MASIGNALPHA101

အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးအားအလိုမတူဘဲ သားမယားအျဖစ္ အတင္းအဓမၼျပဳက်င့္

အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးအားအလိုမတူဘဲ သားမယားအျဖစ္ အတင္းအဓမၼျပဳက်င့္
Wednesday, April 11, 2018


ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ၾကီးခရိုင္ ရပ္ေစာက္ျမိဳ႕၌ ဧျပီလ ၉ ရက္က သက္ငယ္မုဒိမ္းက်ဴးလြန္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရပ္ေစာက္ျမိဳ႕ ေတာင္ကြက္သစ္ရပ္ကြက္ နယ္ေျမ(၁၂)၊ အင္းေခါင္းကြက္သစ္ေန အသက္ ၁၂ ႏွစ္အရြယ္ မ ………. အား၊ ယင္းအိမ္သုိ႔ ညအိပ္လာေရာက္တည္းခိုသည့္ မိေထြးျဖစ္သူ ေဒၚၾကည္ၾကည္၀င္း၏ အကိုေတာ္စပ္သူ ေသာင္းျမင့္ဦး(ခ) ဟိန္းထက္(ခ) ဖိုးျပဴး၊ အသက္ (၃၂)ႏွစ္မွ ၄င္းအိပ္ေနသည့္ အခန္းဘက္သုိ႔ ေပြ႕ခ်ီေခၚယူ၍ ဧျပီလ ၈ ရက္ေန႔ ည ၁၂ နာရီခြဲ ခန္႔အခ်ိန္၌ တစ္ၾကိမ္ႏွင့္ ဧျပီလ ၉ ရက္ နံနက္ ၃ နာရီခန္႔အခ်ိန္၌ တစ္ၾကိမ္၊ စုစုေပါင္း ၂ ၾကိမ္ အလိုမတူဘဲ သားမယားအျဖစ္ အတင္းအဓမၼ ျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသုိ႔ အလိုမတူဘဲ သားမယားအျဖစ္ အတင္းအဓမၼျပဳက်င့္သူ ေသာင္းျမင့္ဦး(ခ) ဟိန္းထက္(ခ) ဖိုးျပဴးအား အဓမၼျပဳက်င့္ခံရသူ မ………. ၏ မိခင္ရင္းျဖစ္သူ ေဒၚဇင္မာေဌးမွ ရပ္ေစာက္ျမိဳ႕မရဲစခန္းသို႔ တရားလိုျပဳ တုိင္တန္းသျဖင့္ အမႈကို စခန္းမွဴး ဒုရဲမွဴး တင္ေအာင္မိုးမွ စစ္ေဆးကာ တရားလို/ သက္ေသမ်ား စစ္ေဆးျခင္း၊ တရားခံအား ဖမ္းဆီးစစ္ေဆးျခင္းႏွင့္ (ပ)၃၁/ ၂၀၁၈၊ ရာဇသတ္ၾကီးပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

==========

Unicode

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့၌ ဧပြီလ ၉ ရက်က သက်ငယ်မုဒိမ်းကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့ တောင်ကွက်သစ်ရပ်ကွက် နယ်မြေ(၁၂)၊ အင်းခေါင်းကွက်သစ်နေ အသက် ၁၂ နှစ်အရွယ် မ ………. အား၊ ယင်းအိမ်သို့ ညအိပ်လာရောက်တည်းခိုသည့် မိထွေးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၏ အကိုတော်စပ်သူ သောင်းမြင့်ဦး(ခ) ဟိန်းထက်(ခ) ဖိုးပြူး၊ အသက် (၃၂)နှစ်မှ ၄င်းအိပ်နေသည့် အခန်းဘက်သို့ ပွေ့ချီခေါ်ယူ၍ ဧပြီလ ၈ ရက်နေ့ ည ၁၂ နာရီခွဲ ခန့်အချိန်၌ တစ်ကြိမ်နှင့် ဧပြီလ ၉ ရက် နံနက် ၃ နာရီခန့်အချိန်၌ တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်သူ သောင်းမြင့်ဦး(ခ) ဟိန်းထက်(ခ) ဖိုးပြူးအား အဓမ္မပြုကျင့်ခံရသူ မ………. ၏ မိခင်ရင်းဖြစ်သူ ဒေါ်ဇင်မာဌေးမှ ရပ်စောက်မြို့မရဲစခန်းသို့ တရားလိုပြု တိုင်တန်းသဖြင့် အမှုကို စခန်းမှူး ဒုရဲမှူး တင်အောင်မိုးမှ စစ်ဆေးကာ တရားလို/ သက်သေများ စစ်ဆေးခြင်း၊ တရားခံအား ဖမ်းဆီးစစ်ဆေးခြင်းနှင့် (ပ)၃၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။