MASIGNALPHA101

စိုင်းဆိုင်မောဝ်အတွက် ကျပ်သိန်း ၃၀၀ ကူညီ ပေးအပ်လိုက်တဲ့ မိသားစု

စိုင်းဆိုင်မောဝ်အတွက် ကျပ်သိန်း ၃၀၀ ကူညီ ပေးအပ်လိုက်တဲ့ မိသားစု
Thursday, April 12, 2018


ရေးသားဖော်ပြခဲ့သည်။











The Ladies News


==========


Unicode

ကျောက်ကပ်ဝေဒနာခံစားနေရသည့် ရှမ်းအမျိုးသားအဆိုတော်စိုင်းဆိုင်မောဝ်အတွက် ဆေးကုသမှုများပြုလုပ် နိုင်ရန် စင်ကာပူနိုင်ငံတွင် နေထိုင်သည့် မြန်မာမိသားစု တစ်ခုက မြန်မာငွေကျပ်သိန်း ၃၀၀ ကို ကူညီပေးအပ်ခဲ့ကြောင်း စိုင်းဆိုင်မောဝ်က ၄င်း၏ Facebook တွင်
ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ကျပ်သိန်း ၃၀၀ ကို ကိုကျော်ကျော်မိုး ကိုမြတ်သူတို ့မှ တဆင့် အိမ်တိုင်ရာရောက် လာရောက်ပေးအပ်သွားခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အမြန်ဆုံးကုသမည်ဖြစ်ကြောင်း အလှူရှင် မိသားစုကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းတို ့ကို စိုင်းဆိုင်မောဝ်ကရေးသားခဲ့ကာ အလှူရှင်မိသားစု၏ ဓါတ်ပုံများ လာရောက်ပေးအပ်သူများ၏ပုံများကိုတင်ကာ ပရိသတ်များကို အသိပေးခဲ့သည်။

စိုင်းဆိုင်မောဝ်၏ Facebook တွင်

” စင်္ကာပူနိုင်​ငံ​နေ ဦးကိုကိုထူးနှင့်ဇနီး​ဒေါ်စန္ဒာ​အောင်​
သား မင်​းသီဟထူး သမီး မဆုသီရိထူး မိသားစုတို့မှ
​တေးသံရှင်​စိုင်​းဆိုင်​​မောဝ်​ အားကျမ်​းမာ​ရေးကုသရန်​အတွက်​ မြန်​မာ​ငွေ သိန်​းသုံးရာကျပ်​ကို ကို​ကျော်​​ကျော်​မိုး
ကိုမြတ်​သူတို့မှတဆင်​့ အိမ်​တိုင်​ရာ​ရောက်​လာ​ရောက်​ကူညီ​ပေးအပ်​သွားပါသည်​…

​ကျေးဇူးအထူးပင်​တင်​ရှိပါ​ကြောင်​း

နတ်​လူသာဓု​ခေါ်​စေ​သောဝ်​…

ထို​ငွေများကိုစိုင်​းဆိုင်​​မောဝ်​​ကျောက်​ကပ်​​ရောဂါအားမှန်​​ပြောင်​းအသုံးပြု​လေဆာဖြင်​့ကုသသည်​့နည်​းဖြင်​့ စင်္ကာပူနိုင်​ငံတွင်​အမြန်​ဆုံးကုသမည်​ဖြစ်​ပါ​ကြောင်​း ပရိတ်​သတ်​များအားအသိ​ပေးအပ်​ပါသည်​…

စိုင်​းဆိုင်​​မောဝ်​မိသားစု ”

ဟု ရေးသားဖော်ပြခဲ့သည်။

The Ladies News