MASIGNALPHA101

ဘင်္ဂါလီတွေကို နိုင်ငံသားမဖြစ်စေရေး ကန့်သတ်ထားသည့် Code အား သမ္မတကြီးဦးဝင်မြင့် စတင်တာဝန် ထမ်းဆောင်ချိန်မှာပင် သမ္မတအမိန့်ဖြင့် ပါယ်ဖျက်လိုက်ပြီ

ဘင်္ဂါလီတွေကို နိုင်ငံသားမဖြစ်စေရေး ကန့်သတ်ထားသည့် Code အား သမ္မတကြီးဦးဝင်မြင့် စတင်တာဝန် ထမ်းဆောင်ချိန်မှာပင် သမ္မတအမိန့်ဖြင့် ပါယ်ဖျက်လိုက်ပြီ
Sunday, April 8, 2018

ယနေ့ထုတ်သတင်းစာထဲမှာပါလာတဲ့ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်းချက်ကို သမ္မတကြီးဦးဝင်းမြင့် တာဝန်စတင်ထမ်းဆောင်ချိန်မှာပဲ ၎င်းလက်မှတ်ဖြင့် ပြောင်းလဲထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

Whereas it is enacted by section 9,
Regulation VII, 1832, of the bengal code, that ဆိုတဲ့ 1832စည်းမျဉ်းဥပဒေ ၇၊ ဘင်္ဂလား ပုဒ်မ၉၊ ပြဌာန်းခဲ့ စာသားအစား Whereas there is a principle thatဆိုပြီး ပြောင်းလိုက်တယ် …

ကြေညာချက်ထဲက bengal code ဆိုတာကရော ဘာကို ရည်ညွှန်းချင်တာလဲ ဥပဒေသဘောအရေးအသားမို့လို့ သာမန်အနေနဲ့ နားမလည်နိုင်ဘူး …

ဘာကြောင့်ပြည်သူကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြခြင်းမရှိဘဲ မိမိသဘောအတိုင်း ပြောင်းလဲရတာလဲ … ?

#ဒါဟာ ဥပဒေကို လက်တလုံးခြားလှည့်ပြီး ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်သွားအောင် လုပ်မယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးဇာတ်ခွဲခြားထားခြင်းမျိုး မရှိပါဘဲ ဘယ်အမျိုးအနွယ်ရဲ့ ဇတ်ကို ပယ်မှာဖျက်မှာလဲ။

အကြောင်းကိစ္စ တစ်ခုရှိလို့သာ ပြင်ဆင်ခြင်းဖြစ်ပါတယ်။

ကျန်ပါတီ(၁၀၀)ကျော်ကကော မကန့်ကွက် ကျဘူးလား။

အမျိုးဇာတ်ပျက်ယွင်းခြင်းဥပဒေဆိုတာ မိန်းမတယောက်က ဗုဒ္ဓဘာသာဆိုပါတော့ ဘာသာခြား လူမျိုးခြားနဲ့အိမ်ထောင်ပြုလျှင် ဒီဥပဒေအရ အကျုံးဝင်၍ မြန်မာဓလေ့ထုံးတမ်းစဉ်လာ အကျိုးခံစားခွင့် မရရှိမှာ ဖြစ်ပါတယ်။

ဒါကိုရှောင်လို့ရအောင်နဲ့ နိုင်ငံမှာမိဘတွေရှိမယ် တစ်ခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ သားသမီးမြေးမြစ်တွေက အကျိုးခံစားခွင့်ရမယ်။
ဒါကြောင့်မို့ သူတို့ဟာနိုင်ငံသားဆိုတာ အလိုလိုဖော်ပြပြီးသား ဖြစ်သွားအောင် ခေါင်းစဉ်လှလှသုံး၍ ပြည်သူကို နားလှည့်ပါးရိုက် လုပ်လိုက်ခြင်းပင်ဖြစ်သည်။

အခုရခိုင်မှာက နေထိုင်ခြင်းမရှိသူတွေကို ပြန်ဝင်ခွင့်မပေးဘူး။
ဒီဥပဒေ ပြဌာန်းလိုက်ပြီဆိုတော့ ဘင်္ဂလားဒေ့ရှ်က (၇)သောင်းဆိုတဲ့ ဘင်္ဂါလီဆိုသူတွေဟာ “ရခိုင်မှာနေထိုင်တဲ့သူတွေရဲ့ သားသမီး/မြေးမြစ် တွေဖြစ်ကြောင်း၊ ဒီဥပဒေအရ အကျိုးခံစားခွင့်ရှိကြောင်း ” ပြောလာမည်ဆိုရင်တော့(ပြောကိုပြောမှာပါ ဘာကြောင့်လဲဆိုတော့ ဒီလိုပြင်ရခြင်း ရည်ရွယ်ချက်ကလည်း ဒါကြောင့်ပါပဲ … NLDပါတီ ဥပဒေအကြံပေး ဦးကိုနီမသေခင်ကလည်း ၁၉၈၂ဥပဒေကို ပြင်မှရမယ်ဆိုပြီး ဂိုက်လိုင်းပေးပြီးသားလေ)။

#ဦးသိန်းစိန်အစိုးရမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့တယ်။

NLDအစိုးရဖြစ်ဖြစ်ခြင်းမှာ နယ်စပ်တစ်လျှောက် ကားလမ်းပေါ်က ဝါးတားဂိတ်တွေကို ကုန်စည်စီးဆင်းတာ ကြန့်ကြာတယ် အခွန် အကောက်တွေများတယ်ဆိုပြီး ပြည်သူတွေအတွက်လုပ်သလိုနဲ့ ဂိတ်တွေ ဖျက်သိမ်း ခိုင်းခဲ့တယ်။

#လုံခြုံရေးဥပဒေတွေဖျက်သိမ်းတယ်။

# ခြံစည်းရိုးတည်ဆောက်မှုတွေ ဘက်ဂျက်ကြောင့်ဆိုပြီး လျော့ချတယ်။ နိုင်ငံထဲမှာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရအောင် ဧည့်စာရင်းဥပဒေဖျက်တယ်။ လူ့အခွင့်အရေး အကြောင်းပြပြီး နောက်ယောင်ခံရင် ထောင်(၅)ဆိုတဲ့ဥပဒေပြဌာန်းခဲ့လို့ ရဲတောင်မှ မသင်္ကာသူကို နောင်ယောင်ခံမလိုက်ရတော့ဘူး။

* ဥပမာ၅၉(စ)ဆိုပါတော့*
- နိုင်ငံခြားသားနဲ့ လက်ထပ်ထားရင် ခံစားခွင့်မရှိစေရဆိုတာမျိုး
သတ်မှတ်ထားတယ်။
- ဟိန္ဒူမှာပဲ ဇာတ်နိမ့်/ဇာတ်မြင့်ရှိတာပါ။
- ဘာသာခြား လူမျိုးခြားကိုယူရင် အမျိုးဇာတ်ပျက်တာပဲလေ။
ဒါကို ဦးဝင်းမြင့်လက်ထက်မှာ ပြင်လိုက်ပြီဆိုတော့

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDအစိုးရဟာ ဘာကို ဦးတည်လုပ်ဆောင်နေပြီလဲဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေရပါပြီ။

- ဒီလိုအခြေခံဥပဒေပါ ဥပဒေတွေကိုသမ္မတ တစ်ယောက်ထဲရဲ့
သဘောဆန္ဒနဲ့ ပယ်ဖျက်/ ပြုပြင်/ အစားထိုးလို့ ရပါသလား ?
- လွှတ်တော်တွေ ဥပဒေပြုခြင်းဆိုင်ရာ အာဏာဆိုတာ
တွေကရော ဘယ်မှာလဲ … ?

ဘာလို့ ငြိမ်နေကျတာလဲ …
ကျန်ပါတီတွေကကော မကန့်ကွက်ကျဘူးလား ?

ဘင်္ဂလားဘက်က ၀င်လာမည့် (၇)သောင်းဆိုတဲ့အားဟာ ရခိုင်ပြည် ကုလားဒိန် နစ်မဲ့အရေးပါ။

နားလည်သူတွေ ၀ိုင်းဝန်းလုပ်ဆောင် ပေးကျပါ။

Min Chit Oo

Photo- Win Bo