MASIGNALPHA101

အီရန္က အစၥေရးအား ဒံုးက်ည္ အစင္း ၂ဝ ေက်ာ္ ပစ္လႊတ္တုိက္ခုိက္

အီရန္က အစၥေရးအား ဒံုးက်ည္ အစင္း ၂ဝ ေက်ာ္ ပစ္လႊတ္တုိက္ခုိက္
Thursday, May 10, 2018


ဆီးရီးယားႏုိင္ငံေတာင္ပုိင္းတြင္ တပ္စြဲထားေသာ အီရန္တပ္ဖြဲ ့ဝင္မ်ားက အစၥေရးႏုိင္ငံအား ေမလ ၉ ရက္တြင္ ညလံုးေပါက္ ဒံုးက်ည္ အစင္း ၂ဝ ေက်ာ္ျဖင့္ ပစ္ခတ္တုိက္ခုိက္မႈျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ ဒံုးက်ည္အခ်ိဳ ့ကုိ အစၥေရးဒံုးက်ည္ကာကြယ္ေရးစနစ္က ၾကားျဖတ္ဟန္ ့တားႏုိင္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ဆုိသည္။တုိက္ခုိက္မႈအတြင္း အစၥေရးဘက္က ထိခုိက္ဒဏ္ရာရသူမရွိေၾကာင္း အစၥေရးႏုိင္ငံကာကြယ္ေရးတပ္ဖြဲ ့(IDF) ၏ ေမလ ၉ ရက္ ညပုိင္းတြင္ ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

IDF ကာကြယ္ေရးစနစ္က ဂုိလန္ကုန္းျမင့္တြင္ တပ္စြဲထားသည့္ အစၥေရးကာကြယ္ေရးတပ္ဖြဲ ့အားဦးတည္၍ အီရန္ Quds တပ္ဖြဲ ့က ခန္ ့မွန္းေျခ ဒံုးက်ည္ အစင္း ၂ဝ ပစ္လႊတ္တုိက္ခုိက္ခဲ့သည္ကုိ အတည္ျပဳႏုိင္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ဆုိသည္။ဒံုးက်ည္အခ်ိဳ ့ကုိ အစၥေရးႏုိင္ငံ၏ IDF ဒံုးက်ည္ကာကြယ္ေရးစနစ္က ၾကားျဖတ္ဟန္ ့တားႏုိင္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ဆုိသည္။

ဂုိလန္ကုန္းျမင့္တြင္ ေနထုိင္ေသာ အစၥေရးေဒသခံမ်ားအား IDF မွ ထုတ္ျပန္သည့္ ညႊန္ၾကားခ်က္မ်ားကုိ နားစြင့္ေနၾကရန္ အမိန္ ့ေပးထားသည္။
လက္ရွိခ်ိန္ထိ ေနာက္ထပ္ ညႊန္ၾကားခ်က္ကုိ ထုတ္ျပန္ခ့ဲျခင္းမရွိေၾကာင္း IDF က ဆုိသည္။

(Xinhua)
China Xinhua News

==========

Unicode

ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် တပ်စွဲထားသော အီရန်တပ်ဖွဲ့ဝင်များက အစ္စရေးနိုင်ငံအား မေလ ၉ ရက်တွင် ညလုံးပေါက် ဒုံးကျည် အစင်း ၂ဝ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နှင့် ဒုံးကျည်အချို့ကို အစ္စရေးဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အစ္စရေးနိုင်ငံကာကွယ်ရေးတပ်ဖွဲ့(IDF) ၏ မေလ ၉ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

IDF ကာကွယ်ရေးစနစ်က ဂိုလန်ကုန်းမြင့်တွင် တပ်စွဲထားသည့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အားဦးတည်၍ အီရန် Quds တပ်ဖွဲ့က ခန့်မှန်းခြေ ဒုံးကျည် အစင်း ၂ဝ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ဒုံးကျည်အချို့ကို အစ္စရေးနိုင်ငံ၏ IDF ဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

ဂိုလန်ကုန်းမြင့်တွင် နေထိုင်သော အစ္စရေးဒေသခံများအား IDF မှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို နားစွင့်နေကြရန် အမိန့်ပေးထားသည်။
လက်ရှိချိန်ထိ နောက်ထပ် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း IDF က ဆိုသည်။

(Xinhua)
China Xinhua News