ကမၻာ့ဖလားပြဲလာ ႏိုင္ငံျခားသားပရိသတ္ကို ၾကိဳဆိုသည့္အေနျဖင့္ ခ်စ္တင္းေႏွာ၊ သားသမီးယူၾကဖို႔ ႐ုရွားလႊတ္ေတာ္ကိုယ္စားလွယ္က ျပည္သူကို တိုက္တြန္း

31 Likes Comment

႐ုရွား ႏိုင္ငံသူ၊ နိုင္ငံသားမ်ားအေနျဖင့္ ကမၻာ့ဖလားေဘာလံုးပြဲသို႔ လာေရာက္ၾကမည့္ ကမၻာႏွင့္အ၀န္းမွ ေဘာလံုးပရိသတ္မ်ားကို ၾကိဳဆိုသည့္အေနျဖင့္ ခ်စ္တင္းေႏွာၾကဖို႔ ကေလးမ်ားေမြးၾကဖို႔ ႐ုရွားလႊတ္ေတာ္ကိုယ္စားလွယ္က တိုက္တြန္းလိုက္သည္။

“ကမၻာ့ဖလားပြဲနဲ႔ဆက္စပ္ျပီး အခ်စ္ဇာတ္လမ္းမ်ားမ်ား ထြက္ေပၚလာေလ၊ ႏိုင္ငံမတူတဲ့ ျပည္သူေတြၾကားမွာ ပို ခ်စ္လာၾကလိမ့္မယ္။ ကေလးမ်ားမ်ား ေမြးဖြားေလ ပိုေကာင္းေလပဲဗ်ာ။ ေနာက္ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ ဒီကေလးေတြအေနနဲ႔ သူတို႔ မိဘေတြရဲ႕ အခ်စ္ဇာတ္လမ္းဟာ ၂၀၁၈ ႐ုရွားကမၻာ့ဖလားကိုအေၾကာင္းျပဳျပီး ျဖစ္ေပၚလာတယ္ဆိုတာကို အမွတ္ရေနပါလိမ့္မယ္”ဟု ႐ုရွား လႊတ္ေတာ္ကိုယ္စားလွယ္ မီေခးလ္ဒက္တီယာေယာ့ဗ္က ဇြန္ ၁၄ ရက္တြင္ ေျပာသည္။

ထို႔မတိုင္မီတရက္က အမ်ဳိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္တဦးျဖစ္သည့္ တာမာရာပလက္နီအိုဗာက ႏိုင္ငံျခားသား ေဘာလံုးပရိသတ္မ်ားႏွင့္ ခပ္ကင္းကင္းေန၍ အမ်ဳိးေစာင့္ၾကဖို႔ ႐ုရွားအမ်ဳိးသမီးထုကို တိုက္တြန္းခဲ့ျပီးေနာက္ မီေခးလ္ဒက္တီယာေယာ့ဗ္က ယင္းသို႔ တံု႔ျပန္ေျပာဆိုျခင္းျဖစ္သည္။

“ကြ်န္မတို႔ဟာ ကိုယ့္အေသြး ကိုယ့္အသားျဖစ္တဲ့ ရင္ေသြးေတြကိုပဲ ေမြးရမယ္။ ေသြးေႏွာတဲ့ ကျပားေလးေတြ ေမြးလာရင္ ဒီကေလးေတြပဲ ဒုကၡခံစားရတာျဖစ္ျပီး ကြ်န္မတို႔ အရင္ ဆိုဗီယက္ျပည္ေထာင္စုေခတ္ကတည္းက ဒီျပႆနာရွိခဲ့တယ္။ မိဘက လူမ်ဳိးတူရင္ အေၾကာင္းမဟုတ္ဘူး။ လူမ်ဳိးမတူရင္ ျပႆနာရွိတယ္။ ကြ်န္မက အမ်ဳိးသားေရး၀ါဒီမဟုတ္ပါဘူး။ သို႔ေသာ္ ကျပားကေလးေတြ ခံစားရတာကို ကြ်န္မ သိတယ္”ဟု သူမက ေျပာသည္။

သူမသည္ လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္သည့္အျပင္ မိခင္၊ ကေလးႏွင့္ မိသားစုဆိုင္ရာ လႊတ္ေတာ္ေကာ္မတီ၏ အၾကီးအကဲလည္းျဖစ္သည္။

သူမ၏ေျပာၾကားခ်က္သည္ ႐ုရွားႏိုင္ငံႏွင့္လူမ်ဳိးမ်ားသည္ စိတ္သေဘာထားျပည့္၀သူမ်ား၊ ရင္းႏွီးပ်ဳငွာသူမ်ားျဖစ္ေၾကာင္း ျပသလိုသည့္ ႐ုရွားအစုိးရကို အရွက္ရေစခဲ့သည္။

တာမာရာပလက္နီအိုဗာ၏ေျပာၾကားခ်က္ႏွင့္ပတ္သက္၍ သမၼတ ပူတင္၏ ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္စ္ေကာ့ဗ္က“႐ုရွား အမ်ဳိးသမီးေတြအေနနဲ႔ သူတို႔မွာ ကိုယ္ပိုင္ ေရြးခ်ယ္ခြင့္ရွိပါတယ္။ သူတို႔ဘာသာ သူတို႔ ဆံုးျဖတ္ပါလိမ့္မယ္။ ႐ုရွားသူေတြဟာ ကမၻာေပၚမွာ အေကာင္းဆံုးေသာ အမ်ဳိးသမီးမ်ားပဲျဖစ္ပါတယ္”ဟု ေျပာသည္။

ကမၻာ့ဖလားေဘာလံုးပြဲ ဖြင့္ပြဲအခမ္းအနားတြင္ ႐ုရွားသမၼတ ပူတင္က အမွာစကားေျပာၾကားရာတြင္ ကမၻာ့ဖလားသို႔ လာေရာက္ၾကသူအားလံုးအေနျဖင့္ ႐ုရွားနိုင္ငံတြင္ရွိေနစဥ္အတြင္း ေပ်ာ္ရႊင္ခ်မ္းေျမ႕ ၾကေစေၾကာင္း၊ ႐ုရွားႏိုင္ငံသည္ ပြင့္လင္းျပီး ရင္းႏွီးေဖာ္ေရြသည့္ ႏိုင္ငံျဖစ္ေၾကာင္း ေျပာၾကားသည္။

ဖြင့္ပြဲအခမ္းအနားသို႔ ေဆာ္ဒီ၊ ဘိုလီးဗီးယား၊ ေျမာက္ကိုရီးယား၊ ပနားမား၊ လက္ဘႏြမ္အပါအ၀င္ နိုင္ငံေပါင္း ၁၅ ႏိုင္ငံမွေခါင္းေဆာင္မ်ားလည္း တက္ေရာက္သည္။

ေမာ္႐ုိး
ရည္ညႊန္း-ဂါးဒီယန္း

News Watch

==========

Unicode

ရုရှား နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲသို့ လာရောက်ကြမည့် ကမ္ဘာနှင့်အဝန်းမှ ဘောလုံးပရိသတ်များကို ကြိုဆိုသည့်အနေဖြင့် ချစ်တင်းနှောကြဖို့ ကလေးများမွေးကြဖို့ ရုရှားလွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းလိုက်သည်။

“ကမ္ဘာ့ဖလားပွဲနဲ့ဆက်စပ်ပြီး အချစ်ဇာတ်လမ်းများများ ထွက်ပေါ်လာလေ၊ နိုင်ငံမတူတဲ့ ပြည်သူတွေကြားမှာ ပို ချစ်လာကြလိမ့်မယ်။ ကလေးများများ မွေးဖွားလေ ပိုကောင်းလေပဲဗျာ။ နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီကလေးတွေအနေနဲ့ သူတို့ မိဘတွေရဲ့ အချစ်ဇာတ်လမ်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတယ်ဆိုတာကို အမှတ်ရနေပါလိမ့်မယ်”ဟု ရုရှား လွှတ်တော်ကိုယ်စားလှယ် မီခေးလ်ဒက်တီယာယော့ဗ်က ဇွန် ၁၄ ရက်တွင် ပြောသည်။

ထို့မတိုင်မီတရက်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် တာမာရာပလက်နီအိုဗာက နိုင်ငံခြားသား ဘောလုံးပရိသတ်များနှင့် ခပ်ကင်းကင်းနေ၍ အမျိုးစောင့်ကြဖို့ ရုရှားအမျိုးသမီးထုကို တိုက်တွန်းခဲ့ပြီးနောက် မီခေးလ်ဒက်တီယာယော့ဗ်က ယင်းသို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

“ကျွန်မတို့ဟာ ကိုယ့်အသွေး ကိုယ့်အသားဖြစ်တဲ့ ရင်သွေးတွေကိုပဲ မွေးရမယ်။ သွေးနှောတဲ့ ကပြားလေးတွေ မွေးလာရင် ဒီကလေးတွေပဲ ဒုက္ခခံစားရတာဖြစ်ပြီး ကျွန်မတို့ အရင် ဆိုဗီယက်ပြည်ထောင်စုခေတ်ကတည်းက ဒီပြဿနာရှိခဲ့တယ်။ မိဘက လူမျိုးတူရင် အကြောင်းမဟုတ်ဘူး။ လူမျိုးမတူရင် ပြဿနာရှိတယ်။ ကျွန်မက အမျိုးသားရေးဝါဒီမဟုတ်ပါဘူး။ သို့သော် ကပြားကလေးတွေ ခံစားရတာကို ကျွန်မ သိတယ်”ဟု သူမက ပြောသည်။

သူမသည် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့်အပြင် မိခင်၊ ကလေးနှင့် မိသားစုဆိုင်ရာ လွှတ်တော်ကော်မတီ၏ အကြီးအကဲလည်းဖြစ်သည်။

သူမ၏ပြောကြားချက်သည် ရုရှားနိုင်ငံနှင့်လူမျိုးများသည် စိတ်သဘောထားပြည့်ဝသူများ၊ ရင်းနှီးပျုငှာသူများဖြစ်ကြောင်း ပြသလိုသည့် ရုရှားအစိုးရကို အရှက်ရစေခဲ့သည်။

တာမာရာပလက်နီအိုဗာ၏ပြောကြားချက်နှင့်ပတ်သက်၍ သမ္မတ ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က“ရုရှား အမျိုးသမီးတွေအနေနဲ့ သူတို့မှာ ကိုယ်ပိုင် ရွေးချယ်ခွင့်ရှိပါတယ်။ သူတို့ဘာသာ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ရုရှားသူတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးသော အမျိုးသမီးများပဲဖြစ်ပါတယ်”ဟု ပြောသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ပူတင်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဖလားသို့ လာရောက်ကြသူအားလုံးအနေဖြင့် ရုရှားနိုင်ငံတွင်ရှိနေစဉ်အတွင်း ပျော်ရွှင်ချမ်းမြေ့ ကြစေကြောင်း၊ ရုရှားနိုင်ငံသည် ပွင့်လင်းပြီး ရင်းနှီးဖော်ရွေသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဆော်ဒီ၊ ဘိုလီးဗီးယား၊ မြောက်ကိုရီးယား၊ ပနားမား၊ လက်ဘနွမ်အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှခေါင်းဆောင်များလည်း တက်ရောက်သည်။

မော်ရိုး
ရည်ညွှန်း-ဂါးဒီယန်း

News Watch

You might like

Leave a Reply

Your email address will not be published. Required fields are marked *