MASIGNALPHA101

ေလာက္ကိုင္ျမိဳ႕အနီး ကိုးကန္႕တိုက္ပြဲမွာ ညီေနာင္ေျမျပင္တပ္ရင္းမ်ားကို စစ္ကူေပး ပစ္ခတ္ခဲ႕ျကေသာ အေျမာက္တပ္ဖြဲ႕၏ အထူးလက္စြမ္းမ်ား

ေလာက္ကိုင္ျမိဳ႕အနီး ကိုးကန္႕တိုက္ပြဲမွာ ညီေနာင္ေျမျပင္တပ္ရင္းမ်ားကို စစ္ကူေပး ပစ္ခတ္ခဲ႕ျကေသာ အေျမာက္တပ္ဖြဲ႕၏ အထူးလက္စြမ္းမ်ား
Friday, May 4, 2018


ကိုးကန္႕သူပုန္မ်ားဟာ တပ္မေတာ္၏ ထိုးစစ္မ်ားေျကာင့္ စန္တအိုက္ရွန္ ပိြဳင့္.၁၁၃၈. ကိုလက္လြတ္ဆံုး ရႈံးကာ ေမာ္ထိုက္နဲ႕ကုန္းျကမ္းေဒသအနီးတရုတ္နိဳင္ငံနယ္စပ္ႏွင့္ကပ္လ်က္ ရွိကာ အလြန္ျမင့္မားေသာေတာင္ကုန္းမ်ားျဖစ္ေသာ ပိြဳင့္.၁၁၇၁ႏွင့္ ပိြဳင့္.၁၁၄၃တို႕ေပၚတြင္ အင္အားအလံုးအရင္းႏွင့္ ကတုတ္က်င္း မ်ား ဘန္ကာမ်ားျဖင့္စနစ္တက် ျပင္ဆင္ထားကာ

ထိုစခန္းမ်ားကို ကိုးကန္႕သူပုန္ေခါင္းေဆာင္ ဖုန္က်ားရွင္၏သား ဖုန္တာရြင္ကိုယ္တိုင္ဦးစီးကာ ျကီးျကပ္ကြပ္ကဲေသာစခန္းျဖစ္သလို ရွိသမွ် ကိုးကန္႕သူပုန္တပ္သားမ်ားစုေပါင္းကာခုခံေနေသာေနာက္ဆံုးစခန္းျဖစ္ေလသည္။


တပ္(၆၆ )လက္ေအာက္ခံ ခမရ(….) တပ္ရင္းမ်ားသည္ စန္တအိုက္ရွန္ကုန္းကို သိမ္းပိုက္ျပီး ေနာက္ ၂ .ရက္အျကာတြင္ ကိုးကန္႕တို႕၏ ေနာက္ဆံုးစခန္းကို စစ္ကူလာေသာတပ္ရင္းမ်ားနဲ႕ပူးေပါင္းကာလက္နက္ျကီးလက္နက္ငယ္မ်ား နဲ႕ အျကိတ္အနယ္တက္ေရာက္တိုက္ခိုက္ကာ ၁၂၀.မမ.၈၀မမ.အေျမာက္စိန္ေျပာင္းမ်ားကလည္း မနားတမ္း ေျပာင္းမ်ားပူသည္အထိ ပစ္ကူေပးျကေလသည္။


သို႕ေသာ္လည္းထိုစခန္းမွာ တရုတ္နယ္စပ္ႏွင့္ မီတာ၂၀၀သာ ကြာေတာ့ျပီး အလြန္နီးကပ္ေနသျဖင့္တဖက္နိဳင္ငံထဲဗံုးသီးမ်ားက်ေရာက္နိဳင္ေသာေျကာင့္ စိန္ေျပာင္းအေျမာက္မ်ား ထိေရာက္စြာမပစ္ခတ္နိဳင္သလို ေျမျပင္တပ္မ်ားကလည္း ျမင္မားမတ္ေစာက္ေသာ ေတာင္ကုန္းကို တက္ေရာက္သိမ္းပိုက္ရန္ ေႏွာင့္ေနးေနသျဖင့္ စစ္ဗ်ဳဟာမႈးက အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ရွိ အေျမာက္တပ္ရင္းကို စစ္ကူေတာင္းေလေတာ့သည္။

ထို႕ေျကာင့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ လက္စြမ္းထက္ေသာအေျမာက္တပ္သားမ်ားနဲ႕ ပစ္မွတ္တိက်ျပီးပစ္အားေကာင္းေသာ ၁၀၅.မမေဟာင္ဝွစ္ဇာ ေတာင္ေပၚပစ္ အေျမာက္ မ်ားကို mig.35p.ရဟတ္ယာဥ္မ်ားနဲ႕ ေန႕တြင္းခ်င္း ေပးပို႕ခဲ႕ပါတယ္။


အေျမာက္မ်ားေရာက္ရွိျပီးေနာက္ရန္သူစခန္းမ်ားရွိေသာေတာင္ကုန္းႏွင့္ကီလိုမီတာအနည္းငယ္ကြာေသာေနရာတြင္ တပ္သားမ်ားက အေျမာက္ေျမေနရာမ်ားကိုေသခ်ာစြာျပင္ဆင္ျပီး အေျမာက္ဆံ မ်ားကို အလံုအေလာက္ ခ်ထားကာ အေျမာက္တပ္စုမႈးက ရန္သူစခန္းကုန္းအား မွန္ဘီလူးျဖင့္ျကည့္ျပီး ေနာက္ ရန္သူ႕စခန္းအားပစ္ခတ္ရန္ ပစ္မွတ္ႏွင့္အကြာအေဝးကို ေသခ်ာစြာတြက္ခ်က္ျပီး ေျမျပင္တပ္မ်ားစစ္ကူေတာင္းလာသည့္အခ်ိန္တြင္ တပ္သားမ်ားကို အမိန္႕ေပးေလေတာ့သည္။


ပစ္”ဆိုသည့္အမိန္႕က်သည္ႏွင့္ ရန္သူစခန္းေပၚသို႕ ဗံုးမိုးရြာျပီး ေျမျပင္တပ္မ်ားကလည္းပိြဳင့္.5 စက္လတ္မ်ား

RPG.ေလာင္ခ်ာမ်ားနဲ႕ဟန္ခ်က္ညီစြာတိုက္ခိုက္သျဖင့္ ရန္သူမ်ားအက်အဆံုးမ်ားသလို အေျမာက္တပ္သားမ်ားကလည္း အေျမာက္ဆံမ်ား တဖက္နိဳင္ထဲမက်ေရာက္ဖို႕အျပင္္ ရန္သူ႕စခန္းအနီးရွိ မိမိတပ္သားမ်ားပါမထိခိုက္ေအာင္ေသခ်ာစြာလက္စြမ္းျပပစ္ခတ္ျကသလို ရန္သူမ်ားကေတာင္ကုန္းေပၚမွ စီး၍ပစ္ခတ္ေနေသာေျကာင့္ မိမိတပ္သားမ်ားအထိအခိုက္နည္းေအာင္ တစ္ေန႕ကုန္အစာမစားပဲမနားတမ္း ပစ္ကူေပးခဲ႕ေလသည္။

တိုက္ပြဲျဖစ္ျပီး ၃ ရက္အျကာတြင္ ေတာင္ကုန္းေပၚမွေန၍တပ္မေတာ္သားမ်ားကိုပစ္အားေကာင္းေကာင္းနဲ႕ ျပင္းထန္စြာတိုက္ခိုက္ေနျကေသာရန္သူမ်ားမွာ ခပ္စိပ္စပ္က်လာေသာအေျမာက္ဆံမ်ားေျကာင့္ အက်ဆံုးမ်ားကာ ပစ္အားေလ်ာ့နည္းလာျပီး ေနာက္ ဆက္လက္မခုခံနိဳင္ေတာပဲ လက္က်န္လူအနည္းငယ္နဲ႕ ဝရုန္းသုန္းကား ဆုတ္ခြာထြက္ေျပးခဲ႕ျပီး တရုတ္ျပည္ဘက္သို႕ခိုးဝင္ခဲ႕ကာ တပ္မေတာ္မွ ပိြဳင့္.၁၁၇၁.ကိုတက္ေရာက္သိမ္းပိုက္နိဳင္ခဲ႕ပါတယ္။

ထိုတိုက္ပြဲတြင္ ျမန္မာ့တပ္မေတာ္၏ လက္စြမ္းထက္ျပီးတိက်ေသာ အေျမာက္စြမ္းရည္ကို နိဳင္ငံတကာရွိအေျမာက္တပ္သားမ်ားက စံနမူနာယူခဲ႕ပါတယ္။

ေနာက္ထပ္လည္း ကိုးကန္႕စခန္းေတြကို ရဲရဲဝံ႕ဝံ႕နဲ႕အသက္စြန္႕ တိုက္ခိုက္ခဲ႕ေသာတပ္မေတာ္သားမ်ားအေျကာင္းကို တင္ျပေပးသြားပါမယ္။

(စစ္သတင္း မဟာေသနာပတိ ေနေသြး)

==========

Unicode

ကိုးကန့်သူပုန်များဟာ တပ်မတော်၏ ထိုးစစ်များကြောင့် စန်တအိုက်ရှန် ပွိုင့်.၁၁၃၈. ကိုလက်လွတ်ဆုံး ရှုံးကာ မော်ထိုက်နဲ့ကုန်းကြမ်းဒေသအနီးတရုတ်နိုင်ငံနယ်စပ်နှင့်ကပ်လျက် ရှိကာ အလွန်မြင့်မားသောတောင်ကုန်းများဖြစ်သော ပွိုင့်.၁၁၇၁နှင့် ပွိုင့်.၁၁၄၃တို့ပေါ်တွင် အင်အားအလုံးအရင်းနှင့် ကတုတ်ကျင်း များ ဘန်ကာများဖြင့်စနစ်တကျ ပြင်ဆင်ထားကာ

ထိုစခန်းများကို ကိုးကန့်သူပုန်ခေါင်းဆောင် ဖုန်ကျားရှင်၏သား ဖုန်တာရွင်ကိုယ်တိုင်ဦးစီးကာ ကြီးကြပ်ကွပ်ကဲသောစခန်းဖြစ်သလို ရှိသမျှ ကိုးကန့်သူပုန်တပ်သားများစုပေါင်းကာခုခံနေသောနောက်ဆုံးစခန်းဖြစ်လေသည်။

တပ်(၆၆ )လက်အောက်ခံ ခမရ(….) တပ်ရင်းများသည် စန်တအိုက်ရှန်ကုန်းကို သိမ်းပိုက်ပြီး နောက် ၂ .ရက်အကြာတွင် ကိုးကန့်တို့၏ နောက်ဆုံးစခန်းကို စစ်ကူလာသောတပ်ရင်းများနဲ့ပူးပေါင်းကာလက်နက်ကြီးလက်နက်ငယ်များ နဲ့ အကြိတ်အနယ်တက်ရောက်တိုက်ခိုက်ကာ ၁၂၀.မမ.၈၀မမ.အမြောက်စိန်ပြောင်းများကလည်း မနားတမ်း ပြောင်းများပူသည်အထိ ပစ်ကူပေးကြလေသည်။

သို့သော်လည်းထိုစခန်းမှာ တရုတ်နယ်စပ်နှင့် မီတာ၂၀၀သာ ကွာတော့ပြီး အလွန်နီးကပ်နေသဖြင့်တဖက်နိုင်ငံထဲဗုံးသီးများကျရောက်နိုင်သောကြောင့် စိန်ပြောင်းအမြောက်များ ထိရောက်စွာမပစ်ခတ်နိုင်သလို မြေပြင်တပ်များကလည်း မြင်မားမတ်စောက်သော တောင်ကုန်းကို တက်ရောက်သိမ်းပိုက်ရန် နှောင့်နေးနေသဖြင့် စစ်ဗျုဟာမှုးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိ အမြောက်တပ်ရင်းကို စစ်ကူတောင်းလေတော့သည်။

ထို့ကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်စွမ်းထက်သောအမြောက်တပ်သားများနဲ့ ပစ်မှတ်တိကျပြီးပစ်အားကောင်းသော ၁၀၅.မမဟောင်ဝှစ်ဇာ တောင်ပေါ်ပစ် အမြောက် များကို mig.35p.ရဟတ်ယာဉ်များနဲ့ နေ့တွင်းချင်း ပေးပို့ခဲ့ပါတယ်။

အမြောက်များရောက်ရှိပြီးနောက်ရန်သူစခန်းများရှိသောတောင်ကုန်းနှင့်ကီလိုမီတာအနည်းငယ်ကွာသောနေရာတွင် တပ်သားများက အမြောက်မြေနေရာများကိုသေချာစွာပြင်ဆင်ပြီး အမြောက်ဆံ များကို အလုံအလောက် ချထားကာ အမြောက်တပ်စုမှုးက ရန်သူစခန်းကုန်းအား မှန်ဘီလူးဖြင့်ကြည့်ပြီး နောက် ရန်သူ့စခန်းအားပစ်ခတ်ရန် ပစ်မှတ်နှင့်အကွာအဝေးကို သေချာစွာတွက်ချက်ပြီး မြေပြင်တပ်များစစ်ကူတောင်းလာသည့်အချိန်တွင် တပ်သားများကို အမိန့်ပေးလေတော့သည်။

ပစ်”ဆိုသည့်အမိန့်ကျသည်နှင့် ရန်သူစခန်းပေါ်သို့ ဗုံးမိုးရွာပြီး မြေပြင်တပ်များကလည်းပွိုင့်.5 စက်လတ်များ

RPG.လောင်ချာများနဲ့ဟန်ချက်ညီစွာတိုက်ခိုက်သဖြင့် ရန်သူများအကျအဆုံးများသလို အမြောက်တပ်သားများကလည်း အမြောက်ဆံများ တဖက်နိုင်ထဲမကျရောက်ဖို့အပြင် ရန်သူ့စခန်းအနီးရှိ မိမိတပ်သားများပါမထိခိုက်အောင်သေချာစွာလက်စွမ်းပြပစ်ခတ်ကြသလို ရန်သူများကတောင်ကုန်းပေါ်မှ စီး၍ပစ်ခတ်နေသောကြောင့် မိမိတပ်သားများအထိအခိုက်နည်းအောင် တစ်နေ့ကုန်အစာမစားပဲမနားတမ်း ပစ်ကူပေးခဲ့လေသည်။

တိုက်ပွဲဖြစ်ပြီး ၃ ရက်အကြာတွင် တောင်ကုန်းပေါ်မှနေ၍တပ်မတော်သားများကိုပစ်အားကောင်းကောင်းနဲ့ ပြင်းထန်စွာတိုက်ခိုက်နေကြသောရန်သူများမှာ ခပ်စိပ်စပ်ကျလာသောအမြောက်ဆံများကြောင့် အကျဆုံးများကာ ပစ်အားလျော့နည်းလာပြီး နောက် ဆက်လက်မခုခံနိုင်တောပဲ လက်ကျန်လူအနည်းငယ်နဲ့ ဝရုန်းသုန်းကား ဆုတ်ခွာထွက်ပြေးခဲ့ပြီး တရုတ်ပြည်ဘက်သို့ခိုးဝင်ခဲ့ကာ တပ်မတော်မှ ပွိုင့်.၁၁၇၁.ကိုတက်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်၏ လက်စွမ်းထက်ပြီးတိကျသော အမြောက်စွမ်းရည်ကို နိုင်ငံတကာရှိအမြောက်တပ်သားများက စံနမူနာယူခဲ့ပါတယ်။

နောက်ထပ်လည်း ကိုးကန့်စခန်းတွေကို ရဲရဲဝံ့ဝံ့နဲ့အသက်စွန့် တိုက်ခိုက်ခဲ့သောတပ်မတော်သားများအကြောင်းကို တင်ပြပေးသွားပါမယ်။

(စစ်သတင်း မဟာသေနာပတိ နေသွေး)