MASIGNALPHA101

ရွှေစက်တော်ဘုရားမှာ ရဟန်းအပါး ၂၄၀ကို အာရုဏ်ဆွမ်းကပ်ပြီး တစ်ယောက်တည်း တိတ်တိတ်လေး ပြန်သွားတဲ့အံ့ဖွယ်မိန်းကလေး

ရွှေစက်တော်ဘုရားမှာ ရဟန်းအပါး ၂၄၀ကို အာရုဏ်ဆွမ်းကပ်ပြီး တစ်ယောက်တည်း တိတ်တိတ်လေး ပြန်သွားတဲ့အံ့ဖွယ်မိန်းကလေး
Tuesday, April 10, 2018





အလှူရှင်မလေးရေ ဝါသနာအရ ဓာတ်ပုံလေးမှတ်တမ်းတင်ထားမိတာ ခွင့်လွှတ်ပါ။

Credit

==========

Unicode

ရွှေစက်တော်ဘုရားမှာ ရဟန်းအပါး ၂၄၀ကို အာရုဏ်ဆွမ်းကပ်ပြီး တစ်ယောက်တည်း တိတ်တိတ်လေး ပြန်သွားတဲ့သူ “ဆယ်ဖီလည်းမဆွဲ ဓာတ်ပုံလေး တစ်ပုံတောင် မှတ်တမ်းမယူတာ ဘာကြောင့်လည်း”ဆိုတော့ “ဘာလို့အဲလိုမေးရတာလည်း”တဲ့ သူကပြန်မေးတယ်။

“ဒီလိုလေ အခု facebookပေါ်မှာ လူတွေက သူတို့လုပ်တဲ့ ကုသိုလ်လေးတွေကို သာဓုခေါ ်ပါရှင် ဘာညာနဲ့ကြော်ငြာတတ်ကြလို့ပါ”ဆိုတော့ သူက တခစ်ခစ်နဲ့ရယ်ရင်း “ကျွန်မက ကျွန်မလုပ်တဲ့ ကုသိုလ်ကို သတ္တဝါအားလုံးကို အမျှဝေပါတယ်ရှင့်။ တစ်ချို့ပြောပြရမယ့် ကုသိုလ်ပွဲအကြောင်းမျိုး မိတ်ဆွေတွေကို အသိပေးပါတယ်။

ဘုရားတက်ရင်း ငှက်ကလေး တစ်ကောင်လောက် လွှတ်တာမျိုးတော့ လူတကာသိအောင်တော့ မဝင့်ထယ်ချင်ပါဘူး။ facebook ပေါ်မှာလည်း ကြော်ငြာမဝင်ချင်ပါဘူး နီးစပ်သူတွေ သာဓုခေါ်ပါလိမ့်မယ်။ ကိုယ်လုပ်တာ ဘုရားသိပါတယ်။
လူတိုင်းသိဖို့ မလိုပါရှင်”တဲ့ ပြီးတော့ ကျွန်တော့်ကို ခေါင်းဆတ်နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ သူ့နာမည် ဘယ်သူလည်း ကျွန်တော်မသိသလို သူ့ကိုလည်း မမေးမိလိုက်ပါဘူး။
အလှူရှင်မလေးရေ ဝါသနာအရ ဓာတ်ပုံလေးမှတ်တမ်းတင်ထားမိတာ ခွင့်လှွတ်ပါ။

Credit