MASIGNALPHA101
တိုက်​ပွဲ​တွေ​ကြောင့်​ ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ထုတ်ရေး ခရီးစဉ်​ဖျက်သိမ်း
တိုက်​ပွဲ​တွေ​ကြောင့်​ ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ထုတ်ရေး ခရီးစဉ်​ဖျက်သိမ်း
Saturday, May 5, 2018
ကချင်ပြည်နယ်အစိုးရ၊ ကချင်လူငယ်ထုသပိတ်စခန်းဦးဆောင်ကော်မတီ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (ပီစီဂျီ) တို့အကြားဆွေးနွေးခဲ့မှုအရ ဖားကန့်မြို့နယ် ကာမိုင်းမြို့ မန်ဝယ်ကျေးရွာက တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ အစိုးရဘက်က သဘောတူခဲ့ပေမယ့်လည်း တပ်မတော်ဘက်က ပိတ်ပင်ခဲ့တာကြောင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ကေဘီစီဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
ကေဘီစီရဲ့ ဦးဆောင်မှုနဲ့အတူ လူမှုရေးအဖွဲ့အစည်းအချို့က ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သွားရောက်ခဲ့ပေမယ့် လီဒိုလမ်းမပေါ်က မရန်းကထောင်းဂိတ်အရောက်မှာတော့ တိုင်းမှူးက ဒုစကခမှူးကတဆင့် ပိတ်မိပြည်သူတွေကို ခေါ်ဆောင်ခွင့်မပြုနိုင်ဘူးလို့ ကေဘီစီကို အကြောင်းကြားခဲ့ပါတယ်။
ပီစီဂျီရဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာက တိုင်းမှူးတေဇေကျော်အနေနဲ့ ပိတ်မိပြည်သူတွေကို စားနပ်ရိက္ခာပေးဖို့အတွက်သာ ခွင့်ပြုပေးနိုင်ကြောင်းနဲ့ မံဝန်ကျေးရွာကနေ ခေါ်ဆောင်သွားခွင့် မပေးနိုင်ဘူးဆိုတာကို ဒုစကခမှူးကတဆင့် ပြောခိုင်းတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရထံမှ ညွှန်ကြားချက်ကိုတောင်းခံထားပြီး အဲဒီညွှန်ကြားချက်အရ ခွင့်ပြုမှသာ ပိတ်မိပြည်သူတွေကို ကယ်ထုတ်ပေးနိုင်မယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေကို သွားရောက်ကယ်ထုတ်ခေါ်ဆောင်ပေးမယ့် ကေဘီစီဦးဆောင်တဲ့အဖွဲ့အနေနဲ့ လက်​ရှိ ပိတ်ပင်ထားမှု​ကြောင့် ဒီ​နေ့ညမှာတော့ ကာမိုင်းမြို့နယ် ကထန်ရွာမှာ ညအိပ်ရတော့မှာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို ကယ်ဆယ်ရေးအဖွဲ့တို့ ညပိုင်းမှာ ဆက်သွယ်ဆွေးနွေးရာမှာတော့ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ မန်ဝယ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်အရေအတွက် အသေးစိတ်နဲ့ ရွာကထွက်လိုသူအရေအတွက်ကို သွားရောက်ရေတွက်ပြီး အစိုးရကို ပြန်လည်တင်ပြပေးပြီးမှသာ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်စေလိုတယ်လို့ ၀န်ကြီးချုပ်က ပြောခဲ့တယ်လို့ ဒီ​နေ့ညမှာ ပြုလုပ်တဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ တာဝန်ခံတွေက အသိပေးခဲ့ပါတယ်။
“လူသုံးယောက်ပဲသွားခွင့်ပေးမယ်။ ပြီးတော့စာရင်းကောက်ခိုင်းတယ်။ ကျွန်တော်တို့မှာစာရင်းက ရှိပြီးသားပါ။ ၀န်ကြီးချုပ်နောက်ဆုံးပြောတာကတော့ တပ်နယ်မြေဖြစ်နေတဲ့အတွက် သူ့အနေနဲ့ဘာမှမတတ်နိုင်ဘူးဆိုတာပဲ။ အဲဒါကြောင့် ကျွန်တော်တို့မနက်ဖြန်ပြန်မယ်။ ပြီးရင်မနောကွင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်”လို့ ကေဘီစီရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဆမ်ဆွမ်က ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ လိုက်ပါမယ်လို့ ပြောခဲ့ပေမယ့် သွားရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဒုဦးစီးမှူးအဆင့်ရှိသူကိုသာ ကာမိုင်းမြို့တွင် စောင့်ဆိုင်းနေရန် တာဝန်ပေးခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့သွားရောက်မယ့် မန်ဝယ်ရွာမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၆၀ကျော်ရှိနေပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၃၀၀၀နီးပါး ရှိနေပါတယ်။
ကချင်လူငယ်တွေဦးဆောင်တဲ့ သပိတ်စခန်းကတော့ အဲဒီပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် အစိုးရက အကူအညီပေးရေးကို တောင်းဆိုနေဆဲဖြစ်ပြီး သပိတ်စခန်းလည်း မြစ်ကြီးနားမြို့နယ်မှာဖွင့်ထားဆဲဖြစ်ပါတယ်။
Credit - DVB
==========
Unicode
ကချင်ပြည်နယ်အစိုုးရ၊ ကချင်လူငယ်ထုုသပိတ်စခန်းဦးဆောင်ကော်မတီ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (ပီစီဂျီ) တိုု့အကြားဆွေးနွေးခဲ့မှုအရ ဖားကန့်မြို့နယ် ကာမိုုင်းမြို့ မန်ဝယ်ကျေးရွာက တိုုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကိုု ကယ်ထုုတ်ဖိုု့ အစိုုးရဘက်က သဘောတူခဲ့ပေမယ့်လည်း တပ်မတော်ဘက်က ပိတ်ပင်ခဲ့တာကြောင့် အစီအစဉ်ကိုု ဖျက်သိမ်းဖိုု့ ကေဘီစီဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ဆုံုးဖြတ်လိုုက်ပါတယ်။
ကေဘီစီရဲ့ ဦးဆောင်မှုနဲ့အတူ လူမှုရေးအဖွဲ့အစည်းအချို့က ပိတ်မိနေတဲ့ ပြည်သူတွေကိုု ကယ်ထုုတ်ဖိုု့ သွားရောက်ခဲ့ပေမယ့် လီဒိုုလမ်းမပေါ်က မရန်းကထောင်းဂိတ်အရောက်မှာတော့ တိုုင်းမှူးက ဒုစကခမှူးကတဆင့် ပိတ်မိပြည်သူတွေကိုု ခေါ်ဆောင်ခွင့်မပြုနိုုင်ဘူးလိုု့ ကေဘီစီကိုု အကြောင်းကြားခဲ့ပါတယ်။
ပီစီဂျီရဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာက တိုုင်းမှူးတေဇေကျော်အနေနဲ့ ပိတ်မိပြည်သူတွေကိုု စားနပ်ရိက္ခာပေးဖို့အတွက်သာ ခွင့်ပြုပေးနိုင်ကြောင်းနဲ့ မံဝန်ကျေးရွာကနေ ခေါ်ဆောင်သွားခွင့် မပေးနိုုင်ဘူးဆိုုတာကိုု ဒုုစကခမှူးကတဆင့် ပြောခိုုင်းတယ်လိုု့ ဆိုပါတယ်။
“အစိုုးရရဲ့ နောက်ဆုံုးဆုံုးဖြတ်ချက်က သွားခွင့်ပြုလိုုက်ရင်တောင် ဒီနေ့သွားကယ်ထုုတ်ဖို့မဖြစ်နိုုင်တော့ဘူး။ ကာမိုုင်းကနေ စက်လှေနဲ့ အဲဒီကိုုသွားဖိုု့ သုံုးနာရီလောက်ကြာပါတယ်။ တစ်ရက်နှောင့်နှေးသွားရပြီပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ကာမိုုင်းမြို့အုုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုုးရထံမှ ညွှန်ကြားချက်ကိုုတောင်းခံထားပြီး အဲဒီညွှန်ကြားချက်အရ ခွင့်ပြုမှသာ ပိတ်မိပြည်သူတွေကိုု ကယ်ထုုတ်ပေးနိုုင်မယ်လိုု့ သိရပါတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေကိုု သွားရောက်ကယ်ထုုတ်ခေါ်ဆောင်ပေးမယ့် ကေဘီစီဦးဆောင်တဲ့အဖွဲ့အနေနဲ့ လက်ရှိ ပိတ်ပင်ထားမှုကြောင့် ဒီနေ့ညမှာတော့ ကာမိုုင်းမြို့နယ် ကထန်ရွာမှာ ညအိပ်ရတော့မှာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကိုု ကယ်ဆယ်ရေးအဖွဲ့တိုု့ ညပိုုင်းမှာ ဆက်သွယ်ဆွေးနွေးရာမှာတော့ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ မန်ဝယ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်အရေအတွက် အသေးစိတ်နဲ့ ရွာကထွက်လိုုသူအရေအတွက်ကို သွားရောက်ရေတွက်ပြီး အစိုုးရကိုု ပြန်လည်တင်ပြပေးပြီးမှသာ ကယ်ဆယ်ရေးလုုပ်ငန်းကိုု ဆက်လက်ဆောင်ရွက်စေလိုုတယ်လိုု့ ဝန်ကြီးချုပ်က ပြောခဲ့တယ်လိုု့ ဒီနေ့ညမှာ ပြုလုုပ်တဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ တာဝန်ခံတွေက အသိပေးခဲ့ပါတယ်။
“လူသုံုးယောက်ပဲသွားခွင့်ပေးမယ်။ ပြီးတော့စာရင်းကောက်ခိုုင်းတယ်။ ကျွန်တော်တိုု့မှာစာရင်းက ရှိပြီးသားပါ။ ဝန်ကြီးချုပ်နောက်ဆုံုးပြောတာကတော့ တပ်နယ်မြေဖြစ်နေတဲ့အတွက် သူ့အနေနဲ့ဘာမှမတတ်နိုုင်ဘူးဆိုတာပဲ။ အဲဒါကြောင့် ကျွန်တော်တိုု့မနက်ဖြန်ပြန်မယ်။ ပြီးရင်မနောကွင်းမှာ သတင်းစာရှင်းလင်းပွဲလုုပ်မယ်”လိုု့ ကေဘီစီရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဆမ်ဆွမ်က ဒီဗွီဘီကိုု ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ လိုုက်ပါမယ်လိုု့ ပြောခဲ့ပေမယ့် သွားရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဒုုဦးစီးမှူးအဆင့်ရှိသူကိုုသာ ကာမိုုင်းမြို့တွင် စောင့်ဆိုုင်းနေရန် တာဝန်ပေးခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့သွားရောက်မယ့် မန်ဝယ်ရွာမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၆၀ကျော်ရှိနေပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုုင်အေတိုု့အကြား ဖြစ်ပွားနေတဲ့ တိုုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၃၀၀၀နီးပါး ရှိနေပါတယ်။
ကချင်လူငယ်တွေဦးဆောင်တဲ့ သပိတ်စခန်းကတော့ အဲဒီပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံုး လွတ်မြောက်နိုုင်ဖိုု့အတွက် အစိုုးရက အကူအညီပေးရေးကို တောင်းဆိုုနေဆဲဖြစ်ပြီး သပိတ်စခန်းလည်း မြစ်ကြီးနားမြို့နယ်မှာဖွင့်ထားဆဲဖြစ်ပါတယ်။
Credit - DVB