MASIGNALPHA101
ဆဋ္ဌမတန်းကျောင်းသူကို ပထွေးဖြစ်သူက သားမယားပြုကျင့်
ဆဋ္ဌမတန်းကျောင်းသူကို ပထွေးဖြစ်သူက သားမယားပြုကျင့်
Thursday, April 5, 2018
Credit - News Watch
=========
Unicode
နေပြည်တော် ဥတ္တရသီရီမြို့နယ် မိုးဆွေကျေးရွာအုပ်စု လဲဝန်းကျေးရွာ (ကွက်သစ်) တောင်ပိုင်းတွင် နေထိုင်သူ အသက် (၁၅) နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ မ----အား ပထွေးဖြစ်သူ အသက် (၃၅) နှစ်အရွယ် ဖထွေးက အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဥတ္တသီရိမြို့နယ် ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း သိရသည်။
မ----သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ပြောင်းခင်းတွင် နွားစာရိတ်သွားခဲ့ရာတွင် ပထွေးဖြစ်သူက ပြောင်းခင်းအတွင်း ဆွဲလှဲကာ အလိုမတူးဘဲ သားမယားပြုကျင့်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်းကလည်း နေအိမ်တွင် တရက်တကြိမ်နှုန်းဖြင့် (၃) ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ မတ်လအတွင်းကတကြိမ်ပြုကျင့်ခဲ့သော်လည်း ပထွေးဖြစ်သူအား ကြောက်ရသည့်အတွက် မိခင်အား ပြန်လည်မပြောပြခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးရာတွင် ပေါ်ပေါက်သည်။
မ----သည် ပထွေးမှ အဓမ္မပြုကျင့်နေမှုကို တရွာတည်းနေ အဒေါ်ဖြစ်သူထံ ဧပြီ ၂ ရက် ညနေ ၆ နာရီအချိန်တွင်မှ ပြောပြခဲ့ကြောင်း၊ ဦး---အား ဥပဒေအရ အရေးယူပေးရန် မ----က တိုင်တန်းခဲ့သည့်အတွက် ဥတ္တရသီရိမြို့နယ်ရဲစခန်းမှ ၁၈/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖြင့်အရေးယူထားကြောင်းနှင့် လက်ရှိတွင် ကျော်လွင်အား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။\
Credit - News Watch