MASIGNALPHA101

၄၉ က သူငယ်ချင်းတစ်ဦးပါဝင်ခဲ့တဲ့ ဖားကန့်ဖြစ်စဉ် ရေးထားတာ ဝင်ခံစားကြည့်

၄၉ က သူငယ်ချင်းတစ်ဦးပါဝင်ခဲ့တဲ့ ဖားကန့်ဖြစ်စဉ် ရေးထားတာ ဝင်ခံစားကြည့်
Friday, April 13, 2018


ဖားကန့်​ မှာ တိုက်​ပွဲဖြစ်​တယ်​ ဟိုဘက်​အဖွဲ့က movie ရိုက်​ပြီး facebook ​ပေါ်တင်​တယ်​ ကိုယ့်​လူ​တွေ တုန်းလုန်း ပက်​လက်​​ပေါ့
လက်​နက်​​တွေ​ရော လူ​တွေ​ရော ပါဆို​တော့ အများအမြင်​ ​တော်​​တော်​ခံလိုက်​ရတယ်​ ဆိုတဲ့အမြင်​ပဲ မြင်​ကြတယ်​ ...

ကိုယ်​နဲ့တစ်​ပါတ်​စဉ်​တည်း သူငယ်​ချင်း ဒါဏ်​ရာရလို့ လူနာ​မေး အား​ပေးစကား​ပြောရင်း ဖြစ်​စဉ်​ကို သိလိုက်​ရ​တော့ ​လေးစားလွန်းလို့
ထိုင်​ကန်​​တော့ချင်​ စိတ်​​တောင်​ ဖြစ်​မိတယ်​ ...


မင်းကလည်းကွာ လူ​တွေလည်း တုန်းလုန်း ပက်​လက်
လက်​နက်​​တွေလည်းပါ ​သေတဲ့သူက​သေ ဒါ တပ်​မ​တော်​သိက္ခာကျစရာပဲကွ သည်​​ကောင်​​တွေ ​စောင်​သုံးမကျလို့ အဲ့လို မြင်​ရင်​လည်း မြင်​နိုင်​တယ်
ဖြစ်​စဉ်​​လေးကိုလည်း နား​ထောင်​ကြည့်​ဦး .....

ရန်​သူ အင်​အား ၃၀၀ ​ကျော်​ခန့်​. မနက်​ ၅ နာရီ
ရွာထဲမှာ ရှိ​နေတဲ့ ၂၂ ​ယောက်​အင်​အား ကို အလုံးအရင်းနဲ့ ၀ိုင်းတယ်
မနက် ​၅ နာရီက​နေ ၉ နာရီ ၁၀ နာရီ ၀န်းကျင်​ထိ ၄ နာရီ ၅ နာရီ​လောက်
အျယာက် (၃၀၀) က (၂၂) ​ယောက်​ကို မသိမ်းနိုင်​ဘူး
၂၂ ​ယောက်​က ၃၀၀ ကို ​တောင့်​ခံထား နိုင်​တယ်​ .

လူ​တွေဒါဏ်​ရာရနေတယ်​ ဆက်​ပစ်​ကြတယ်​ လက်​ညှိုးပြတ်​တယ်
လက်​ခလယ်​နဲ့ဆက်​ပစ်​တယ်​ ​နောက်​ဆုံး ​သေနတ်​​တွေပူပြီး
ကျည်​မထွက်​​တော့ဘူး ရန်​သူ​တွေ ၀င်​စီးတယ်​ တုံးလုံးပက်​လက်​နဲ့ ကျည်​မထွက်​တဲ့ ​သေနတ်နဲ့ ခလုတ်​​မောင်းဆွဲ​နေတုန်း ..

သေနတ်​​တွေကို လက်​ထဲကအတင်းလုယူကြတယ်​ .
ဒါဏ်​ရာ​တွေနဲ့ အ​ဆောက်​အဦးတစ်​ခုထဲမှာ ပိတ်​မိ​နေတဲ့ သူငယ်​ချင်းနဲ့
တစ်​စု ကို သူတို့မ​တွေ့သွားဘူး


လူနာသွား​မေးတဲ့အချိန်​မှာလည်း ဒါဏ်​ရာက ပြင်းထန်​​ပေမယ့်
သူတို့မျက်​နှာ​တွေ ​သွေး​ကြောင်​ ထိတ်​လန့်​ မ​နေကြဘူး
စစ်​​ရေးအသိရှိလို့ မနက်​ ၅ နာရီမှာ ယူနီ​ဖောင်းအပြည့်​နဲ့ သူတို့ခုခံနိုင်​တာပေါ့

သူငယ်​ချင်း ငါတို့က ​သေဖို့လည်း အဆင်​သင့်​ပဲ
နောက်​ဆုံးအချိန်​ထိ ​သွေးမ​ကြောင်​ခဲ့ပါဘူး .
ငါ့လက်​ တစ်​ဖက်​လုံး စုတ်​ပြတ်​​နေပြီ​ သေနတ် ​မပစ်​နိုင်​​တော့ဘူး
ငါအပါဝင်​စစ်​သည် ​၄ ​ယောက်​ အ​ဆောက်​ဦး ထဲပိတ်​မိ​နေတယ်
ကျန်​တဲ့ရဲ​ဘော်​​တွေကို KIA က ငါတို့ဘယ်​မှာလဲ​မေးတာ ဘယ်​သူမှမ​ဖြေကြဘူး ငါ့ရဲဘော်​​တွေလည်း ​သွေးမ​ကြောင်​ပါဘူးကွာ
.
အေးပါသူငယ်​ချင်းရာ .
မင်းတို့ သည်​ပွဲမှာ နိုင်​ပါတယ်​ကွာ .
အ​ယောက်​၃၀၀ နဲ့ ၂၂ ​ယောက်​ ၄ နာရီ​ကျော်​ ခုခံနိုင်​ပြီး
အခု စကား​တောင်​​ပြောနိုင်​​သေးတာ .

မင်းတို့ အားလုံးကို ဘယ်​သူ​တွေ ဘယ်​လိုမြင်​မြင်​ကွာ
ငါတို့သူငယ်​ချင်း​တွေက​တော့ ရဲရင့်​တဲ့ သူရဲ​ကောင်း​တွေလို့ မြင်​ပါတယ်​ .


၃၀၀ နဲ့ ၂၂
ဇာတ်​ကားရိုက်​​နေတာလည်း မဟုတ်​ဘူး
ကျည်​အစစ်​​တွေနဲ့ တကယ်​သတ်​​နေကြတာ

မင်းတို့ကလည်း spider man လည်း မဟုတ်​ဘူး
Rambo လည်း မဟုတ်​ဘူး iron-man လည်းမဟုတ်​ဘူး
သည်​​လောက်​ခုခံနိုင်​တာ ဟုတ်​​နေပါပြီကွာလို့ ...

မင်းတို့ကို ​စောင်​သုံးမကျဘူး​ပြောတဲ့သူရှိရင်
အဲ့သည့်​လူကို ရမ်​ဘို အာနိုး အပါအ၀င်​ ၂၂ ​ယောက်​နဲ့ခုခံခိုင်း
အ​ယောက်​၃၀၀ နဲ့ ၀ိုင်းပြမယ်

အလွန်​ဆုံးနာရီဝက်​ဆို ကိစ္စတုံးပါတယ်​ကွာလို့ဆို​တော့ ...
သူပြုံး ပြီး ကြည့်​​နေပါ​တော့တယ်​ .......

Credit - Zar Ni