MASIGNALPHA101

မနက္ျဖန္ ေမလ ၂ရက္ေန႔မွာ မုန္တုိင္းငယ္ က်ေရာက္ႏုိင္တယ္လို ့ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထား

မနက္ျဖန္ ေမလ ၂ရက္ေန႔မွာ မုန္တုိင္းငယ္ က်ေရာက္ႏုိင္တယ္လို ့ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထား
Tuesday, May 1, 2018


မနက္ျဖန္ ေမလ ၂ရက္ေန႔မွာ မုန္တုိင္းငယ္ က်ေရာက္ႏုိင္တယ္လို ့ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္ အားလံုးသတိရွိၾကပါ

မနက္ျဖန္ ေမလ ၂ရက္ေန႔မွာ မုန္တုိင္းငယ္ က်ေရာက္ႏုိင္တာေၾကာင့္ ျမစ္၀ကၽြန္းေပၚေဒသေတြမွာ မုိးမ်ားႏုိင္တယ္ လို႔ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။မုတၱမပင္လယ္ေကြ႕နဲ႔ ျမစ္၀ကၽြန္းေပၚေဒသေတြကို ၀င္ေရာက္ႏုိင္ၿပီး တစ္နာရီကို မိုင္ ၃၀ ေက်ာ္နဲ႔ ေလတုိက္ႏုိင္ တဲ့အတြက္ သတိထားဖုိ႔လုိတယ္လို႔ မုိးေလ၀သနဲ႔ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မုိးဦးက ေျပာပါတယ္။

“ကပၸလီပင္လယ္ျပင္မွာ ျဖစ္ေနတဲ႔အရွိန္ေၾကာင့္ သူ႔ရဲ႕ေလလွည့္ပတ္အားက တအားႀကီးမေကာင္းဘူး။ မေကာင္းတဲ့အတြက္ေၾကာင့္မုိ႔လို႔ ေလဖိအားနည္းရပ္၀န္းကေန မုန္တုိင္းငယ္အျဖစ္ ေရာက္သြားႏုိင္ တယ္ေပါ့။ ဒါေပမဲ့ မုန္တုိင္းငယ္အဆင့္မေရာက္ဘူးဆုိရင္လည္း အားေကာင္းတဲ႔ ေလဖိအားနည္းရပ္၀န္း အဆင့္နဲ႔ ကမ္းျဖတ္သြားႏုိင္တဲ့အတြက္ေၾကာင့္မုိ႔လို႔ ဒီကမ္းျဖတ္တဲ႔အခ်ိန္မွာေတာ့ တစ္နာရီကို မုိင္ ၃၀ ေက်ာ္နဲ႔ တုိက္ခတ္ႏုိင္တာျဖစ္လုိ႔ ဒါေတြကို ႀကိဳၿပီးျပင္ဆင္ထားဖို႔ လိုပါတယ္။ ဒီေန႔တြက္ထုတ္တဲ႔ သခ်ၤာေမာ္ဒယ္ျပဳ အေျခအေနေတြအရဆုိရင္ေတာ့ မုတၱမပင္လယ္ေကြ႔နဲ႔ သူနဲ႔ဆက္စပ္ေနတဲ့ေဒသေတြ ကို ဦးတည္ေနတယ္ေပါ့ေနာ္။ ၂ ရက္ေန႔မွာေတာ့ ျဖတ္သြားႏုိင္တဲ႔ အေနထားေလးရွိတယ္ေပါ့ေနာ္။”

ျမစ္၀ကၽြန္းေပၚေဒသေတြျဖစ္တဲ့ ဧရာ၀တီတုိင္း၊ ရန္ကုန္တုိင္း ၊ ပဲခူးတုိင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ တနသၤာရီတုိင္းေတြမွာ မိုးမ်ားႏုိင္တယ္လို႔ု ဆိုပါတယ္။ဒ့ါအျပင္ စစ္ကိုင္း၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ေနျပည္ေတာ္၊ မႏၱေလးစတဲ႔ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာလည္း မုိးရြာႏုိင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ျမစ္၀ကၽြန္းေပၚ၊ မုတၱမပင္လယ္ေကြ႕၊ မြန္-တနသၤာရီ ကမ္းရိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္ေတြမွာ မုိးသက္ေလျပင္းေတြက်ႏုိင္ၿပီး လိႈင္းႀကီးႏုိင္တဲ့အျပင္ မုိးသက္ေလျပင္းက်ေနတဲ႔အခ်ိန္မွာ ေရျပင္၊ ေျမျပင္ေလဟာ တနာရီကို ၃၅ မုိင္အထိ တုိက္ခတ္ႏုိင္တယ္လုိ႔လည္း ထုတ္ျပန္ထားပါတယ္။

Credit - RFA Burmese

=========


Unicode

မနက်ဖြန် မေလ ၂ရက်နေ့မှာ မုန်တိုင်းငယ် ကျရောက်နိုင်တယ်လို ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ် အားလုံးသတိရှိကြပါ

မနက်ဖြန် မေလ ၂ရက်နေ့မှာ မုန်တိုင်းငယ် ကျရောက်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးများနိုင်တယ် လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။မုတ္တမပင်လယ်ကွေ့နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို ၀င်ရောက်နိုင်ပြီး တစ်နာရီကို မိုင် ၃၀ ကျော်နဲ့ လေတိုက်နိုင် တဲ့အတွက် သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့အရှိန်ကြောင့် သူ့ရဲ့လေလှည့်ပတ်အားက တအားကြီးမကောင်းဘူး။ မကောင်းတဲ့အတွက်ကြောင့်မို့လို့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် ရောက်သွားနိုင် တယ်ပေါ့။ ဒါပေမဲ့ မုန်တိုင်းငယ်အဆင့်မရောက်ဘူးဆိုရင်လည်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဆင့်နဲ့ ကမ်းဖြတ်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီကမ်းဖြတ်တဲ့အချိန်မှာတော့ တစ်နာရီကို မိုင် ၃၀ ကျော်နဲ့ တိုက်ခတ်နိုင်တာဖြစ်လို့ ဒါတွေကို ကြိုပြီးပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီနေ့တွက်ထုတ်တဲ့ သချင်္ာမော်ဒယ်ပြု အခြေအနေတွေအရဆိုရင်တော့ မုတ္တမပင်လယ်ကွေ့နဲ့ သူနဲ့ဆက်စပ်နေတဲ့ဒေသတွေ ကို ဦးတည်နေတယ်ပေါ့နော်။ ၂ ရက်နေ့မှာတော့ ဖြတ်သွားနိုင်တဲ့ အနေထားလေးရှိတယ်ပေါ့နော်။”

မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးများနိုင်တယ်လို့ု ဆိုပါတယ်။ဒ့ါအပြင် စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ နေပြည်တော်၊ မန္တလေးစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေကျနိုင်ပြီး လှိုင်းကြီးနိုင်တဲ့အပြင် မိုးသက်လေပြင်းကျနေတဲ့အချိန်မှာ ရေပြင်၊ မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Credit - RFA Burmese