MASIGNALPHA101

မိုင္း ၂ ၾကိမ္ခြဲခံရတဲ့ ျမစ္ၾကီးနား-မန္း ရထားလမ္းမွာ မုိင္းထပ္ကြဲ

မိုင္း ၂ ၾကိမ္ခြဲခံရတဲ့ ျမစ္ၾကီးနား-မန္း ရထားလမ္းမွာ မုိင္းထပ္ကြဲ
Wednesday, May 16, 2018


ျမစ္ၾကီးနား၊ ေမ ၁၆

ယမန္ေန႔ညက မုိင္း ၂ၾကိမ္ခြဲခံရမႈျဖစ္စဥ္ေၾကာင့္ မိုင္းရွင္း ရထားတစ္စီးထိခိုက္ျပီး လမ္းပိုင္းပိတ္ဆို႔ေနတဲ့ ျမစ္ၾကီးနား-မႏၱေလး လမ္းပိုင္းမွာ ခန္႔မွန္းအခ်ိန္ အခုေန႔လည္ပိုင္းေလာက္က ေနာက္တစ္ၾကိမ္ မုိင္းေဖာက္ခြဲဖ်က္ဆီးခံရလို႔ သံလမ္းနဲ႔ဇလီဖားတံုးအခ်ိဳ႕ပ်က္စီးသြားတယ္လို႔ ျမစ္ၾကီးနားဘူတာရံုကေနသိရပါတယ္။



အခုတစ္ၾကိမ္မိုင္းခြဲခံရတဲ့ ေနရာကေတာ့ မိုးေကာင္းဘူတာနဲ႔ ထိုပူးဘူတာအၾကား မုိင္တိုင္ ၆၆၅ တံတား ျဖစ္တယ္လုိ႔ ျမစ္ၾကီးနားဘူတာရံုမွာရွိတဲ့ တာ၀န္ရွိသူတစ္ဦးက ေပၚျပဴလာနယူးစ္ကိုေျပာပါတယ္။

ယမန္ေန႔ညက မိုင္းခြဲဖ်က္ဆီးခံခဲ့ရတဲ့ ေနရာေတြကေတာ့ မိုးေကာင္း-ထိုပူးအၾကား မိုင္တုိင္ ၆၆၂ တံတား နဲ႔ မရမ္းနဲ႔ နမၼတီးအၾကား မုိင္တုိင္ ၆၉၆ - မုိင္တိုင္ ၆၉၅ အၾကားျဖစ္ပါတယ္။



အစုန္မုိင္းရွင္းရထားဟာ အဆိုပါ မုိင္တိုင္ ၆၉၆ နဲ႔ ၆၉၅ အၾကားမွာ မုိင္းခြဲတိုက္ခိုက္ခံရျပီး တံတားအမွတ္ ၆၈၁ အေရာက္မွာ လမ္းေခ်ာ္တိမ္းေစာင္းခဲ့ကာ ျမစ္ၾကိးနား-မႏၱေလးမီးရထားလမ္းပိုင္းဟာ လက္ရွိပိတ္ဆို႔ေနလ်က္ရွိပါတယ္။

ဒီကေန႔ ထြက္ရွိမယ့္ အဆိုပါလိမ္းပိုင္းက ရထားခရီးစဥ္ေတြအားလံုးကိုဖ်က္သိမ္းျပီးေရာင္းခ်ထားျပီးတဲ့လက္မွတ္ခေတြကိုျပန္အမ္းထားပါတယ္။

မိုင္းခြဲခံရတဲ့ အစုန္မိုင္းရွင္းရထားကို သြားေရာက္ ဆြဲယူတဲ့ ျမစ္ၾကီးနားက ကရိန္ရထားဟာ မနက္ ၈ နာရီခြဲေလာက္မွာ ျမစ္ၾကီးနားက ထြက္ခြာသြားခဲ့ပါတယ္။

AF - 178
Photo - KLSoeSoe
PN



==========

Unicode

မြစ်ကြီးနား၊ မေ ၁၆

ယမန်နေ့ညက မိုင်း ၂ကြိမ်ခွဲခံရမှုဖြစ်စဉ်ကြောင့် မိုင်းရှင်း ရထားတစ်စီးထိခိုက်ပြီး လမ်းပိုင်းပိတ်ဆို့နေတဲ့ မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ ခန့်မှန်းအချိန် အခုနေ့လည်ပိုင်းလောက်က နောက်တစ်ကြိမ် မိုင်းဖောက်ခွဲဖျက်ဆီးခံရလို့ သံလမ်းနဲ့ဇလီဖားတုံးအချို့ပျက်စီးသွားတယ်လို့ မြစ်ကြီးနားဘူတာရုံကနေသိရပါတယ်။

အခုတစ်ကြိမ်မိုင်းခွဲခံရတဲ့ နေရာကတော့ မိုးကောင်းဘူတာနဲ့ ထိုပူးဘူတာအကြား မိုင်တိုင် ၆၆၅ တံတား ဖြစ်တယ်လို့ မြစ်ကြီးနားဘူတာရုံမှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ယမန်နေ့ညက မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ နေရာတွေကတော့ မိုးကောင်း-ထိုပူးအကြား မိုင်တိုင် ၆၆၂ တံတား နဲ့ မရမ်းနဲ့ နမ္မတီးအကြား မိုင်တိုင် ၆၉၆ - မိုင်တိုင် ၆၉၅ အကြားဖြစ်ပါတယ်။

အစုန်မိုင်းရှင်းရထားဟာ အဆိုပါ မိုင်တိုင် ၆၉၆ နဲ့ ၆၉၅ အကြားမှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး တံတားအမှတ် ၆၈၁ အရောက်မှာ လမ်းချော်တိမ်းစောင်းခဲ့ကာ မြစ်ကြိးနား-မန္တလေးမီးရထားလမ်းပိုင်းဟာ လက်ရှိပိတ်ဆို့နေလျက်ရှိပါတယ်။

ဒီကနေ့ ထွက်ရှိမယ့် အဆိုပါလိမ်းပိုင်းက ရထားခရီးစဉ်တွေအားလုံးကိုဖျက်သိမ်းပြီးရောင်းချထားပြီးတဲ့လက်မှတ်ခတွေကိုပြန်အမ်းထားပါတယ်။

မိုင်းခွဲခံရတဲ့ အစုန်မိုင်းရှင်းရထားကို သွားရောက် ဆွဲယူတဲ့ မြစ်ကြီးနားက ကရိန်ရထားဟာ မနက် ၈ နာရီခွဲလောက်မှာ မြစ်ကြီးနားက ထွက်ခွာသွားခဲ့ပါတယ်။

AF - 178
Photo - KLSoeSoe
PN