MASIGNALPHA101

ေတာင္ႀကီးၿမိဳ႕တြင္ ၁၁ ႏွစ္အရြယ္ မိန္းခေလးအား ရဲဝန္ထမ္းတဦးမွ အဓမၼျပဳက်င့္ရန္ႀကံစည္

ေတာင္ႀကီးၿမိဳ႕တြင္ ၁၁ ႏွစ္အရြယ္ မိန္းခေလးအား ရဲဝန္ထမ္းတဦးမွ အဓမၼျပဳက်င့္ရန္ႀကံစည္
Friday, April 6, 2018


ေတာင္ႀကီးၿမိဳ႕ ၊ ၿမိဳ႕မရဲစခန္းတြင္တာ ဝန္ထမ္းေဆာင္ေနေသာ ရဲဝန္ထမ္းတစ္ဦးက အသက္(၁၁)ႏွစ္အရြယ္ မိန္းကေလးတစ္ဦးအား အဓမၼျပဳက်င့္ရန္ႀကံစည္မွုျဖစ္ပြားခဲ့ေၾကာင္းသိရသည္ ။

ေတာင္ႀကီးၿမိဳ႕ ၊ စဝ္စံထြန္းေဆး႐ုံတြင္ ေဆး႐ုံတက္ေနေသာ အခ်ဳပ္သားတဦးအား ေစာင့္ၾကည့္ရန္ တာဝန္က် သည့္ အသက္ ၃၀ အရြယ္ ဒုတပ္ၾကပ္ အဆင့္ရွိ ရဲဝန္ထမ္းတစ္ဦးက လူနာေစာင့္ ကေလးမေလးအား မုဒိန္းက်င့္ရန္ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း သၽွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွူး႐ုံးမွ သိရသည္။

အဖိုးျဖစ္သူေဆး႐ုံတက္ရာတြင္ လူနာေစာင့္ အသက္(၁၁)ႏွစ္အရြယ္ ေျမးမေလးအား ဧၿပီလ (၂) ရက္ေန႔ မနက္ ၈ နာရီ ခြဲ အခ်ိန္ခန႔္က မုန႔္ဝယ္ေကၽြးမည္ဟုဆိုကာ ဒုတပ္ၾကပ္ ေက်ာ္နိုင္ဦးသည္ ဆိုင္ကယ္ျဖင့္ သစ္ေတာရပ္ ေရႊဘုန္းပြင့္ဘုရားေတာင္ေၿခ ၊ ေဆးတကၠသိုလ္ ေျမာက္ဖက္လမ္း သို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္ ။

အဲဒီေနရာရဲ့ သစ္ပင္အကြယ္မွာ ကေလးမေလးကိုသူက မုဒိန္းက်င့္ဖို႔ႀကံရြယ္တယ္။ ဒါေပမယ့္ မုဒိန္းမေျမာက္ခဲ့ဘူးလို႔ထြက္တယ္။ ေနာက္ေတာ့အဲဒီေန႔မွာဘဲ ေန႔ခင္း ၁၁ နာရီေလာက္က်ေတာ့ ေကာင္မေလးကိုေဆး႐ုံအိမ္သာမွာထပ္ၿပီးမုဒိန္းက်င့္ဖို႔ ႀကိဳးစားရင္း သူ႔အေမသိသြားတာ။ အခုေတာ့ က်ဴးလြန္တဲ့အဲဒီဒုတပ္ၾကပ္ကို ေထာင္ထဲပို႔ထားလိုက္ၿပီ။- ဟု ရဲစခန္းမွ တာဝန္ရွိရဲတပ္သားက ေျပာသည္။

ျပစ္မွု က်ဳးလြန္သည့္ ယင္း ရဲဝန္ထမ္း အား (ပ) / ၃၁၂ /၁၈ ရာဇသတ္ႀကီး ပုဒ္မ (၄) ခုျဖင့္ အေရးယူထား ေၾကာင္းသိရသည္ ။

အဆိုပါ ကိစၥ ႏွင့္ပတ္သက္၍ သၽွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွူး႐ုံး ၊မွုခင္းဌာနစိပ္တာဝန္ခံ ဒုရဲမွူး သန္းထိုက္ဦး က ” အရြယ္မေရာက္ေသးတဲ့ကေလးသူငယ္ကို အုပ္ထိန္းသူ လက္ေအာက္ကေန ေခၚေဆာင္မွုပုဒ္မ (၃၆၃)၊ မုဒိန္းမွု (၃၇၆) ၊ မုဒိန္းက်င့္ရန္ႀကံစည္မွု (၅၁၁) ၊ ဓမၼတာ အတိုင္း မဟုတ္ပဲလုပ္လို႔(၃၇၇) နဲ႔ အမွုဖြင့္အေရးယူ ထားတဲ့ အျပင္ သူ႔ကို ရဲစည္းကမ္းထိန္းသိမ္း ေရး ဥပေဒနဲ႔ ပါ ဆက္ၿပီးအေရးယူသြားမယ္”ဟု ေျဖၾကားသြားခဲ့သည္ ။

သၽွမ္းျပည္နယ္ တြင္ အမွုႀကီးမ်ားထဲတြင္ မုဒိန္းမွု သည္ ဒုတိယ အမ်ားဆုံးအမွုျဖစ္ၿပီး ပထမအမ်ားဆုံးအမွုမွာ လူသတ္မွု ႏွင့္ တတိယ အမ်ားဆုံးအမွုမွာ မတရားသင္း ဆက္သြယ္မွုတို႔ ျဖစ္သည္ ဟု မတ္လ (၁၃ )ရက္ေန႔က ရဲတပ္ဖြြဲ႕ ၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္ ။

သွ်မ္းသံေတာ္ဆင့္၊ ယိင္းတိုင္း

==========

Unicode

တောင်ကြီးမြို့ ၊ မြို့မရဲစခန်းတွင်တာ ဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းတစ်ဦးက အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။

တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံတွင် ဆေးရုံတက်နေသော အချုပ်သားတဦးအား စောင့်ကြည့်ရန် တာဝန်ကျ သည့် အသက် ၃၀ အရွယ် ဒုတပ်ကြပ် အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက လူနာစောင့် ကလေးမလေးအား မုဒိန်းကျင့်ရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဖိုးဖြစ်သူဆေးရုံတက်ရာတွင် လူနာစောင့် အသက်(၁၁)နှစ်အရွယ် မြေးမလေးအား ဧပြီလ (၂) ရက်နေ့ မနက် ၈ နာရီ ခွဲ အချိန်ခန့်က မုန့်ဝယ်ကျွေးမည်ဟုဆိုကာ ဒုတပ်ကြပ် ကျော်နိုင်ဦးသည် ဆိုင်ကယ်ဖြင့် သစ်တောရပ် ရွှေဘုန်းပွင့်ဘုရားတောင်ခြေ ၊ ဆေးတက္ကသိုလ် မြောက်ဖက်လမ်း သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည် ။

အဲဒီနေရာရဲ့ သစ်ပင်အကွယ်မှာ ကလေးမလေးကိုသူက မုဒိန်းကျင့်ဖို့ကြံရွယ်တယ်။ ဒါပေမယ့် မုဒိန်းမမြောက်ခဲ့ဘူးလို့ထွက်တယ်။ နောက်တော့အဲဒီနေ့မှာဘဲ နေ့ခင်း ၁၁ နာရီလောက်ကျတော့ ကောင်မလေးကိုဆေးရုံအိမ်သာမှာထပ်ပြီးမုဒိန်းကျင့်ဖို့ ကြိုးစားရင်း သူ့အမေသိသွားတာ။ အခုတော့ ကျူးလွန်တဲ့အဲဒီဒုတပ်ကြပ်ကို ထောင်ထဲပို့ထားလိုက်ပြီ။- ဟု ရဲစခန်းမှ တာဝန်ရှိရဲတပ်သားက ပြောသည်။

ပြစ်မှု ကျုးလွန်သည့် ယင်း ရဲဝန်ထမ်း အား (ပ) / ၃၁၂ /၁၈ ရာဇသတ်ကြီး ပုဒ်မ (၄) ခုဖြင့် အရေးယူထား ကြောင်းသိရသည် ။

အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ၊မှုခင်းဌာနစိပ်တာဝန်ခံ ဒုရဲမှူး သန်းထိုက်ဦး က ” အရွယ်မရောက်သေးတဲ့ကလေးသူငယ်ကို အုပ်ထိန်းသူ လက်အောက်ကနေ ခေါ်ဆောင်မှုပုဒ်မ (၃၆၃)၊ မုဒိန်းမှု (၃၇၆) ၊ မုဒိန်းကျင့်ရန်ကြံစည်မှု (၅၁၁) ၊ ဓမ္မတာ အတိုင်း မဟုတ်ပဲလုပ်လို့(၃၇၇) နဲ့ အမှုဖွင့်အရေးယူ ထားတဲ့ အပြင် သူ့ကို ရဲစည်းကမ်းထိန်းသိမ်း ရေး ဥပဒေနဲ့ ပါ ဆက်ပြီးအရေးယူသွားမယ်”ဟု ဖြေကြားသွားခဲ့သည် ။

သျှမ်းပြည်နယ် တွင် အမှုကြီးများထဲတွင် မုဒိန်းမှု သည် ဒုတိယ အများဆုံးအမှုဖြစ်ပြီး ပထမအများဆုံးအမှုမှာ လူသတ်မှု နှင့် တတိယ အများဆုံးအမှုမှာ မတရားသင်း ဆက်သွယ်မှုတို့ ဖြစ်သည် ဟု မတ်လ (၁၃ )ရက်နေ့က ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည် ။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း