MASIGNALPHA101

သာသနာ့ရိပ်​သာသည်​ ဖာရုံမဟုတ်​ပါ

သာသနာ့ရိပ်​သာသည်​ ဖာရုံမဟုတ်​ပါ
Friday, April 13, 2018



သမီး​လေး​ရေ

သမီး​လေး​ရေ
တရားထူးတရားမြတ်​ကို
တရားအားထုတ်​မှ ရတာ ။

သမီး​လေးတို့ ​ယောဂီ​တွေ





လူလို့သာ​ခေါ်ရတာ
စိတ်​ဓာတ်​က


မိဘစကားနား​ထောင်​တဲ့

သမီး​လေး​ရေ
သာသနာ့ရိပ်​သာပါ ။

စိုင်း သူ ရ

========



Unicode

စကားလုံးက ရင်​့တယ်​၊ ရိုင်​းတယ်​ ။
ရင်​့မှ ရိုင်​းမှ တန်​ကာကျမယ်​ထင်​လို့ပါ ။

သမီး​လေး​ရေ
မိမဆုံးမ ဖမဆုံးမ​လေး​ရေ
သမီးက တရားစခန်​းဝင်​တာကွဲ့ ။
ဖာသည်​ရုံ သွားတာမဟုတ်​ဘူး ။

သမီး​လေး​ရေ
တရားထူးတရားမြတ်​ကို
အလှူဒါနပြုလုပ်​ရုံနဲ့မရဘူး ။
တရားအားထုတ်​မှ ရတာ ။

သမီး​လေးတို့ ​ယောဂီ​တွေ
တရားဘာဝနာ​အေး​ဆေးအားထုတ်​လို့ရ​အောင်​
အလှူရှင်​မျိုးစုံက လှူဒါန်​းကြတယ်​ ။

သမီး​လေး ဆယ်​လီဖြစ်​ဖို့
​ယောဂီဝတ်​စုံကြီး​တွေနဲ့ မလုပ်​ပါနဲ့ကွယ်​ ။
အမျိုးကိုတန်​ဖိုးထားပါ ။
ဘာသာ သာသနာကိုတန်​ဖိုးထားပါ ။

ဆန္ဒကို သိက္ခာနဲ့ထိန်​းပါ ။

ရွပိုးထိုးချင်​တယ်​ဆိုရင်​လည်​း
သာမန်​အဝတ်​အစား ရွပိုးထိုးပါ ။

ဆယ်​လီဖြစ်​ချင်​တယ်​ဆိုရင်​လည်​း
အဝတ်​အစားမပါတဲ့ပုံ​တွေတင်​ပါ
အဝတ်​အစားမပါဘဲ live လွှင်​့ပါ ။

လူလို့သာ​ခေါ်ရတာ
စိတ်​ဓာတ်​က
အချို့ တိရစ္ဆာန်​​တွေ​လောက်​​တောင်​မမြင်​့ကြဘူး ။

လုပ်​သင်​့၏ မလုပ်​သင်​့၏ ဆိုတာ​လောက်​​တောင်​
သမီး​လေး မ​တွေးမိဘူးလားကွယ်​ ။

ဘာသာ သာသနာကို တန်​ဖိုးထားတဲ့
မိဘစကားနား​ထောင်​တဲ့
သမီး​အလိမ္မာ​လေးဆိုရင်​
ယခုလိုမလုပ်​ဘူးလို့ ထင်​ပါတယ်​ ။

သမီး​လေး​ရေ
​ရွှေမင်​းဝံဆိုတာ ဖာရုံမဟုတ်​ဘူးကွဲ့ ။
သာသနာ့ရိပ်​သာပါ ။

စိုင်း သူ ရ