MASIGNALPHA101

ေမာ္ဒယ္မိန္းကေလးကို အဓမၼျပဳက်င့္ ႏွိပ္စက္သူ အဆိုေတာ္ အစၥဏီ

ေမာ္ဒယ္မိန္းကေလးကို အဓမၼျပဳက်င့္ ႏွိပ္စက္သူ အဆိုေတာ္ အစၥဏီ
Friday, April 13, 2018


အဆိုေတာ္ အစၥဏီ ရည္းစားေဟာင္း ေမာ္ဒယ္မိန္းကေလးကို အဓမၼျပဳက်င့္မႈ၊ နာက်င္ေစမႈမ်ားျဖင့္ ဖမ္းဆီးအေရးယူခံထားရ

၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၁၁ ရက္ေန႔ ၂၃း၀၀ အခ်ိန္ ေမာ္ဒယ္ မ—–(ခ)——-(၂၇)ႏွစ္သည္

သူငယ္ခ်င္းမ်ားႏွင့္အတူ ဆယ္လီအရက္ဘားသို႔ေရာက္ရွိေနစဥ္ ဧၿပီလ ၁၂ ရက္ေန႔ ၀၂း၄၅ အခ်ိန္၌

ရည္းစားေဟာင္းျဖစ္သူ ဟန္ထြန္းေဇာ္(ခ) အစၥဏီ (၃၂)ႏွစ္မွ ဘားအတြင္းဝင္ေရာက္ ျပႆနာရွာေနသျဖင့္

ေမာ္ဒယ္ မ—–(ခ)——-မွ ၎ငွားရမ္းေနထိုင္သည့္ တိုက္ခန္းသို႔ ကားငွား၍ ျပန္လာခဲ့ရာ

ဟန္ထြန္းေဇာ္(ခ)အစၥဏီမွလည္း ၎၏ယာဥ္ျဖင့္လိုက္လာခဲ့သည္။

ေနအိမ္သို႔အေရာက္တြင္ ဟန္ထြန္းေဇာ္(ခ) အစၥဏီမွ ေမာ္ဒယ္ မ—–(ခ)——၏ အကၤ်ီအား အတင္းဆြဲခြ်တ္သျဖင့္႐ုန္းကန္စဥ္

ဦးေခါင္းျဖင့္ မွန္ဗီဒိုအားတိုက္မိခဲ့၍ ဦးေခါင္းနာက်င္ခဲ့သည့္အျပင္ တကိုယ္လုံးအား ဖ်စ္ညႇစ္ျခင္း၊

ယာလက္ညႇိုး၊ လက္ခလယ္ႏွင့္ လက္သူႂကြယ္တို႔၏ လက္သည္းခြံမ်ားကို လွန္ခ်ိဳးသျဖင့္

နာက်င္၍သတိေမ့ေနစဥ္ သားမယား ၂ ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း၊ သတိျပန္ရလာစဥ္ ပတ္ဝန္းက်င္အား အကူအညီေတာင္းခံရန္ ႀကိဳးစားခဲ့ရာ

ဟန္ထြန္းေဇာ္ (ခ) အစၥဏီမွ ၎၏ယာေျခေထာက္အား ဗီဒိုမွန္ကြဲစျဖင့္ ျခစ္ခဲ့၍ ျပတ္ရွဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ ေၾကာင္း၊

ထို႔ေနာက္ ေမာ္ဒယ္ မ—–(ခ)——မွ အိမ္သာအသုံးျပဳမည္ဟု အေၾကာင္းျပကာ

အိမ္သာတံခါးအား ေလာ့ခ်ၿပီး သူငယ္ခ်င္းျဖစ္သူ မ——–ထံ ဖုန္းျဖင့္ အကူအညီေတာင္းခံခဲ့ရာ ၀၅း၃၀ အခ်ိန္တြင္

မ——-ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ေရာက္ရွိလာၿပီး ၎အားကယ္တင္နိုင္ခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဟန္ထြန္းေဇာ္ (ခ) အစၥဏီအား အေရးယူေပးပါရန္ ေမာ္ဒယ္ မ—–(ခ)——က ဧၿပီလ ၁၂ ရက္ေန႔

၁၀၃၀ အခ်ိန္တြင္ တာေမြျမိဳ႕မရဲစခန္း၌ တိုင္တန္း၍ ဟန္ထြန္းေဇာ္ (ခ) အစၥဏီ(ဖမ္းမိ) အား (ပ)၃၆၂/၂၀၁၈၊ ရာဇသတ္ႀကီး

ပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ/တုံးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ/ခြ်န္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈ)

ျဖင့္ အေရးယူစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

(ျပည္ထဲေရး)

Credit - News Watch

==========

Unicode

အဆိုတော် အစ္စဏီ ရည်းစားဟောင်း မော်ဒယ်မိန်းကလေးကို အဓမ္မပြုကျင့်မှု၊ နာကျင်စေမှုများဖြင့် ဖမ်းဆီးအရေးယူခံထားရ

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ၂၃းဝ၀ အချိန် မော်ဒယ် မ—–(ခ)——-(၂၇)နှစ်သည်

သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက်နေ့ ၀၂း၄၅ အချိန်၌

ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ (၃၂)နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာရှာနေသဖြင့်

မော်ဒယ် မ—–(ခ)——-မှ ၎င်းငှားရမ်းနေထိုင်သည့် တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ

ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်း၏ယာဉ်ဖြင့်လိုက်လာခဲ့သည်။

နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် မ—–(ခ)——၏ အင်္ကျီအား အတင်းဆွဲချွတ်သဖြင့်ရုန်းကန်စဉ်

ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့၍ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် တကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊

ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့်

နာကျင်၍သတိမေ့နေစဉ် သားမယား ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းခံရန် ကြိုးစားခဲ့ရာ

ဟန်ထွန်းဇော် (ခ) အစ္စဏီမှ ၎င်း၏ယာခြေထောက်အား ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့၍ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း၊

ထို့နောက် မော်ဒယ် မ—–(ခ)——မှ အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ

အိမ်သာတံခါးအား လော့ချပြီး သူငယ်ချင်းဖြစ်သူ မ——–ထံ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ ၀၅း၃၀ အချိန်တွင်

မ——-နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ၎င်းအားကယ်တင်နိုင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဟန်ထွန်းဇော် (ခ) အစ္စဏီအား အရေးယူပေးပါရန် မော်ဒယ် မ—–(ခ)——က ဧပြီလ ၁၂ ရက်နေ့

၁၀၃၀ အချိန်တွင် တာမွေမြို့မရဲစခန်း၌ တိုင်တန်း၍ ဟန်ထွန်းဇော် (ခ) အစ္စဏီ(ဖမ်းမိ) အား (ပ)၃၆၂/၂၀၁၈၊ ရာဇသတ်ကြီး

ပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)

ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

(ပြည်ထဲရေး)

Credit - News Watch