MASIGNALPHA101

လင္မယားစကားမ်ားရာမွ ဇနီး၊ ေယာကၡမႏွင့္ ဇနီးသည္၏အေဒၚတို႔အား ဓားျဖင့္ခုတ္သတ္

လင္မယားစကားမ်ားရာမွ ဇနီး၊ ေယာကၡမႏွင့္ ဇနီးသည္၏အေဒၚတို႔အား ဓားျဖင့္ခုတ္သတ္
Saturday, May 5, 2018


လင္မယားစကားမ်ားရာမွ ဇနီး၊ ေယာကၡမႏွင့္ ဇနီးသည္၏အေဒၚတို႔အား ဓာတ္ျဖင့္ခုတ္သတ္မႈတခု မေကြးတိုင္းေဒသၾကီး၊ ၿမိဳ႕သစ္ျမိဳ႕နယ္ မႀကီးထူးေက်းရြာအုပ္စုတြင္ ေမ ၄ ရက္ ညေန ၆ နာရီအခ်ိန္ခန္႔က ျဖစ္ပြားခဲ့သည္။


ျဖစ္စဥ္မွာ ေက်ာ္ႏုိင္ေထြး (၃၀)ႏွစ္၊ က်ပန္းသည္ ရြာထဲမွေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာၿပီး ပုခက္အတြင္း အိပ္ေနေသာ ၎၏ သားျဖစ္သူ ---- (၂ ႏွစ္) အရြယ္ကေလးအား အိပ္ရာမွ ႏိႈးခဲ့သျဖင့္ ၎၏ ဇနီးျဖစ္သူ မရီရီခ်ဳိ (၂၈) ႏွစ္၊ ေတာင္သူမွ ကေလးအား ႏို႔တိုက္ရန္ေျပာၿပီး ႏို႔တိုက္ခဲ့ေၾကာင္း၊ ေက်ာ္ႏိုင္ေထြးမွာ ကေလးအား ေခၚမရ၍ စိတ္ဆိုးေဒါသျဖစ္ကာ ေလွကားတြင္ ေထာင္ထားေသာ ၾကည္၀င္းစာတန္းပါ (အ႐ိုး/အသြား ၂၅ လက္မခန္႔) (အရိုး ၁၀ လက္မ၊ အသြား ၁၅ လက္မ၊ ဗ်က္ ၂ လက္မခြဲခန္႔ရွိ) ၀ါးရိုးတပ္ ဓားမအားယူ၍ ခုတ္ခဲ့သျဖင့္ မရီရီခ်ဳိတြင္ ၀ဲဘက္နားေနာက္ လည္ပင္းျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ေနာက္ေက်ာျပတ္ရွ ဒဏ္ရာ ၁ ခ်က္၊ ရင္ဘတ္ျပတ္ရွဒဏ္ရာ ၁ခ်က္တို႔ရရွိၿပီး တ၀ိုင္းတည္းအတူေန မရီရီခ်ဳိ၏ မိခင္ ေဒၚခ်ဳိႏြဲ႕၀င္း(၅၅)ႏွစ္မွ ၀င္ေရာက္ဆြဲရာ ေယာကၡမျဖစ္သူ ေဒၚခ်ဳိႏြဲ႕၀င္းအား ထပ္မံခုတ္ခဲ့၍ ေဒၚခ်ဳိႏြဲ႕၀င္းတြင္ ၀ဲဘက္နားအထက္ ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ေနာက္ေက်ာျပတ္ရွဒဏ္ရာ ၂ ခ်က္တို႔ ရရွိခဲ့ေၾကာင္း၊ မရီရီခ်ဳိ၏ အဘြားျဖစ္သူ ေဒၚခင္ပု (၈၄)ႏွစ္မွ ၎၏ ေခြ်းမျဖစ္သူႏွင့္ ေျမးျဖစ္သူတို႔အား ဓားျဖင့္ခုတ္ေနသျဖင့္ ၀င္ေရာက္ဆြဲရာမွ ၎၏ ညာဘက္လက္မ/လက္ညိွဳး/လက္ခလယ္တို႔ ျပတ္ဒဏ္ရာတို႔ ရရွိခဲ့ေၾကာင္း၊ ၎အခ်ိန္ တရြာတည္းေန မရီရီခ်ဳိ၏ အေဒၚျဖစ္သူ ေဒၚျမင့္ျမင့္စန္း (၄၅)ႏွစ္မွ ၀င္ေရာက္လာသျဖင့္ ေက်ာ္ႏိုင္ေထြးမွ ေဒၚျမင့္ျမင့္စန္းအား ထပ္မံ၍ လိုက္လံခုတ္ခဲ့ရာ ေဒၚျမင့္ျမင့္စန္း၏ လည္ပင္းျပတ္ရွဒဏ္ရာ ၂ ခ်က္ ရရွိခဲ့ေၾကာင္း၊ တရြာတည္းေန ဦးေလးျဖစ္သူ ဦးရဲညြန္႔ (၆၀)ႏွစ္၊ ေတာင္သူအားလည္း ထပ္မံေတြ႕ရွိ၍ ဓားျဖင့္ခုတ္မည္ျပဳရာ ဦးရဲညြန္႔မွ လွည္းေထာက္ခြျဖင့္ ကာထားသျဖင့္ ခုတ္မရေတာ့ဘဲ ဓားအား ေနအိမ္ေအာက္သို႔ပစ္ခ်ၿပီး ထြက္ေျပးသြားခဲ့ေၾကာင္း၊ ထိုသို႔ ေက်ာ္ႏုိင္ေထြးမွ ဓားျဖင့္ခုတ္ခဲ့ျခင္းေၾကာင့္ မရီရီခ်ဳိ၊ ေဒၚခ်ဳိႏြဲ႕၀င္း၊ ေဒၚျမင့္ျမင့္စန္းတို႔မွ ရရွိေသာဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ လဲက်ေသဆံုးသြားခဲ့ၿပီး မရီရီခ်ဳိ၏ အဘြားျဖစ္သူ ေဒၚခင္ပုမွာလည္း ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ၿမိဳ႕သစ္ျမိဳ႕နယ္ ျပည္သူ႕ေဆးရံုသို႔ ရဲေဆးစာျဖင့္ ပို႔အပ္ခဲ့ေၾကာင္း သိရသည္။



“သူတို႔က တ၀ိုင္းတည္းေနၾကတာဗ်။ တအိမ္တည္းေတာ့ မဟုတ္ဘူး။ သူက ႏြမ္းပါးတဲ့အတြက္ တခါတေလ အႏွိမ္ခံရတာမ်ဳိးရွိတယ္လို႔ေတာ့ သိရတယ္။ သူတို႔လင္မယားၾကားမွာ မၾကာမၾကာ ရန္ျဖစ္တယ္လို႔ေတာ့ ၾကားရတယ္ဗ်။ အခင္းျဖစ္တဲ့အခ်ိန္မွာ မူးယစ္ေသာက္စားထားတာ မရွိဘူး”ဟု ၿမိဳ႕သစ္ ျမိဳ႕မစခန္းမွ တာ၀န္ရွိသူတဦးက ေျပာသည္။


ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဳးလြန္သူႏွွင့္ ေယာက္ဖေတာ္စပ္သူ ဦးတင္ေမာင္၀င္းမွ ၎၏ မိခင္/ညီမ/သမီးႏွင့္ ဇနီးတို႔အား ေသဆံုး/ဒဏ္ရာမ်ားရရွိေအာင္ ဓားျဖင့္ခုတ္ခဲ့သူ ေက်ာ္ႏိုင္ေထြးအား ဥပေဒအရ အေရးယူေပးရန္ ရဲစခန္းသို႔ လာေရာက္သတင္းေပးတိုင္တန္းသျဖင့္ ေမ ၄ ရက္ ည ၁၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ၿမိဳ႕သစ္ ျမိဳ႕မစခန္းမွ (ပ)၁၆၃/၁၈၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၃၂၆ တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

Credit - News Watch

==========


Unicode

လင်မယားစကားများရာမှ ဇနီး၊ ယောက္ခမနှင့် ဇနီးသည်၏အဒေါ်တို့အား ဓာတ်ဖြင့်ခုတ်သတ်မှုတခု မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မကြီးထူးကျေးရွာအုပ်စုတွင် မေ ၄ ရက် ညနေ ၆ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျော်နိုင်ထွေး (၃၀)နှစ်၊ ကျပန်းသည် ရွာထဲမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ပုခက်အတွင်း အိပ်နေသော ၎င်း၏ သားဖြစ်သူ ---- (၂ နှစ်) အရွယ်ကလေးအား အိပ်ရာမှ နှိုးခဲ့သဖြင့် ၎င်း၏ ဇနီးဖြစ်သူ မရီရီချို (၂၈) နှစ်၊ တောင်သူမှ ကလေးအား နို့တိုက်ရန်ပြောပြီး နို့တိုက်ခဲ့ကြောင်း၊ ကျော်နိုင်ထွေးမှာ ကလေးအား ခေါ်မရ၍ စိတ်ဆိုးဒေါသဖြစ်ကာ လှေကားတွင် ထောင်ထားသော ကြည်ဝင်းစာတန်းပါ (အရိုး/အသွား ၂၅ လက်မခန့်) (အရိုး ၁၀ လက်မ၊ အသွား ၁၅ လက်မ၊ ဗျက် ၂ လက်မခွဲခန့်ရှိ) ဝါးရိုးတပ် ဓားမအားယူ၍ ခုတ်ခဲ့သဖြင့် မရီရီချိုတွင် ဝဲဘက်နားနောက် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ နောက်ကျောပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ပြတ်ရှဒဏ်ရာ ၁ချက်တို့ရရှိပြီး တဝိုင်းတည်းအတူနေ မရီရီချို၏ မိခင် ဒေါ်ချိုနွဲ့ဝင်း(၅၅)နှစ်မှ ဝင်ရောက်ဆွဲရာ ယောက္ခမဖြစ်သူ ဒေါ်ချိုနွဲ့ဝင်းအား ထပ်မံခုတ်ခဲ့၍ ဒေါ်ချိုနွဲ့ဝင်းတွင် ဝဲဘက်နားအထက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ နောက်ကျောပြတ်ရှဒဏ်ရာ ၂ ချက်တို့ ရရှိခဲ့ကြောင်း၊ မရီရီချို၏ အဘွားဖြစ်သူ ဒေါ်ခင်ပု (၈၄)နှစ်မှ ၎င်း၏ ချွေးမဖြစ်သူနှင့် မြေးဖြစ်သူတို့အား ဓားဖြင့်ခုတ်နေသဖြင့် ဝင်ရောက်ဆွဲရာမှ ၎င်း၏ ညာဘက်လက်မ/လက်ညှိုး/လက်ခလယ်တို့ ပြတ်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း၊ ၎င်းအချိန် တရွာတည်းနေ မရီရီချို၏ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်စန်း (၄၅)နှစ်မှ ဝင်ရောက်လာသဖြင့် ကျော်နိုင်ထွေးမှ ဒေါ်မြင့်မြင့်စန်းအား ထပ်မံ၍ လိုက်လံခုတ်ခဲ့ရာ ဒေါ်မြင့်မြင့်စန်း၏ လည်ပင်းပြတ်ရှဒဏ်ရာ ၂ ချက် ရရှိခဲ့ကြောင်း၊ တရွာတည်းနေ ဦးလေးဖြစ်သူ ဦးရဲညွန့် (၆၀)နှစ်၊ တောင်သူအားလည်း ထပ်မံတွေ့ရှိ၍ ဓားဖြင့်ခုတ်မည်ပြုရာ ဦးရဲညွန့်မှ လှည်းထောက်ခွဖြင့် ကာထားသဖြင့် ခုတ်မရတော့ဘဲ ဓားအား နေအိမ်အောက်သို့ပစ်ချပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ကျော်နိုင်ထွေးမှ ဓားဖြင့်ခုတ်ခဲ့ခြင်းကြောင့် မရီရီချို၊ ဒေါ်ချိုနွဲ့ဝင်း၊ ဒေါ်မြင့်မြင့်စန်းတို့မှ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် လဲကျသေဆုံးသွားခဲ့ပြီး မရီရီချို၏ အဘွားဖြစ်သူ ဒေါ်ခင်ပုမှာလည်း ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့အပ်ခဲ့ကြောင်း သိရသည်။

“သူတို့က တဝိုင်းတည်းနေကြတာဗျ။ တအိမ်တည်းတော့ မဟုတ်ဘူး။ သူက နွမ်းပါးတဲ့အတွက် တခါတလေ အနှိမ်ခံရတာမျိုးရှိတယ်လို့တော့ သိရတယ်။ သူတို့လင်မယားကြားမှာ မကြာမကြာ ရန်ဖြစ်တယ်လို့တော့ ကြားရတယ်ဗျ။ အခင်းဖြစ်တဲ့အချိန်မှာ မူးယစ်သောက်စားထားတာ မရှိဘူး”ဟု မြို့သစ် မြို့မစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူနှှင့် ယောက်ဖတော်စပ်သူ ဦးတင်မောင်ဝင်းမှ ၎င်း၏ မိခင်/ညီမ/သမီးနှင့် ဇနီးတို့အား သေဆုံး/ဒဏ်ရာများရရှိအောင် ဓားဖြင့်ခုတ်ခဲ့သူ ကျော်နိုင်ထွေးအား ဥပဒေအရ အရေးယူပေးရန် ရဲစခန်းသို့ လာရောက်သတင်းပေးတိုင်တန်းသဖြင့် မေ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မြို့သစ် မြို့မစခန်းမှ (ပ)၁၆၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Credit - News Watch