MASIGNALPHA101

အသက်လေးကဖြင့် လူမဖြစ်သေး လူမရှိတဲ့ လမ်းအစုံမှာ အတွင်းခံတွေ ပလူပျံနေတာ

အသက်လေးကဖြင့် လူမဖြစ်သေး လူမရှိတဲ့ လမ်းအစုံမှာ အတွင်းခံတွေ ပလူပျံနေတာ
Sunday, April 29, 2018


အသက်လေးကဖြင့် လူမဖြစ်သေး လူမရှိတဲ့ လမ်းအစုံမှာ ပလူပျံနေတာ

ရေးဖို့အာရုံတော့ သိပ်မရှိဘူး

ဒါပေမယ့် ရေးမှရတော့မယ်အခြေနေ

အမေပြောသလိုပဲ အော် ခေါတ်အခါအခြေနေရ လွှတ်ပေးထားကြတာတဲ့

ဟုတ်ပြီဗျာ လွှတ်လည်းလွှတ်ပေါ့ ပွဲလမ်းသဘင်ရှိရှိမရှိရှိ

ထားဝယ်မှာ ညရောက်ပြီဆို ဂေါက်ကွင်းလမ်း လမ်းမသစ် ရထားလမ်း

ဟာဗျာ လူမရှိတဲ့ လမ်းအစုံ ပလူပျံနေတာ ဘာတွေထင်လဲ

စုံတွဲတွေဗျ စုံတွဲတွေ

ဒီစုံတွဲဆိုတာတွေလည်း ကြည့်အုံး အသက်လေးကဖြင့် လူမဖြစ်သေး မိန်းကလေးဆို လည်း အချစ်ဆိုတာ နားမလည်

ယောကျားလေးဆိုတာကလည်း မိဘမှာလက်ဖြန့်တောင်းနေတုန်း

ဘာအလုပ်အကိုင်လုပ်ဖို့မှ လူရာမဝင်

လူမလေးခွေးမခန့်ပုံ

အဲ ဒီလူမလေးခွေးမခန့် သာပြောတာ လုပ်နေကြတာက အိမ်က အမေဖေ အိပ်ခါနီး လို အတုခိုးနေကြတာ

ဒီ အရွယ်မှာ အချစ်ဆိုတာ အထိတွေ့လောက်ပဲ ထင်ကြတာလေ

သူနဲ့ထိရင် မီးထပွင့်တယ် တဒိန်းဒိန်းခုန်တယ် ဘာညာပေါ့ဗျာ

ဒီနှာခေါင်းတွေ မီးပွင့် လူမရှိသူမရှိ လမ်းတွေသွား

ခြုံတွေတိုး ဒချိကြနဲ့ ပြသနာက ????????

တီ တီ တီ တီ တီ (ဖုန်းမြည်သံ)

Hello

“ဟန်ကျော်ဇောရေ ဟန်ကျော်ဇော ”

“အေးပြော ”

“အရေးကြီးနေတယ်ကွ ငါ့ ညီမ ပြသနာတက်နေတယ်

နင် လမ်းမသစ်ဘက်လိုက်လာ ”

“အေအေ” လို့ ထူးနေတုန်း ဖုန်းချလိုက်တယ်

အင်းးးး လူရှင်း လူပြတ်တဲ့နေရာမှာ ပြသနာတက်တယ်ဆိုတော့

ကိုယ်တွေကလည်း နီးရာ ဓါးဆွဲ လိုက်ချသွားတယ်

ဟိုရောက်တော့မှ အဖြစ်ပျက်က ဒီလို

ဒီလမ်းမသစ် မီးရထား သံလမ်းနား ချိန်းနေတုန်း

လူလေးယောက် ဝင်လာပြီး ယောကျားကို ဓါးနဲ့ လိုက်ခုတ်တော့

ဟိုက ကြောက်လန့်တကြား ပြေးနေတုန်း

ကျန်ခဲ့တဲ့ မိန်းကလေးကို ဆံပင်ကို ဆွဲ တွန်းလှဲပြီး

ပိုက်ဆံနဲ့ ဖုန်း လုသွားတာတဲ့

ဆိုင်ကယ်ကတော့ သော့ရှာမတွေ့လို့ ထားခဲ့တာတဲ့

ဒီချိန်မှာ မှ အူးရဲကြီးတွေ ပေါက်ချလာတာ

ဆံပင်လောက်ပဲဆွဲလို့နော ကျန်တဲ့နေရာပါ ဆွဲသွားရင် ဒွတ်ခ

ထားတော့ နောက်ပိုင်း ကိစ္စ

ဒီအမှု ဖြစ်ပြီး နောက်ထပ် တစ်ပတ်တောင်မကြာဘူး

ထပ်ဖြစ်ပြန်တယ် ဒါတောင် အမှုမဖွင့်မတိုင်ကြားတဲ့ လုယက်မှုတွေ ရှိသေး

ဒီလို ခဏခဏ ဖြစ်တာတွေက များလာလို့ ရိုးတောင်ရိုးသွားသလို ဖြစ်လာတယ်

ထားဝယ်အခြေနေက ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလို

ဒီလို ဖြစ်နေတာတွေကို လူတွေကတော့ အပြစ်တင်ပါလိမ့်မယ်

လုံခြုံရေး ရဲတွေ ညံ့လို့ဘာညာ

ကဲမေးမယ် လုံခြုံရေး ညံ့တယ်ပြောနေရအောင် ဒီမိမဆုံးမ ဖမဆုံးမလေးတွေက လုံခြုံတဲ့နေရာ ချိန်းနေကြတာလား ဟေ

ချိန်းနေတာတွေ့လို့ မိလို့ ရဲတွေ သတိပေးဆင်းပြောတာတောင်
မကျေမနပ်နဲ့ ပြန်ပြောကြသေးသဗျ

ပြန်ပြောဖို့ အားရှိမှာပေါ့ ၁၅၀၀တဏှာမီးက လောင်နေကြပြီကိုး
အေလေ သူ့ရာသီဆို ခွေးတောင် ခံကိုက်တတ်သေးတာပဲ

ဒီတော့ ရတဲ့ ခြုံနား ဒချိ ကြတုန်း လာတဲ့လူဆို ရန်သူလိုမြင်ကြတာ

အိမ်ကပေးတဲ့ မုန့်ဖိုးကလည်း အဆင့်ရှိရှိ ဟိုတယ်မပြောနဲ့
တည်းခိုခန်း ခလေးတောင် မရတာ

အလုပ်မရှိအကိုင်မရှိ အားကိုးစရာကြီးတွေလေ

မိန်းကလေးတွေကလည်း ဒီအဆင့်မရှိဟာတွေကို မွန်လာရင် အားကိုးစိတ်နဲ့ အိုးကားချင်ကား ပြဲချင်ပြဲ မသိတော့ဘူး

ဘဲနောက် #ထိုင်လိုက်ရမယ်ဆို အရှေ့ကငတိက ဆေးကြောင်နေမှန်းမသိ သောက်ပေါမှန်းမသိ ဖင်ထဲလောက်ဝင်နေ

သလို ဆိုင်ကယ်ကို ဖင်လိမ်စီး အမြန်စီး အနောက်ကမွှန်နေတဲ့ ဆော်က တဟီးဟီးနဲ့လိုက် ခါးကို အသေဖက်

ဒုန်းးးးးးးးးးဆိုင်ကယ်လည်း မှောက်ရော တိုက်ရော

ကျိုးကြ ကန်းကြ နောက်ဆုံး မိဖကကု စားတုန်း က ငတိကောင်

#မေဖေကိုသနားရမှန်းလည်း မသိတော့ဘူး မွှန်ကြတာ ဒါကတစ်ပိုင်း

ဒီငတိတွေ ခေါ်ရာဆို မှောင်ချင်မှောင် မဲချင်မဲ အချစ်တွေ သက်သေပြမယ်ဘာညာ

တစ်ခုတော့ ပြောပြချင်တယ် သိလား

#ဖာတောင် ဒီလို လမ်းဘေးမှာ မဒချိဘူး နေရာ ဂျက်ကာလေး သေချာမှ ဒချိတာ

အခုတော့ဘယ်နှယ် ဒီ #တဏှာရူးတွေ တော်သလင်းခွေးထက်တောင်စည်ကားနေတာ မမြင်ချင်အဆုံး လူပြတ်လမ်းတွေမှာ

ဒီလို မွှန်နေကြသ၍တော့ ဖြစ်လာပါအုံးမယ် လူသတ်မှု မုဒိန်းမှု လုယက်မှုတွေ

အေး ဖြစ်ပြီးရင်တော့ ရဲတွေကို ခင်ဗျားတို့ လုံခြုံရေး ညံ့လို့ တရားခံမမိတာ ခင်ဗျားတို့ ညံ့လို့ မလုပ်ကြနဲ့ သိလား

ရဲမပြောနဲ့ ဒင်းတို့လေးမိဖတွေတောင် ကိုယ့်သားသမီးနောက် အချိန်တိုင်း လိုက်ကြည့်နိုင်လို့လား စဉ်းစား

ကိုယ့်တဏှာမီး ဒါဏ်ကိုယ်ခံကြပေါ့ကွယ်

ကျွန်တော် ဒီစကားတွေကိုလက်လွတ်စပယ် ပြောနေတယ် ထင်လား

အောက်ကပုံတွေကြည့်

ဒုတိယလုယက်မှုတုန်းက ခြုံထဲ ဆိုင်ကယ်ဆင်းဆွဲရင်း တွေ့လို့ ရိုက်လာတာတွေ ဒီလောက် အခြေနေဆိုး ပျက်စီးနေကြ

တာ မိဘတွေမသိတာလား ပြောမနိုင်တော့တာလားလို့ တွေး ရင်းးးးးးး

သမီးရှင်လေးတွေလည်း ပုံတွေကြည့်ပြီး Sharကြပါ

သားရှင်လေးတွေလည်း သားကို ဆုံးမထားပါ မအောင့်နိုင်တဲ့အဆုံး

ဒချိချင်ရင် အဆင့်ရှိရှိ ဟိုတယ်တို့ တည်းခိုးခန်းတို့မှာ ဒချိပါလို့

လုစားခံရပြီး သတ်သွားမှာစိုးလို့ပါ ရှင်းတယ်ဟုတ်

တောက် ဒီအတွင်းခံလေးတွေ မြင်ရင်

ငယ်ငယ်က ရှစ်တန်း ကျောင်းသားဘွကို အရမ်း သတိရတယ်ဗျာ

အဲ ငယ်ဘွကို သတိရတယ်ဆိုတော့

ကျွန်တော် ငယ်ငယ်က ဒချိလာတယ်လို့တော့ မထင်လိုက်

အထင်မကြီးလိုက်ကြပါနက်

ရှစ်တန်းဆို ကျွန်တော်တို့ လူပျိုပေါက်အရွယ်

စိတ်က မရိုးမယွ ရှိုးလေးဘာလေး ထုတ်တတ်တဲ့အရွယ်

မိန်းမမြင် တထောင်ထောင်နက်

အကျီ ကော်လံ ပြောပါတယ် ကော်လံလေးထောင်

ဆံပင်လေးထောင်ပြီး ရှိုးထုတ်တာ အာအာ့

ဒီအရွယ်မှာ ယောကျား တိုင်း မဝတ်စဖူး

အတွင်းခံလေး တွေ စဝတ်ကြရတယ် မဝတ်လို့လည်းမရ

တန်းးလန်း တန်းလန်း နဲ့ ခွေးလိုက်ဆွဲမှာကိုးးးး

ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်က

အစအနောက် တော်တော်သန်တာ

ကျောင်းမတက်ခင်ဆို ဟိုလုံခြည် ဆွဲချွတ် ဒီလုံခြည်ဆွဲချွတ်

ဒီလို လက်က ကမြင်းတာ

ပြောရင်းဆိုရင်း ငမောင်ဆိုတဲ့ကောင်

B အခန်းက ဆော်ရှိုးရင်း ကျွန်တော်တို့ ရှေ့လည်း ရောက်ရော

နဘေးက ကောင်က ထပြီးလုံခြည် လိုက်ဆွဲချွတ်တာ

အားးးလားးးးးလားးးး

မြင်လိုက်ကြရတဲ့ အရောင်

ဟယ် ပန်းးးးးရောင်လေးးးး သူဝတ်လာတာ ပန်းရောင်လေး

အရှေ့ ခါးကြိုးမှာတောင် ပန်းပွင့်လေးပါသေး

ကြောင်ကြည့်နေတုန်းမှာပဲ

ငမောင်ဆိုတဲ့ကောင်က ရှက်ရမ်း ရမ်းပြီး လိုက်ထိုးတာ

ပတ်ပြေးကြဖူးတယ်ဗျာ

အော် သူလည်း ဝတ်စရာ မရှိလို့ သူ့အစ်မဟာ ကောက်ဆွဲဝတ်လာတာနေမှာဗျာ ဆိုးတာက ပန်းပွင့်လေး ဖြုတ်ထားရင် ညာ

ရွီးလို့ရသေးတာ အခုတော့

(ဒီကောင် ရှက်ပြီး ကျောင်းတပတ်မလာတော့ဘူး )

အခုလည်း ဒီဘောင်းဘီတွေက ဆော်တွေဟာ မဟုတ်ရင်

ငတိလေးတွေများ မရှိလို့ ရတာဝတ်လာပြီး ပစ်ထားခဲ့တာများလား?

အထီးပဲဝတ်ဝတ် အမပဲဝတ်ဝတ်

ကဲကဲ Under ware ပိုင်ရှင်လေးတွေကို ပြန်လာယူဖို့

မန်းရှင်းခေါ်ကြ

ဖျင်အေးအေး လေတဖြူးဖြူးနက် သွားနေကြမှာစိုးလို့ ဟီးဟီးးးး

Credit:ဟန် ကျော် ဇော