MASIGNALPHA101
မိခင်ဖြစ်သူ သင်္ကြန်ပန်းခူးရန်သွားနေစဉ် သမီးဖြစ်သူအား အဓမ္မပြုကျင့်
မိခင်ဖြစ်သူ သင်္ကြန်ပန်းခူးရန်သွားနေစဉ် သမီးဖြစ်သူအား အဓမ္မပြုကျင့်
Sunday, April 15, 2018
စေတမန်ထုံးဘို>>#AZM
==========
Unicode
ဧရာဝတီတိုင်​း​ဒေသကြီး၊မအူပင်​ခရိုင်​၊ပန်​းတ​နော်​မြို့နယ်​၊ ကျုံတိုင်​းကြီးအုပ်​စု၊​ရွှေတန်​ခူးငါး​မွေးကန်​၌
ဧပြီလ ၁၂ ရက်​​နေ့ က အရွယ်​မ​ရောက်​​သေးသူအား သားမယားအဖြစ်​ ပြုကျင်​့မှု ဖြစ်​ပွားခဲ့​ကြောင်​း သိရသည်​။
အမှုမှာ ည​နေ ၃း၃၀ နာရီအချိန်​ခန်​့တွင်​ ကျုံတိုင်​းကြီးအုပ်​စု၊ ငါး​မွေးမြူ​ရေးကန်​၌
​ခြောက်​နှစ်​သမီး နှင်​့​လေးနှစ်​​ကျော်​သားတို့အား မိခင်​ဖြစ်​သူမှ ထားခဲ့ပြီး၊ သင်္ကြန်​ပန်​းခူးရန်​ ရွာထဲသို့ ထွက်​သွားရာ
ည​နေ ၄ နာရီအချိန်​ခန်​့ ပြန်​လာရာ သမီးဖြစ်​သူမှ ငိုယိုထွက်​​ပြေးလာပြီး
တစ်​ရွာတည်​း​နေ ​ထွေး​ဇော်​ဦး(၂၈)နှစ်​မှာ အိပ်​ခန်​းအတွင်​း၌ ထိုင်​​နေသည်​ကို ​တွေ့မြင်​ရသဖြင့်
တရားလိုမှ “ငါ လူကြီး​တွေကို သွား​ခေါ်မယ်​”ဟု​​ပြောရာ တရားခံမှာထွက်​​ပြေးသွားခဲ့​ကြောင်​း၊
သမီးဖြစ်​သူမိန်​းမကိုယ်​မှ ​သွေးများကျဆင်​း​နေသည်​ကို​တွေ့မြင်ရာ ဧပြီလ ၁၃ ရက်​​နေ့ နံနက်​ ၁၁း၄၀ နာရီအချိန်​ခန်​့တွင်​
သုံးခွနယ်​​မြေရဲစခန်​းသို့ သွား​ရောက်​တိုင်​တန်​းခဲ့​ကြောင်​း၊ ပန်​းတ​နော်​မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​မောင်​​မောင်​ဦး၏လမ်​းညွှန်​မှုဖြင့်
တရားခံအား ၂၄ နာရီအတွင်​း ဖမ်​းဆီးရမိခဲ့​​ကြောင်​း၊
သုံးခွနယ်​​မြေရဲစခန်​းမှ (ပ)၂၄/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ-၃၇၆ ဖြင်​့ အမှုဖွင်​့အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်​း နယ်​​မြေရဲစခန်​းမှ သိရသည်​။
အခင်​းဖြစ်​​နေရာသည်​ ပန်​းတ​နော်​မြို့နယ်​နှင့် ၂၁ မိုင်​ခန်​့၊ သုံးခွနယ်​​မြေရဲစခန်​းနှင့် ၁၂ မိုင်​ခန်​့​ဝေးပြီး၊ အိမ်​မဲမြို့နယ်​နှင်​့ ၄ မိုင်​ခန်​့သာ​ဝေး​ကြောင်​း၊​
​ခြောက်​နှစ်​သမီး​လေးမှာ အိမ်​မဲပြည်​သူ့​ဆေးရုံတွင်​ ​ဆေးကုသမှုခံယူလျှက်​ရှိ​ကြောင်​း ​ဒေသခံတစ်ဦးက​ပြောသည်​။…..
လင်​း​ခေတ်​​ဇော်​(​ကျောင်​းကုန်​း)
စေတမန်ထုံးဘို>>#AZM