MASIGNALPHA101


Thursday, May 3, 2018






ကျော်စိုးမိုး(ဖျာပုံ)

News Watch

=========


“ဖျာပုံတွင် အသက်​(၄)နှစ်​အရွယ်​ မိန်းက​လေး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွား”᠌᠌᠌

ဖျာပုံမြို့နယ်​၊ အမာမြို့နယ်၊ ဒေါ်ညိမ်​း​ကျေးရွာအုပ်​စု၊ ဗျူး​ချောင်​း​ကျေးရွာတွင် အသက်​(၄)နှစ်​အရွယ်​မိန်းက​လေးငယ်​ သားမယားပြုကျင်​့ခံရ​မှုတခု မေလ ၁ ရက်​​နေ ည​နေ(၃)နာရီ ၃၀ မိနစ်​အချိန်ခန့်က ဖြစ်ပွားခဲ့ကြာင်​း သိရသည်​။

မ — (၄)နှစ်​သည်​ ​နေအိမ်​​ခေါင်​းရင်​းဘက်​ရှိ ​နေအိမ်​ဘက်​မှ ငိုယိုပြန်​လာပြီး ”​သေး​ပေါက်​ချင်​တယ်​၊ နာတယ်​”ဟု ​ပြောသဖြင်​့ မိခင်ဖြစ်​သူမှ မ — ၏ မိန်​းမကိုယ်​အား အခန်​းအတွင်​းသို့​ခေါ်၍ ​ရေ​ဆေး​ပေးရာ အဖြူ​ရောင်​အချွဲ​ရေများ​တွေ့ရပြီး မိန်​းမအင်္ဂါမှာလည်​း ​ရောင်​​နေ​သည်​ကို ​တွေ့ရှိရ၍ ​​မေးမြန်​ရာ ခေါင်​းရင်း​အိမ်​နေ ​ကျော်​သက်​ (၁၇)နှစ်​က နေအိမ်​​သေး​ပေါက်​ခန်​းတွင်​ မ — ၏ လက်​ကိုချုပ်​ပြီး ပက်​လက်​လှန်​၍ သားမယားပြုကျင့်​သည်​ဟု ​ပြောပြကြောင်း သိရသည်။

အရွယ်​မ​ရောက်​သူအား အဓမ္မပြုကျင်​့သူ ​ကျော်​သက်​အား ဥပ​ဒေအရ အ​ရေးယူ​ပေးပါရန်​ လာ​ရောက်​တိုင်​တန်းသဖြင်​့ ​ဒေါ်ညိမ်​းနယ်​​မြေရဲစခန်​းမှ (ပ)၆၀/၂၀၁၈၊ ရာဇသတ်​ ကြီးပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင်​့၍ တရားခံအား ဖမ်​းဆီးစစ်​​ဆေးလျက်​ရှိ​ကြောင်​းသိရသည်​။

ကျော်စိုးမိုး(ဖျာပုံ)

News Watch