MASIGNALPHA101

ဒုတိယဗုိလ္မွဴးႀကီးတစ္ဦး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ဆုိင္ကယ္ျဖင့္ ၀င္တုိက္ၿပီး စေကဘာျဖင့္ထုိးမႈျဖစ္ပြား

ဒုတိယဗုိလ္မွဴးႀကီးတစ္ဦး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ဆုိင္ကယ္ျဖင့္ ၀င္တုိက္ၿပီး စေကဘာျဖင့္ထုိးမႈျဖစ္ပြား
Sunday, April 29, 2018


ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံတြင္ တာ၀န္ထမ္းေဆာင္လ်က္ရွိသည့္ ဒုတိယဗုိလ္မွဴးႀကီး တစ္ဦးေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ယာဥ္အား ေရွ႕ဘီးေထာင္၍ စတန္႕စီးသည့္ ဆုိင္ကယ္ျဖင့္ ၀င္တုိက္ၿပီး စေကဘာျဖင့္ထုိးမႈျဖစ္ပြား

ေနျပည္ေတာ္၊ ဧၿပီ - ၂၉

မႏၲေလးတုိင္းေဒသႀကီး၊ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံတြင္တာ၀န္ထမ္းေဆာင္လ်က္ရွိသည့္ ခြဲစိတ္ပါရဂူ ဒုတိယဗုိလ္မွဴးႀကီး မုိးျမတ္ေအာင္သည္ ဧၿပီ ၂၅ ရက္ ည ၉ နာရီ ၄၅ မိနစ္တြင္အနီးစခန္းရွိ ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီး၏ ဓမၼသဟာယသာသနစင္တာမွ ရပ္ကြက္ႀကီး(၉)ရွိ ၎၏ေနအိမ္သုိ႔ေမာ္ေတာ္ယာဥ္ျဖင့္ ျပန္လာစဥ္ ရပ္ကြက္ႀကီး (၅)အစုိးရဧည့္ေဂဟာလမ္း၊ ဧည့္ေဂဟာဂိတ္အနီးသို႔အေရာက္ လမ္းေပၚ၌ဆုိင္ကယ္ ၄ စီးျဖင့္ အမ်ိဳးသား ၇ ဦးသည္ဆုိင္ကယ္စတန္႔ျပဳလုပ္၍ ေမာင္းႏွင္ေနေၾကာင္းေတြ႕ရွိရသျဖင့္ ေရွာင္တိမ္း ေမာင္းႏွင္စဥ္ ဆုိင္ကယ္စတန္႔ျပဳလုပ္ေနသည့္ ဆုိင္ကယ္ ၁ စီးျဖင့္ေမာ္ေတာ္ယာဥ္ မေတာ္တဆပြတ္တုိက္မႈ ျဖစ္ပြားခဲ့သည္။

ထုိ႔သုိ႔ပြတ္တုိက္မႈျဖစ္ပြားၿပီးေနာက္ ဒုတိယဗုိလ္မွဴးႀကီး မုိးျမတ္ေအာင္က ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ၿပီး လုိအပ္သည့္အကူအညီမ်ားေဆာင္ရြက္ေပးရန္ ယာဥ္ေပၚမွဆင္း၍ ေမးျမန္းစဥ္ ဆုိင္ကယ္စီးနင္းသူမ်ားအနက္ ၃ ဦးမွ ၎အားခ်ဳပ္ကုိင္၍ ၁ ဦးမွ၀မ္းဗုိက္အား စေကဘာျဖင့္ထုိးခဲ့သျဖင့္ ဒုတိယဗုိလ္မွဴးႀကီး မုိးျမတ္ေအာင္မွာ ျပင္းထန္စြာထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ဆုိးသြမ္းလူငယ္ ၇ ဦးမွာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္။

အဆုိပါဒုတိယဗုိလ္မွဴးႀကီး မုိးျမတ္ေအာင္အား ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံတြင္အေရးေပၚ ခြဲစိတ္ ကုသမႈ မ်ားေဆာင္ရြက္ခဲ့ရၿပီး ျပန္လည္ေကာင္းမြန္သည္အထိ ဆက္လက္ကုေပးလ်က္ရွိသည္။ ထြက္ေျပးတိမ္း ေရွာင္သြားသည့္ ဆုိးသြမ္းလူငယ္ ၇ ဦးအား ဥပေဒႏွင့္အညီအေရးယူ ေဆာင္ရြက္ႏုိင္ေရးအတြက္ ျပင္ဦးလြင္ၿမိဳ႕၊ ၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္၍ ဖမ္းဆီးရမိေရးေဆာင္ရြက္လ်က္ရွိေၾကာင္းသတင္းရရွိသည္။

Source - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

==========

Unicode Version

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်မှူးကြီး တစ်ဦးမောင်းနှင် လာသည့် မော်တော်ယာဉ်အား ရှေ့ဘီးထောင်၍ စတန့်စီးသည့် ဆိုင်ကယ်ဖြင့် ဝင်တိုက်ပြီး စကေဘာဖြင့်ထိုးမှုဖြစ်ပွား

နေပြည်တော်၊ ဧပြီ - ၂၉

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်သည် ဧပြီ ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်တွင်အနီးစခန်းရှိ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဓမ္မသဟာယသာသနစင်တာမှ ရပ်ကွက်ကြီး(၉)ရှိ ၎င်း၏နေအိမ်သို့မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ရပ်ကွက်ကြီး (၅)အစိုးရဧည့်ဂေဟာလမ်း၊ ဧည့်ဂေဟာဂိတ်အနီးသို့အရောက် လမ်းပေါ်၌ဆိုင်ကယ် ၄ စီးဖြင့် အမျိုးသား ၇ ဦးသည်ဆိုင်ကယ်စတန့်ပြုလုပ်၍ မောင်းနှင်နေကြောင်းတွေ့ရှိရသဖြင့် ရှောင်တိမ်း မောင်းနှင်စဉ် ဆိုင်ကယ်စတန့်ပြုလုပ်နေသည့် ဆိုင်ကယ် ၁ စီးဖြင့်မော်တော်ယာဉ် မတော်တဆပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ထို့သို့ပွတ်တိုက်မှုဖြစ်ပွားပြီးနောက် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က မော်တော်ယာဉ်အား ရပ်တန့်ပြီး လိုအပ်သည့်အကူအညီများဆောင်ရွက်ပေးရန် ယာဉ်ပေါ်မှဆင်း၍ မေးမြန်းစဉ် ဆိုင်ကယ်စီးနင်းသူများအနက် ၃ ဦးမှ ၎င်းအားချုပ်ကိုင်၍ ၁ ဦးမှဝမ်းဗိုက်အား စကေဘာဖြင့်ထိုးခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆိုးသွမ်းလူငယ် ၇ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဆိုပါဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်အား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင်အရေးပေါ် ခွဲစိတ် ကုသမှု များဆောင်ရွက်ခဲ့ရပြီး ပြန်လည်ကောင်းမွန်သည်အထိ ဆက်လက်ကုပေးလျက်ရှိသည်။ ထွက်ပြေးတိမ်း ရှောင်သွားသည့် ဆိုးသွမ်းလူငယ် ၇ ဦးအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့၊ မြို့မရဲစခန်းတွင်အမှုဖွင့်၍ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Source - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး