MASIGNALPHA101

တစ္ေနကုန္အိပ္ေန႐ံုနဲ႔ ပိုက္ဆံသိန္းႏွစ္ရာေက်ာ္ရမယ့္အလုပ္

တစ္ေနကုန္အိပ္ေန႐ံုနဲ႔ ပိုက္ဆံသိန္းႏွစ္ရာေက်ာ္ရမယ့္အလုပ္
Saturday, May 5, 2018


အိပ္ပုတ္ႀကီးလွပါတယ္ဆိုသူေတြနဲ႔ အိပ္ေရးပ်က္လြန္းလို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ခ်င္ပါတယ္ ဆုိသူေတြအတြက္ သတင္းတစ္ခုၾကားပါတယ္။ အိပ္ရာထဲမွာ တစ္ေနကုန္ အိပ္ေနေပး႐ံုနဲ႔ ပိုက္ဆံအမ်ားႀကီးေပးမယ့္ အလုပ္တစ္ခု႐ွိပါသတဲ့။ က်န္းမာေရးေကာင္းသူျဖစ္ဖုိ႔ေတာ့ လိုပါတယ္။

ျပင္သစ္ႏိုင္ငံ Institute for Space Medicine and Physiology က သုေတသီေတြဟာ ေန႔စဥ္ အိပ္ရာထဲမွာ လဲွေလ်ာင္းအိပ္စက္ေပးရမယ့္အလုပ္ကို ရက္ေပါင္း ၆၀ ေလာက္ ပါဝင္ႏိုင္မယ့္ လူေတြကို ရွာေဖြေနပါတယ္။ မတူညီတဲ့ အစားအစာေတြေၾကာင့္ အာကာသထဲမွာ အက်ိဳးသက္ေရာက္မႈ အတုိင္းအတာအေပၚ စမ္းသပ္စံုစမ္းေလ့လာမႈရဲ႕ က႑တစ္စိတ္တစ္ပိုင္းအျဖစ္ အိပ္စက္ႏိုင္မယ့္လူ ၂၄ ဦး ကို ရွာေဖြငွားရမ္းေနတာ ျဖစ္ပါတယ္။
play

ဒီစမ္းသပ္မႈမွာ ပါဝင္မယ့္လူေတြကို တစ္ဦးလွ်င္ ေပါင္စတာလင္ ၁၃၀၀၀ (ျမန္မာေငြ က်ပ္ ၂၁၈ သိန္းေက်ာ္) ေပးမယ္လို႔ သိရပါတယ္။ စိတ္မေကာင္းစရာကေတာ့ ေယာက္်ားေလးေတြကိုပဲ ေခၚမွာပါတဲ့။ အသက္ ၂၀ မွ ၄၅ ႏွစ္ၾကား က်န္းမာတဲ့အမ်ိဳးသား ျဖစ္ဖို႔လိုၿပီး BMI (ခႏၶာကိုယ္နဲဲ႔အရပ္မွ်ေျခညႊန္းကိန္း) ၂၂ မွ ၂၇ ၾကား ႐ွိရပါမယ္။ ေဆးလိပ္မေသာက္သူ၊ ဓာတ္မတည့္မႈ (Allergy) မ႐ွိသူျဖစ္ဖို႔လည္း လိုပါတယ္။

စမ္းသပ္မႈမွာ ပါဝင္မယ့္လူကို ဓာတ္တုိးဆန္႔က်င့္သတၱိနဲ႔ ရင္ပူရင္ဆာမျဖစ္ေစမယ့္ သဘာဝပိုလီဖီေနာလ္နဲ႔ စားႏိုင္တဲ့အပင္ေတြကေန ထုတ္ယူထားတဲ့ ေကာ့ေတးလ္တစ္မ်ိဳးကို ေန႔စဥ္ အႀကိမ္မ်ားစြာထိုးေပးပါလိမ့္မယ္။ ၿပီးရင္ေတာ့ အိပ္ရာထဲမွာ တစ္ခ်ိန္လံုးလဲွေလ်ာင္းေနရမွာျဖစ္ၿပီး မတ္တပ္ရပ္ခြင့္၊ ထထိုင္ခြင့္ မေပးေတာ့ပါဘူး။ ဘယ္၊ညာ လွည့္ေျပာင္းလွဲေလ်ာင္းလို႔ေတာ့ ရပါတယ္။ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒီေနရာကို ႏွိပ္ၿပီးေလွ်ာက္ထားႏုိင္ပါတယ္။

Source : Business Insider
Credit: duwun

==========

unicode

အိပ်ပုတ်ကြီးလှပါတယ်ဆိုသူတွေနဲ့ အိပ်ရေးပျက်လွန်းလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်ပါတယ် ဆိုသူတွေအတွက် သတင်းတစ်ခုကြားပါတယ်။ အိပ်ရာထဲမှာ တစ်နေကုန် အိပ်နေပေးရုံနဲ့ ပိုက်ဆံအများကြီးပေးမယ့် အလုပ်တစ်ခုရှိပါသတဲ့။ ကျန်းမာရေးကောင်းသူဖြစ်ဖို့တော့ လိုပါတယ်။

ပြင်သစ်နိုင်ငံ Institute for Space Medicine and Physiology က သုတေသီတွေဟာ နေ့စဉ် အိပ်ရာထဲမှာ လှဲလျောင်းအိပ်စက်ပေးရမယ့်အလုပ်ကို ရက်ပေါင်း ၆၀ လောက် ပါဝင်နိုင်မယ့် လူတွေကို ရှာဖွေနေပါတယ်။ မတူညီတဲ့ အစားအစာတွေကြောင့် အာကာသထဲမှာ အကျိုးသက်ရောက်မှု အတိုင်းအတာအပေါ် စမ်းသပ်စုံစမ်းလေ့လာမှုရဲ့ ကဏ္ဍတစ်စိတ်တစ်ပိုင်းအဖြစ် အိပ်စက်နိုင်မယ့်လူ ၂၄ ဦး ကို ရှာဖွေငှားရမ်းနေတာ ဖြစ်ပါတယ်။
play

ဒီစမ်းသပ်မှုမှာ ပါဝင်မယ့်လူတွေကို တစ်ဦးလျှင် ပေါင်စတာလင် ၁၃၀၀၀ (မြန်မာငွေ ကျပ် ၂၁၈ သိန်းကျော်) ပေးမယ်လို့ သိရပါတယ်။ စိတ်မကောင်းစရာကတော့ ယောက်ျားလေးတွေကိုပဲ ခေါ်မှာပါတဲ့။ အသက် ၂၀ မှ ၄၅ နှစ်ကြား ကျန်းမာတဲ့အမျိုးသား ဖြစ်ဖို့လိုပြီး BMI (ခန္ဓာကိုယ်နဲဲ့အရပ်မျှခြေညွှန်းကိန်း) ၂၂ မှ ၂၇ ကြား ရှိရပါမယ်။ ဆေးလိပ်မသောက်သူ၊ ဓာတ်မတည့်မှု (Allergy) မရှိသူဖြစ်ဖို့လည်း လိုပါတယ်။

စမ်းသပ်မှုမှာ ပါဝင်မယ့်လူကို ဓာတ်တိုးဆန့်ကျင့်သတ္တိနဲ့ ရင်ပူရင်ဆာမဖြစ်စေမယ့် သဘာဝပိုလီဖီနောလ်နဲ့ စားနိုင်တဲ့အပင်တွေကနေ ထုတ်ယူထားတဲ့ ကော့တေးလ်တစ်မျိုးကို နေ့စဉ် အကြိမ်များစွာထိုးပေးပါလိမ့်မယ်။ ပြီးရင်တော့ အိပ်ရာထဲမှာ တစ်ချိန်လုံးလှဲလျောင်းနေရမှာဖြစ်ပြီး မတ်တပ်ရပ်ခွင့်၊ ထထိုင်ခွင့် မပေးတော့ပါဘူး။ ဘယ်၊ညာ လှည့်ပြောင်းလှဲလျောင်းလို့တော့ ရပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပြီးလျှောက်ထားနိုင်ပါတယ်။

Source : Business Insider
Credit: duwun