ႏိုင္ငံေတာ္အစိုးရအေနျဖင့္၂၀၁၈ ေမလ ၁၄ ရက္ ရက္စဲြပါ အမိန္႔ေၾကာ္ျငာစာျဖင့္ အနည္းဆံုးအခေၾကးေငြသတ္မွတ္ေပးခဲ့ပါသည္။

24 Likes Comment

မိမိတို႔အလုပ္သင္ဆရာဝန္မ်ားမွာ ၂၀၁၃ခုႏွစ္ အနည္းဆံုးအခေၾကးေငြဥပေဒ ႏွင့္ အလုပ္ကိုင္ကြ်မ္းက်င္မႈဖြ႕ံၿဖိဳးအေရးဥပေဒအရ အလုပ္သင္ျဖစ္ေသာ္ျငား အလုပ္သမားဟူေသာ အဓိပၸာယ္ဖြင့္ဆိုခ်က္တြင္ ပါဝင္ပါသည္။

သို႔ရာတြင္ က်န္းမာေရးႏွင့္အာကစားဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္မွတရားဝင္ျပဌာန္းထားေသာ ဥပေဒမ်ားကိုေဖာက္ဖ်က္ၿပီး အလုပ္သင္ဆရာဝန္မ်ားအား ခ်ီးုျမင့္ေငြဟု တစ္လလွ်င္ တစ္သိန္းက်ပ္သာ ေပးၿပီး တည္ဆဲဥပေဒမ်ားကို မ်က္ကြယ္ျပဳလ်က္ရွိပါသည္။

ထိုေၾကာင့္ ဝန္ႀကီးဌာနမွတာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံေတာ္မွခ်မွတ္ထားေသာ ဥပေဒ မ်ားကိုလိုက္နာၿပီး အလုပ္သင္ဆရာဝန္လစာကို ဥပေဒႏွင့္အညီေဆာင္ရြက္ေပးပါရန္ အလုပ္သင္ဆရာဝန္မ်ားကိုယ္စား ေတာင္းဆိုအပ္ပါသည္။

ေက်ာင္းသားသမဂၢမ်ားအေနျဖင့္လည္း ေက်ာင္းသားထု၏ အခြင့္အေရးကို မ်က္ေျခမပ်က္ ကာကြယ္ေပးပါရန္ ႏိုးေဆာ္အပ္ပါသည္။

လြတ္လပ္စြာမွ်ေဝႏိုင္ပါသည္။

(Photo credit Ye Htut)

==========

Unicode

မိမိတို့အလုပ်သင်ဆရာဝန်များမှာ ၂၀၁၃ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ နှင့် အလုပ်ကိုင်ကျွမ်းကျင်မှုဖွံ့ဖြိုးအရေးဥပဒေအရ အလုပ်သင်ဖြစ်သော်ငြား အလုပ်သမားဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်ပါသည်။

သို့ရာတွင် ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှတရားဝင်ပြဌာန်းထားသော ဥပဒေများကိုဖောက်ဖျက်ပြီး အလုပ်သင်ဆရာဝန်များအား ချီးုမြင့်ငွေဟု တစ်လလျှင် တစ်သိန်းကျပ်သာ ပေးပြီး တည်ဆဲဥပဒေများကို မျက်ကွယ်ပြုလျက်ရှိပါသည်။

ထိုကြောင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ဥပဒေ များကိုလိုက်နာပြီး အလုပ်သင်ဆရာဝန်လစာကို ဥပဒေနှင့်အညီဆောင်ရွက်ပေးပါရန် အလုပ်သင်ဆရာဝန်များကိုယ်စား တောင်းဆိုအပ်ပါသည်။

ကျောင်းသားသမဂ္ဂများအနေဖြင့်လည်း ကျောင်းသားထု၏ အခွင့်အရေးကို မျက်ခြေမပျက် ကာကွယ်ပေးပါရန် နိုးဆော်အပ်ပါသည်။

လွတ်လပ်စွာမျှဝေနိုင်ပါသည်။

(Photo credit Ye Htut)

You might like

Leave a Reply

Your email address will not be published. Required fields are marked *