MASIGNALPHA101

သမီးလေးနန်းဆိုင်လူ၏ ရင်သားအား သီပေါဆေးရုံကြီး၌ အောင်မြင်စွာ ခွဲစိတ်နိင်ခဲ့

သမီးလေးနန်းဆိုင်လူ၏ ရင်သားအား သီပေါဆေးရုံကြီး၌ အောင်မြင်စွာ ခွဲစိတ်နိင်ခဲ့
Monday, April 9, 2018


ဧပြီ ၉ သီပေါ







==========








Unicode

ဧပြီ ၉ သီပေါ

သီပေါမြို့အတွက်ဂုဏ်ယူစရာပါ

မိုင်းရယ်မြို့နယ် မိုင်းဟုန်းကျေးရွာနေ သမီးလေးနန်းဆိုင်လူ၏(ရင်သားကြီးထွားမှုရောဂါ)အား သီပေါမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာခွဲစိတ်နိင်ခဲ့ပါသည်

ခွဲစိတ်မှုအား(၉.၄.၁၈)နံနက် (၀၉:၁၀)မိနစ်ခန့်အချိန်စတင်ခွဲစိတ်ခဲ့ပြီးညနေ(၄:၁၅)မိနစ်ဝန်းကျင်တွင် ခွဲစိတ်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်..ခွဲစိတ်ချိန်(၇)နာရီကျော်ကျော်ခန့်ကြာမြင့်ခဲ့သည်

ခွဲစိတ်မှုတွင် သီပေါမြို့ မြို့နယ်ဆရာဝန်ကြီးဒေါက်တာနန္ဒဝင်းနှင့်ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာနိုင်နိုင်ထွန်း/မေ့ဆေးဆရာဝန်ဒေါက်တာသီတာဝင်း/အရိုးအထူးကုဆရာဝန်ကြီးဒေါက်တာကိုလေးဝင်းနှင့်ဆရာဆရာမမျ ားသက်ဆိုင်ရာဝန်ထမ်းမျ ားနှင့်ဝိုင်းဝန်းကူညီပေးခဲ့ကြပါသည်

” ဒီ(Operation)ကတော့ သီပေါမြို့ပြည်သူ့ဆေးရုံကြီးအတွက်အကြီးမားဆုံးခွဲစိတ်မှုပါ”ရင်သားထဲမှာ လိမ္မော်သီးလောက်ရှိတဲ့ ရေအိတ်တွေ/အကြိတ်တွေအများကြီးပဲ” “ပြီးတော့ ဒဏ်ပေါ့နော်..သမီးလေးသွားလာတဲ့အချိန်/ရေချိုးတဲ့အချိန်မာထိထားတဲ့အတွင်းဒဏ်ရာတွေပေါ့”

“လမ်းလျှောက်မယ်ဆိုရင် အဲဒီရင်သားကြီးကို လက်နှစ်ဖက်နဲ့တွန်းတွန်းပြီးသွားရတာ”..”ခုတော့ သမီးလေးလဲ ပေါ့ပေါ့ပါးပါးနဲ့သွားလို့ရပီ”..”အားလုံးပဲ သမီးလေးအတွက်ဆုမွန်ကောင်းတောင်းပေးကြပြီး ဆုတောင်းမေတ္တာပို့ပေးခဲ့ကြလို့ ခုလို အခက်အခဲတွေအားလုံးကျော်လွှားနိင်ခဲ့ပါပြီ”..” သမီးလေးရဲ့ကျန်းမာရေးအခြေနေကလဲကောင်းပါတယ်””ဒီအတွက်လဲဝမ်းသာမိပါတယ်..”..

ဒီခွဲစိတ်မှုမှာပါဝင်ခဲ့တဲ့ ဆရာ/ဆရာမတွေအားလုံး/သမီးလေးခုလိုရောက်ရှိလာဖို့အဖက်ဖက်ကနေဝိုင်းဝန်းကူညီပေးကြသူများအားလုံး/သွေးအလှူရှင်များအားလုံး/သမီးလေးအတွက်ဝိုင်းဝန်းဆုတောင်းပေးကြသောပြည်သူများအားလုံးကို ကျေးဇူးတင်ပါတယ်”ဟုမြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒဝင်းမှ (HsipawNews)သို့ပြောကြားခဲ့သည်

Axsai(HsipawNews)