MASIGNALPHA101

(၁၄)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ မိုးေကာင္းၿမိဳ႕တြင္း လမ္းခင္းလုပ္သားတစ္ဦး သိန္း(၃၀၀)ဆုေပါက္

(၁၄)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ မိုးေကာင္းၿမိဳ႕တြင္း လမ္းခင္းလုပ္သားတစ္ဦး သိန္း(၃၀၀)ဆုေပါက္
Tuesday, May 1, 2018


မိုးေကာင္း ေမ ၁
ေမလ၁ရက္ေန႔တြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန (၁၄)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ မိုးယံေရႊလမင္းႏွင့္ျမတ္ဆုကုေဋ မိုးေကာင္းၿမိဳ႕ပင္ရင္းထီဆိုင္မွ သိန္း(၃၀၀)ဆု ဆြတ္ခူးခဲ့သူအား ဆုေငြခ်က္ျခင္းထုတ္ေပးခဲ့ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ အုတ္ဖိုၿမိဳ႕နယ္ ဆင္ေခါင္းေက်းရြာအုပ္စု အညာတန္းေက်းရြာေန ဦးမင္းေအာင္(၄၇)ႏွစ္သည္ ျမစ္ႀကီးနား-ေရႊဘို ျပည္ေထာင္စုကားလမ္းမႀကီး
(မိုးေကာင္းၿမိဳ႕တြင္း)လမ္းအဆင့္ျမႇင့္တင္ခင္းက်င္းျခင္းလုပ္ငန္း၌ ေဆာက္လုပ္ေရအထူး(၁)
တြင္ AC ခင္းေခါင္းေဆာင္အျဖစ္တာဝန္ယူ ေဆာင္ရြက္ေနရာမွ မိုးေကာင္းၿမိဳ႕ စည္ပင္သာယာေစ်း ေတာင္ဘက္တိုက္တန္း ေစ်းရံုအမွတ္(၁)၊ဆိုင္ခန္းအမွတ္(၂၉/၃၀)တြင္ ဖြင့္လွစ္ထားသည့္ မိုးယံေရႊလမင္းႏွင့္ျမတ္ဆုကုေဋ ပင္ရင္းထီဆိုင္မွ ငါးေစာင္တြဲထီထိုးခဲ့ရာမွ (ဃ ၃၇၃၇၆၃) နံပတ္ျဖင့္ သိန္း(၃၀၀)ဆု ေပါက္ခဲ့ျခင္းျဖစ္သည္။


“ထီေပါက္တဲ့ သိန္း(၃၀၀)စလံုး အေမကိုလႊဲေပးမွာပါ ရြာမွာလည္းဓမၼာရံုေဆာက္ေနေတာ့ အေမစိတ္ခ်မ္းသာသလို သံုးဘို႔အကုန္လႊဲေပးလိုက္မွာပါ” ဟု ကံထူး႐ွင္ ဦးမင္းေအာင္က ေျပာၾကားခဲ့သည္။
“က်ေနာ့္ဆိုင္က သိန္း(၃၀၀)ဆုေပါက္တယ္ဆိုတာကို မိုးယံေရႊလမင္းႏွင့္ျမတ္ဆုကုေဋ မႏၲေလးပင္ရင္းဆိုင္က ဖုန္းနဲ႔အေၾကာင္းၾကားေပးတာပါ ထီေပါက္တဲ့ကာယကံ႐ွင္က ထုတ္ယူမယ္ဆိုရင္ ေငြခ်က္ျခင္းလႊဲေပးလိုက္ပါမယ္ဆိုလို႔ ေငြလႊဲေရာက္တာနဲ႔ ခ်က္ျခင္းထုတ္ေပးလိုက္တာပါ မိုးေကာင္းၿမိဳ႕မွာ သိန္း(၃၀၀)ဆုမဲႀကီး ပထမဆံုးအႀကိမ္ေပါက္တာပါ” ဟု မိုးေကာင္းၿမိဳ႕ မိုးယံေရႊလမင္းႏွင့္ျမတ္ဆုကုေဋ ပင္ရင္းထီဆိုင္ပိုင္႐ွင္ ကိုေဇာ္ဝမ္းမွ ႐ွင္းလင္းေျပာၾကားၿပီး ကံထူး႐ွင္ ဦးမင္းေအာင္အား သိန္း(၃၀၀)အား လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

Credit: ဝင္းႏိုင္ ကခ်င္ေျမ
မိုးေကာင္းသတင္းမီဒီယာမွတဆင့္ေဖာ္ျပသည္။

==========



Unicode

မိုးကောင်း မေ ၁
မေလ၁ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာန (၁၄)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ မိုးကောင်းမြို့ပင်ရင်းထီဆိုင်မှ သိန်း(၃၀၀)ဆု ဆွတ်ခူးခဲ့သူအား ဆုငွေချက်ခြင်းထုတ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဆင်ခေါင်းကျေးရွာအုပ်စု အညာတန်းကျေးရွာနေ ဦးမင်းအောင်(၄၇)နှစ်သည် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမကြီး
(မိုးကောင်းမြို့တွင်း)လမ်းအဆင့်မြှင့်တင်ခင်းကျင်းခြင်းလုပ်ငန်း၌ ဆောက်လုပ်ရေအထူး(၁)
တွင် AC ခင်းခေါင်းဆောင်အဖြစ်တာဝန်ယူ ဆောင်ရွက်နေရာမှ မိုးကောင်းမြို့ စည်ပင်သာယာစျေး တောင်ဘက်တိုက်တန်း စျေးရုံအမှတ်(၁)၊ဆိုင်ခန်းအမှတ်(၂၉/၃၀)တွင် ဖွင့်လှစ်ထားသည့် မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ပင်ရင်းထီဆိုင်မှ ငါးစောင်တွဲထီထိုးခဲ့ရာမှ (ဃ ၃၇၃၇၆၃) နံပတ်ဖြင့် သိန်း(၃၀၀)ဆု ပေါက်ခဲ့ခြင်းဖြစ်သည်။

“ထီပေါက်တဲ့ သိန်း(၃၀၀)စလုံး အမေကိုလွှဲပေးမှာပါ ရွာမှာလည်းဓမ္မာရုံဆောက်နေတော့ အမေစိတ်ချမ်းသာသလို သုံးဘို့အကုန်လွှဲပေးလိုက်မှာပါ” ဟု ကံထူးရှင် ဦးမင်းအောင်က ပြောကြားခဲ့သည်။
“ကျနော့်ဆိုင်က သိန်း(၃၀၀)ဆုပေါက်တယ်ဆိုတာကို မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ မန္တလေးပင်ရင်းဆိုင်က ဖုန်းနဲ့အကြောင်းကြားပေးတာပါ ထီပေါက်တဲ့ကာယကံရှင်က ထုတ်ယူမယ်ဆိုရင် ငွေချက်ခြင်းလွှဲပေးလိုက်ပါမယ်ဆိုလို့ ငွေလွှဲရောက်တာနဲ့ ချက်ခြင်းထုတ်ပေးလိုက်တာပါ မိုးကောင်းမြို့မှာ သိန်း(၃၀၀)ဆုမဲကြီး ပထမဆုံးအကြိမ်ပေါက်တာပါ” ဟု မိုးကောင်းမြို့ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ပင်ရင်းထီဆိုင်ပိုင်ရှင် ကိုဇော်ဝမ်းမှ ရှင်းလင်းပြောကြားပြီး ကံထူးရှင် ဦးမင်းအောင်အား သိန်း(၃၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Credit: ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာမှတဆင့်ဖော်ပြသည်။