MASIGNALPHA101
မိန်းကလေးများ ဆေးမသုံးဘဲ ရင်သား ကြီးထွားလှပစေမည့် လေ့ကျင့်ခန်းများ
မိန်းကလေးများ ဆေးမသုံးဘဲ ရင်သား ကြီးထွားလှပစေမည့် လေ့ကျင့်ခန်းများ
Thursday, May 3, 2018
__________________________________________
=========
Unicode
ရင်သားလှလှ ကြီးထွားလာချင်လား?။ အမျိုးသမီးအတွင်းခံဖြန့်ချိ ရောင်းချသူ တွေရဲ့ အဆိုအရ ၁၉၈၃ ခုနှစ်လောက်တုန်းက အမျိုးသမီးတွေရဲ့ အတွင်းခံ အင်္ကျီဆိုဒ် က 34B ကနေ ရုတ်တရက်ဆိုသလို 34DD ကို ကြီးထွားလာပါတယ်။ ဒါဟာ အမျိုးသမီး တွေ ရုတ်တရက် ရင်သားကြီးထွားလာတယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ ရွေးချယ်မှု ပုံစံ ပြောင်းသွားတာပါ။ အခုနောက်ပိုင်း ရင်သားကြီးတာဟာ အလှတရား တစ်ခုလို ဖြစ်လာပါတယ်။ ဒီတော့ ရင်သားကြီးအောင်လုပ်မှာလား ဘရာအထူကြီးတွေပဲ ဝတ်ဆင်မှာလားဆို တာတော့ ရွေးချယ်ရမှာပါ။
ဒီတော့ ရင်သားကြီးစေတဲ့ ကိုယ်နေဟန်ထားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
၁.. ကိုယ်နေဟန်ထား မှန်အောင်လေ့ကျင့်ပါ။ ခေါင်းကိုမတ်မတ်ထား၊ ပခုံးကိုမြှင့်ပြီး ကျောရိုး တစ်ဖြောင့် တည်း လမ်းလျှောက်ပါ။ လက်ပြင်မကုန်းပါနဲ့။ ဒီလမ်းလျှောက် ဟန်က ရင်သားကြီးတယ် လို့ထင်ရစေပြီး ပိုပိန်၊ ပိုသွယ်သွားတယ်လို့ ထင်ရပါတယ်။
၂.. ခါးသွယ်အောင်လုပ်ပါ။ ခါးလေ့ကျင့်ခန်းလုပ်တဲ့အတွက် ဗိုက်နဲ့ နံရိုးတစ်လျှောက်က ကြွက်သွားတွေ က တောင့်တင်းသွားပြီး ရင်သားကို ထောက်ကူ ထားသလိုဖြစ်နေစေတဲ့အတွက် ရင်သားကြီးက ခါးသွယ်သွားတဲ့အတွက် ရင်သား တွဲကျခြင်းမဖြစ်ပါဘူး။ ဒါဟာ ရင်သားမှာ တစ်သျှူးအပိုထပ်ထည့်စရာ မလိုဘဲ ကြီးတယ် လို့ထင်ရစေတဲ့နည်းပါ။
၃.. အတွင်းခံဆိုဒ်ကိုသေချာတိုင်းပါ။ မိန်းကလေးအများစုက ကိုယ့်အတွင်းခံဆိုဒ် အမှန်ကို သေချာ မတိုင်း ကြပါဘူး။ ဆိုဒ်မှန်တဲ့ အတွင်းခံအင်္ကျီမှသာ ရင်သားတစ်သျှူး တွေကို ပုံစံမှန်ပူးကပ်နေစေ ပြီး အောက်ခြေကနေ ပင့်တင်ထားနိုင်မှာပါ။
၄.. လည်ပင်းဆိုဒ်အမှန်နဲ့ အင်္ကျီကိုသာဝတ်ပါ။ လည်ပင်းနဲ့ ရင်အုပ်ပိုင်း ပွနေတဲ့ အင်္ကျီမျိုး မဝတ်ပါနဲ့။ လည်ပင်းဆိုဒ်မှန်မှသာ အင်္ကျီက ခန္ဓာကိုယ်နဲ့အတိဖြစ်ပြီး ရင်သားအပိုင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။
ဓါတုဆေးဝါးအချို့မှီဝဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တာမို့ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အင်္ကျီတွေ ရွေးချယ်ဖို့ကို အထူးဂရုစိုက်လိုက်မယ်ဆိုရင် အန္တရာယ်ကင်းတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။
__________________________________________
Ref: Wiki How | ထက်ဆု | From: Trend Myanmar