MASIGNALPHA101

လိုင္ဇာဌာနခ်ဳပ္ ကို ကာကြယ္ေနတဲ့ ပံုလင္းအမည္ရွိ KIA ရဲ႕ ေရွ႕ကာကင္းစခန္းကို တပ္မေတာ္မွတိုက္ခိုက္သိမ္းပိုက္

လိုင္ဇာဌာနခ်ဳပ္ ကို ကာကြယ္ေနတဲ့ ပံုလင္းအမည္ရွိ KIA ရဲ႕ ေရွ႕ကာကင္းစခန္းကို တပ္မေတာ္မွတိုက္ခိုက္သိမ္းပိုက္
Tuesday, May 15, 2018


KIA အ တြက္ ေနာက္ဆံုးေသာ ရာဇသံ လိုင္ဇာ ဒီတခါဆိုရင္ေတာ့ မဟန္ပါ

၂၀၁၂ ခုႏွစ္က KIA ဗဟိုဌာနခ်ဳပ္ လိုင္ဇာကို သိမ္းပိုက္ဖို႔ လက္တစ္ကမ္းမွာ ေရာက္ေနတဲ့ တပ္မေတာ္ စစ္ေၾကာင္းေတြက မသိမ္းဘဲ ျပန္လွည့္ခဲ့ၾကတယ္။

ဘာေၾကာင့္လဲ။

သမၼတဦးသိန္းစိန္က KIA ကို ၿငိမ္းခ်မ္းေရး ကမ္းလွမ္းၿပီး အေျဖရွာလို႔ရတယ္ဆိုတဲ့ အျမင္နဲ႔ မသိမ္းခိုင္းခဲ့တာျဖစ္ပါတယ္။ အဲဒီအျမင္အတိုင္း တိုင္းရင္းသားလက္နက္ကိုင္ ၁၅ ဖြဲ႕ကို NCA မွာ ပါ၀င္လက္မွတ္ေရးထိုးဖို႔ ကမ္းလွမ္းခဲ့တယ္။အဲဒီ အဖြဲ႕ေတြထဲမွာ KIA လည္းပါ၀င္ခြင့္ရခဲ့တယ္။ ဒါေပမဲ့ KIA က NCA ကို ျငင္းပယ္ခဲ့ပါတယ္။လက္ရွိ NLD အစိုးရ လက္ထက္မွာလည္း KIA ကို NCA မွာ လက္မွတ္ေရးထိုးဖို႔ ဆက္ၿပီး ကမ္းလွမ္းခဲ့တယ္။ NCA ကို ျငင္းပယ္ၿပီး “၀” ဦးေဆာင္တဲ့ FPNCC အဖြဲ႕မွာ ပါ၀င္ခဲ့တယ္။ သူတစ္ဖြဲ႕တည္း ျငင္းပယ္တာမ်ိဳးမဟုတ္ဘဲ TNLA ၊ MNDAA နဲ႔ AA တို႔ကိုပါ အေပါင္းအပါေတြအျဖစ္စည္းရံုးထားၿပီး ဒီေန႔အခ်ိန္ထိ တိုက္ပြဲေတြျဖစ္ေအာင္ ဖန္တီးေနတာျဖစ္ပါတယ္။ တကယ္လို႔ ၂၀၁၂ ခုႏွစ္ကတည္းက လိုင္ဇာကို သိမ္းလိုက္ရင္ ဒီေန႔လို စုန္းျပဴး အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔ေတြ ေပၚလာစရာ အေၾကာင္းမရွိပါဘူး။

ဒီေတာ့ ေရႊလက္နဲ႔ အႀကိမ္ႀကိမ္ေခၚေနတာကို မခိုက္ခ်င္ဘူးဆိုရင္ ဘာနဲ႔ေခၚရမယ္ဆိုတာ ဆံုးျဖတ္ၿပီး ေလာက္ပါၿပီ။ အခု တႏိုင္း နဲ႔ ဖားကန္႔ဘက္မွာ တစ္ေက်ာ့ျပန္တိုက္ပြဲေတြ ၊ မိုင္းေထာင္ေဖာက္ခြဲမႈေတြ ျပန္ျဖစ္လာျပန္ပါၿပီ။ အဓိက တရားခံက KIA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕လို႔ ေျပာရပါမယ္။ KIA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕ရဲ႕ ေသြးပ်က္ေခ်ာက္ခ်ားတဲ့ ေအာ္သံေတြကို ၾကားေနရပါတယ္။ KIA တပ္ရင္း (၂၇) ရဲ႕ လြယ္ဂၽြန္ဘြမ္ စခန္း ကို တပ္မေတာ္္မွ ဂ်က္တိုက္ေလယာဥ္(၄)စီး ျဖင္႔ အျပင္းထန္ လာေရာက္ဗံုးၾကဲ တိုက္ခိုက္တယ္ဆိုၿပီး ေအာ္ေနပါတယ္။ NCA ကို မထိုးဘဲ ၿငိမ္းခ်မ္းေရးမလိုခ်င္တဲ့ KIA ေၾကာင့္ တစ္ေက်ာ့ျပန္တိုက္ပြဲေတြ ျဖစ္လာရတယ္။ ကခ်င္ျပည္နယ္နဲ႔ ရွမ္းေျမာက္မွာ KIA ဖန္တီးတဲ့ တိုက္ပြဲေတြ ျဖစ္ေနတယ္။ ဒီစစ္မီးေတြကို ေလာင္ခြင့္မေပးႏိုင္ပါဘူး။ ေဒသခံျပည္သူေတြရဲ႕ လူေနမႈဘ၀ကို အႏၱရာယ္ေပးေနတဲ့ KIA ကို ခြင့္လႊတ္ေပးစရာ အေၾကာင္းမရွိပါဘူး။

ဒီဇင္ဘာ ၁၄ ရက္ေန႔က KIA စခန္းကုန္း ၄ ေနရာကိုတပ္မေတာ္မွ စတင္သတိေပး ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီ။ တႏိုင္းနဲ႔ မံစီဘက္ျခမ္းမွာ တိုက္ပြဲ ျပင္းထန္ခဲ့သလို လိုင္ဇာဌာနခ်ဳပ္ ကို ကာကြယ္ေနတဲ့ ပံုလင္းအမည္ရွိ KIA ရဲ႕ ေရွ႕ကာကင္းစခန္းကို တပ္မေတာ္မွတိုက္ခိုက္သိမ္းပိုက္ခဲ့တယ္။ အဲဒီလို ဘာေၾကာင့္လုပ္ရတာလဲဆိုတဲ့ အေၾကာင္းတရားလည္းရွိေနပါတယ္။ ကခ်င္ျပည္နယ္၊ ကာမုိင္းၿမိဳ႕နယ္၊ နန္႔ယား ေက်းရြာအုပ္စု၊ အံုဂေထာင္ ေက်းရြာအနီး ကာမိုင္း-ဖားကန္႔သြား ကားလမ္းေပၚရွိ မုိင္တုိင္အမွတ္(၂၁) နဲ႔ (၂၂)ၾကားမွာ ဒီဇင္ဘာ ၁၂ ရက္ ေန႔က KIA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ ေထာင္ထားတဲ့ မုိင္းႏွစ္လံုးကို ခရီးသြား ယာဥ္မ်ားမွ နင္းမိ သျဖင့္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။အဆိုပါ မုိင္းေပါက္ကြဲမႈေၾကာင့္ ျဖစ္စဥ္ေနရာအနီး ကားလမ္းေဘး လယ္ေစာင့္တဲရွိ ဦးအင္ေတာလွ(ဘ) ဦးအင္ေစာလွသည္ မုိင္းစထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ယာဥ္ႏွစ္စီးမွာလည္း ဆီတုိင္ကီ၊ ယာဥ္ကိုယ္ထည္ နဲ႔ ဘီးမ်ား မုိင္းစထိမွန္ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။အမ်ားျပည္သူသြားတဲ့ လမ္းမွာ မိုင္းေထာင္တာဟာ အၾကမ္းဖက္ေသာင္းက်န္းသူေတြရဲ႕ လုပ္ရပ္ျဖစ္ပါတယ္။

အလားတူ ဒီဇင္ဘာ ၁၄ ရက္ေန႔ ညေနပိုင္းကလည္းဖားကန္႔ၿမိဳ႕နယ္၊ လ၀ါးေက်းရြာအုပ္စု ခြန္ဆိုင္ယန္ေက်းရြာ အနီး လီဒိုလမ္းမေပၚမွာ တႏိုင္းကေန ျမစ္ႀကီးနားကို ဆင္းလာတဲ့ DUMP TRUK ကား ၉ စီးကို မီးရိႈ႕ဖ်က္ဆီးၿပီး ကားသမားေတြကို ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။အဲဒီ ကားသမားေတြကို KIA လက္ထဲကေန ကယ္တင္ဖို႔ လိုပါတယ္။ အျပစ္မဲ့ျပည္သူေတြကို ရည္ရြယ္ခ်က္ရွိရွိ ပစ္မွတ္ထား တိုက္ခိုက္တာဟာ အၾကမ္းဖက္ လုပ္ရပ္ျဖစ္ပါတယ္။
KIA က အၾကမ္းဖက္လုပ္ရပ္ကို က်ဴးလြန္လို႔ တပ္မေတာ္က ႏိွမ္နင္းရတာျဖစ္ပါတယ္။ KIA လို ေသာင္းက်န္းသူေတြဟာ ဘယ္ေတာ့မွ အမွန္တရားကို ရင္မဆိုင္တဲ့အတြက္ ဒီနည္းလမ္းနဲ႔ ေျဖရွင္းရ တာျဖစ္ပါတယ္။တပ္မေတာ္က လိုင္ဇာဌာနခ်ဳပ္ကို ကာကြယ္ေနတဲ့ ပံုလင္းအမည္ရွိ KIA ရဲ႕ ေရွ႕ကာကင္း စခန္းကို နမူနာအျဖစ္သိမ္းပိုက္လိုက္ပါၿပီ။

ၿငိမ္းခ်မ္းေရးကို ေသြဖယ္ၿပီး အၾကမ္းဖက္လုပ္ရပ္က်ဴးလြန္တဲ့ ဘယ္ လို အဖြဲ႕အစည္းကိုမွ ခြင့္မလႊတ္ပါဘူး။KIA ကိုေနာက္ဆံုးရာဇသံေပးလိုက္ၿပီျဖစ္လို႔ လိုင္ဇာ အလွည့္ ေရာက္လာပါေတာ့မယ္။

#ေကာင္းခန္႔

==========


Unicode

KIA အ တွက် နောက်ဆုံးသော ရာဇသံ လိုင်ဇာ ဒီတခါဆိုရင်တော့ မဟန်ပါ

၂၀၁၂ ခုနှစ်က KIA ဗဟိုဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ဖို့ လက်တစ်ကမ်းမှာ ရောက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေက မသိမ်းဘဲ ပြန်လှည့်ခဲ့ကြတယ်။

ဘာကြောင့်လဲ။

သမ္မတဦးသိန်းစိန်က KIA ကို ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး အဖြေရှာလို့ရတယ်ဆိုတဲ့ အမြင်နဲ့ မသိမ်းခိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအမြင်အတိုင်း တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းခဲ့တယ်။အဲဒီ အဖွဲ့တွေထဲမှာ KIA လည်းပါဝင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ KIA က NCA ကို ငြင်းပယ်ခဲ့ပါတယ်။လက်ရှိ NLD အစိုးရ လက်ထက်မှာလည်း KIA ကို NCA မှာ လက်မှတ်ရေးထိုးဖို့ ဆက်ပြီး ကမ်းလှမ်းခဲ့တယ်။ NCA ကို ငြင်းပယ်ပြီး “ဝ” ဦးဆောင်တဲ့ FPNCC အဖွဲ့မှာ ပါဝင်ခဲ့တယ်။ သူတစ်ဖွဲ့တည်း ငြင်းပယ်တာမျိုးမဟုတ်ဘဲ TNLA ၊ MNDAA နဲ့ AA တို့ကိုပါ အပေါင်းအပါတွေအဖြစ်စည်းရုံးထားပြီး ဒီနေ့အချိန်ထိ တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတာဖြစ်ပါတယ်။ တကယ်လို့ ၂၀၁၂ ခုနှစ်ကတည်းက လိုင်ဇာကို သိမ်းလိုက်ရင် ဒီနေ့လို စုန်းပြူး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ ပေါ်လာစရာ အကြောင်းမရှိပါဘူး။

ဒီတော့ ရွှေလက်နဲ့ အကြိမ်ကြိမ်ခေါ်နေတာကို မခိုက်ချင်ဘူးဆိုရင် ဘာနဲ့ခေါ်ရမယ်ဆိုတာ ဆုံးဖြတ်ပြီး လောက်ပါပြီ။ အခု တနိုင်း နဲ့ ဖားကန့်ဘက်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ၊ မိုင်းထောင်ဖောက်ခွဲမှုတွေ ပြန်ဖြစ်လာပြန်ပါပြီ။ အဓိက တရားခံက KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့လို့ ပြောရပါမယ်။ KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ရဲ့ သွေးပျက်ချောက်ချားတဲ့ အော်သံတွေကို ကြားနေရပါတယ်။ KIA တပ်ရင်း (၂၇) ရဲ့ လွယ်ဂျွန်ဘွမ် စခန်း ကို တပ်မတော်မှ ဂျက်တိုက်လေယာဉ်(၄)စီး ဖြင့် အပြင်းထန် လာရောက်ဗုံးကြဲ တိုက်ခိုက်တယ်ဆိုပြီး အော်နေပါတယ်။ NCA ကို မထိုးဘဲ ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ကြောင့် တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာရတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ KIA ဖန်တီးတဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီစစ်မီးတွေကို လောင်ခွင့်မပေးနိုင်ပါဘူး။ ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝကို အန္တရာယ်ပေးနေတဲ့ KIA ကို ခွင့်လွှတ်ပေးစရာ အကြောင်းမရှိပါဘူး။

ဒီဇင်ဘာ ၁၄ ရက်နေ့က KIA စခန်းကုန်း ၄ နေရာကိုတပ်မတော်မှ စတင်သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီ။ တနိုင်းနဲ့ မံစီဘက်ခြမ်းမှာ တိုက်ပွဲ ပြင်းထန်ခဲ့သလို လိုင်ဇာဌာနချုပ် ကို ကာကွယ်နေတဲ့ ပုံလင်းအမည်ရှိ KIA ရဲ့ ရှေ့ကာကင်းစခန်းကို တပ်မတော်မှတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အဲဒီလို ဘာကြောင့်လုပ်ရတာလဲဆိုတဲ့ အကြောင်းတရားလည်းရှိနေပါတယ်။ ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ နန့်ယား ကျေးရွာအုပ်စု၊ အုံဂထောင် ကျေးရွာအနီး ကာမိုင်း-ဖားကန့်သွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၂၁) နဲ့ (၂၂)ကြားမှာ ဒီဇင်ဘာ ၁၂ ရက် နေ့က KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားတဲ့ မိုင်းနှစ်လုံးကို ခရီးသွား ယာဉ်များမှ နင်းမိ သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်စဉ်နေရာအနီး ကားလမ်းဘေး လယ်စောင့်တဲရှိ ဦးအင်တောလှ(ဘ) ဦးအင်စောလှသည် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်နှစ်စီးမှာလည်း ဆီတိုင်ကီ၊ ယာဉ်ကိုယ်ထည် နဲ့ ဘီးများ မိုင်းစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။အများပြည်သူသွားတဲ့ လမ်းမှာ မိုင်းထောင်တာဟာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အလားတူ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းကလည်းဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု ခွန်ဆိုင်ယန်ကျေးရွာ အနီး လီဒိုလမ်းမပေါ်မှာ တနိုင်းကနေ မြစ်ကြီးနားကို ဆင်းလာတဲ့ DUMP TRUK ကား ၉ စီးကို မီးရှို့ဖျက်ဆီးပြီး ကားသမားတွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။အဲဒီ ကားသမားတွေကို KIA လက်ထဲကနေ ကယ်တင်ဖို့ လိုပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်ပါတယ်။
KIA က အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်လို့ တပ်မတော်က နှိမ်နင်းရတာဖြစ်ပါတယ်။ KIA လို သောင်းကျန်းသူတွေဟာ ဘယ်တော့မှ အမှန်တရားကို ရင်မဆိုင်တဲ့အတွက် ဒီနည်းလမ်းနဲ့ ဖြေရှင်းရ တာဖြစ်ပါတယ်။တပ်မတော်က လိုင်ဇာဌာနချုပ်ကို ကာကွယ်နေတဲ့ ပုံလင်းအမည်ရှိ KIA ရဲ့ ရှေ့ကာကင်း စခန်းကို နမူနာအဖြစ်သိမ်းပိုက်လိုက်ပါပြီ။

ငြိမ်းချမ်းရေးကို သွေဖယ်ပြီး အကြမ်းဖက်လုပ်ရပ်ကျူးလွန်တဲ့ ဘယ် လို အဖွဲ့အစည်းကိုမှ ခွင့်မလွှတ်ပါဘူး။KIA ကိုနောက်ဆုံးရာဇသံပေးလိုက်ပြီဖြစ်လို့ လိုင်ဇာ အလှည့် ရောက်လာပါတော့မယ်။

#ကောင်းခန့်