ညစ္ပတ္ေနတဲ့ဗြက္အိုင္ထဲမွာ ပန္းကန္ေတြေဆးေနတဲ့စားဖိုေဆာင္၀န္ထမ္းမ်ား

25 Likes Comment

တကယ္လို႔အျပင္စာသြားစားတဲ့အခါ ႏံုခ်ာတဲ့ဆိုင္တစ္ဆိုင္မွာထိုင္ခဲ့မိရင္ ကိုယ္မျမင္ရတဲ့စားဖိုေဆာင္ထဲမွာ ဘယ္လိုအေျခအေနေတြမ်ားရွိမလဲသိခ်င္မိမွာပါ။ ဟင္းခ်က္တဲ့ေနရာမွာတိရစာၦန္ေတြမ်ားေမြးထားမလား၊ မီးဖိုေဆာင္၀န္ထမ္းေတြဟာ အစားအေသာက္ေတြကိုသန္႔သန္႔ရွင္းရွင္းမွ ကိုင္တြယ္ၾကရဲ႕လား၊ ဟင္းထဲထည့္ခ်က္တဲ့အစာပလာေတြက ရက္လြန္တဲ့ဟာေတြလားစသျဖင့္ ေတာင္ေတာင္အီအီေလွ်ာက္ေတြးမိၾကမွာပါ။

တစ္ခါတစ္ေလလည္း စားဖိုေဆာင္၀န္ထမ္းေတြ ခ်က္ျပဳတ္လုပ္ကိုင္ေနတာကို ကိုယ္တိုင္ကိုယ္က်ျမင္လိုက္ရတဲ့အခါ ဆာေနတဲ့စိတ္ေတာင္ေပ်ာက္သြားတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ အခုလည္းမေလးရွားအေနာက္ပိုင္း ကြာလာလမ္ပူမွာရွိတဲ့စားေသာက္ဆိုင္တစ္ဆိုင္က ၀န္ထမ္းေတြရဲ႕ ရံႊ႕အိုင္ထဲမွာပန္းကန္ေဆးေနတဲ့ မသတီစရာဓာတ္ပံုေတြဟာ အြန္လုိင္းေပၚမွာျပန္႔ႏွံ႔ေနပါတယ္။

ဓာတ္ပံုထဲမွာေတာ့ ၿမိဳ႕စြန္မွာရွိတဲ့နာမည္ၾကီးစားေသာက္ဆိုင္တစ္ဆိုင္နားက လမ္းေဘးမွာ ဗြက္ရည္နဲ႔ပန္းကန္ေဆးေနတဲ့၀န္ထမ္းေတြကိုေတြ႔ရမွာျဖစ္ပါတယ္။ စားေသာက္ဆိုင္ကို “Raj’s Banana Leaf” လို႔ေခၚၾကပါတယ္။ ယင္းဓာတ္ပံုေတြတက္လာၿပီးေနာက္ပိုင္း ကြာလာလမ္ပူၿမိဳ႕၀န္ကေတာ့ သတ္မွတ္ထားတဲ့စားေသာက္ဆိုင္စံခ်ိန္စံညႊန္းေတြျပည့္မွီတဲ့အခ်ိန္အထိ ဆိုင္ပိတ္ထားရမယ္လို႔ဆိုလိုက္ပါတယ္။

ဒါေပမယ့္ စားေသာက္ဆိုင္ကေတာ့ အမည္မေဖာ္ထားတဲ့ပန္းကန္ေဆး၀န္ထမ္းေတြနဲ႔ပတ္သက္လို႔ စားသံုးသူေတြကိုေတာင္းပန္စာထုတ္ျပန္ထားပါတယ္။ စားေသာက္ဆိုင္အေနနဲ႔ တစ္ခါမွၾကံဳဖူးတဲ့အျဖစ္အပ်က္မဟုတ္သလို အစားအေသာက္နဲ႔ပတ္သက္တဲ့စစ္ေဆးခ်က္ေတြကိုလည္း ပံုမွန္ေအာင္ျမင္ေၾကာင္း ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ လက္ရွိမွာစားေသာက္ဆိုင္က စားသံုးသူေတြကိုေတာင္းပန္တဲ့အေနနဲ႔ ည(၇း၃၀) ကေန (၉း၃၀) အထိ “Buka puasa” ညစာကိုအလကားေကြ်းေမြးမယ္လို႔သိရပါတယ္။

credit – shwemom

==========

Unicode

တကယ်လို့အပြင်စာသွားစားတဲ့အခါ နုံချာတဲ့ဆိုင်တစ်ဆိုင်မှာထိုင်ခဲ့မိရင် ကိုယ်မမြင်ရတဲ့စားဖိုဆောင်ထဲမှာ ဘယ်လိုအခြေအနေတွေများရှိမလဲသိချင်မိမှာပါ။ ဟင်းချက်တဲ့နေရာမှာတိရစ္ဆာန်တွေများမွေးထားမလား၊ မီးဖိုဆောင်ဝန်ထမ်းတွေဟာ အစားအသောက်တွေကိုသန့်သန့်ရှင်းရှင်းမှ ကိုင်တွယ်ကြရဲ့လား၊ ဟင်းထဲထည့်ချက်တဲ့အစာပလာတွေက ရက်လွန်တဲ့ဟာတွေလားစသဖြင့် တောင်တောင်အီအီလျှောက်တွေးမိကြမှာပါ။

တစ်ခါတစ်လေလည်း စားဖိုဆောင်ဝန်ထမ်းတွေ ချက်ပြုတ်လုပ်ကိုင်နေတာကို ကိုယ်တိုင်ကိုယ်ကျမြင်လိုက်ရတဲ့အခါ ဆာနေတဲ့စိတ်တောင်ပျောက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အခုလည်းမလေးရှားအနောက်ပိုင်း ကွာလာလမ်ပူမှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်က ဝန်ထမ်းတွေရဲ့ ရွံှ့အိုင်ထဲမှာပန်းကန်ဆေးနေတဲ့ မသတီစရာဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာပြန့်နှံ့နေပါတယ်။

ဓာတ်ပုံထဲမှာတော့ မြို့စွန်မှာရှိတဲ့နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်နားက လမ်းဘေးမှာ ဗွက်ရည်နဲ့ပန်းကန်ဆေးနေတဲ့ဝန်ထမ်းတွေကိုတွေ့ရမှာဖြစ်ပါတယ်။ စားသောက်ဆိုင်ကို “Raj’s Banana Leaf” လို့ခေါ်ကြပါတယ်။ ယင်းဓာတ်ပုံတွေတက်လာပြီးနောက်ပိုင်း ကွာလာလမ်ပူမြို့ဝန်ကတော့ သတ်မှတ်ထားတဲ့စားသောက်ဆိုင်စံချိန်စံညွှန်းတွေပြည့်မှီတဲ့အချိန်အထိ ဆိုင်ပိတ်ထားရမယ်လို့ဆိုလိုက်ပါတယ်။

ဒါပေမယ့် စားသောက်ဆိုင်ကတော့ အမည်မဖော်ထားတဲ့ပန်းကန်ဆေးဝန်ထမ်းတွေနဲ့ပတ်သက်လို့ စားသုံးသူတွေကိုတောင်းပန်စာထုတ်ပြန်ထားပါတယ်။ စားသောက်ဆိုင်အနေနဲ့ တစ်ခါမှကြုံဖူးတဲ့အဖြစ်အပျက်မဟုတ်သလို အစားအသောက်နဲ့ပတ်သက်တဲ့စစ်ဆေးချက်တွေကိုလည်း ပုံမှန်အောင်မြင်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ လက်ရှိမှာစားသောက်ဆိုင်က စားသုံးသူတွေကိုတောင်းပန်တဲ့အနေနဲ့ ည(ရး၃၀) ကနေ (၉း၃၀) အထိ “Buka puasa” ညစာကိုအလကားကျွေးမွေးမယ်လို့သိရပါတယ်။

credit – shwemom

You might like

Leave a Reply

Your email address will not be published. Required fields are marked *