သက္ေရာက္တြက္နည္း.. တစ္ႏွစ္ကို တစ္ခါ မိမိကိုယ္တိုင္ ေဗဒင္တြက္ၾကည့္ဖို႔ နည္းေလးပါ။

58 Likes Comment

သက္ေရာက္တြက္နည္း.. တစ္ႏွစ္ကို တစ္ခါ မိမိကိုယ္တိုင္ ေဗဒင္တြက္ၾကည့္ဖို႔ နည္းေလးပါ။

တြက္နည္း မိမိေရာက္ဆဲ အသက္ကိုတည္ ၈ န့ဲစားပါ။ အႂကြင္းကိုယူ၍ လက္ယာရစ္ပါ။ ဥပမာ ၂၅ ႏွစ္ျပည့္ၿပီး ေနာက္တစ္ရက္ဆိုရင္ ၂၆ ယူရပါမည္။

ဥပမာ။ ။ အသက္ ၂၆ ႏွစ္ တနလၤာသား

၂၆÷၈=၂ ႂကြင္းသည္။

တနလၤာသား ၂ ႂကြင္းျဖစ္၍ တနလၤာသက္ေရာက္မွ စ၍ ၂ ကြက္ေျမာက္ကို ၾကည့္လ်ွင္ အဂၤါသက္ေရာက္ က်ေသာေၾကာင့္ အဂါၤသက္ေရာက္အေဟာကိုဖတ္ပါ။

တနလၤာသက္ေရာက္ ေသာမျဂိဳလ္

အခ်စ္ေရး ေမတၱာေရး စန္းပြင့္ျခင္း အေမြအနွစ္ ဥစၥာမ်ားရတတ္ျခင္း ေမာင္ေကာက္ရ သူေဌးေက်ာ္ကိန္းျဖစ္လို႔ စီးပြားဥစၥာ ရတနာတိုးတတ္၍ အလုပ္အကိုင္အဆင္ေျပ ေျမယာအေမြအနွစ္ရတတ္ပါမည္။ အထက္လူၾကီးမ်ား၏ ခ်ီးျမွင့္ေျမွာက္စားမူခံရတတ္ပါမည္။ ကဆုန္ ဝါေခါင္ တန္ေဆာင္မုန္းလမ်ားတြင္ ၾကာသပေတး တနလၤာေန႔သားမ်ားေၾကာင့္ အလုပ္စီးပြား တိုးတတ္အဆင္ေျပနိုင္ပါမည္။ အိမ္ေထာင္က်တတ္မည္။ ေယာကၤ်ားေလးဆိုလွ်င္ မိန္းကေလးနွင့္ အခ်စ္နယ္လြန္တတ္ျပီး မယူမျဖစ္ယူရတတ္မည္။ မယူခ့ဲေသာ္ေငြေလ်ာ္ရကိန္း ၾကဳံတတ္ပါသည္။

အဂါၤသက္ေရာက္ ပါပျဂိဳလ္

အခ်စ္ေရး အိမ္ေထာင္ေရး မတည္ျငိမ္ ဗ်ာမ်ားရတဲ့ အခ်ိန္ျဖစ္မည္။ အဆင္မေျပ ပဋိပကၡမ်ား ၾကဳံေတြ႔ ရတတ္မည္။ လူမူေရးျပသနာမ်ား ေငြအတြက္ ခ်စ္သူျခင္းအဆင္မေျပမူ႔ အိမ္ေထာင္ဘက္၏ ရန္လိုမူ သူတပါးနွင့္ခိုက္ရန္ျပသနာ ၾကံဳေတြ႔ရျခင္းမ်ား မေတာ္တဆေသြးထြက္သံယိုျဖစ္ျခင္း အခ်ဳပ္အေနွာင္သင့္တတ္ျခင္း လက္ေအာက္ငယ္သား ေတာ္လွန္ျခင္း မိန္းကေလးအတြက္နွင့္ ျပသနာမ်ားေျဖရွင္းရျခင္း စက္ပစၥည္း ထြက္တတ္ ပ်က္တတ္ျခင္း ရန္ျငိဳးရန္စရွာတတ္ျခင္းမ်ား ၾကံဳေတြ႔တတ္ပါမည္။ ခရီးတစ္ဆစ္ခ်ဳိး သြားရတတ္ပါမည္။

ဗုဒၶဟူးသက္ေရာက္ ေသာမျဂိဳလ္

အခ်စ္ေရးစန္းပြင့္ျ႔ပီး အိမ္ေထာင္က်တတ္မည္။ အိုးသစ္အိမ္သစ္ ေနရာသစ္ ေရႊ႔ေျပာင္းရျခင္းမ်ား ရာထူး အလုပ္အကိုင္ အဆင္ေျပတိုးတတ္ ေငြေၾကးရွာေဖြလို႔ ေကာင္းခ်ိန္ျဖစ္မည္။ အခ်စ္ေရးတြင္ အျပိဳင္အဆိုင္မ်ားေပၚေပါက္တတ္ျပီး ခ်စ္မူေရးရာကိစၥမ်ား ေျဖရွင္းရတတ္ပါမည္။ အခ်စ္အတြက္နဲ႔ စကားမ်ား ရန္မ်ား မနာလိုရန္ျငိဳးဖြဲ႔ျခင္း ခံရတတ္ပါသည္။ အေရွ့ေတာင္အရပ္က လာဘ္လာဘမ်ား ဝင္လာတတ္ပါသည္။ လူလြတ္ျဖစ္လွ်င္ အိမ္ေထာင္က်တတ္ပါမည္။ စိတ္ခ်မ္းသာရေသာခရီး ဘုရားဖူးခရီးသြားရတတ္ပါမည္။ ေက်ာက္နီ ပတၱျမား ရတနာ ေရႊေငြ ရရွိေစမ့ဲနွစ္ျဖစ္သည္။ ဒီနွစ္ထဲတြင္ ရသေလာက္ ျပန္ထြက္တတ္ မျမဲတတ္၍ သတိရွိဖို႔ လိုပါမည္။

စေနသက္ေရာက္ ပါပျဂိဳလ္

ဇနကၠမင္းသား ကုန္တင္ေလွပ်က္၍ သမုဒၵရာေရျပင္ ပင္ပန္းၾကီးစြာ ကူးခပ္ခ့ဲရတ့ဲ ကိန္းလို႔ဆိုပါတယ္။ အေရာင္းအဝယ္ အျမတ္အစြန္းမရွိဘဲ ဆုံးရႈံးတတ္ျခင္း မီး ခိုးသူ ပ်က္စီးျခင္း အိမ္ေထာင္ေရး အဆင္အေျပမူမ်ား မိန္းမအတြက္နွင့္ လူမူေရးျပသနာမ်ား ေျဖရွင္းရျခင္း လုပ္ငန္းနွင့္ပတ္သပ္၍ တရားရင္ဆိုင္ရျခင္း အခ်ဳပ္အေနွာင္က်တတ္ျခင္း မေတာ္တဆ ေသြးထြက္သံယိုထိခိုက္မိတတ္ျခင္း ေခ်းငွားထားေသာေငြေၾကး ျပန္မရနိုင္ျခင္းမ်ား အိမ္ေထာင္ေရး အခ်စ္ေရးတြင္လဲ အေနွာက္အယွက္ အဖ်က္အစီးမ်ား ၾကဳံေတြ႔နိုင္ေသာနွစ္ျဖစ္၍ သတိထားသင့္ပါသည္။

ၾကာသပေတးသက္ေရာက္ ေသာမျဂိဳလ္

တေပါင္း တန္ခူး ကဆုန္လတြင္ ေငြေၾကးလာဘ္ရႊင္ေစပါမည္။ အလုပ္အကိုင္မ်ား မဆင္ေျပစီးပြားေရးတိုးတတ္ အက်ိဳးခံစားခြင့္မ်ား ရရွိနိုင္မည့္နွစ္ျဖစ္သည္။ လူပ်ိဳအပ်ိဳျဖစ္လွ်င္ အခ်စ္ေရးစန္းပြင့္တဲ့နွစ္ျဖစ္ျပီး အေနာက္အရပ္ကခ်စ္သူေတြ့တတ္ပါမည္။ အခ်စ္ေရးအဆင္ေျပ အိမ္ေထာင္ေရးအဆင္ေျပတဲ့နွစ္ျဖစ္မည္။ တစ္ခုသတိထားရမွာက အခ်စ္ကိုမယုံလြယ္ပါနွင့္။ သူတစ္ပါးေၾကာင့္ သားသမီးေၾကာင့္ မ်က္နွာပ်က္ အရွက္ရတတ္ျခင္း စြပ္စြဲေျပာဆိုခံရျခင္းမ်ား ခံရတတ္ပါသည္။ ကဲြကြာခဲ့ေသာ အိမ္ေထာင္ဘက္ ခ်စ္သူနွင့္ ျပန္လည္အဆင္ေျပေပါင္းဖက္ရတတ္ပါသည္။

ရာဟုျဂိဳလ္ ပါပျဂိဳလ္

စီးပြားေရးက်ဆင္း အလုပ္အကိုင္မ်ား အဆင္မေျပ ေငြေၾကးဆုံးရွုံး နစ္နာတတ္ပါသည္။ ဘာဘဲလုပ္လုပ္ အဆင္မေျပနိုင္ အဝင္မရွိဘဲ အထြက္သာမ်ားေနတတ္ပါမည္။ ဥစၥာပစၥည္းမ်ား က်ေပ်ာက္ျခင္း အခိုးခံရျခင္း အျပိင္အဆိုင္အတိုက္အခံမ်ားေပါျခင္း က်န္းမာေရးညံ့ျခင္း ေလနာ ရင္နာ ဝမ္းနာ မေတာ္တဆထိခိုက္နာ မ်က္စိေရာဂါ ေလျဖတ္ျခင္း အသက္အႏၱရာယ္ စိုးရိမ္ရျခင္းမ်ား ၾကဳံေတြ့တတ္ပါသည္။ လူမ်ဳိးကြဲမ်ားနွင့္ ျပသနာခုိက္ရန္ၾကံဳျခင္း လူမ်ဳိးကဲြေၾကာင့္ဘဲ အလုပ္အကိုင္ အခြင့္အလမ္းမ်ား တိုးတတ္အဆင္ေျပေစပါမည္။ အိမ္ေထာင္ေရး မတည္ျငိမ္နိုင္ လင္မယားျခင္း ကြာရွင္းလမ္းခြဲရတတ္ပါသည္။ အထက္လူၾကီး ျငိဳငင္အထင္လြဲ မိတ္ေဆြေကာင္းမ်ား ပ်က္စီး မိန္းမေၾကာင့္ ရန္ျငိဳးထား အႏၱရာယ္ေပးနိုင္ပါသည္။ အေနအထိုင္ အသြားအလာဆင္ျခင္ရမည့္နွစ္ျဖစ္သည္။

ေသာၾကာသက္ေရာက္ ေသာမျဂိဳလ္

အခ်စ္ေရး စန္းပြင့္ေသာ နွစ္ျဖစ္၍ အိမ္ေထာင္က်တတ္ပါမည္။ ေရွာင္လြဲ၍မရေအာင္ အိမ္ေထာင္က်ကိန္းပါ။ အလုပ္အကိုင္ရာထူးတိုးျမွင့္ခံရျခင္း အိုးသစ္အိမ္သစ္ ေနရာသစ္သို့ေရြ႔ေျပာင္းရျခင္း မင္းစိုးရာဇာမ်ားမွ ခ်ီးျမွင့္ေျမွာက္စားခံရျခင္း ရပ္ရြာအုပ္ခ်ဳပ္လူၾကီးျဖစ္ရျခင္း ရပ္ေရးရြာေရး နိုင္ငံေရးနွင့္ ဌာနဆိုင္ရာမ်ားတြင္ ဦးစီးဦးေဆာင္ျပဳလုပ္ရျခင္း အၾကီးအကဲျဖစ္ရတတ္ျခင္း အလုပ္အကိုင္စီးပြားတိုးတတ္ ရတနာေရႊေငြလာဘ္လာဘေကာင္းမ်ား တိုးပြားေစျခင္း မဂၤလာရွိေသာအမူကိစၥမ်ား ေဆာင္ရြက္ေပးရျခင္းမ်ား ဆန္ေရ စပါး ေရႊေငြျပည့္စုံစြာ ရမည့္နွစ္ျဖစ္ပါသည္။ ရဟန္းျဖစ္လွ်င္လဲ ေက်ာင္းေဆာင္ အလွဴရွင္ေပၚလာပါမည္။

တနဂၤေႏြသက္ေရာက္ ပါပျဂိဳလ္

တပို႔တြဲ တေပါင္းလမ်ားတြင္ ေငြေၾကးအတြက္ စကားမ်ား ရန္ျဖစ္ရျခင္း မိခင္ ဖခင္က်န္းမာေရးညံ့တတ္ျခင္း ေဆြမ်ဳိးသားခ်င္းမ်ားေၾကာင့္ စိတ္ေသာက အပူသင့္တတ္ျခင္း တန္ခူး ကဆုန္ ျပာသိုလမွာ သားသမီး ေဆြမ်ိဳးလက္ေအာက္ငယ္သားမ်ားေၾကာင့္ အမူအခင္းျပသနာမ်ားေျဖရွင္းရတတ္မည္။ အိုး အိမ္ေနရာ အလုပ္ေရြ႔ေျပာင္းရတတ္သည္။ သူခိုးအခိုးခံရျခင္း မီးအႏၱရာယ္ေပးျခင္း ခ်စ္သူေတြ႔လွ်င္လဲ မလြတ္လပ္ေသာခ်စ္သူမ်ဳိးနွင့္ ၾကဳံေတြ႔တတ္ပါမည္။ တကယ္လို႔ ၾကာသပေတးသားသမီးက တနဂၤေႏြ သက္ေရာက္က်တယ္ ဆိုရင္ေတာ့ ယာဥ္ကား စက္ပစၥည္း ဝင္ႏိုင္ပါသည္။

မိမိနာမည္ ေမြးသကၠရာဇ္အလိုက္ အေဟာထပ္မံကြဲျပားႏိုင္ပါသည္။

—————————–

သက္ေရာက္တစ္ခုထဲက အဓိကမက်ေပမ့ဲ ပါပၿဂိဳလ္စားၿပီး၊ ည့ံတ့ဲသက္ေရာက္က်ေနရင္ ဘာဘဲလုပ္​လုပ္​ သတိေလးထားလုပ္ပါ။

ဥပမာ ။ ။ အဂါၤၿဂိဳလ္စား အဂါၤသက္ေရာက္၊ စေနၿဂိဳလ္စား စေနသက္ေရာက္၊ ရာဟုၿဂိဳလ္စား ရာဟုသက္ေရာက္၊ တနဂၤေႏြၿဂိဳလ္စား တနဂၤေႏြသက္ေရာက္ေတြဟာ ဘုမၼိက်တ့ဲႏွစ္ေတြျဖစ္လို႔ အဲဒီႏွစ္ေတြမွာ အထူးသတိထားၿပီး ေငြေခ်းျခင္း၊ လုပ္ငန္းသစ္တိုးခ့်ဲျခင္း၊ေရာင္းဝယ္ျခင္း၊ အိမ္ေထာင္ျပဳျခင္းေတြ တတ္ႏိုင္သမ်ွေ႐ွာင္ပါ။

ေငြလူလိမ္ခံရျခင္း၊ေငြေလ်ာ္ရျခင္းမ်ိဳးေတြ ၾကဳံေတြ႕ႏိုင္တာေၾကာင့္ တတ္ႏိုင္သမ်ွ ၿငိမ္ၿငိမ္ေနပါ။ မိတ္ရင္းေဆြရင္း ယုံၾကည္ရတ့ဲသူကို ေငြေခ်းေပးရင္ေတာင္မွ အေၾကာင္းတစ္ခုခုေၾကာင့္ ျပန္ရဖို႔ ခက္ခဲတတ္ပါတယ္။ ခါတိုင္းထက္ပိုၿပီး ကုသိုလ္ေကာင္းမူျပဳေပးပါ။

ၿဂိဳလ္စားတြက္နည္းကိုေတာ့ အခြင့္သာလ်ွင္ တင္ေပးပါ့မယ္႐ွင္….

————————————————–

သက္ေရာက္ ယၾတာမ်ား

————–

ယၾတာေမးထားသူမ်ား အတြက္ ဆရာႀကီး မင္းသိခၤ၏ သက္ေရာက္ယၾတာေခ်နည္းကို ျပန္မ်ွေဝပါသည္။

တနဂၤေႏြသက္ေရာက္ ။ ။ သစ္သီး ( ၆ ) မ်ိဳး၊ ေရွာက္သီးသုပ္၊ယပ္ ( ၄ ) လက္ ၊ ေသာက္ေတာ္ေရ ( ၆ ) ခြက္ မိမိအိမ္ဘုရားမွာ လွဴပါ။

မိမိအိမ္တြင္႐ွိေနေသာ ေျမအိုးအပဲ႔၊ပန္းအိုးအပဲ႔ ၊မီးေခ်ာင္းအပ်က္မ်ား ႐ွာေဖြစြန္႔ပစ္ပါ။ ဘဲဥ ျပဳတ္ ေခြးေလးေတြအား ေကြၽးပါ။

တနလၤာသက္ေရာက္။ ။ မိမိအိမ္ဘုရားတြင္ ကံေကာ္ ( ၂ ) ညြန္႔၊ ႏွင္းဆီ ( ၇ ) ပြင့္ ႏွင့္ နန္းၾကီးသုပ္ ၊နံကထိုင္ ၊ႏြားႏုိ႔ ႏွင့္ ကိတ္မုန္႔ လႉေပးပါ။

မိမိအိမ္တြင္႐ွိေသာ လြယ္အိတ္အေဟာင္း၊ အရက္ပုလင္းခြံမ်ား႐ွိလ်ွင္ ႐ွာေဖြစြန္႔ပါ။

အာလူးနဲ႔ ဝက္သားခ်က္၍ အ႐ူးကို ထမင္းေႂကြးပါ။

အဂါၤသက္ေရာက္။ ။ မိမိအိမ္ဘုရားတြင္ ရြက္လွ ( ၇ ) ညြန္႔၊ ေ႐ႊထီး ( ၄ ) လက္​​၊ေရ​ေတာ္​သက္​​ေစ့၊ဆြမ္​းသက္​​ေစ့၊ဆီမီးသက္​​ေစ့ လွဴဒါန္​းပူ​ေဇာ္​ရပါမည္​။

မိမိအိမ္တြင္ နာရီ​ေဟာင္​း၊စက္​ပစၥည္​း​ေဟာင္​း​ေတြ႐ွိေနလ်ွင္ ႐ွာေဖြစြန္​႔ပစ္​ရပါမည္​။

ဗုဒၶဟူးသက္ေရာက္။ ။ မိမိအိမ္ဘုရားတြင္ ပိေတာက္ ( ၇ ) ညြန္႔၊ ဒံေပါက္၊ေထာပတ္ထမင္း ၊ေပါင္မုန္႔ေထာပတ္သုပ္ လွဴေပးပါ။

သခြါးသီးမွာ သြားၾကားထိုးတံ ၂၆ ေခ်ာင္းစိုက္၍ ေရတြင္ေမွ်ာေပးပါ။

စေနသက္ေရာက္။ ။ မိမိအိမ္ဘုရားတြင္ အုန္းသီး၊ အုန္း ( ၁ ) ညြန္႔ သေျပ ( ၆ ) ညြန္႔၊အုန္းသီးပါေသာ မုန္႔ ( ၆ )ခု လွဴပါ။

စေနေန႔ ညေနေစာင္းမွာ လံုခ်ည္အေဟာင္းတစ္ထည္ ေရနံဆီေလာင္းျပီး မီးရႈိ႕လိုက္ပါ။

ၾကာသပေတး သက္ေရာက္။ ။ မိမိအိမ္ဘုရားတြင္ အုန္းႏို႔ေခါက္ဆဲြ၊ အုန္းသီးစိတ္၊ၾသဇာ ( ၃ ) ညြန္႔၊ အုန္း ( ၆ ) ညြန္႔၊ အုန္းစိမ္း ဆားသိပ္ လွဴေပးပါ။

ၾကာသပေတးေန႔ ညေနမွာ ပဲေၾကာ္ ေခြးေလးေတြအားေႂကြးပါ။တနလၤာေန႔ ညေနတြင္ ငါးလႊတ္ေပးပါ။

ရာဟု သက္ေရာက္။ ။ မိမိအိမ္ဘုရားမွာခေရ ( ၆ ) ညြန္႔၊ေကာ္ရည္ ေခါက္ဆဲြ၊ ေခါင္းေလာင္း၊ ၾကက္လွ်ာ ( ၆ ) လက္ လွဴပါ။

ေသာၾကာေန႔ ညေနမွာ ဆိတ္သားဟင္းနဲ႔ ထမင္းၾကမ္းနယ္ျပီး ေခြးေလးေတြအားေကြၽးပါ။ လမ္းဆံုမွာ သဲခင္းေပးပါ။

ေသာၾကာသက္ေရာက္။ ။ မိမိအိမ္ဘုရားမွာ ဇီးျပား၊ေပါက္စီ၊ စံပါယ္ပန္း၊ ဆီထမင္း လွဴေပးပါ။

စေနေန႔ ညေနမွာ ထန္းလွ်က္ ( ၁၁ ) ခဲ စကၠဴကန္ေတာ့ႏွင့္ ထုပ္၍ ေခြးေလးေတြကိုပစ္ ေပါက္ေၾကြးလိုက္ပါ။

တကယ္လို႔ ႏိုင္ငံရပ္ျခားႏွင့္ ကိုယ့္ၿမိဳ႕ကိုယ့္ရြာမဟုတ္ဘဲ တျခားၿမိဳ႕ေရာက္ေနလို႔ စသည္ျဖင့္ ယၾတာလုပ္ဖို႔ အခက္အခဲ ႐ွိခ့ဲရင္ မလုပ္ျဖစ္ရင္လဲ စိတ္ခုေနစရာမလိုပါဘူး။ မိမိစိတ္ကိုအျမဲၾကည္လင္ေအာင္ထိန္းၿပီး မိမိလက္လမ္းမွီသမ်ွ မိမိတတ္ႏိုင္သမ်ွေလး ကုသိုလ္ေလးေတြ လုပ္ေပးရင္လဲ အဆင္ေျပပါတယ္။

ဥပမာ။ ။ သြားရင္းလာရင္းန႔ဲ လမ္းမေပၚေရာက္လာတ့ဲ အေကာင္ငယ္ေလးေတြကို သူမ်ားတတ္နင္းမိမွာ ဆိုးလို႔ လမ္းေဘးျပန္ခ်ေပးျခင္း၊ယာဥ္သြားလမ္းေပၚေရာက္ေနတ့ဲ ခဲေတြ ေတြ႔ခ့ဲရင္ ဖယ္ေပးျခင္း၊မိမိရပ္ကြက္ ဒါမွမဟုတ္ မိမိလမ္းထဲမွာ ခ်ိဳင့္ခြက္ေတြ႐ွိေနရင္ တစ္ခုခုန႔ဲ ညီညာေအာင္ လုပ္ေပးျခင္း၊ေရအိုးစင္လႉျခင္း၊ေရတြင္းေရကန္ လမ္းတံတား အလွဴခံဌာနေတြမွာ တတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းျခင္း၊ ရပ္ကြက္ထဲမွာ႐ွိတ့ဲ လမ္းေပၚက ေခြးေလးေတြကို အစာေကြၽးျခင္း၊ ခိုစာေကြၽးျခင္း၊ ငွက္ကေလးမ်ားလြႊတ္ေပးျခင္း၊ ငါးလြႊတ္ေပးျခင္း၊ ငါးစာေကြၽးျခင္း၊

ဘုန္းႀကီးေက်ာင္းတို႔ ဘုရားတို႔ ေရာက္ရင္လဲ တံမ်က္စည္းလွဲ ေရအိမ္သန္႔႐ွင္းေပးျခင္း၊ သက္ႀကီးရြယ္အိုမ်ားကို ကူညီေဖးမေပးျခင္း၊ ၿမိဳ႕ႀကီးေတြမွာဆိုရင္လဲ ကားစီးတာကအစ မိမိထက္ႀကီးသူကို ေနရာေပးျခင္း၊ျပည့္တ့ဲအိုးကို ထပ္မျဖည့္ဘဲ အမွန္တကယ္ လိုအပ္ေနတ့ဲေနရာကိုေရြးခ်ယ္ၿပီး အလွဴဒါန ျပဳေပးျခင္း စသည္ စသည္ျဖင့္ ခါတိုင္းထက္ပိုၿပီး လုပ္ေပးမယ္ဆိုရင္ အစစအရာရာ အတြက္ ယၾတာလုပ္ၿပီးသလိုပါဘဲ ….

အစစအရာရာ အဆင္ေျပေခ်ာေမြ႔၍ ကိုယ္စိတ္ႏွလုံး ေအးၿငိမ္းၾကပါေစ…

ေဒၚျမျမႏြယ္ ( ေဗဒင္ လကၡဏာ )

Credit-ေဗဒင္ လကၡဏာ

==========

Unicode

သက်ရောက်တွက်နည်း.. တစ်နှစ်ကို တစ်ခါ မိမိကိုယ်တိုင် ဗေဒင်တွက်ကြည့်ဖို့ နည်းလေးပါ။

တွက်နည်း မိမိရောက်ဆဲ အသက်ကိုတည် ၈ နဲ့စားပါ။ အကြွင်းကိုယူ၍ လက်ယာရစ်ပါ။ ဥပမာ ၂၅ နှစ်ပြည့်ပြီး နောက်တစ်ရက်ဆိုရင် ၂၆ ယူရပါမည်။

ဥပမာ။ ။ အသက် ၂၆ နှစ် တနင်္လာသား

၂၆÷၈=၂ ကြွင်းသည်။

တနင်္လာသား ၂ ကြွင်းဖြစ်၍ တနင်္လာသက်ရောက်မှ စ၍ ၂ ကွက်မြောက်ကို ကြည့်လျှင် အင်္ဂါသက်ရောက် ကျသောကြောင့် အဂါင်္သက်ရောက်အဟောကိုဖတ်ပါ။

တနင်္လာသက်ရောက် သောမဂြိုလ်

အချစ်ရေး မေတ္တာရေး စန်းပွင့်ခြင်း အမွေအနှစ် ဥစ္စာများရတတ်ခြင်း မောင်ကောက်ရ သူဌေးကျော်ကိန်းဖြစ်လို့ စီးပွားဥစ္စာ ရတနာတိုးတတ်၍ အလုပ်အကိုင်အဆင်ပြေ မြေယာအမွေအနှစ်ရတတ်ပါမည်။ အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမူခံရတတ်ပါမည်။ ကဆုန် ဝါခေါင် တန်ဆောင်မုန်းလများတွင် ကြာသပတေး တနင်္လာနေ့သားများကြောင့် အလုပ်စီးပွား တိုးတတ်အဆင်ပြေနိုင်ပါမည်။ အိမ်ထောင်ကျတတ်မည်။ ယောင်္ကျားလေးဆိုလျှင် မိန်းကလေးနှင့် အချစ်နယ်လွန်တတ်ပြီး မယူမဖြစ်ယူရတတ်မည်။ မယူခဲ့သော်ငွေလျော်ရကိန်း ကြုံတတ်ပါသည်။

အဂါင်္သက်ရောက် ပါပဂြိုလ်

အချစ်ရေး အိမ်ထောင်ရေး မတည်ငြိမ် ဗျာများရတဲ့ အချိန်ဖြစ်မည်။ အဆင်မပြေ ပဋိပက္ခများ ကြုံတွေ့ ရတတ်မည်။ လူမူရေးပြသနာများ ငွေအတွက် ချစ်သူခြင်းအဆင်မပြေမူ့ အိမ်ထောင်ဘက်၏ ရန်လိုမူ သူတပါးနှင့်ခိုက်ရန်ပြသနာ ကြုံတွေ့ရခြင်းများ မတော်တဆသွေးထွက်သံယိုဖြစ်ခြင်း အချုပ်အနှောင်သင့်တတ်ခြင်း လက်အောက်ငယ်သား တော်လှန်ခြင်း မိန်းကလေးအတွက်နှင့် ပြသနာများဖြေရှင်းရခြင်း စက်ပစ္စည်း ထွက်တတ် ပျက်တတ်ခြင်း ရန်ငြိုးရန်စရှာတတ်ခြင်းများ ကြုံတွေ့တတ်ပါမည်။ ခရီးတစ်ဆစ်ချိုး သွားရတတ်ပါမည်။

ဗုဒ္ဓဟူးသက်ရောက် သောမဂြိုလ်

အချစ်ရေးစန်းပွင့်ြ့ပီး အိမ်ထောင်ကျတတ်မည်။ အိုးသစ်အိမ်သစ် နေရာသစ် ရွှေ့ပြောင်းရခြင်းများ ရာထူး အလုပ်အကိုင် အဆင်ပြေတိုးတတ် ငွေကြေးရှာဖွေလို့ ကောင်းချိန်ဖြစ်မည်။ အချစ်ရေးတွင် အပြိုင်အဆိုင်များပေါ်ပေါက်တတ်ပြီး ချစ်မူရေးရာကိစ္စများ ဖြေရှင်းရတတ်ပါမည်။ အချစ်အတွက်နဲ့ စကားများ ရန်များ မနာလိုရန်ငြိုးဖွဲ့ခြင်း ခံရတတ်ပါသည်။ အရှေ့တောင်အရပ်က လာဘ်လာဘများ ဝင်လာတတ်ပါသည်။ လူလွတ်ဖြစ်လျှင် အိမ်ထောင်ကျတတ်ပါမည်။ စိတ်ချမ်းသာရသောခရီး ဘုရားဖူးခရီးသွားရတတ်ပါမည်။ ကျောက်နီ ပတ္တမြား ရတနာ ရွှေငွေ ရရှိစေမဲ့နှစ်ဖြစ်သည်။ ဒီနှစ်ထဲတွင် ရသလောက် ပြန်ထွက်တတ် မမြဲတတ်၍ သတိရှိဖို့ လိုပါမည်။

စနေသက်ရောက် ပါပဂြိုလ်

ဇနက္ကမင်းသား ကုန်တင်လှေပျက်၍ သမုဒ္ဒရာရေပြင် ပင်ပန်းကြီးစွာ ကူးခပ်ခဲ့ရတဲ့ ကိန်းလို့ဆိုပါတယ်။ အရောင်းအဝယ် အမြတ်အစွန်းမရှိဘဲ ဆုံးရှုံးတတ်ခြင်း မီး ခိုးသူ ပျက်စီးခြင်း အိမ်ထောင်ရေး အဆင်အပြေမူများ မိန်းမအတွက်နှင့် လူမူရေးပြသနာများ ဖြေရှင်းရခြင်း လုပ်ငန်းနှင့်ပတ်သပ်၍ တရားရင်ဆိုင်ရခြင်း အချုပ်အနှောင်ကျတတ်ခြင်း မတော်တဆ သွေးထွက်သံယိုထိခိုက်မိတတ်ခြင်း ချေးငှားထားသောငွေကြေး ပြန်မရနိုင်ခြင်းများ အိမ်ထောင်ရေး အချစ်ရေးတွင်လဲ အနှောက်အယှက် အဖျက်အစီးများ ကြုံတွေ့နိုင်သောနှစ်ဖြစ်၍ သတိထားသင့်ပါသည်။

ကြာသပတေးသက်ရောက် သောမဂြိုလ်

တပေါင်း တန်ခူး ကဆုန်လတွင် ငွေကြေးလာဘ်ရွှင်စေပါမည်။ အလုပ်အကိုင်များ မဆင်ပြေစီးပွားရေးတိုးတတ် အကျိုးခံစားခွင့်များ ရရှိနိုင်မည့်နှစ်ဖြစ်သည်။ လူပျိုအပျိုဖြစ်လျှင် အချစ်ရေးစန်းပွင့်တဲ့နှစ်ဖြစ်ပြီး အနောက်အရပ်ကချစ်သူတွေ့တတ်ပါမည်။ အချစ်ရေးအဆင်ပြေ အိမ်ထောင်ရေးအဆင်ပြေတဲ့နှစ်ဖြစ်မည်။ တစ်ခုသတိထားရမှာက အချစ်ကိုမယုံလွယ်ပါနှင့်။ သူတစ်ပါးကြောင့် သားသမီးကြောင့် မျက်နှာပျက် အရှက်ရတတ်ခြင်း စွပ်စွဲပြောဆိုခံရခြင်းများ ခံရတတ်ပါသည်။ ကွဲကွာခဲ့သော အိမ်ထောင်ဘက် ချစ်သူနှင့် ပြန်လည်အဆင်ပြေပေါင်းဖက်ရတတ်ပါသည်။

ရာဟုဂြိုလ် ပါပဂြိုလ်

စီးပွားရေးကျဆင်း အလုပ်အကိုင်များ အဆင်မပြေ ငွေကြေးဆုံးရှုံး နစ်နာတတ်ပါသည်။ ဘာဘဲလုပ်လုပ် အဆင်မပြေနိုင် အဝင်မရှိဘဲ အထွက်သာများနေတတ်ပါမည်။ ဥစ္စာပစ္စည်းများ ကျပျောက်ခြင်း အခိုးခံရခြင်း အပြိင်အဆိုင်အတိုက်အခံများပေါခြင်း ကျန်းမာရေးညံ့ခြင်း လေနာ ရင်နာ ဝမ်းနာ မတော်တဆထိခိုက်နာ မျက်စိရောဂါ လေဖြတ်ခြင်း အသက်အန္တရာယ် စိုးရိမ်ရခြင်းများ ကြုံတွေ့တတ်ပါသည်။ လူမျိုးကွဲများနှင့် ပြသနာခိုက်ရန်ကြုံခြင်း လူမျိုးကွဲကြောင့်ဘဲ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတတ်အဆင်ပြေစေပါမည်။ အိမ်ထောင်ရေး မတည်ငြိမ်နိုင် လင်မယားခြင်း ကွာရှင်းလမ်းခွဲရတတ်ပါသည်။ အထက်လူကြီး ငြိုငင်အထင်လွဲ မိတ်ဆွေကောင်းများ ပျက်စီး မိန်းမကြောင့် ရန်ငြိုးထား အန္တရာယ်ပေးနိုင်ပါသည်။ အနေအထိုင် အသွားအလာဆင်ခြင်ရမည့်နှစ်ဖြစ်သည်။

သောကြာသက်ရောက် သောမဂြိုလ်

အချစ်ရေး စန်းပွင့်သော နှစ်ဖြစ်၍ အိမ်ထောင်ကျတတ်ပါမည်။ ရှောင်လွဲ၍မရအောင် အိမ်ထောင်ကျကိန်းပါ။ အလုပ်အကိုင်ရာထူးတိုးမြှင့်ခံရခြင်း အိုးသစ်အိမ်သစ် နေရာသစ်သို့ရွေ့ပြောင်းရခြင်း မင်းစိုးရာဇာများမှ ချီးမြှင့်မြှောက်စားခံရခြင်း ရပ်ရွာအုပ်ချုပ်လူကြီးဖြစ်ရခြင်း ရပ်ရေးရွာရေး နိုင်ငံရေးနှင့် ဌာနဆိုင်ရာများတွင် ဦးစီးဦးဆောင်ပြုလုပ်ရခြင်း အကြီးအကဲဖြစ်ရတတ်ခြင်း အလုပ်အကိုင်စီးပွားတိုးတတ် ရတနာရွှေငွေလာဘ်လာဘကောင်းများ တိုးပွားစေခြင်း မင်္ဂလာရှိသောအမူကိစ္စများ ဆောင်ရွက်ပေးရခြင်းများ ဆန်ရေ စပါး ရွှေငွေပြည့်စုံစွာ ရမည့်နှစ်ဖြစ်ပါသည်။ ရဟန်းဖြစ်လျှင်လဲ ကျောင်းဆောင် အလှူရှင်ပေါ်လာပါမည်။

တနင်္ဂနွေသက်ရောက် ပါပဂြိုလ်

တပို့တွဲ တပေါင်းလများတွင် ငွေကြေးအတွက် စကားများ ရန်ဖြစ်ရခြင်း မိခင် ဖခင်ကျန်းမာရေးညံ့တတ်ခြင်း ဆွေမျိုးသားချင်းများကြောင့် စိတ်သောက အပူသင့်တတ်ခြင်း တန်ခူး ကဆုန် ပြာသိုလမှာ သားသမီး ဆွေမျိုးလက်အောက်ငယ်သားများကြောင့် အမူအခင်းပြသနာများဖြေရှင်းရတတ်မည်။ အိုး အိမ်နေရာ အလုပ်ရွေ့ပြောင်းရတတ်သည်။ သူခိုးအခိုးခံရခြင်း မီးအန္တရာယ်ပေးခြင်း ချစ်သူတွေ့လျှင်လဲ မလွတ်လပ်သောချစ်သူမျိုးနှင့် ကြုံတွေ့တတ်ပါမည်။ တကယ်လို့ ကြာသပတေးသားသမီးက တနင်္ဂနွေ သက်ရောက်ကျတယ် ဆိုရင်တော့ ယာဉ်ကား စက်ပစ္စည်း ဝင်နိုင်ပါသည်။

မိမိနာမည် မွေးသက္ကရာဇ်အလိုက် အဟောထပ်မံကွဲပြားနိုင်ပါသည်။

—————————–

သက်ရောက်တစ်ခုထဲက အဓိကမကျပေမဲ့ ပါပဂြိုလ်စားပြီး၊ ည့ံတဲ့သက်ရောက်ကျနေရင် ဘာဘဲလုပ်​လုပ်​ သတိလေးထားလုပ်ပါ။

ဥပမာ ။ ။ အဂါင်္ဂြိုလ်စား အဂါင်္သက်ရောက်၊ စနေဂြိုလ်စား စနေသက်ရောက်၊ ရာဟုဂြိုလ်စား ရာဟုသက်ရောက်၊ တနင်္ဂနွေဂြိုလ်စား တနင်္ဂနွေသက်ရောက်တွေဟာ ဘုမ္မိကျတဲ့နှစ်တွေဖြစ်လို့ အဲဒီနှစ်တွေမှာ အထူးသတိထားပြီး ငွေချေးခြင်း၊ လုပ်ငန်းသစ်တိုးချဲ့ခြင်း၊ရောင်းဝယ်ခြင်း၊ အိမ်ထောင်ပြုခြင်းတွေ တတ်နိုင်သမျှရှောင်ပါ။

ငွေလူလိမ်ခံရခြင်း၊ငွေလျော်ရခြင်းမျိုးတွေ ကြုံတွေ့နိုင်တာကြောင့် တတ်နိုင်သမျှ ငြိမ်ငြိမ်နေပါ။ မိတ်ရင်းဆွေရင်း ယုံကြည်ရတဲ့သူကို ငွေချေးပေးရင်တောင်မှ အကြောင်းတစ်ခုခုကြောင့် ပြန်ရဖို့ ခက်ခဲတတ်ပါတယ်။ ခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမူပြုပေးပါ။

ဂြိုလ်စားတွက်နည်းကိုတော့ အခွင့်သာလျှင် တင်ပေးပါ့မယ်ရှင်….

————————————————–

သက်ရောက် ယတြာများ

————–

ယတြာမေးထားသူများ အတွက် ဆရာကြီး မင်းသိင်္ခ၏ သက်ရောက်ယတြာချေနည်းကို ပြန်မျှဝေပါသည်။

တနင်္ဂနွေသက်ရောက် ။ ။ သစ်သီး ( ၆ ) မျိုး၊ ရှောက်သီးသုပ်၊ယပ် ( ၄ ) လက် ၊ သောက်တော်ရေ ( ၆ ) ခွက် မိမိအိမ်ဘုရားမှာ လှူပါ။

မိမိအိမ်တွင်ရှိနေသော မြေအိုးအပဲ့၊ပန်းအိုးအပဲ့ ၊မီးချောင်းအပျက်များ ရှာဖွေစွန့်ပစ်ပါ။ ဘဲဥ ပြုတ် ခွေးလေးတွေအား ကျွေးပါ။

တနင်္လာသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ကံကော် ( ၂ ) ညွန့်၊ နှင်းဆီ ( ၇ ) ပွင့် နှင့် နန်းကြီးသုပ် ၊နံကထိုင် ၊နွားနို့ နှင့် ကိတ်မုန့် လှူပေးပါ။

မိမိအိမ်တွင်ရှိသော လွယ်အိတ်အဟောင်း၊ အရက်ပုလင်းခွံများရှိလျှင် ရှာဖွေစွန့်ပါ။

အာလူးနဲ့ ဝက်သားချက်၍ အရူးကို ထမင်းကြွေးပါ။

အဂါင်္သက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ရွက်လှ ( ၇ ) ညွန့်၊ ရွှေထီး ( ၄ ) လက်​​၊ရေ​တော်​သက်​​စေ့၊ဆွမ်​းသက်​​စေ့၊ဆီမီးသက်​​စေ့ လှူဒါန်​းပူ​ဇော်​ရပါမည်​။

မိမိအိမ်တွင် နာရီ​ဟောင်​း၊စက်​ပစ္စည်​း​ဟောင်​း​တွေရှိနေလျှင် ရှာဖွေစွန်​့ပစ်​ရပါမည်​။

ဗုဒ္ဓဟူးသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ပိတောက် ( ၇ ) ညွန့်၊ ဒံပေါက်၊ထောပတ်ထမင်း ၊ပေါင်မုန့်ထောပတ်သုပ် လှူပေးပါ။

သခွါးသီးမှာ သွားကြားထိုးတံ ၂၆ ချောင်းစိုက်၍ ရေတွင်မျှောပေးပါ။

စနေသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် အုန်းသီး၊ အုန်း ( ၁ ) ညွန့် သပြေ ( ၆ ) ညွန့်၊အုန်းသီးပါသော မုန့် ( ၆ )ခု လှူပါ။

စနေနေ့ ညနေစောင်းမှာ လုံချည်အဟောင်းတစ်ထည် ရေနံဆီလောင်းပြီး မီးရှို့လိုက်ပါ။

ကြာသပတေး သက်ရောက်။ ။ မိမိအိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးစိတ်၊သြဇာ ( ၃ ) ညွန့်၊ အုန်း ( ၆ ) ညွန့်၊ အုန်းစိမ်း ဆားသိပ် လှူပေးပါ။

ကြာသပတေးနေ့ ညနေမှာ ပဲကြော် ခွေးလေးတွေအားကြွေးပါ။တနင်္လာနေ့ ညနေတွင် ငါးလွှတ်ပေးပါ။

ရာဟု သက်ရောက်။ ။ မိမိအိမ်ဘုရားမှာခရေ ( ၆ ) ညွန့်၊ကော်ရည် ခေါက်ဆွဲ၊ ခေါင်းလောင်း၊ ကြက်လျှာ ( ၆ ) လက် လှူပါ။

သောကြာနေ့ ညနေမှာ ဆိတ်သားဟင်းနဲ့ ထမင်းကြမ်းနယ်ပြီး ခွေးလေးတွေအားကျွေးပါ။ လမ်းဆုံမှာ သဲခင်းပေးပါ။

သောကြာသက်ရောက်။ ။ မိမိအိမ်ဘုရားမှာ ဇီးပြား၊ပေါက်စီ၊ စံပါယ်ပန်း၊ ဆီထမင်း လှူပေးပါ။

စနေနေ့ ညနေမှာ ထန်းလျှက် ( ၁၁ ) ခဲ စက္ကူကန်တော့နှင့် ထုပ်၍ ခွေးလေးတွေကိုပစ် ပေါက်ကြွေးလိုက်ပါ။

တကယ်လို့ နိုင်ငံရပ်ခြားနှင့် ကိုယ့်မြို့ကိုယ့်ရွာမဟုတ်ဘဲ တခြားမြို့ရောက်နေလို့ စသည်ဖြင့် ယတြာလုပ်ဖို့ အခက်အခဲ ရှိခဲ့ရင် မလုပ်ဖြစ်ရင်လဲ စိတ်ခုနေစရာမလိုပါဘူး။ မိမိစိတ်ကိုအမြဲကြည်လင်အောင်ထိန်းပြီး မိမိလက်လမ်းမှီသမျှ မိမိတတ်နိုင်သမျှလေး ကုသိုလ်လေးတွေ လုပ်ပေးရင်လဲ အဆင်ပြေပါတယ်။

ဥပမာ။ ။ သွားရင်းလာရင်းနဲ့ လမ်းမပေါ်ရောက်လာတဲ့ အကောင်ငယ်လေးတွေကို သူများတတ်နင်းမိမှာ ဆိုးလို့ လမ်းဘေးပြန်ချပေးခြင်း၊ယာဉ်သွားလမ်းပေါ်ရောက်နေတဲ့ ခဲတွေ တွေ့ခဲ့ရင် ဖယ်ပေးခြင်း၊မိမိရပ်ကွက် ဒါမှမဟုတ် မိမိလမ်းထဲမှာ ချိုင့်ခွက်တွေရှိနေရင် တစ်ခုခုနဲ့ ညီညာအောင် လုပ်ပေးခြင်း၊ရေအိုးစင်လှူခြင်း၊ရေတွင်းရေကန် လမ်းတံတား အလှူခံဌာနတွေမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းခြင်း၊ ရပ်ကွက်ထဲမှာရှိတဲ့ လမ်းပေါ်က ခွေးလေးတွေကို အစာကျွေးခြင်း၊ ခိုစာကျွေးခြင်း၊ ငှက်ကလေးများလွွှတ်ပေးခြင်း၊ ငါးလွွှတ်ပေးခြင်း၊ ငါးစာကျွေးခြင်း၊

ဘုန်းကြီးကျောင်းတို့ ဘုရားတို့ ရောက်ရင်လဲ တံမျက်စည်းလှဲ ရေအိမ်သန့်ရှင်းပေးခြင်း၊ သက်ကြီးရွယ်အိုများကို ကူညီဖေးမပေးခြင်း၊ မြို့ကြီးတွေမှာဆိုရင်လဲ ကားစီးတာကအစ မိမိထက်ကြီးသူကို နေရာပေးခြင်း၊ပြည့်တဲ့အိုးကို ထပ်မဖြည့်ဘဲ အမှန်တကယ် လိုအပ်နေတဲ့နေရာကိုရွေးချယ်ပြီး အလှူဒါန ပြုပေးခြင်း စသည် စသည်ဖြင့် ခါတိုင်းထက်ပိုပြီး လုပ်ပေးမယ်ဆိုရင် အစစအရာရာ အတွက် ယတြာလုပ်ပြီးသလိုပါဘဲ ….

အစစအရာရာ အဆင်ပြေချောမွေ့၍ ကိုယ်စိတ်နှလုံး အေးငြိမ်းကြပါစေ…

ဒေါ်မြမြနွယ် ( ဗေဒင် လက္ခဏာ )

Credit-ဗေဒင် လက္ခဏာ

You might like

Leave a Reply

Your email address will not be published. Required fields are marked *