MASIGNALPHA101

ေကာင္းမေလးဆီက သဲဦးပန္းကို လိင္စိတ္ၾကြေဆးနဲ႔ ရဖို႔ ႀကိဳးစားလာၾကတဲ့ ျမန္မာျပည္

ေကာင္းမေလးဆီက သဲဦးပန္းကို လိင္စိတ္ၾကြေဆးနဲ႔ ရဖို႔ ႀကိဳးစားလာၾကတဲ့ ျမန္မာျပည္
Saturday, April 28, 2018


ဒီေဆးေတြေၾကာင့္ စိတ္ေတြထႂကြၿပီး ေကာင္မေလးဘက္ကပင္ စလာရတ့ဲအေျခအေနမွာ ကိုယ့္ညီမအမလိုသေဘာထားၿပီး လိင္စိတ္ႂကြေဆးေတြမေရာင္းၾကပါန႔ဲေတာ့

လက္ရွိမွာစံုတြဲမ်ားကို ပစ္မွတ္ထားျပီး ပစၥည္းလုယက္မႈေတြဟာ ေနရာေဒသ အေတာ္မ်ားမ်ားမွာ ျဖစ္ပြားလ်က္ရွိေနပါတယ္ ..။ ပစၥည္းလုယက္ခံ အခ်ိဳ႕စံုတြဲမ်ားဆိုလ်င္ အသက္ကိုပါ ေပးဆပ္လိုက္ရတယ္။ လူငယ္သဘာ၀ ခ်ိန္းဆိုေတြ႔ဆံုတာ အျပစ္မဟုတ္ေပမဲ႔ .. အသက္အႏၱရာယ္ စိုးရိမ္ရလို႔ ေျပာျပတာကိုေတာ႔ နားလည္ေစခ်င္တယ္ ။

မႏၱေလး၊ မိတၳီလာ၊ စဥ္႔ကိုင္၊ တံတားဦး၊ ေက်ာက္ဆည္၊ မံုရြာ စတဲ႔ေဒသေတြက တကၠသိုလ္စံုတြဲမ်ားကို ပစ္မွတ္ထားျပီး ဓားေထာက္ျခိမ္းေျခာက္ လုယက္ေနတဲ႔ အဖြဲ႔(၁)ဖြဲ႔ကို က်ေနာ္ဖမ္းထားျပီးပါျပီ ..။ သူတို႔ကို စစ္ေဆးလိုက္တဲ႔အခါ စံုတြဲသတ္ျပီး ပစၥည္းလုယက္ခဲ႔တာေတာင္ ပါေသးတယ္ ။

စံုတြဲဆိုတာက လူျမင္ သူျမင္ ထင္ထင္ေပၚေပၚ တြဲရဲတဲ႔ စံုတြဲရွိသလို .. လူျမင္မခံရဲ သူျမင္မခံရဲတဲ႔ စံုတြဲလဲရွိတယ္။

အမ်ားအားျဖင္႔ လူျမင္မခံရဲတဲ႔ စံုေတြမ်ားဟာ လုယက္ခံရတာမ်ားတယ္။ အေၾကာင္းကေတာ႔ ေကာင္ေလးနဲ႔ ေကာင္မေလး ခ်ိန္ဆိုေတြ႔ဆံုဖို႔ ပထမေျခလွမ္းက စားေသာက္ဆိုင္ တခုတခုျဖစ္ပါတယ္။ အဲ႔ဒီကမွ တဆင္႔ အခ်ိန္ေတာ္ေတာ္ၾကာမွ ခ်ံဳၾကိဳ ခ်ံဳၾကားကို ေရာက္လာၾကတာပါ။

စံုတြဲေတြ ဘာေၾကာင္႔ လြယ္လြယ္ကူကူ အလုခံေနရတာလဲလို႔ သိလိုတာေၾကာင္႔ အခ်ိန္ေပးျပီး သုေတသနလုပ္ၾကည္႔ခဲ႔ပါတယ္.။

ႏွလံုးသားေရးနယ္ပယ္မွာ ရိုးသားမႈမရွိတဲ႔ ေကာင္းေလးမ်ားက သူတို႔ ရည္ငံေနတဲ႔ ေကာင္းမေလးရဲ႕ တုန္႔ျပန္ေမတၱာကို အခ်ိန္ၾကာၾကာေစာင္႔ဆိုင္းမေနၾကေတာ႔ဘူး..။ ေကာင္းမေလးဆီက သဲဦးပန္းကို ရရာနည္းလမ္းနဲ႔ ခူးေျခြဖို႔ဘဲ အားထုတ္လာၾကတယ္။

အ့ဲဒီလိုအား ထုတ္ရာမွာ လူငယ္အခ်င္းခ်င္း လက္သိပ္ထိုးျပီး ေရာင္းခ်ေနတဲ႔ လိင္မႈဆိုင္ရာ စိတ္ၾကြေဆးေတြကို အသံုးျပဳလာခဲ႔ၾကတယ္။

အဲ႔ဒီ ေဆး၀ါးအမ်ားစုဟာ အစားအေသာက္ထဲကို ေရာေႏွာေကၽြးလို႔ရတယ္..။ အနံ႔အရသာ၊ အေရာင္အဆင္း ဘာမွ မေျပာင္းလဲဘူး..။ စားသံုးမိျပီးေနာက္ မိနစ္ ၃၀ / ၄၀ အၾကာမွ မေနနိုင္ မထိုင္နိုင္ ယို႔တို႔ရိုင္တိုင္ျဖစ္လာျပီး ခ်ံဳတိုးၾကေတာ႔တာျဖစ္တယ္ ..။

အဲ႔ဒီနည္းလမ္းနဲ႔ ေကာင္းမေလး အေတာ္မ်ားမ်ား သံဦးပန္းေတြေၾကြခဲ႔ရတယ္လို႔ ေျပာဆိုသံမ်ားလဲ ၾကားသိခဲ႔ရတယ္။

ေကာ္ဖီ၊ ေရသန္႔ဗူး၊ အခ်ိဳရည္ဗူး၊ ပီေက၊ ခ်ိဳခ်ဥ္၊ ႏုတ္ခမ္းနီဗူး၊ ေခ်ာကလပ္၊ စတဲ႔ စားေသာက္ကုန္ အတုအပေတြထဲမွာ အဲ႔ဒီ မိန္းကေလးလိင္စိတ္ၾကြေဆးေတြထည္႔ထားတယ္လို႔ သိရတယ္။ ဒါကိုစားမိတဲ႔ ကေလးမကေတာ႔ မုဆိုးေက်ာ႔ကြင္းထဲက ယုန္သူငယ္အျဖစ္ကို ေရာက္သြားပါျပီ..။

ခ်ံဳျမင္တိုး စံုတြဲအမ်ားစုဟာ အဲ႔ဒီလို လိင္စိတ္ၾကြေဆးေတြ သံုးစြဲျပီး ခ်ံုတိုးၾကတာျဖစ္တဲ႔အတြက္ လိင္စိတ္ကလြဲျပီး အျခား ဘာကိုမွ သတိမမူမိၾကေတာ႔ပါဘူး…။ ဒါဟာ စံုတြဲမ်ားရဲ႕ အားနည္းခ်က္ တစ္ခုျဖစ္သလို ပစၥည္း ပစၥယ လုယက္ယူငွင္ခ်င္ၾကတဲ႔ သူမ်ားအဖို႔လဲ အားသာခ်က္တစ္ခုျဖစ္လာရပါတယ္ .။

ေကာင္းမေလးရဲ႕ အငိုက္တစ္ခ်က္မွာ ေကာင္းေလးက သဲဦးပန္းကို အမိအရ ခူးေျခြလိုက္သလို .. ေကာင္းေလးရဲ႕ အငိုက္တခ်က္မွာ အလစ္သုတ္အဖြဲ႔က ပစၥည္းပစၥယမ်ား အမိအရ ၀င္တြယ္လိုက္တယ္ ..။

အလစ္သုတ္အဖြဲ႔ရဲ႕ အငိုက္ကို ရဲတပ္ဖြဲ႔က အျပီးအျပတ္ရွင္းထုတ္လိုက္တယ္ ..။အခုေျပာခ်င္တာက စံုတြဲရယ္ .. ေဆး၀ါးရယ္၊ အလစ္သုတ္ရယ္ဘဲရွိေသးတယ္ ..။

ျပသနာရဲ႕ အရင္းအျမစ္က ေဆး၀ါးေၾကာင္႔ျဖစ္တယ္ ။ ေရႊျမန္မာေတြဟာ ေကာင္မေလးေရာ ေကာင္ကေလးပါ အရွက္အေၾကာက္ အလြန္ၾကီးၾကတယ္ .။ အဲ႔ဒီေဆး၀ါးေတြေၾကာင္႔မို႔သာ ျဖစ္ခ်င္တိုင္းျဖစ္ေနၾကတာပါ..။

စီးပြားေရးသမားမ်ားအေနနဲ႔ သားသမီးခ်င္း ကိုယ္ခ်င္းစာနာတယ္ဆိုခဲ႔ရင္ အဲ႔ဒီလို လိင္စိတ္ၾကြေဆး၀ါးမ်ားကို လံုး၀ မေရာင္းခ်ၾကပါနဲ႔ ..။ ဥပေဒက အျပစ္ေပလ်င္ ေလးငါးေျခာက္ႏွစ္ဘဲ … ေလာကၾကီးက ဒဏ္ခတ္လာရင္ .. ခင္ဗ်ာတို႔အတြက္ တဘ၀လံုးစာျဖစ္သြားမယ္ …ဒါဘဲ

ရဲအုပ္ ရဲေအာင္

စခန္းမွဴး မံုရြာနယ္ေျမရဲစခန္း

Ref to Sue Sue

==========



Unicode

ဒီဆေးတွေကြောင့် စိတ်တွေထကြွပြီး ကောင်မလေးဘက်ကပင် စလာရတဲ့အခြေအနေမှာ

ဒီဆေးတွေကြောင့် စိတ်တွေထကြွပြီး ကောင်မလေးဘက်ကပင် စလာရတဲ့အခြေအနေမှာ ကိုယ့်ညီမအမလိုသဘောထားပြီး လိင်စိတ်ကြွဆေးတွေမရောင်းကြပါနဲ့တော့

လက်ရှိမှာစုံတွဲများကို ပစ်မှတ်ထားပြီး ပစ္စည်းလုယက်မှုတွေဟာ နေရာဒေသ အတော်များများမှာ ဖြစ်ပွားလျက်ရှိနေပါတယ် ..။ ပစ္စည်းလုယက်ခံ အချို့စုံတွဲများဆိုလျင် အသက်ကိုပါ ပေးဆပ်လိုက်ရတယ် ။လူငယ်သဘာဝ ချိန်းဆိုတွေ့ဆုံတာ အပြစ်မဟုတ်ပေမဲ့ .. အသက်အန္တရာယ် စိုးရိမ်ရလို့ ပြောပြတာကိုတော့ နားလည်စေချင်တယ် ။

မန္တလေး၊ မိတ္ထီလာ၊ စဉ့်ကိုင်၊ တံတားဦး၊ ကျောက်ဆည်၊ မုံရွာ စတဲ့ဒေသတွေက တက္ကသိုလ်စုံတွဲများကို ပစ်မှတ်ထားပြီး ဓားထောက်ခြိမ်းခြောက် လုယက်နေတဲ့ အဖွဲ့(၁)ဖွဲ့ကို ကျနော်ဖမ်းထားပြီးပါပြီ ..။ သူတို့ကို စစ်ဆေးလိုက်တဲ့အခါ စုံတွဲသတ်ပြီး ပစ္စည်းလုယက်ခဲ့တာတောင် ပါသေးတယ် ။

စုံတွဲဆိုတာက လူမြင် သူမြင် ထင်ထင်ပေါ်ပေါ် တွဲရဲတဲ့ စုံတွဲရှိသလို .. လူမြင်မခံရဲ သူမြင်မခံရဲတဲ့ စုံတွဲလဲရှိတယ်။

အများအားဖြင့် လူမြင်မခံရဲတဲ့ စုံတွေများဟာ လုယက်ခံရတာများတယ်။ အကြောင်းကတော့ ကောင်လေးနဲ့ ကောင်မလေး ချိန်ဆိုတွေ့ဆုံဖို့ ပထမခြေလှမ်းက စားသောက်ဆိုင် တခုတခုဖြစ်ပါတယ်။ အဲ့ဒီကမှ တဆင့် အချိန်တော်တော်ကြာမှ ချုံကြို ချံုကြားကို ရောက်လာကြတာပါ။

စုံတွဲတွေ ဘာကြောင့် လွယ်လွယ်ကူကူ အလုခံနေရတာလဲလို့ သိလိုတာကြောင့် အချိန်ပေးပြီး သုတေသနလုပ်ကြည့်ခဲ့ပါတယ်.။

နှလုံးသားရေးနယ်ပယ်မှာ ရိုးသားမှုမရှိတဲ့ ကောင်းလေးများက သူတို့ ရည်ငံနေတဲ့ ကောင်းမလေးရဲ့ တုန့်ပြန်မေတ္တာကို အချိန်ကြာကြာစောင့်ဆိုင်းမနေကြတော့ဘူး..။ ကောင်းမလေးဆီက သဲဦးပန်းကို ရရာနည်းလမ်းနဲ့ ခူးခြွေဖို့ဘဲ အားထုတ်လာကြတယ်။

အဲ့ဒီလိုအား ထုတ်ရာမှာ လူငယ်အချင်းချင်း လက်သိပ်ထိုးပြီး ရောင်းချနေတဲ့ လိင်မှုဆိုင်ရာ စိတ်ကြွဆေးတွေကို အသုံးပြုလာခဲ့ကြတယ်။

အဲ့ဒီ ဆေးဝါးအများစုဟာ အစားအသောက်ထဲကို ရောနှောကျွေးလို့ရတယ်..။ အနံ့အရသာ၊ အရောင်အဆင်း ဘာမှ မပြောင်းလဲဘူး..။ စားသုံးမိပြီးနောက် မိနစ် ၃၀ / ၄၀ အကြာမှ မနေနိုင် မထိုင်နိုင် ယို့တို့ရိုင်တိုင်ဖြစ်လာပြီး ချံုတိုးကြတော့တာဖြစ်တယ် ..။

အဲ့ဒီနည်းလမ်းနဲ့ ကောင်းမလေး အတော်များများ သံဦးပန်းတွေကြွေခဲ့ရတယ်လို့ ပြောဆိုသံများလဲ ကြားသိခဲ့ရတယ်။

ကော်ဖီ၊ ရေသန့်ဗူး၊ အချိုရည်ဗူး၊ ပီကေ၊ ချိုချဉ်၊ နုတ်ခမ်းနီဗူး၊ ချောကလပ်၊ စတဲ့ စားသောက်ကုန် အတုအပတွေထဲမှာ အဲ့ဒီ မိန်းကလေးလိင်စိတ်ကြွဆေးတွေထည့်ထားတယ်လို့ သိရတယ်။ ဒါကိုစားမိတဲ့ ကလေးမကတော့ မုဆိုးကျော့ကွင်းထဲက ယုန်သူငယ်အဖြစ်ကို ရောက်သွားပါပြီ..။

ချံုမြင်တိုး စုံတွဲအများစုဟာ အဲ့ဒီလို လိင်စိတ်ကြွဆေးတွေ သုံးစွဲပြီး ချံုတိုးကြတာဖြစ်တဲ့အတွက် လိင်စိတ်ကလွဲပြီး အခြား ဘာကိုမှ သတိမမူမိကြတော့ပါဘူး…။ ဒါဟာ စုံတွဲများရဲ့ အားနည်းချက် တစ်ခုဖြစ်သလို ပစ္စည်း ပစ္စယ လုယက်ယူငှင်ချင်ကြတဲ့ သူများအဖို့လဲ အားသာချက်တစ်ခုဖြစ်လာရပါတယ် .။

ကောင်းမလေးရဲ့ အငိုက်တစ်ချက်မှာ ကောင်းလေးက သဲဦးပန်းကို အမိအရ ခူးခြွေလိုက်သလို .. ကောင်းလေးရဲ့ အငိုက်တချက်မှာ အလစ်သုတ်အဖွဲ့က ပစ္စည်းပစ္စယများ အမိအရ ၀င်တွယ်လိုက်တယ် ..။

အလစ်သုတ်အဖွဲ့ရဲ့ အငိုက်ကို ရဲတပ်ဖွဲ့က အပြီးအပြတ်ရှင်းထုတ်လိုက်တယ် ..။အခုပြောချင်တာက စုံတွဲရယ် .. ဆေးဝါးရယ်၊ အလစ်သုတ်ရယ်ဘဲရှိသေးတယ် ..။

ပြသနာရဲ့ အရင်းအမြစ်က ဆေးဝါးကြောင့်ဖြစ်တယ် ။ ရွှေမြန်မာတွေဟာ ကောင်မလေးရော ကောင်ကလေးပါ အရှက်အကြောက် အလွန်ကြီးကြတယ် .။ အဲ့ဒီဆေးဝါးတွေကြောင့်မို့သာ ဖြစ်ချင်တိုင်းဖြစ်နေကြတာပါ..။

စီးပွားရေးသမားများအနေနဲ့ သားသမီးချင်း ကိုယ်ချင်းစာနာတယ်ဆိုခဲ့ရင် အဲ့ဒီလို လိင်စိတ်ကြွဆေးဝါးများကို လုံးဝ မရောင်းချကြပါနဲ့ ..။ ဥပဒေက အပြစ်ပေလျင် လေးငါးခြောက်နှစ်ဘဲ … လောကကြီးက ဒဏ်ခတ်လာရင် .. ခင်ဗျာတို့အတွက် တဘဝလုံးစာဖြစ်သွားမယ် …ဒါဘဲ

ရဲအုပ် ရဲအောင်

စခန်းမှူး မုံရွာနယ်မြေရဲစခန်း

Ref to Sue Sue