MASIGNALPHA101

ချစ်သူ G FATT ဆီကနေ အမြတ်တနိုး တန်ဖိုးထားတဲ့ အရာလေး လက်ဆောင်ရလိုက်တဲ့ နန်းဆု

ချစ်သူ G FATT ဆီကနေ အမြတ်တနိုး တန်ဖိုးထားတဲ့ အရာလေး လက်ဆောင်ရလိုက်တဲ့ နန်းဆု
Saturday, April 7, 2018


လူမှုကွန်ရက်မှာ လက်တလော အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိထားတဲ့ ဆယ်လီစုံတွဲဆိုရင်တော့ နန်းစုရတီစိုးနဲ့ Gfatt တို့ စုံတွဲပါပဲ။နှစ်ယောက်သား Official တွဲနေကြောင်း အလင်းပြထားသလို အင်တာဗျုးတွေမှာ တစ်ယောက်အကြောင်းတစ်ယောက် ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားလာတာကိုတွေ့ရမှာပါ။

ဆယ်ကျော်သက်လေးတစ်ယောက်လို အရွယ်တင်နုပျိုလန်းဆန်းနေတတ်တဲ့ သရုပ်ဆောင်မင်းသမီးချော နန်းစုရတီစိုးကတော့ ချစ်သူဖြစ်တဲ့ Gfatt ကြောင့် အမြဲတမ်းလိုလို စိတ်ချမ်းသာနေတာမို့ ပရိသတ်တွေအားကျနေရပါတယ်။
လက်တလောမှာလည်း ချစ်စရာကောင်းတဲ့ နန်းစုတစ်ယောက် သူမရဲ့ ချစ်သူ ဆီက ပိတောက်ပန်းတွေအများကြီး လက်ဆောင်ရခဲ့တာမို့ ပျော်ရွှင်နေပုံကို သူမရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ရေးသားထားပါတယ်။

“မနက်အစောကြီးထဲက ပိတောက်ပန်းတွေလာပို့ပေးသွားတာ အပင်ပေါ်တက်ချိုးခဲ့တာတဲ့အကိုင်းလိုက်တွေ မနှစ်ကမရလို့ကောက်ထားတာကို ဒီနှစ် လာရွဲ့သလားအောက်မေ့ရတယ် ယူရယ်
By the way thank u so much I love them a lot” ဆိုပြီး ပုံလေးနဲ့အတူ တင်ထားပါတယ်။

သူတို့နှစ်ယောက်ဟာ ရှိုးပွဲတွေနဲ့ ခရီးတွေအတူတူထွက်ပြီး စိတ်တူကိုယ်တူနဲ့ပျော်ပျော်နေတတ်တဲ့ စုံတွဲမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားပါတယ်။

နန်းစုကတော့ ပန်းတောက်ပန်းတွေနဲ့အပြိုင် သဘာဝအတိုင်း လှနေတာမို့ သူမရဲ့ ပုံလေးတွေကြည့်ရင်း သဘောကျမယ်လို့မျှော်လင့်ပါတယ်။