MASIGNALPHA101

(၆) မိုင္ ေရလိႈင္းကမၻာ အပန္းေျဖစခန္း၌ လူတစ္ဦး ဓာတ္လိုက္ေသဆံုး

(၆) မိုင္ ေရလိႈင္းကမၻာ အပန္းေျဖစခန္း၌ လူတစ္ဦး ဓာတ္လိုက္ေသဆံုး
Thursday, April 5, 2018


ျပင္​ဦးလြင္​ၿမိဳ႕နယ္​ လြန္ေကာင္းေက်းရြာအုပ္စု၊ (၆)မိုင္ ေရလိႈင္းကမၻာ အပန္းေျဖစခန္းမွ လူတစ္ဦးဓာတ္လိုက္ေသဆံုး၍ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ေရာက္ရွိေနေၾကာင္း ​ေဆးရံုႀကီးမွ ျပင္​စာရဲစခန္​းသို႔ ဧၿပီ ၄ ရက္​ ည ၉နာရီခြဲအခ်ိန္​က အေၾကာင္းၾကားခ်က္အရ ျပင္စာရဲစခန္​း စခန္​းမွဴး ရဲအုပ္၀င္းဗိုလ္ႏွင့္ အဖြဲ႕၀င္မ်ား၊ ျပင္စာေက်းရြာမွ ဦးခ်စ္ကိုကို၊ ဦးေမာင္ခ်ဳိတို႔ႏွင့္အတူ မႏၲေလးေဆး႐ုံႀကီးသို႔ သြားေရာက္စစ္ေဆးရာ (၆)မိုင္ ေရလိႈင္းကမၻာ အပန္းေျဖစခန္းမွ ၀န္ထမ္းျဖစ္သူ ခ်စ္ပို(၁၈)ႏွစ္ တအံုေက်းရြာ၊ ၀က္လက္ၿမိဳ႕နယ္ေနသူသည္​ ဓာတ္လိုက္ၿပီး လဲက်ရာမွ ဦးေခါင္းေနာက္ေစ့ ဖူးေရာင္ေပါက္ၿပဲဒဏ္ရာျဖင့္ ေသဆံုးလ်က္ရွိေၾကာင္း ​ေတြ႕ရွိရသည္​။

ထို႔​ေနာက္​ စခန္​းမွဴး ရဲအုပ္၀င္းဗိုလ္ႏွင့္ အဖြဲ႕သည္​ အခင္းျဖစ္ေနရာသို႔ သြားေရာက္၍ ခ်စ္ပိုႏွင့္အတူ အလုပ္လုပ္ကိုင္ေနသူ ရဲ၀င္းေအာင္ (၂၄)ႏွစ္ (ဘ)ဦးေအာင္ျမင့္၊ မပတ(မမွတ္မိ)၊ (၆)မိုင္ ေရလိႈင္းကမၻာ အပန္းေျဖစခန္းေနသူအား စစ္​​ေဆးေမးျမန္းရာ ၎ႏွင့္ခ်စ္ပိုတို႔သည္ အပန္းေျဖစခန္းအတြင္း အေရွ႕ဘက္ရွိ အျမင့္ (၂၀)ေပခန္႔ ကြန္ကရစ္ ဓာတ္မီးတိုင္၏ (၅)ေပခန္႔အျမင့္ရွိသည့္ မိန္းဘုတ္ခံုကို ေရေမာင္းရန္အတြက္ မီးခလုတ္ဖြင့္စဥ္ မီးႀကိဳးျပတ္ေနသည့္အတြက္ မီးႀကိဳးဆက္ရာ လက္ျဖင့္ မီးႀကိဳးအား ကိုင္မိၿပီး ဓာတ္လိုက္၍ လမ္းေပၚသို႔ ေနာက္ျပန္လန္က်ၿပီး (၁)လက္မခန္႔ ဦးေခါင္းေနာက္ေစ့ ေပါက္ၿပဲဒဏ္ရာရရွိခဲ့သျဖင့္ မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးကာ ေဆးကုသခံမႈေနစဥ္ ေသဆံုးေၾကာင္း စစ္​​ေဆးသိရွိရသည္​။

ကိုရဲ

TheMandalayNewsJournal

==========

Unicode

ပြင်​ဦးလွင်​မြို့နယ်​ လွန်ကောင်းကျေးရွာအုပ်စု၊ (၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းမှ လူတစ်ဦးဓာတ်လိုက်သေဆုံး၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း ​ဆေးရုံကြီးမှ ပြင်​စာရဲစခန်​းသို့ ဧပြီ ၄ ရက်​ ည ၉နာရီခွဲအချိန်​က အကြောင်းကြားချက်အရ ပြင်စာရဲစခန်​း စခန်​းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ပြင်စာကျေးရွာမှ ဦးချစ်ကိုကို၊ ဦးမောင်ချိုတို့နှင့်အတူ မန္တလေးဆေးရုံကြီးသို့ သွားရောက်စစ်ဆေးရာ (၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းမှ ဝန်ထမ်းဖြစ်သူ ချစ်ပို(၁၈)နှစ် တအုံကျေးရွာ၊ ဝက်လက်မြို့နယ်နေသူသည်​ ဓာတ်လိုက်ပြီး လဲကျရာမှ ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း ​တွေ့ရှိရသည်​။

ထို့​နောက်​ စခန်​းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့သည်​ အခင်းဖြစ်နေရာသို့ သွားရောက်၍ ချစ်ပိုနှင့်အတူ အလုပ်လုပ်ကိုင်နေသူ ရဲဝင်းအောင် (၂၄)နှစ် (ဘ)ဦးအောင်မြင့်၊ မပတ(မမှတ်မိ)၊ (၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းနေသူအား စစ်​​ဆေးမေးမြန်းရာ ၎င်းနှင့်ချစ်ပိုတို့သည် အပန်းဖြေစခန်းအတွင်း အရှေ့ဘက်ရှိ အမြင့် (၂၀)ပေခန့် ကွန်ကရစ် ဓာတ်မီးတိုင်၏ (၅)ပေခန့်အမြင့်ရှိသည့် မိန်းဘုတ်ခုံကို ရေမောင်းရန်အတွက် မီးခလုတ်ဖွင့်စဉ် မီးကြိုးပြတ်နေသည့်အတွက် မီးကြိုးဆက်ရာ လက်ဖြင့် မီးကြိုးအား ကိုင်မိပြီး ဓာတ်လိုက်၍ လမ်းပေါ်သို့ နောက်ပြန်လန်ကျပြီး (၁)လက်မခန့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးကုသခံမှုနေစဉ် သေဆုံးကြောင်း စစ်​​ဆေးသိရှိရသည်​။

ကိုရဲ

TheMandalayNewsJournal