အသက္ ၆၀ ေက်ာ္ေလာက္ရွိတဲ႕ အမိ်ဳးသားႀကီးတေယာက္နဲ႕ ၁၆ႏွစ္ေလာက္အရြယ္ အမိ်ဳးသမီးငယ္ေလးတေယာက္..

39 Likes Comment

ည ၇နာရီအခ်ိန္ေလာက္ က်မထမင္းဟင္းေရာင္းေနတုန္းမွာ သမီးေရ ဒီနားမွာအမိ်ဳးသားအေဆာင္ရွိတယ္ဆိုလို႕ ဦးေလးကိုလမ္းညႊန္ျပလားဆိုျပီး” ေမးလာတဲ႕ဦးေလးႀကီးတေယာက္ကို ထမင္းဟင္းေရာင္းေနရင္းနဲ႕က်မ လွမ္းျပီးျကည့္လိုက္မိေတာ့ အသက္၆၀ေက်ာ္ေလာက္ရွိတဲ႕ အမိ်ဳးသားႀကီးတေယာက္နဲ႕ ၁၆ႏွစ္ေလာက္အရြယ္ အမိ်ဳးသမီးငယ္ေလးတေယာက္ကို ေတြ႕လိုက္ရပါတယ္

ဒါနဲ႕က်မလည္းေစ်းေရာင္းေနရင္းနဲ႕ လွမ္းျပီးေျပာလိုက္ပါတယ္

ဟိုေရွ႕နားမွာေတာ့ေဆးေက်ာင္းတက္ေနတဲ႕ ေက်ာင္းသားေလးေတြေနတဲ႕ အမိ်ဳးသားအေဆာင္ရွိပါတယ္ ဦးေလးကဘယ္သူနဲ႕ေတြ႕ခ်င္တာပါလည္း ေက်ာင္းသားရဲ႕ နာမည္ေလးကို ေျပာႀကည့္ေပးပါလား က်မရဲ႕အမိ်ဳးသားရဲ႕တပည့္ေတြဆိုေတာ့ ေက်ာင္းသားေတြနဲ႕က်မသိပါတယ္ လို႕”

က်မကေျပာလိုက္မိေတာ့ ဦးေလးနဲ႕ေတာ့ သိတဲ႕သူမရွိပါဘူးကြယ္ဦးေလးေတြ႕ခ်င္တာက ဧရာဝတီ တိုင္းသားတေယာက္နဲ႕ပါ တဲ႕”

ဦးေလးကဧရာဝတီ တိုင္းကေက်ာင္းသားကို ေတြ႕ျပီးဘာလုပ္ခ်င္လို႕ပါလည္း”လို႕ က်မကစပ္စုလိုက္ေတာ့ ဦးေလးကေရႊေတာကျပန္လာတာပါ အခုလမ္းစရိတ္ျပတ္သြားလို႕ကိုယ့္နယ္သားအခ်င္းခ်င္းကိုေျပာျပျပီးအကူအညီေတာင္းခ်င္လို႕ပါတဲ႕ဒါေႀကာင့္ ေက်ာင္းသားေတြရွိတဲ႕အေဆာင္သာလိုက္ျပေပးပါကြယ္ ” လို႕ ေျပာလာတာေႀကာင့္ အဲလိုဆိုရင္ က်မတို႕လိုက္ပို႕ပါမယ္

ဒီ သမီးေလးနဲ႕ပါလာတဲ႕အထုပ္ေတြကိုေတာ့ ဒီမွာခဏခ်ထားခဲ႕ေနာ္ဦးေလး “လို႔ေျပာျပီး ဆိုင္ထဲကတေယာက္ကို ေက်ာင္းသားေလးေတြေနတဲ႕အေဆာင္ရွိရာကိုလိုက္ျပီးအပို႕ခိုင္းလိုက္ပါတယ္

ဦးေလးႀကီးထြက္သြားေတာ့ ဆိုင္မွာေနရစ္ခဲ႕တဲ႕သမီးေလးကိုလွမ္းျပီးျကည့္လိုက္မိေတာ့ေကာင္တာထဲကထမင္းဟင္းေတြကိုေငးျပီးႀကည့္ေနတာကိုေတြ႕လိုက္ရပါတယ္

အခ်ိန္ကည ၇နာရီေလာက္ရွိေနျပီဆိုေတာ့ ထမင္းဆာေနရွာတယ္ထင္ပါရဲ႕ရွင္

ဒါနဲ႕က်မက သမီးေလးထမင္းစားမလားလို႕” ေမးလိုက္ေတာ့ ခေလးမေလးက ပါးစပ္ကအသံမထြက္ဘဲ ေခါင္းေလးဘဲၿငိမ္႕ျပတာကိုေတြ႕လိုက္တာနဲ႕ဆိုင္က လူေတြကိုအျမန္ခူးျပီးေကြ်းခိုင္းလိုက္ပါတယ္

သူခင္မ်ာအေတာ္ေလးကိုဆာေနရွာတယ္ထင္ပါရဲ႕ရွင္ေခါင္းေလးငုံျပီးပလုပ္ပေလာင္းနဲ႕ စားေနတာေလ သူ႕ရဲ႕ မ်က္လုံးမွာလည္းမ်က္ရည္စေတြနဲ႕ပါ

က်မလည္းသူ႔အနားသြားျပီး သမီးေလးအားမနာနဲ႕ေနာ္ ဝေအာင္စားသိလား ထမင္းဟင္းေတြအမ်ားႀကီးရွိတယ္ေနာ္ ဒါနဲ႕သမီးတို႕ကဘယ္လိုျဖစ္လာတာလည္းလို႕”ေမးလိုက္ေတာ့

သမီးတို႕ဆီမွာေရေတြႀကီးေနေတာ့ အလုပ္မရွိတာနဲ႕အေဖ့မိတ္ေဆြက ေရႊေတာကိုလာခဲ႕ပါလားဆိုတာနဲ႕ လိပ္ႀက ဆိုတဲ႕ေရႊေတာကို ထြက္လာခဲ႕ႀကတာပါ ဒီကိုေရာက္ေတာ့အလုပ္ကမျဖစ္ပါဘူးအေဖ့မိတ္ေဆြကလည္းစီးပြားေရးကမေျပလည္ပါဘူး

ဒါနဲ႕ဘဲ ထမင္းအလကားထိုင္စားေနရတာကို အားနာလာျပီး သမီးတို႔ျပန္္လာခဲ႕ႀကတာပါသမီးတို႕ထြက္လာတာ၂ရက္ရွိပါျပီ ဘုန္းႀကီးေက်ာင္းကိုအကူအညီေတာင္းျပီး ညအိပ္ခဲ႕ရတာပါတဲ႕” အမွန္ဆိုရင္ေတာ့လိပ္ႀက နဲ႕မႏၲေလးက သိတ္မေဝးလွပါဘူးကားနဲ႕ဆိုရင္ေတာ့၆နာရီေလာက္ေတာ့ေမာင္းရမယ္ထင္ပါတယ္

ဒါနဲ႕က်မကသမီးတို႕ထဲမွာပိုက္ဆံမပါဘဲနဲ႕ဘာနဲ႕သြားမယ္လို႕စိတ္ကူးျပီးထြက္လာတာလည္းလို႕”

ေမးျကည့္လိုက္ေတာ့ အေဖကသမီးနားကပ္ေလးကိုမတၲရာျမိဳ႕ေပၚေရာက္ရင္ေရာင္းျပီးခရီးစရိတ္လုပ္မယ္လို႕စီစဥ္ထားေပမဲ႕ေရႊဆိုင္ေတြကေဘာင္ခ်ာမပါလို႕မဝယ္ႀကပါဘူး

ကားခေပးစရာမရွိလို႕ ပါလာတဲ႕ေစာင္ေလးေတြကို ထုပ္ေပးေတာ့လည္း ကားဆရာေတြကညာေျပာတယ္ထင္ျပီး မတင္ႀကပါဘူး ဒါနဲ႕သမီးတို႕လည္း မတၲရာျမိဳ႕ေပၚကဘုန္းႀကီးေက်ာင္းမွာ ခြင့္ေတာင္းျပီးညအိပ္ရတာပါ ဒီေန႕မနက္စာထမင္းကိုေတာ့ ဘုန္းႀကီးေက်ာင္းက ေကြ်းလိုက္တာပါတဲ႕” အဲလိုသူနဲ႕က်မ ေျပာေနတုန္းမွာအေဆာင္ေက်ာင္းသားသြားရွာတဲ႕သူ႕အေဖျပန္ေရာက္လာပါတယ္

ဦးေလးတို႕နယ္သားနဲ႕ေတြ႕ခဲ႕လားလို႕” က်မက ေမးလိုက္ေတာ့ အေဆာင္မွာကိုယ့္ဧရာဝတီတိုင္းသားကတေယာက္မွမရွိပါဘူးတူမႀကီးရယ္တဲ႕”

ဦးေလးကေတြ႕ရင္ေကာ ဘယ္လိုေျပာမွာလည္းလို႕” က်မရဲ႕အေမးစကားကို့ ေတြ႕ရင္ေတာ့ေျပာျပျပီး အကူအညီေတာင္းမလို႕ပါ သူတို႕ဆီက လမ္းစရိတ္ေခ်းသြားျပီး ဟိုေရာက္ရင္သူတို႕အိမ္ကိုသြားျပီး ေပးဖို႕လိပ္စာပါယူသြားမယ္လို႕ စိတ္ကူးထားတာပါ” လို႕ ဦးေလးႀကီးကျပန္ေျဖရွာပါတယ္ ျပီးေတာ့တဆက္ထဲ ကဲဦးေလးတို႕ျပန္ေတာ့မယ္ အခုလိုအေဆာင္လိုက္ရွာေပးတာနဲ႕ သမီးေလးကိုထမင္းေကြ်းတဲ႕အတြက္ပါ ေက်းဇူးတင္ပါတယ္ကြယ္ ” လို႕

ေက်းဇူးစကားဆိုျပီး သမီးေလးနဲ႕အတူျပန္မလို႕ ပါလာတဲ႕အဝတ္ထုပ္ကိုဆြဲျပီး ဆိုင္ထဲကအထြက္မွာ က်မက သမီးေလးရဲ႕လက္ကို လွမ္းဆြဲလိုက္ျပီး

ခဏေနပါအုံးရွင္ ဦးေလးရဲ႕အခက္အခဲကို က်မ ကူညီလိုက္ပါရေစ ေငြဘယ္ေလာက္လိုတာပါလည္း ” လို႕ ေမးလိုက္ေတာ့

မႏၲေလးရန္ကုန္ ရထားခက ၁၀၀၀၀ ဆိုရင္ရပါျပီတဲ႕ ရန္ကုန္ေရာက္ရင္ေတာ့အသိေတြရွိတာမို႕ မပူရေတာ့ပါဘူး သမီးရဲ႕နားကပ္ကေလးကိုယူထားလိုက္ပါ တန္ဘိုးက၁၀၀၀၀ေတာ့မကတန္ေပမဲ႕ အဲေလာက္ဘဲေပးလိုက္ပါ လို႕” ေျပာျပီးအကူအညီေတာင္းရွာပါတယ္ ့ ဒါနဲ႕က်မ က

ကဲ ဦးေလး ထမင္းေလးအရင္စားလိုက္ပါအုံး ျပီးရင္ ဦးေလးျဖစ္ခ်င္တဲ႕ဆႏၵကို ေျပလည္ေအာင္က်မလုပ္ေပးပါမယ္ဆိုျပီး”

ထမင္းေကြ်းဖိို႕စီစဥ္လိုက္ေတာ့့ မနက္ထဲကဖ်ားေနလို႕မစားေတာ့ပါဘူး ေကာ္ဖီနဲ႕အဖ်ားႀကေဆးေလးဘဲ တိုက္ေပးပါ”လို႕ ေျပာလာတာနဲ႕ က်မလည္းေကာ္ဖီေလးအျမန္ေဖ်ာ္ေပးျပီး အဖ်ားႀကေဆးေလးပါတိုက္လိုက္ပါတယ္

ဦးေလးႀကီး ကန္ေတာ့ပါရဲ႕ေနာ္လို႕” ေျပာျပီး သူရဲ႕နဖူးကိုက်မစမ္းႀကည့္လိုက္ေတာ့ က်စ္က်စ္ေတာက္ကိုပူေနတာပါ

ဒါနဲ႕က်မက ဦးေလးႀကီးဖ်ားေနတာဘဲမျပန္ပါနဲ႕လား ဒီမွာတညေလာက္အိပ္ျပီးမွျပန္ပါေနာ္”လို႕

က်မက တားေပမဲ႕လက္မခံပါဘူး ကဲဦးေလးေရျပန္ခ်င္တယ္ဆိုရင္လည္း လမ္းစရိတ္ကိုက်မေပးလိုက္ပါမယ္ သမီးေလးရဲ႕နားကပ္ကိုလည္း က်မခြ်တ္မယူပါဘူး” လို႕ေျပာလိုက္ျပီး

သူကတေသာင္းဘဲေတာင္းေပမဲ႕ ေငြ ၃၀၀၀၀ က်ပ္ကို က်မထိုင္ကန္ေတာ့ျပီးေပးလိုက္ပါတယ္

ဆိုင္ထဲမွာထမင္းစားေနတဲ႕ ဆရာမေလးတေယာက္ကလည္း တေထာင္တန္ေလးေတြကိုေပးလိုက္ပါေသးတယ္္

သူခင္မ်ာဝမ္းသာလြန္းလို႕ တုန္တုန္ရီရီနဲ႕ဆုေတြေပးရင္း မ်က္ေရေတြႀကေနရွာပါတယ္ ထိုင္ကန္ေတာ့ေနတဲ႕က်မမွာလည္း မ်က္ရည္စေတြနဲ႕ေပါ႕

ပုသိမ္ေခ်ာင္းသာေရာက္ရင္လည္း သူတို႕ဆီကိုဝင္ခဲ႕ဘို႔ဆိုျပီး လိပ္စာလည္းေပးသြားပါေသးတယ္ရွင္ သူေပးတဲ႕လိပ္စာပါေနရာက သူအိမ္မဟုတ္ပါဘူး အဲဒီလိပ္စာထဲကေနရာကလူေတြကို သူေနတဲ႕ေနရာေမးရင္သိပါတယ္တဲ႕ သူေနတာက ေခ်ာင္က်တဲ႕ေနရာမို႕ပါတဲ႕

က်မဘဝမွာအလွဴႀကီးေတြေပးခဲ႔တုန္းကေတာင္မွ အခုလိုပီတိမိ်ဳးကိုမခံစားခဲ့ရဖူးပါဘူးရွင္္

က်မ မွာအခုျပဳလိုက္ရတဲ႕ကုသိုလ္အလွဴအတြက္ ႀကည္ႏူးမႈ႕မ်က္ေရေတြေဝလာပါတယ္

ခဏေနေတာ့ ကဲတူမေရဦးေလးျပန္ေတာ့မယ္” ဆိုျပီး သမီးေလးကိုလက္ဆြဲျပီးထြက္သြားပါတယ္

ေမွာင္ေနျပီဆိုေတာ့လိုင္းကားကမရွိေတာ့ပါဘူး လိုက္ပို႔ေပးရေအာင္လည္း ကားကအဆင့္သင့္မ႐ွိျပန္

အဲလိုနဲ႕နာရီဝက္ေလာက္ေနေတာ့ အိမ္ကကားနဲ႕ညေစ်းတန္းသြားတဲ႕သမီးေလးေတြျပန္လာႀကတာလည္းျမင္ေရာ

ဒါနဲ႕က်မကျပာကယာထျပီး သမီးေရ ကားမရပ္နဲ႕ေတာ့ က်ံဳးေဘးကေနျပီး ဘူတာႀကီးကိုသြားတဲ႕လမ္းတေလ်ာက္ကို အျမန္ေမာင္းျပီးလိုက္ျကည့္စမ္းပါ ဦးေလးႀကီးတေယာက္နဲ႕ခေလးမေလးတေယာက္ကိုေတြ႕ရင္ေမးျပီးဘူတာကို လိုက္ပို႕ေပးလိုက္ပါေနာ္လို႕” ခိုင္းလိုက္ပါတယ္

ခဏေနေတာ့ သမီးကဖုန္းဆက္ျပီးေျပာလာပါတယ္

အေမေျပာတဲ႕ဦးေလးႀကီးတိ႔ု၂ေယာက္ကို သမီးတို႕ဘူတာကိုလိုက္ပို႕ေနပါျပီတဲ႕”ရွင္

ကဲ… ယေန႕အဖို႕က်မျပဳလိုက္တဲ႕ေကာင္းမႈ႕ကုသိုလ္ေလးကတန္ဘိုးအားျဖင့္မမ်ားေပမဲ႕ျဖဴစင္တဲ႕စိတ္ထားေလးနဲ႕လွဴလိုက္မိတာမိ႔ုျကည္ႏူးပိတီျဖစ္မိတာေႀကာင့္က်မရဲ႕ Fri ေတြကိုအမွ်ေဝပါတယ္

အမွ် အမွ် အမွ် ” ယူေတာ္မူႀက ပါရွင္

Myint Myint Oo

============

Unicode

ည ရနာရီအချိန်လောက် ကျမထမင်းဟင်းရောင်းနေတုန်းမှာ သမီးရေ ဒီနားမှာအမျိုးသားအဆောင်ရှိတယ်ဆိုလို့ ဦးလေးကိုလမ်းညွှန်ပြလားဆိုပြီး” မေးလာတဲ့ဦးလေးကြီးတယောက်ကို ထမင်းဟင်းရောင်းနေရင်းနဲ့ကျမ လှမ်းပြီးကြည့်လိုက်မိတော့ အသက်၆ဝကျော်လောက်ရှိတဲ့ အမျိုးသားကြီးတယောက်နဲ့ ၁၆နှစ်လောက်အရွယ် အမျိုးသမီးငယ်လေးတယောက်ကို တွေ့လိုက်ရပါတယ်

ဒါနဲ့ကျမလည်းစျေးရောင်းနေရင်းနဲ့ လှမ်းပြီးပြောလိုက်ပါတယ်

ဟိုရှေ့နားမှာတော့ဆေးကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေနေတဲ့ အမျိုးသားအဆောင်ရှိပါတယ် ဦးလေးကဘယ်သူနဲ့တွေ့ချင်တာပါလည်း ကျောင်းသားရဲ့ နာမည်လေးကို ပြောကြည့်ပေးပါလား ကျမရဲ့အမျိုးသားရဲ့တပည့်တွေဆိုတော့ ကျောင်းသားတွေနဲ့ကျမသိပါတယ် လို့”

ကျမကပြောလိုက်မိတော့ ဦးလေးနဲ့တော့ သိတဲ့သူမရှိပါဘူးကွယ်ဦးလေးတွေ့ချင်တာက ဧရာဝတီ တိုင်းသားတယောက်နဲ့ပါ တဲ့”

ဦးလေးကဧရာဝတီ တိုင်းကကျောင်းသားကို တွေ့ပြီးဘာလုပ်ချင်လို့ပါလည်း”လို့ ကျမကစပ်စုလိုက်တော့ ဦးလေးကရွှေတောကပြန်လာတာပါ အခုလမ်းစရိတ်ပြတ်သွားလို့ကိုယ့်နယ်သားအချင်းချင်းကိုပြောပြပြီးအကူအညီတောင်းချင်လို့ပါတဲ့ဒါကြောင့် ကျောင်းသားတွေရှိတဲ့အဆောင်သာလိုက်ပြပေးပါကွယ် ” လို့ ပြောလာတာကြောင့် အဲလိုဆိုရင် ကျမတို့လိုက်ပို့ပါမယ်

ဒီ သမီးလေးနဲ့ပါလာတဲ့အထုပ်တွေကိုတော့ ဒီမှာခဏချထားခဲ့နော်ဦးလေး “လို့ပြောပြီး ဆိုင်ထဲကတယောက်ကို ကျောင်းသားလေးတွေနေတဲ့အဆောင်ရှိရာကိုလိုက်ပြီးအပို့ခိုင်းလိုက်ပါတယ်

ဦးလေးကြီးထွက်သွားတော့ ဆိုင်မှာနေရစ်ခဲ့တဲ့သမီးလေးကိုလှမ်းပြီးကြည့်လိုက်မိတော့ကောင်တာထဲကထမင်းဟင်းတွေကိုငေးပြီးကြည့်နေတာကိုတွေ့လိုက်ရပါတယ်

အချိန်ကည ရနာရီလောက်ရှိနေပြီဆိုတော့ ထမင်းဆာနေရှာတယ်ထင်ပါရဲ့ရှင်

ဒါနဲ့ကျမက သမီးလေးထမင်းစားမလားလို့” မေးလိုက်တော့ ခလေးမလေးက ပါးစပ်ကအသံမထွက်ဘဲ ခေါင်းလေးဘဲငြိမ့်ပြတာကိုတွေ့လိုက်တာနဲ့ဆိုင်က လူတွေကိုအမြန်ခူးပြီးကျွေးခိုင်းလိုက်ပါတယ်

သူခင်မျာအတော်လေးကိုဆာနေရှာတယ်ထင်ပါရဲ့ရှင်ခေါင်းလေးငုံပြီးပလုပ်ပလောင်းနဲ့ စားနေတာလေ သူ့ရဲ့ မျက်လုံးမှာလည်းမျက်ရည်စတွေနဲ့ပါ

ကျမလည်းသူ့အနားသွားပြီး သမီးလေးအားမနာနဲ့နော် ဝအောင်စားသိလား ထမင်းဟင်းတွေအများကြီးရှိတယ်နော် ဒါနဲ့သမီးတို့ကဘယ်လိုဖြစ်လာတာလည်းလို့”မေးလိုက်တော့

သမီးတို့ဆီမှာရေတွေကြီးနေတော့ အလုပ်မရှိတာနဲ့အဖေ့မိတ်ဆွေက ရွှေတောကိုလာခဲ့ပါလားဆိုတာနဲ့ လိပ်ကြ ဆိုတဲ့ရွှေတောကို ထွက်လာခဲ့ကြတာပါ ဒီကိုရောက်တော့အလုပ်ကမဖြစ်ပါဘူးအဖေ့မိတ်ဆွေကလည်းစီးပွားရေးကမပြေလည်ပါဘူး

ဒါနဲ့ဘဲ ထမင်းအလကားထိုင်စားနေရတာကို အားနာလာပြီး သမီးတို့ပြန််လာခဲ့ကြတာပါသမီးတို့ထွက်လာတာ၂ရက်ရှိပါပြီ ဘုန်းကြီးကျောင်းကိုအကူအညီတောင်းပြီး ညအိပ်ခဲ့ရတာပါတဲ့” အမှန်ဆိုရင်တော့လိပ်ကြ နဲ့မန္တလေးက သိတ်မဝေးလှပါဘူးကားနဲ့ဆိုရင်တော့၆နာရီလောက်တော့မောင်းရမယ်ထင်ပါတယ်

ဒါနဲ့ကျမကသမီးတို့ထဲမှာပိုက်ဆံမပါဘဲနဲ့ဘာနဲ့သွားမယ်လို့စိတ်ကူးပြီးထွက်လာတာလည်းလို့”

မေးကြည့်လိုက်တော့ အဖေကသမီးနားကပ်လေးကိုမတ္တရာမြို့ပေါ်ရောက်ရင်ရောင်းပြီးခရီးစရိတ်လုပ်မယ်လို့စီစဉ်ထားပေမဲ့ရွှေဆိုင်တွေကဘောင်ချာမပါလို့မဝယ်ကြပါဘူး

ကားခပေးစရာမရှိလို့ ပါလာတဲ့စောင်လေးတွေကို ထုပ်ပေးတော့လည်း ကားဆရာတွေကညာပြောတယ်ထင်ပြီး မတင်ကြပါဘူး ဒါနဲ့သမီးတို့လည်း မတ္တရာမြို့ပေါ်ကဘုန်းကြီးကျောင်းမှာ ခွင့်တောင်းပြီးညအိပ်ရတာပါ ဒီနေ့မနက်စာထမင်းကိုတော့ ဘုန်းကြီးကျောင်းက ကျွေးလိုက်တာပါတဲ့” အဲလိုသူနဲ့ကျမ ပြောနေတုန်းမှာအဆောင်ကျောင်းသားသွားရှာတဲ့သူ့အဖေပြန်ရောက်လာပါတယ်

ဦးလေးတို့နယ်သားနဲ့တွေ့ခဲ့လားလို့” ကျမက မေးလိုက်တော့ အဆောင်မှာကိုယ့်ဧရာဝတီတိုင်းသားကတယောက်မှမရှိပါဘူးတူမကြီးရယ်တဲ့”

ဦးလေးကတွေ့ရင်ကော ဘယ်လိုပြောမှာလည်းလို့” ကျမရဲ့အမေးစကားကို့ တွေ့ရင်တော့ပြောပြပြီး အကူအညီတောင်းမလို့ပါ သူတို့ဆီက လမ်းစရိတ်ချေးသွားပြီး ဟိုရောက်ရင်သူတို့အိမ်ကိုသွားပြီး ပေးဖို့လိပ်စာပါယူသွားမယ်လို့ စိတ်ကူးထားတာပါ” လို့ ဦးလေးကြီးကပြန်ဖြေရှာပါတယ် ပြီးတော့တဆက်ထဲ ကဲဦးလေးတို့ပြန်တော့မယ် အခုလိုအဆောင်လိုက်ရှာပေးတာနဲ့ သမီးလေးကိုထမင်းကျွေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်ကွယ် ” လို့

ကျေးဇူးစကားဆိုပြီး သမီးလေးနဲ့အတူပြန်မလို့ ပါလာတဲ့အဝတ်ထုပ်ကိုဆွဲပြီး ဆိုင်ထဲကအထွက်မှာ ကျမက သမီးလေးရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး

ခဏနေပါအုံးရှင် ဦးလေးရဲ့အခက်အခဲကို ကျမ ကူညီလိုက်ပါရစေ ငွေဘယ်လောက်လိုတာပါလည်း ” လို့ မေးလိုက်တော့

မန္တလေးရန်ကုန် ရထားခက ၁၀၀၀၀ ဆိုရင်ရပါပြီတဲ့ ရန်ကုန်ရောက်ရင်တော့အသိတွေရှိတာမို့ မပူရတော့ပါဘူး သမီးရဲ့နားကပ်ကလေးကိုယူထားလိုက်ပါ တန်ဘိုးက၁ဝဝဝဝတော့မကတန်ပေမဲ့ အဲလောက်ဘဲပေးလိုက်ပါ လို့” ပြောပြီးအကူအညီတောင်းရှာပါတယ် ့ ဒါနဲ့ကျမ က

ကဲ ဦးလေး ထမင်းလေးအရင်စားလိုက်ပါအုံး ပြီးရင် ဦးလေးဖြစ်ချင်တဲ့ဆန္ဒကို ပြေလည်အောင်ကျမလုပ်ပေးပါမယ်ဆိုပြီး”

ထမင်းကျွေးဖိို့စီစဉ်လိုက်တော့့ မနက်ထဲကဖျားနေလို့မစားတော့ပါဘူး ကော်ဖီနဲ့အဖျားကြဆေးလေးဘဲ တိုက်ပေးပါ”လို့ ပြောလာတာနဲ့ ကျမလည်းကော်ဖီလေးအမြန်ဖျော်ပေးပြီး အဖျားကြဆေးလေးပါတိုက်လိုက်ပါတယ်

ဦးလေးကြီး ကန်တော့ပါရဲ့နော်လို့” ပြောပြီး သူရဲ့နဖူးကိုကျမစမ်းကြည့်လိုက်တော့ ကျစ်ကျစ်တောက်ကိုပူနေတာပါ

ဒါနဲ့ကျမက ဦးလေးကြီးဖျားနေတာဘဲမပြန်ပါနဲ့လား ဒီမှာတညလောက်အိပ်ပြီးမှပြန်ပါနော်”လို့

ကျမက တားပေမဲ့လက်မခံပါဘူး ကဲဦးလေးရေပြန်ချင်တယ်ဆိုရင်လည်း လမ်းစရိတ်ကိုကျမပေးလိုက်ပါမယ် သမီးလေးရဲ့နားကပ်ကိုလည်း ကျမချွတ်မယူပါဘူး” လို့ပြောလိုက်ပြီး

သူကတသောင်းဘဲတောင်းပေမဲ့ ငွေ ၃၀၀၀၀ ကျပ်ကို ကျမထိုင်ကန်တော့ပြီးပေးလိုက်ပါတယ်

ဆိုင်ထဲမှာထမင်းစားနေတဲ့ ဆရာမလေးတယောက်ကလည်း တထောင်တန်လေးတွေကိုပေးလိုက်ပါသေးတယ််

သူခင်မျာဝမ်းသာလွန်းလို့ တုန်တုန်ရီရီနဲ့ဆုတွေပေးရင်း မျက်ရေတွေကြနေရှာပါတယ် ထိုင်ကန်တော့နေတဲ့ကျမမှာလည်း မျက်ရည်စတွေနဲ့ပေါ့

ပုသိမ်ချောင်းသာရောက်ရင်လည်း သူတို့ဆီကိုဝင်ခဲ့ဘို့ဆိုပြီး လိပ်စာလည်းပေးသွားပါသေးတယ်ရှင် သူပေးတဲ့လိပ်စာပါနေရာက သူအိမ်မဟုတ်ပါဘူး အဲဒီလိပ်စာထဲကနေရာကလူတွေကို သူနေတဲ့နေရာမေးရင်သိပါတယ်တဲ့ သူနေတာက ချောင်ကျတဲ့နေရာမို့ပါတဲ့

ကျမဘဝမှာအလှူကြီးတွေပေးခဲ့တုန်းကတောင်မှ အခုလိုပီတိမျိုးကိုမခံစားခဲ့ရဖူးပါဘူးရှင််

ကျမ မှာအခုပြုလိုက်ရတဲ့ကုသိုလ်အလှူအတွက် ကြည်နူးမှု့မျက်ရေတွေဝေလာပါတယ်

ခဏနေတော့ ကဲတူမရေဦးလေးပြန်တော့မယ်” ဆိုပြီး သမီးလေးကိုလက်ဆွဲပြီးထွက်သွားပါတယ်

မှောင်နေပြီဆိုတော့လိုင်းကားကမရှိတော့ပါဘူး လိုက်ပို့ပေးရအောင်လည်း ကားကအဆင့်သင့်မရှိပြန်

အဲလိုနဲ့နာရီဝက်လောက်နေတော့ အိမ်ကကားနဲ့ညစျေးတန်းသွားတဲ့သမီးလေးတွေပြန်လာကြတာလည်းမြင်ရော

ဒါနဲ့ကျမကပြာကယာထပြီး သမီးရေ ကားမရပ်နဲ့တော့ ကျုံးဘေးကနေပြီး ဘူတာကြီးကိုသွားတဲ့လမ်းတလျောက်ကို အမြန်မောင်းပြီးလိုက်ကြည့်စမ်းပါ ဦးလေးကြီးတယောက်နဲ့ခလေးမလေးတယောက်ကိုတွေ့ရင်မေးပြီးဘူတာကို လိုက်ပို့ပေးလိုက်ပါနော်လို့” ခိုင်းလိုက်ပါတယ်

ခဏနေတော့ သမီးကဖုန်းဆက်ပြီးပြောလာပါတယ်

အမေပြောတဲ့ဦးလေးကြီးတို့၂ယောက်ကို သမီးတို့ဘူတာကိုလိုက်ပို့နေပါပြီတဲ့”ရှင်

ကဲ… ယနေ့အဖို့ကျမပြုလိုက်တဲ့ကောင်းမှု့ကုသိုလ်လေးကတန်ဘိုးအားဖြင့်မများပေမဲ့ဖြူစင်တဲ့စိတ်ထားလေးနဲ့လှူလိုက်မိတာမို့ကြည်နူးပိတီဖြစ်မိတာကြောင့်ကျမရဲ့ Fri တွေကိုအမျှဝေပါတယ်

အမျှ အမျှ အမျှ ” ယူတော်မူကြ ပါရှင်

Myint Myint Oo

You might like

Leave a Reply

Your email address will not be published. Required fields are marked *