MASIGNALPHA101

ေအးလြန္းတ့ဲ ေယာက်ာ္း KTV ပို႔မိေတာ့မွ ငါးပါေမွာက္သြားတယ္

ေအးလြန္းတ့ဲ ေယာက်ာ္း KTV ပို႔မိေတာ့မွ ငါးပါေမွာက္သြားတယ္
Friday, May 4, 2018


ေအးလြန္းတ့ဲေယာက်ာ္း KTV ပို႔မိေတာ့မွငါးပါေမွာက္သြားတယ္ဒီေန႕အၾကိဳက္ဆုံး ျမန္မာျပည္က ဟာသဇာတ္လမ္းတစ္ပုဒ္သူ႔မိန္းမ အျမင္မွာ ကိုခ်စ္ပိုတစ္ေယာက္ဟာ ေအးလြန္းတယ္။နက္ရံုး သြား ၊ရံုးအဆင္း ၾကက္ေတာင္ ကလပ္ မွာ ၾကက္ေတာင္ဝင္ရိုက္ အိမ္ျပန္ ထမင္းစား အိပ္ မနက္ရံုးသြား ဒါနဲ႔ပဲ သံသရာ လည္ေနတယ္။

ကိုခ်စ္ပို၊ ရွင့္ မလဲ ေအး လိုက္တာ၊ ေယာက္က်ား ပီပီသသ ဘီယာ ေလး ဘာေလး တစ္ခါတစ္ေလ ေသာက္ စင္တင္ေလး ဘာေလးသြား ေကာင္မေလးေတြ သီခ်င္ဆိုတာေတြသြား ၾကည့္ပါလားဆိုေတာ့

ကိုခ်စ္ပိုက.. အိုကြာ မင္းသိသားနဲ႔ဒါ ေတြ က ငါနဲ႔ လားလား မွမအပ္စပ္ ျပဒါး တစ္လမ္း သံတစ္လမ္း ငါ့ဟာ ငါ ေအးေအးေန ပါရေစ။

မိန္းမ လဲ မျဖစ္ေခ် ဘူး၊ ဒင္းကိုငါကိုယ္တိုင္ ပို႔ ေပးမွ ဆိုပီး တစ္ညေန ကိုခ်စ္ပို ၾကက္ေတာင္ရိုက္အပီး ေစာင့္ျပီး ၾကက္ေတာင္ကလပ္ေဘး ကပ္လၽွက္ကစင္တင္ ဘီယာဆိုင္ကို ေခၚ သြားတယ္။

ထိုင္ရံုရွိေသး ဘာမွမမွာရေသး ဝိတ္တာ တစ္ေယာက္က ျမန္မာဘီယာတစ္လုံး တန္း လာခ်သြား ေတာ့ ကိုခ်စ္ ပို က သူ႔မိန္းမကိုေျပာတယ္၊

ငါတို႔ ၾကက္ေတာင္ ကလပ္က တစ္ျခား လူေတြ

ဒီဆိုင္ လာရင္ ျမန္မာဘီယာတစ္မ်ိဳးပဲ ေသာက္ၾကတယ္ ေျပာသံၾကား ဘူး တယ္ကြ။

ငါ့ လဲ ဒီၾကက္ေတာင္ကလပ္ကပဲ ဆိုပီး ျမန္မာဘီယာကို မေမးပဲ တန္းခ်သြားတာျဖစ္မယ္တဲ့။

မၾကာပါဘူး ကန္ဇြန္းပလိန္း တစ္ပြဲ တန္း လာ ခ် သြားျပန္ေရာ။ ကိုခ်စ္ပို က ေျပာျပန္ေရာ။ ျမန္မာဘီယာက ဒီဆိုင္မွာ promotion လုပ္ေနတယ္ ေျပာတယ္၊ ျမန္မာ ဘီယာ ေသာက္သူတိုင္း ကို ကန္ဇြန္းပလိန္းတစ္ပြဲ free ေပး တယ္ လို႔ ေျပာတယ္ ၊ လက္စသပ္ ေတာ့ ကလပ္ က ေကာင္ေတြ ဒီဆိုင္ပဲလာလာ ေနၾကတာ ဒါ့ေၾကာင့္ ကိုး ၊ ဟားဟားဟား။

သူ႔မိန္းမကေတာ့ သိပ္မသကၤာေတာ့ဘူး။

ခဏေနေတာ့ စင္တင္စတိတ္ရွိုးက သီခ်င္းဆိုတဲ့ ေကာင္မေလးတစ္ေယာက္ ဝိုင္းနား ေရာက္လာတယ္၊

ထိုင္ေနတဲ့ကိုခ်စ္ပိုကို ခံုအေနာက္ကေနသိုင္းဖက္ျပီး၊ ကိုခ်စ္ပိုႀကီး သမီးကို ပန္းကုံးမခ်တာ ၃ ရက္ရွိပီေနာ၊ ဒီေန႔ ေတာ့ သမီးကို ပန္းကံုး မ်ားမ်ား ခ် ရမယ္ ေနာ္ ဧည့္သည္လဲပါး လို႔ပါ ခု ဘယ္ဆိုင္က ေစာ္ႀကီး ေခၚလာထိုင္တာတုန္း ဆိုျပီး ကိုခ်စ္ပို ပါးကိုလိမ္ဆြဲၿပီး ထြက္သြား ကေရာ။

မိန္းမ လဲေပါက္ကြဲျပီး လာစမ္း ေသနာ၊ ျပဒါးတစ္လမ္း သံတစ္လမ္းႀကီး အိမ္က်မွ ေကာင္းေကာင္းသိမယ္ ဆိုပီး ကိုခ်စ္ပို ကို နားရြက္က ဆြဲ ဆိုင္အေရွ႕ ေတြ႕တဲ့ taxi ကား ေပၚတက္ျပီး တစ္လမ္းလံုး ဆဲဆိုလာ တာ ကို ၾကား ေတာ့ taxi ဒရိုင္ဘာ က ေနာက္လွည့္ ေျပာတယ္။

ကိုခ်စ္ပို ႀကီး ဘယ္လိုျဖစ္တာလဲ၊ အရင္ေစာ္ေတြလို မဟုတ္ဘူး၊ ခင္ဗ်ား ဒီေန႔ ေခၚ လာ တဲ့ ေစာ္ႀကီး က ၾကမ္း လိုက္ တာ တဲ့။

Credit : tawthu

========

Unicode

အေးလွန်းတဲ့ယောကျာ်း KTVပို့မိတော့မှငါးပါမှောက်သွားတယ်

ဒီနေ့အကြိုက်ဆုံး မြန်မာပြည်က ဟာသဇာတ်လမ်းတစ်ပုဒ်

သူ့မိန်းမ အမြင်မှာ ကိုချစ်ပိုတစ်ယောက်ဟာ အေးလွန်းတယ်။

မနက်ရုံး သွား ၊ရုံးအဆင်း ကြက်တောင် ကလပ် မှာ ကြက်တောင်ဝင်ရိုက် အိမ်ပြန် ထမင်းစား အိပ် မနက်ရုံးသွား ဒါနဲ့ပဲ သံသရာလည်နေတယ်။

ကိုချစ်ပို၊ ရှင့် မလဲ အေး လိုက်တာ၊ ယောက်ကျားပီပီသသ ဘီယာလေး ဘာလေး တစ်ခါတစ်လေ သောက် စင်တင်လေး ဘာလေးသွား ကောင်မလေးတွေ သီချင်ဆိုတာတွေသွား ကြည့်ပါလားဆိုတော့

ကိုချစ်ပိုက.. အိုကွာ မင်းသိသားနဲ့ဒါ တွေ က ငါနဲ့ လားလား မှမအပ်စပ် ပြဒါး တစ်လမ်း သံတစ်လမ်း ငါ့ဟာ ငါ အေးအေးနေ ပါရစေ။

မိန်းမလဲ မဖြစ်ချေ ဘူး၊ ဒင်းကိုငါကိုယ်တိုင် ပို့ ပေးမှ ဆိုပီး တစ်ညနေ ကိုချစ်ပို ကြက်တောင်ရိုက်အပီး စောင့်ပြီး ကြက်တောင်ကလပ်ဘေး ကပ်လျှက်ကစင်တင် ဘီယာဆိုင်ကို ခေါ် သွားတယ်။

ထိုင်ရုံရှိသေး ဘာမှမမှာရသေး ဝိတ်တာ တစ်ယောက်က မြန်မာဘီယာတစ်လုံး တန်း လာချသွား တော့ ကိုချစ် ပို က သူ့မိန်းမကိုပြောတယ်၊

ငါတို့ ကြက်တောင်ကလပ်က တစ်ခြား လူတွေ

ဒီဆိုင် လာရင် မြန်မာဘီယာတစ်မျိုးပဲ သောက်ကြတယ် ပြောသံကြား ဘူး တယ်ကွ။

ငါ့ လဲ ဒီကြက်တောင်ကလပ်ကပဲ ဆိုပီး မြန်မာဘီယာကို မမေးပဲ တန်းချသွားတာဖြစ်မယ်တဲ့။

မကြာပါဘူး ကန်ဇွန်းပလိန်း တစ်ပွဲ တန်း လာ ချ သွားပြန်ရော။ ကိုချစ်ပို က ပြောပြန်ရော။ မြန်မာဘီယာက ဒီဆိုင်မှာ promotion လုပ်နေတယ် ပြောတယ်၊ မြန်မာဘီယာ သောက်သူတိုင်း ကို ကန်ဇွန်းပလိန်းတစ်ပွဲ free ပေး တယ် လို့ ပြောတယ် ၊ လက်စသပ် တော့ ကလပ် က ကောင်တွေ ဒီဆိုင်ပဲလာလာ နေကြတာ ဒါ့ကြောင့် ကိုး ၊ ဟားဟားဟား။

သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး။

ခဏနေတော့ စင်တင်စတိတ်ရှိုးက သီချင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ဝိုင်းနား ရောက်လာတယ်၊

ထိုင်နေတဲ့ကိုချစ်ပိုကို ခုံအနောက်ကနေသိုင်းဖက်ပြီး၊ ကိုချစ်ပိုကြီး သမီးကို ပန်းကုံးမချတာ ၃ ရက်ရှိပီနော၊ ဒီနေ့ တော့ သမီးကို ပန်းကုံး များများ ချ ရမယ် နော် ဧည့်သည်လဲပါး လို့ပါ ခု ဘယ်ဆိုင်က စော်ကြီး ခေါ်လာထိုင်တာတုန်း ဆိုပြီး ကိုချစ်ပို ပါးကိုလိမ်ဆွဲပြီး ထွက်သွား ကရော။

မိန်းမ လဲပေါက်ကွဲပြီး လာစမ်း သေနာ၊ ပြဒါးတစ်လမ်း သံတစ်လမ်းကြီး အိမ်ကျမှ ကောင်းကောင်းသိမယ် ဆိုပီး ကိုချစ်ပို ကို နားရွက်က ဆွဲ ဆိုင်အရှေ့ တွေ့တဲ့ taxi ကား ပေါ်တက်ပြီး တစ်လမ်းလုံး ဆဲဆိုလာ တာ ကို ကြား တော့ taxi ဒရိုင်ဘာ က နောက်လှည့် ပြောတယ်။

ကိုချစ်ပို ကြီး ဘယ်လိုဖြစ်တာလဲ၊ အရင်စော်တွေလို မဟုတ်ဘူး၊ ခင်ဗျား ဒီနေ့ ခေါ် လာ တဲ့ စော်ကြီး က ကြမ်း လိုက် တာ တဲ့။

Credit : tawthu