MASIGNALPHA101

မီးရိႈ႕ၿပီးအသတ္ခံရသည့္ အမ်ိဳးသမီးမွာ အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳက်င့္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းေပၚေပါက္

မီးရိႈ႕ၿပီးအသတ္ခံရသည့္ အမ်ိဳးသမီးမွာ အမ်ိဳးသားႏွစ္ဦးက အဓမၼျပဳက်င့္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းေပၚေပါက္
Tuesday, April 10, 2018


ပဲခူးတိုင္းေဒသႀကီး ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလယာဥ္ကြင္းဝန္းအတြင္း ဧၿပီလ ၆ ရက္က မီးရိႈ႕ၿပီးအသတ္ခံထားရသည့္ အမ်ိဳးသမီးႏွင့္ပတ္သက္ၿပီး တရားခံႏွစ္ဦးကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏သတင္းထုတ္ျပန္ခ်က္မွ သိရသည္။

အဆိုပါ ေသဆံုးသူအမ်ိဳးသမီးမွာ နန္းေတာ္ရာရပ္ကြက္ေန မစန္းစန္ေမာ္ ၃၅ ႏွစ္ျဖစ္ၿပီး ေလယာဥ္ေျပးလမ္း ေဖာက္လုပ္ရန္ သတ္မွတ္ထားသည့္ေနရာ မေလးရွားပိေတာက္ပင္အနီးတြင္ ဝဲရင္အုံ ေအာက္၊ ယာရင္အုံေအာက္၊ ေက်ာအလယ္၊ ယာေပါင္ထိုးသြင္း ဒဏ္ရာ၊ မ်က္ႏွာ/လည္ပင္း မီးပူေလာင္ ဒဏ္ရာမ်ားျဖင့္ အသတ္ခံရျခင္းျဖစ္သည္။စစ္ေဆးခ်က္မ်ားအရ ေသဆံုးသူ မစန္းစန္ေမာ္မွာ အိမ္ေထာင္သံုးဆက္ေလာက္ကြဲဖူးသူ တစ္ခုလပ္ဟုသိရၿပီး ရွင္းေဆာင္းအထည္စက္ရံုမွ အလုပ္သမတစ္ဦးျဖစ္ေၾကာင္းလည္း စံုစမ္းခ်က္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ စပ္ဆက္သတင္းမ်ားအရ ရွင္းေဆာင္းအထည္ခ်ဳပ္စက္ရံုမွ သူမႏွင့္ပတ္သက္သူမ်ားကို စစ္ေဆးရာ အခင္းမျဖစ္မီ လြန္ခဲ့ေသာ (၃)လခန္႔က အထည္ခ်ဳပ္စက္႐ုံမွ ယာဥ္ေမာင္းမ်ားျဖစ္ၾကေသာ ျပည့္စုံ (ခ)ၿဖိဳးေဝႏွင့္ ခ်စ္ႀကိဳက္ခဲ့ၿပီးေနာက္ အခင္းမျဖစ္မီ ၁ လ အလိုကလည္း ေျပာင္ႀကီး (ခ)မင္းကိုသက္(ခ)ပိုင္ၿငိမ္းခ်မ္းႏွင့္ ထပ္မံခ်စ္ ႀကိဳက္ခဲ့ေၾကာင္း သိရွိရသည္။ ထို႔ေၾကာင့္ ဆက္လက္စံုစမ္းရာ ဧၿပီလ၇ ရက္ ည ၈း၃၀နာရီ အခ်ိန္တြင္ ရွင္ေဆာင္းအထည္ခ်ဳပ္စက္႐ုံ အနီးတြင္ မသကၤာတရားခံ ျပည့္စုံ(ခ)ၿဖိဳးေဝ(၂၇)ႏွစ္ႏွင့္ ေျပာင္ႀကီး(ခ)မင္းကိုသက္(ခ)ပိုင္ၿငိမ္းခ်မ္းတို႔(၂)ဦးအား ေတြ႕ရွိသျဖင့္ ေခၚေဆာင္စစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ ျပည့္စုံ ႏွင့္ ေျပာင္ႀကီးတို႔သည္ ဧၿပီလ၅ ရက္ ညေန ၄း၃၀နာရီ အခ်ိန္ခန္႔တြင္ ၎တို႔ ေမာင္းႏွင္ေသာ ဖယ္ရီကားေပၚတြင္ အရက္ေသာက္စားၾကရင္း မစန္းစန္းေမာ္ကို သားမယားျပဳက်င့္၍ သတ္ရန္ေျပာဆိုတိုင္ပင္ၾကစဥ္ မစန္းစန္ေမာ္ကေျပာင္ႀကီးကို လာေခၚရန္ ဖုန္းဆက္ခဲ့သည္ဟု သိရသည္။

ထို႔ေနာက္ ေျပာင္ႀကီးက မစန္းစန္းေမာ္အား ဆိုင္ကယ္ျဖင့္ သနပ္ပင္လမ္း၊ မာဃဆီဆိုင္မေရာက္ခင္ ဖယ္ရီ ကားရပ္ထားခဲ့သည့္ေနရာသို႔ ေခၚေဆာင္လာေၾကာင္း၊ ကားေပၚေရာက္ေသာအခါ ေျပာင္ႀကီးက ျပည့္စုံ အား ဖုန္းဆက္ၿပီး လာရန္ေျပာဆိုခဲ့သျဖင့္ ျပည္စုံမွ ဆိုင္ကယ္ျဖင့္ ေျပာင္ႀကီး ရပ္ထားသည့္ ဖယ္ရီကားသို႔ သြားေရာက္ခဲ့သည္ဟု သိရသည္။ အဆိုပါေနရာသို႔ ေရာက္ေသာအခါ ေျပာင္ႀကီးႏွင့္ မစန္းစန္းေမာ္တို႔ကို ေတြ႕ရာမွ တိုင္ပင္ထားသည့္အတိုင္းေျပာင္ႀကီးက မစန္းစန္းေမာ္အား ကား၏ အလယ္ခုံတန္း ေအာက္တြင္ အရင္အဓမၼျပဳက်င့္ခဲ့ၿပီးမွ ျပည့္စုံမွ ၎တို႔ အနီးသို႔ သြားေရာက္၍ ၾကည့္ရႈၿပီး

မစန္းစန္းေမာ္ကိုအဓမၼထပ္မံျပဳက်င့္ခဲ့ရာ မွ “လာၾကပါအုံး၊ ကြၽန္မကို အႏိုင္က်င့္ေနတယ္”ဟု ေအာ္သျဖင့္ ေျပာင္ႀကီးက ဖယ္ရီကား၏ေရွ႕ယာဥ္ေမာင္းခုံေပၚတြင္ထားရွိေသာ ဝက္အူလွည့္ျဖင့္ ထိုးခဲ့၍ မစန္းစန္းေမာ္မွာေသဆံုးသြားခဲ့သည္ဟု ၀န္ခံထြက္ဆိုခဲ့သည္။ ထို႔ျပင္ေသဆံုးသူမစန္းစန္းေမာ္၏ လက္ဝတ္ရတနာမ်ားအား ျဖဳတ္ယူခဲ့ေၾကာင္းႏွင့္ ေလာင္းကို ဆိုင္ကယ္ျဖင့္ ေလယာဥ္ကြင္းေျပးလမ္း အလယ္ရွိ မေလးရွားပိေတာက္ပင္ ေအာက္သို႔ သြားေရာက္စြန႔္ပစ္ကာ မ်က္ႏွာအား မီးရႈိ႕ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဖမ္းဆီးရမိသည့္တရားခံ ေျပာင္ႀကီး (ခ)မင္းကိုသက္(ခ)ပိုင္ၿငိမ္းခ်မ္းႏွင့္ ျပည့္စုံ(ခ)ၿဖိဳးေဝ တို႔ကို (ပ)၂၆၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမွတ္(၃)နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားခဲ့ရာမွ စစ္ေဆးေတြ႕ရွိခ်က္မ်ားႏွင့္အမႈကိုခိုင္မာစြာတည္ေဆာက္ၿပီး ထပ္မံစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏သတင္းထုတ္ျပန္ခ်က္မွ သိရသည္။

ဓာတ္ပံု-ရဲဇာနည္

——– ဒါးဇ (အကုန္သိသတင္းဌာန) ——–



===========

Unicode

လေယာဉ်ကွင်းအတွင်းမီးရှို့ပြီးအသတ်ခံရသည့် အမျိုးသမီးမှာ ၎င်းနှင့်ရည်းစားဖြစ်ခဲ့ဖူးသည့် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်

ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းဝန်းအတွင်း ဧပြီလ ၆ ရက်က မီးရှို့ပြီးအသတ်ခံထားရသည့် အမျိုးသမီးနှင့်ပတ်သက်ပြီး တရားခံနှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးမှာ နန်းတော်ရာရပ်ကွက်နေ မစန်းစန်မော် ၃၅ နှစ်ဖြစ်ပြီး လေယာဉ်ပြေးလမ်း ဖောက်လုပ်ရန် သတ်မှတ်ထားသည့်နေရာ မလေးရှားပိတောက်ပင်အနီးတွင် ဝဲရင်အုံ အောက်၊ ယာရင်အုံအောက်၊ ကျောအလယ်၊ ယာပေါင်ထိုးသွင်း ဒဏ်ရာ၊ မျက်နှာ/လည်ပင်း မီးပူလောင် ဒဏ်ရာများဖြင့် အသတ်ခံရခြင်းဖြစ်သည်။စစ်ဆေးချက်များအရ သေဆုံးသူ မစန်းစန်မော်မှာ အိမ်ထောင်သုံးဆက်လောက်ကွဲဖူးသူ တစ်ခုလပ်ဟုသိရပြီး ရှင်းဆောင်းအထည်စက်ရုံမှ အလုပ်သမတစ်ဦးဖြစ်ကြောင်းလည်း စုံစမ်းချက်များအရ သိရသည်။

ထို့ကြောင့် စပ်ဆက်သတင်းများအရ ရှင်းဆောင်းအထည်ချုပ်စက်ရုံမှ သူမနှင့်ပတ်သက်သူများကို စစ်ဆေးရာ အခင်းမဖြစ်မီ လွန်ခဲ့သော (၃)လခန့်က အထည်ချုပ်စက်ရုံမှ ယာဉ်မောင်းများဖြစ်ကြသော ပြည့်စုံ (ခ)ဖြိုးဝေနှင့် ချစ်ကြိုက်ခဲ့ပြီးနောက် အခင်းမဖြစ်မီ ၁ လ အလိုကလည်း ပြောင်ကြီး (ခ)မင်းကိုသက်(ခ)ပိုင်ငြိမ်းချမ်းနှင့် ထပ်မံချစ် ကြိုက်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် ဆက်လက်စုံစမ်းရာ ဧပြီလ၇ ရက် ည ၈း၃၀နာရီ အချိန်တွင် ရှင်ဆောင်းအထည်ချုပ်စက်ရုံ အနီးတွင် မသင်္ကာတရားခံ ပြည့်စုံ(ခ)ဖြိုးဝေ(၂၇)နှစ်နှင့် ပြောင်ကြီး(ခ)မင်းကိုသက်(ခ)ပိုင်ငြိမ်းချမ်းတို့(၂)ဦးအား တွေ့ရှိသဖြင့် ခေါ်ဆောင်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ပြည့်စုံ နှင့် ပြောင်ကြီးတို့သည် ဧပြီလ၅ ရက် ညနေ ၄း၃၀နာရီ အချိန်ခန့်တွင် ၎င်းတို့ မောင်းနှင်သော ဖယ်ရီကားပေါ်တွင် အရက်သောက်စားကြရင်း မစန်းစန်းမော်ကို သားမယားပြုကျင့်၍ သတ်ရန်ပြောဆိုတိုင်ပင်ကြစဉ် မစန်းစန်မော်ကပြောင်ကြီးကို လာခေါ်ရန် ဖုန်းဆက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ပြောင်ကြီးက မစန်းစန်းမော်အား ဆိုင်ကယ်ဖြင့် သနပ်ပင်လမ်း၊ မာဃဆီဆိုင်မရောက်ခင် ဖယ်ရီ ကားရပ်ထားခဲ့သည့်နေရာသို့ ခေါ်ဆောင်လာကြောင်း၊ ကားပေါ်ရောက်သောအခါ ပြောင်ကြီးက ပြည့်စုံ အား ဖုန်းဆက်ပြီး လာရန်ပြောဆိုခဲ့သဖြင့် ပြည်စုံမှ ဆိုင်ကယ်ဖြင့် ပြောင်ကြီး ရပ်ထားသည့် ဖယ်ရီကားသို့ သွားရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါနေရာသို့ ရောက်သောအခါ ပြောင်ကြီးနှင့် မစန်းစန်းမော်တို့ကို တွေ့ရာမှ တိုင်ပင်ထားသည့်အတိုင်းပြောင်ကြီးက မစန်းစန်းမော်အား ကား၏ အလယ်ခုံတန်း အောက်တွင် အရင်အဓမ္မပြုကျင့်ခဲ့ပြီးမှ ပြည့်စုံမှ ၎င်းတို့ အနီးသို့ သွားရောက်၍ ကြည့်ရှုပြီး

မစန်းစန်းမော်ကိုအဓမ္မထပ်မံပြုကျင့်ခဲ့ရာ မှ “လာကြပါအုံး၊ ကျွန်မကို အနိုင်ကျင့်နေတယ်”ဟု အော်သဖြင့် ပြောင်ကြီးက ဖယ်ရီကား၏ရှေ့ယာဉ်မောင်းခုံပေါ်တွင်ထားရှိသော ဝက်အူလှည့်ဖြင့် ထိုးခဲ့၍ မစန်းစန်းမော်မှာသေဆုံးသွားခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။ ထို့ပြင်သေဆုံးသူမစန်းစန်းမော်၏ လက်ဝတ်ရတနာများအား ဖြုတ်ယူခဲ့ကြောင်းနှင့် လောင်းကို ဆိုင်ကယ်ဖြင့် လေယာဉ်ကွင်းပြေးလမ်း အလယ်ရှိ မလေးရှားပိတောက်ပင် အောက်သို့ သွားရောက်စွန့်ပစ်ကာ မျက်နှာအား မီးရှို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသည့်တရားခံ ပြောင်ကြီး (ခ)မင်းကိုသက်(ခ)ပိုင်ငြိမ်းချမ်းနှင့် ပြည့်စုံ(ခ)ဖြိုးဝေ တို့ကို (ပ)၂၆၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခဲ့ရာမှ စစ်ဆေးတွေ့ရှိချက်များနှင့်အမှုကိုခိုင်မာစွာတည်ဆောက်ပြီး ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်မှ သိရသည်။

ဓာတ်ပုံ-ရဲဇာနည်

——– ဒါးဇ (အကုန်သိသတင်းဌာန) ——–