MASIGNALPHA101


Thursday, May 17, 2018


===============================================
May 17, 2018


ဖြစ်စဉ်မှာ မ——–အသက် ၁၈ နှစ် သည် နေအိမ်မှ ရွာ၏မြောက်ဘက်(၅)ဖာလုံခန့် အကွာ မြောက်စမ်းပြင်တဲတိုက်ရှိ ဦးလေးဖြစ်သူ ဦးခိုင်ဆင့် အသက်၄၃နှစ်၏ နေအိမ်တဲတိုက်သို့ အလည်သွားရောက်ရာ ရွာမြောက်ပိုင်းရှိ ဒေါ်မြဝင်းကြည်၏ အိမ်ရှေ့အရောက်တွင် ဌေးအောင် အသက် ၂၂နှစ်( ဘ) ဦးမြင့်ဆွေ လေးထန်းပင်တဲတိုက်/လေးတိုင်စင်ကျေးရွာအုပ်စု ၊မြို့သစ်မြို့နယ်နေသူသည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာပြီး မ———-အနားအရောက် မ———၏ပါးစပ်အားပိတ်ပြီး ရွာအရှေ့ဘက်ရှိတစ်ရွာတည်း နေဦးကျော်ဝေ၏ ယာကွက်ထဲသို့ ဆွဲခေါ်သွားပြီး မ———–အား တွန်းလှဲကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခြဲပီး ၄င်းနေထိုင်ရာ လေးထန်းပင်တဲတိုက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍မ——မှ၎င်းအား အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဌေးအောင်အား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် မြို့သစ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရခြင်း အမှုမှ အလိုမတူ အဓမ္မပြုကျင့်ခဲ့သူ ဌေးအောင်အား အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ရေး ၄င်းထွက်ပြေးသွားသည့်နေရာများသို့ အဆက်မပြတ် လိုက်လံထောက်လှမ်းရှာဖွေခဲ့ရာ ၄င်းအား နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


MMPost

==========

Unicode

မကွေးတွင် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲအဓမ္မပြုကျင့်မှုဖြစ်ပွား
===============================================
May 17, 2018

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအုပ်စု၊လေးတိုင်စင်ကျေးရွာအနီး မေလ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မ——–အသက် ၁၈ နှစ် သည် နေအိမ်မှ ရွာ၏မြောက်ဘက်(၅)ဖာလုံခန့် အကွာ မြောက်စမ်းပြင်တဲတိုက်ရှိ ဦးလေးဖြစ်သူ ဦးခိုင်ဆင့် အသက်၄၃နှစ်၏ နေအိမ်တဲတိုက်သို့ အလည်သွားရောက်ရာ ရွာမြောက်ပိုင်းရှိ ဒေါ်မြဝင်းကြည်၏ အိမ်ရှေ့အရောက်တွင် ဌေးအောင် အသက် ၂၂နှစ်( ဘ) ဦးမြင့်ဆွေ လေးထန်းပင်တဲတိုက်/လေးတိုင်စင်ကျေးရွာအုပ်စု ၊မြို့သစ်မြို့နယ်နေသူသည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာပြီး မ———-အနားအရောက် မ———၏ပါးစပ်အားပိတ်ပြီး ရွာအရှေ့ဘက်ရှိတစ်ရွာတည်း နေဦးကျော်ဝေ၏ ယာကွက်ထဲသို့ ဆွဲခေါ်သွားပြီး မ———–အား တွန်းလဲှကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခြဲပီး ၎င်းနေထိုင်ရာ လေးထန်းပင်တဲတိုက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍မ——မှ၎င်းအား အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဌေးအောင်အား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် မြို့သစ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရခြင်း အမှုမှ အလိုမတူ အဓမ္မပြုကျင့်ခဲ့သူ ဌေးအောင်အား အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ရေး ၎င်းထွက်ပြေးသွားသည့်နေရာများသို့ အဆက်မပြတ် လိုက်လံထောက်လှမ်းရှာဖွေခဲ့ရာ ၎င်းအား နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍မ——က ဌေးအောင်အား ဥပဒေအရအရေးယူပေးပါရန် မေလ ၁၆ ရက်နေ့နံနက် ၅ နာရီ မိနစ်၄၀အချိန် မြို့သစ်ရဲစခန်းသို့ သတင်းပေးတိုင်တန်းသဖြင့် မြို့သစ်ရဲစခန်းမှ (ပ)၁၈၆/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ဒုရဲမှူးဝင်းနိုင်က စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MMPost