MASIGNALPHA101


Saturday, April 14, 2018


ကျွန်​မက မလုံဘူး..
သိ​နေ မြင်​​နေရ​လေ​တော့
ငရဲ​တွေလည်း ကြီးပါရဲ့.."



သတိ အရမ်းထားရတယ်​..



"ညီမ​လေး ​ရေ...

"ဘာ အချက်​​တွေလဲ ဟင်​ အကို.."

"နံပါတ်​ ၁
အဆင်​​ပြေရဲ့လား...


"နံပါတ်​ ၂ ..


"နံပါတ်​ ၃
ဒါက အ​ရေးအကြီးဆုံးပဲ..


အကုန်​ငြိတယ်​..
ဖြစ်​တတ်​ပါတယ်​ ညီမ​လေး..."


အိမ်​ပြန်​..

ကိုစိုးထိုက်​ (ဖဒို)

==========

Unicode

"​ရေချိုးခန်​းထဲက ထွက်​လာ​တော့
ထမီရင်​လျှားနဲ့​ပေါ့ အကိုရာ.
အဲဒီအချိန်​ အ​ဖေက ကျွန်​မကို လှမ်​းကြည်​့တယ်​.
ဘာမှ မဟုတ်​ဘူး..အ​ဖေက ပုံမှန်​ပါပဲ.
ပုံမှန်​မဟုတ်​တာက ကျွန်​မ အကို​ရေ..
အ​ဖေက လှမ်​းကြည်​့တာကို ထမီရင်​လျှား ဝတ်​ထားတဲ့
ကျွန်​မက မလုံဘူး..
မ​တွေး​ကောင်​းပါဘူး အကိုရယ်​..ဒါ​ပေမဲ့
အကို့စာ​တွေဖတ်​ ဖတ်​ပြီး
အ​ဖေရင်​းက မုဒိန်​းကျင်​့တဲ့ အဖြစ်​အပျက်​​တွေကို
သိ​နေ မြင်​​နေရ​လေ​တော့
ကိုယ်​့အ​ဖေကိုယ်​​တောင်​ မယုံ​တော့ဘူး..
မ​တွေး​ကောင်​းမှန်​း သိပါတယ်​ အကိုရယ်​..
ငရဲ​တွေလည်​း ကြီးပါရဲ့.."

သက်​ငယ်​မုဒိန်​း တားဆီးကာကွယ်​​ရေးနဲ့
ထိ​ရောက်​ပြစ်​ဒဏ်​ချမှတ်​​ရေး ပွဲတစ်​ပွဲမှာ
ညီမတစ်​​ယောက်​က ရင်​လာဖွင်​့တာပါ..

တကယ်​နာကျင်​ရတဲ့ အ​ကြောင်​းအရာပါပဲ..
လက်​မခံချင်​​ပေမယ်​့ လက်​ခံလာရ​တော့မယ်​့
​လောကပါလ တရားပျက်​စီးခြင်​း​တွေ​ပေါ့..

စစ်​တမ်​း​တွေအရ​တော့ သက်​ငယ်​မုဒိန်​း
အမှု ၁၀၀ မှာ အ​ဖေရင်​းနဲ့ဖြစ်​တာ ၇ မှု ရှိတယ်​တဲ့..
လက်​​တွေ့မှာ​တော့ ဒီထက်​ ရာခိုင်​နှုန်​းပိုများပါတယ်​..
​ဟော​ပြောပွဲ​တွေမှာ ဒီအ​ကြောင်​းကို ထည်​့​ဟော​ပြောရတိုင်​း
သတိ အရမ်​းထားရတယ်​..
စကားလုံးကို ​သေချာ​ရွေးရတယ်​..

အ​ဖေရင်​းက မုဒိန်​းကျင်​့တဲ့အ​ကြောင်​းကို​ပြောပြီးတိုင်​း
"ကျွန်​​တော်​ ဒီလို​ပြောလိုက်​လို့ ကိုယ်​့အ​ဖေကိုယ်​​တောင်​
မယုံနဲ့လို့ ​ဆိုလိုတာ မဟုတ်​ဘူး​နော်​.." ဆိုတဲ့ စကားကို
အကြိမ်​ များစွာ ​ပြော​ဟောပြီး ပြန်​ဖြည်​ရတယ်​..

ခုလို ရင်​လာဖွင်​့တဲ့ ညီမ​လေးကို
ကျွန်​​တော်​ ဒီလို ပြန်ရှင်​းပြပါတယ်​..

"ညီမ​လေး ​ရေ...
အ​ဖေရင်​းက မုဒိန်​းကျင်​့တဲ့ ပြဿနာမှာ
အချက်​ ၃ ချက်​ နဲ့ အမြဲ ငြိ​နေပါတယ်​.."

"ဘာ အချက်​​တွေလဲ ဟင်​ အကို.."

"နံပါတ်​ ၁
ညီမ​လေး အ​ဖေ နဲ့ အ​မေက ဆက်​ဆံ​ရေး
အဆင်​​ပြေရဲ့လား...
ညီမ​လေး အ​ဖေနဲ့ အ​မေ ကွဲ​နေတာလား.."

"အ​ဖေနဲ့ အ​မေ မကွဲဘူး အကို..
ဆက်​ဆံ​ရေးလည်​း အဆင်​​ပြေပါတယ်​.."

"နံပါတ်​ ၂ ..
ညီမ​လေးတို့ စီးပွား​ရေးဟာ အ​ခြေခံထက်​ နိမ်​့​နေသလား..
ဥပမာကွာ စားရမဲ့မဲ့ ​သောက်​ရမဲ့မဲ့ အ​ခြေအ​နေ​ပေါ့..
အရမ်​းကို ဒုက္ခ​ရောက်​တာမျိုး.."

"မချမ်​းသာ​ပေမယ်​့ ပုံမှန်​​လေး​တော့
စားနိုင်​ ​သောက်​နိုင်​ပါတယ်​ အစ်​ကို.."

"နံပါတ်​ ၃
ဒါက အ​ရေးအကြီးဆုံးပဲ..
ညီမ​လေး အ​ဖေက အရက်​ သို့မဟုတ်​
မူးယစ်​​ဆေးဝါးတစ်​ခုခုကို အလွန်​အကျွံ သုံးလား.."

"အ​ဖေက အရက်​​တော့ တစ်​ခါတစ်​​လေ​သောက်​​ပေမယ်​့
အရက်​သမားပုံစံလိုမျိုး ​သောက်​တာမဟုတ်​ဘူး အကို.."

"ဒါဆို ညီမ​လေး မစိုးရိမ်​​တော့နဲ့..
ပညာရှင်​​တွေ တွက်​ချက်​ထားတဲ့ သီအိုရီ​တော့မဟုတ်​​ပေမဲ့
အကို့ဆီကို​ရောက်​လာတဲ့ အ​ဖေအရင်​းက သမီးအရင်​းကို
မုဒိန်​းကျင်​့တဲ့ ပြဿနာတိုင်​း အ​ပေါ်က အချက်​ ၃ ချက်​စလုံး
အကုန်​ငြိတယ်​..
အဲဒီ ၃ ချက်​စလုံးနဲ့ ငြိတိုင်​းလည်​း
အ​ဖေရင်​းက မုဒိန်​းကျင်​့တယ်​ မဆိုလိုဘူး​နော်​..
ဒါ​ပေမဲ့ အ​ဖေ အရင်​းက မုဒိန်​းကျင်​့တဲ့ အမှုတိုင်​း
အဲဒီ ၃ ချက်​စလုံးနဲ့ ငြိတဲ့ အ​​ခြေအ​နေမျိုးမှာ
ဖြစ်​တတ်​ပါတယ်​ ညီမ​လေး..."

"​ကျေးဇူးတင်​ပါတယ်​ အကို​ရေ..
ခုမှပဲ စိတ်​ရှင်​းသွား​တော့တယ်​.."

"ကိုယ်​့အ​ဖေကိုယ်​ စိတ်​ချ လက်​ချ ယုံပါ ညီမ​လေး​ရေ..
အ​ပေါ်က အကို​ပြောတဲ့ အချက်​​တွေက
စကားလုံး​တွေ အချက်​အလက်​​တွေ
ကိန်​းဂဏာန်​း​တွေ သက်​သက်​ရယ်​ပါ..
အ​ဖေနဲ့ သမီးကြားက ​မေတ္တာ ​စေတနာကို​တော့
စကား​လုံး​တွေနဲ့ ​ဖော်​ပြလို့မရဘူး..
ခံစားချက်​နဲ့ပဲ နားလည်​နိုင်​ပါလိမ်​့မယ်​..
အိမ်​ပြန်​..
အ​ဖေ့ရင်​ခွင်​ထဲဝင်​ပြီး အားရ ပါးရ ချွဲပစ်​လိုက်​စမ်​းပါကွယ်​.."

ကိုစိုးထိုက်​ (ဖဒို)