MASIGNALPHA101

၁၃ နှစ်​အရွယ်​ အတူ​နေ ခယ်​မအား ခဲအိုဖြစ်​သူက အကြိမ်​ကြိမ်​ ပြုကျင့်​ (ခယ်​မတွင်​ ကိုယ်​၀န်​ရရှိ​နေ)

၁၃ နှစ်​အရွယ်​ အတူ​နေ ခယ်​မအား ခဲအိုဖြစ်​သူက အကြိမ်​ကြိမ်​ ပြုကျင့်​ (ခယ်​မတွင်​ ကိုယ်​၀န်​ရရှိ​နေ)
Saturday, May 5, 2018



.
.
.
.
.

tinlayzaw

========


Unicode

ဒေးလီးအလဲဗင်း သတင်းစာ 4,5,18

၁၃ နှစ်အရွယ် အတူနေခယ်မကို ခဲအိုဖြစ်သူက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု့
မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ညဈေးတန်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
.
မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ညဈေးတန်းလမ်း ကန်ပေါင်တန်းလျား အခန်း ၅ တွင် နေထိုင်သူ
မ.......သည် နေအိမ်အနောက်ဖက် မီးဖိုချောင်၌
သူမ၏ ခင်ပွန်း မင်းထွန်း နှင့် ညီမဖြစ်သူ မ..... ၁၃ နှစ်တို့သည် ကာမ စပ်ယှက်နေသည်ကို
မေလ ၂ ရက်နေ့က တွေ့ရှိရသဖြင့် ညီမဖြစ်သူ အားမေးမြန်းပြီးနောက်
မြဝတီ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ကြောင်းသိရှိရသည်။
.
ညီမဖြစ်သူကို အမဖြစ်သူက မေးမြန်ရာ
လွန်ခဲ့သော ၅ လခန့်မှစ၍ ယခုအချိန်ထိ
သားမယားပြုကျင့်မှု့ ခြောက်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း။
ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ။
.
ယင်းနောက် အမဖြစ်သူက အနီးပါတ်ဝန်းကျင် ညဈေးတန်း ဈေးဆိုင်မှ
အမျိုးသမီး ကိုယ်ဝန်ရှိမရှိ ဆီးစစ်တံဝယ်ယူ၍
ညီမဖြစ်သူ၏ဆီးကို စစ်တိုင်းရာ
ကိုယ်ဝန်ရှိသည့်အမှတ် လက္ခဏာ ပြသနေသည်ကို သိရှိရသည်ဟုဆိုသည်။
.
သို့ဖြစ်၍ အသိသက်သေ များခေါ်ကာ
မြဝတီ မြို့မရဲစခန်းသို့ ခင်ပွန်းဖြစ်သူ မင်းထွန်းအား
ဇနီးဖြစ်သူက အမှု့ဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
.
အဆိုပါအတူနေ ခယ်မကို ကိုယ်ဝန်ရသည်အထိ
အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သူ မင်းထွန်း ၂၆ နှစ် (ဘ) ဦးဝင်း
အမှတ် ၃ ရပ်ကွက် ညဈေးတန်းနေသူအား မြဝတီ မြို့မရဲစခန်းက
ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှု့ဖွင့်ဖမ်းဆီး အရေးယူ စစ်ဆေးနေကြောင်း
သတင်းစာတွင် ရေးသားဖော်ပြ ထားပါတယ်။

tinlayzaw