MASIGNALPHA101

သာလွန်​အင်​အားနဲ့မို့ အသက်​​တွေ​ပေးလိုက်​ရတဲ့ တံတားညီ​နောင်​ဖြစ်​စဉ်

သာလွန်​အင်​အားနဲ့မို့ အသက်​​တွေ​ပေးလိုက်​ရတဲ့ တံတားညီ​နောင်​ဖြစ်​စဉ်
Saturday, April 7, 2018

မ​နေ့က ဖြစ်​စဉ်
တံတားညီ​နောင်​ ဖြစ်​စဉ်​က
မနက်​ ၅ ခွဲမှာ ဖြစ်​တာ

ကားလမ်း​ဘေး
ရွာထဲမှာ လမ်းကင်းယူရင်း
စခန်းချ​နေတဲ့ ​ရွှေဘ စစ်​သည်​​တွေကို
ရွာသားဒလန်​ ​တွေ အပါအဝင်
အင်​အား ၃၀၀ ​လောက်​ ရှိတဲ့
Kia က ဝိုင်းပိတ်​တာ

ရွာထဲမှာ ဖြစ်​တာ​နော်

Kia က ​ကောင်​​ဒေက
အရပ်​သား ထိခိုက်​မှာ​ဒေ
ဘာ​ဒေ နားမလည်​ပု
သူတို့ ပိုင်​ပီဆို ပိုင်​တဲ့​နေရာ
ဝင်​တွယ်​သွားတာ

ဟိုဘက်​ ဒီဘက်
အတင်းပစ်​ရင်းခတ်​ရင်း
လက်​နက်​ချ လက်​နက်​ချ ဆိုပီး
Kia ​ကောင်​​ဒေ
အတင်းတက်​လာတာတဲ့ဗျ

ရွှေဘ ​သွေး မနည်းပါဘူး
လုံးဝ အသားကုန်​ခံပစ်​တာ
ဆုတ်​လမ်းလည်း မရှိဘူး
အင်​အား ၃၀၀ ​ကျော်​ပိတ်​ထား​တော့
ဘယ်​လိုမှ ထွက်​မရပု
အဘ​လေး အပါအဝင်
၅ ဦးကျဆုံးပီး
များစွာ ဒဏ်​ရာရတယ်
တ​ယောက်​ပဲ အ​ကောင်းအတိုင်းကျန်​တာ

ရန်​သူ ၃၀၀ ​လောက်
လှုပ်​​နေတာ​တောင်​ သတင်းမ​ပေါ်တာကလည်း
ဆိုးသွားတာဗျ


လေယာဉ်​က ​နေ့လည်​ ၁ နာရီမှာ လာတယ်
ခြေလျင်​စစ်​ကူက ​နေ့လည်​ မှ ​ရောက်​တယ်
လမ်းပိတ်​​နေလို့တဲ့
အေးပါကွာ

ကားလမ်း​ဘေးကြီးမှာ​တောင်
စစ်​ကူ က အချိန်​မှီ မ​ရောက်​​တော့
ဘယ်​သူ့ကို ဘာ​ပြောရမှန်းကို မသိ​တော့ဘူး

မိမိ လူ ၂၀ ​ကျော်​​လေးနဲ့
ရန်​သူ အင်​အား၃၀၀​ကျော်​ကို
နံနက်​ ၇ နာရီ အထိ
အ​သေခံတိုက်​သွားတာတဲ့

Kia က ​တော့
လမ်း​လျှောက်​နိုင်​တဲ့
ရွှေဘ ၆ ဦးကို ဖမ်းသွားတယ်​ ​ပြောတယ်​ဗျ

ဒဏ်​ရာရ လမ်းမ​လျှောက်​နိုင်​တဲ့သူ​ဒေကို​တော့ ထားခဲ့ပုံပဲ
သတ်​ခဲ့ပုံ မရပု

ဘယ်​လိုပဲ ဖြစ်​ဖြစ်
တပ်​မ​တော်​ရဲ့ စစ်​​ရေးဂုဏ်​သိက္ခာ အများကြီး
ထိခိုက်​ပါတယ်
ပိတ်​မိ​နေတဲ့
မိမိလူ​တွေကို​ တန်း ဆွဲမထုတ်​နိုင်​တာ​ဒေလည်း
အ​ဖြေရှာ သင့်​​နေပီဗျာ

#ရဲသီဟ