MASIGNALPHA101

၉ တန်းကျောင်းသူလေးတယောက် အသတ်ခံရ၊ ထွက်ပြေးနေသော တရားခံအား ပုံနှင့်တကွ ဖော်ပြပါသည်

 ၉ တန်းကျောင်းသူလေးတယောက် အသတ်ခံရ၊ ထွက်ပြေးနေသော တရားခံအား ပုံနှင့်တကွ ဖော်ပြပါသည်
Tuesday, May 1, 2018


"မိုးနဲမြို့ မှ ၉တန်းကျောင်းသူလေးတယောက် အသတ်ခံရခြင်း၊ ထွက်ပြေးနေသော တရားခံအား ပုံနှင့်တကွ ဖော်ပြပါသည်"

အထက ကျောင်းမှ နဝမတန်း(ခ) ကျောင်းသူလေး အဖြူအစိမ်းလေး နဲ့  လူမဆန်စွာ ရက်ရက်စက်စက် ဓားဖြင့်ခုတ်သွားတဲ့အဖြစ်အပျက်ပါ။



ဥယျာဉ် ရပ် ၊သစ်တောဦးစီးဌာနရုံးရှေ့  (၁၂)နာရီခွဲ အချိန် ကျောင်းသူလေး မနန်းဖွေလောဝ် (၁၄)နှစ် (ဘ) စိုင်းရီထွန်း လွိုင်မြေရပ်ကွက်နေ သူ အား စိုင်းခေးဆိုင် (၁၆)နှစ် (ဘ) လုံးစိုင်းလွိုင်မြေ ရပ်ကွက် နေသူမှ အသွား (၁၁)လက္မ၊ အရိုး(၁၅)လက္မရှိ ဓါးဦးချွန်ဖြင့် ခုတ်ပြီး ထွက်ပြေး။ ရက်စက်ပါပေ့ဗျာ ဘယ်လိုရန်ငြိုးများ ရှိပါလိမ့်။


မနန်းဖွေးလောဝ်မှာဖြင့် ယာဘက်ဂျိုစောင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနဖူးစပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ပေါင် ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ယာဘက် လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသော ဒဏ်ရာတွေနဲ့ ပဲ မိုးနဲမြို့ ဆေးရုံမှာ နေ့ လည် (၂)နာရီ (၂၀)မိနစ် အချိန်တွင် သေဆုံးသွားခဲ့။

မိုးနဲ မြို့ မ စခန်းမှ တိုင်တန်းချက်ဖွင့်လာတော့ (ပ)၁၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီ မောင်စိုင်းခေးဆိုင် ထွက်ပြေးနေဆဲ
ရဲတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးနိုင်ရေး ပိတ်ဆို့ ရှာဖွေရပြီ။



မိဘတွေလည်း ပူပင်သောကတွေနဲ့  ကြားရသူ တွေလည်း စိတ်မကောင်းကြီးစွာနဲ့  ရက်စက်လွန်းသူ တစ်ယောက်ကြောင့် ပန်းလေးတစ်ပွင့် အကြွေ စောခဲ့ရရှာပြီး။ ကောင်းရာဘုံဘဝရောက်ရှိပါစေ။

[email protected]လူ ရွှင် တော်