်ရည် ဆိုင်၌ စားပွဲထိုးလုပ်ရင်း ကျောင်းတက်ခဲ့သူ၊ စာကျက်ချိန် ကောင်းကောင်းမရ၍ ဒုတိယအကြိမ် ထပ်မံဖြေဆိုသော်လည်း မအောင်မြင်ခဲ့သူ၊ ညီဖြစ်သူ ကိုးတန်းရောက်လာ၍ ကျောင်းဆက် တက်ရန် အခက်အခဲဖြစ်နေသူ အမရပူရမြို့နယ် ရွှေကြက်ယက် ဂေါ်တန်ဆိပ်အနီး လက်ဖက်ရည် ဆိုင်မှ စားပွဲထိုးလေး မောင်အောင် မျိုးထွန်းအကြောင်း ဇွန်လ ၆ ရက် ထုတ် 7Day News အပတ်စဉ် ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြပြီးနောက် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နေထိုင်သော မြန်မာအမျိုးသမီးတစ်ဦးက မောင်အောင်မျိုးထွန်းအား လိုအပ်သည့် အကူအညီများပေးလို၍ 7Day အယ်ဒီတာအဖွဲ့ထံ ဆက် သွယ်လာသည်။

၎င်းအမျိုးသမီးအပါအဝင် ဩစတြေးလျတွင်နေထိုင်သည့် သူငယ်ချင်းသုံးဦးနှင့် မြန်မာနိုင်ငံ ရှိ သူငယ်ချင်းတစ်ဦးတို့ စုပေါင်း ကာ မောင်အောင်မျိုးထွန်းအား စစ်ကိုင်းမြို့ရှိ လင်းမြတ်ဘော်ဒါ တွင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းသားအဖြစ် ကျောင်းထားပေးခဲ့ပြီး လိုအပ် သည့် စာရွက်စာတမ်းကြေးများပါ ထောက်ပံ့ပေးခဲ့သည်။

‘‘ချို့တဲ့တဲ့ ကလေးတွေ ပညာတတ်စေချင်တဲ့၊ လူလူသူသူ အသက်မွေးနိုင်စေချင်တဲ့ ဆန္ဒနဲ့ ပဲ လုပ်ကြတာပါ’’ဟု အမည် မဖော်လိုသည့် ဩစတြေးလျနိုင်ငံ မှ အမျိုးသမီးက ပြောသည်။

ထို့အပြင် မောင်အောင်မျိုး ထွန်းတို့ ညီအစ်ကိုနှစ်ဦးထံ အကူ အညီပေးလို၍ ဆက်သွယ်သူများ လည်းရှိခဲ့ပြီး လုပ်ငန်းရှင်တစ်ဦး က ညီအငယ် ကိုးတန်းကျောင်း သားကို ကျူရှင်စရိတ် ကျပ်နှစ် သိန်း ပေးအပ်ခဲ့သည်။

Credit – 7Day News Journal

You might like

Leave a Reply

Your email address will not be published. Required fields are marked *