MASIGNALPHA101

အစၥဏီ ရဲ့ မတရားႏွိပ္စက္ သားမယားျပဳက်င့္ခံရတာကိုေျပာျပလာတဲ႔ ေမာ္ဒယ္ စူးရွထက္

အစၥဏီ ရဲ့ မတရားႏွိပ္စက္ သားမယားျပဳက်င့္ခံရတာကိုေျပာျပလာတဲ႔ ေမာ္ဒယ္ စူးရွထက္
Saturday, April 14, 2018


အဆိုေတာ္ အစၥဏီ ရဲ့ မတရား ႏွိပ္စက္ သားမယား ျပဳျခင္းခဲ့ရတာေၾကာင့္ အမွဳဖြင့္ တိုင္ၾကားထားပါတယ္၊ ဒီအမွဳကို လံုး၀ မေက်ေအး မေပးႏိုင္ပါဘူး။ တရားဥပေဒဆိုတာ တရားတဲ့ ဘက္မွာပဲ ရွိရပါမယ္” လို႔ေျပာလာတဲ့ ေမာ္ဒယ္ စူးရွထက္ ႏွင့္ ခဏတာ။

Credit – Myanmar Celebrity

Unicode

“အဆိုတော် အစ္စဏီ ရဲ့ မတရား နှိပ်စက် သားမယား ပြုခြင်းခဲ့ရတာကြောင့် အမှုဖွင့် တိုင်ကြားထားပါတယ်၊ ဒီအမှုကို လုံးဝ မကျေအေး မပေးနိုင်ပါဘူး။ တရားဥပဒေဆိုတာ တရားတဲ့ ဘက်မှာပဲ ရှိရပါမယ်” လို့ပြောလာတဲ့ မော်ဒယ် စူးရှထက် နှင့် ခဏတာ။

Credit – Myanmar Celebrity



======================


အဆုိေတာ္ အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ဳိးသမီးကုိ အဓမၼႏွစ္ၾကိမ္ျပဳက်င့္

အဆုိေတာ္ အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ဳိးသမီးကုိ အဓမၼႏွစ္ၾကိမ္ျပဳက်င့္သည့္အျပင္ ကုိယ္ထိလက္ေရာက္ပါ က်ဳးလြန္

——– မုိးတိမ္ ———

အဆုိေတာ္ အစၥဏီက ရည္းစားေဟာင္းျဖစ္သူအမ်ဳိးသမီးကုိ အဓမၼျပဳက်င့္ခဲ့သည့္အျပင္ ထိခုိက္နာက်င္ေစသည္အထိပါ လုပ္ေဆာင္ခဲ့ေသာျဖစ္စဥ္တစ္ခု ဧျပီလ ၁၂ ရက္ က ျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာနက ဧျပီလ ၁၃ ရက္တြင္ သတင္းထုတ္ျပန္လုိက္သည္။

ျဖစ္စဥ္အရ အသက္ ၂၇ ႏွစ္အရြယ္ ေမာ္ဒယ္အမ်ဳိးသမီး – – – သည္ သူငယ္ခ်င္းမ်ားႏွင့္အတူ ဆယ္လီအရက္ဘားသုိ ့ေရာက္ရွိေနစဥ္ ဧၿပီလ ၁၂ ရက္ နံနက္ ၂ နာရီ ၄၅ မိနစ္အခ်ိန္၌ ရည္းစားေဟာင္းျဖစ္သူ ဟန္ထြန္းေဇာ္(ခ) အစၥဏီ(၃၂)ႏွစ္က ဘားအတြင္းဝင္ေရာက္၍ ျပႆနာရွာေနသျဖင့္ ေမာ္ဒယ္ မ—–(ခ)—— က ၎ငွားရမ္းေနထိုင္သည့္ တာေမြျမိဳ ့နယ္အတြင္းရွိ တိုက္ခန္းသို႔ ကားငွား၍ ျပန္လာခဲ့ရာ ဟန္ထြန္းေဇာ္(ခ)အစၥဏီမွလည္း ၎ယာဥ္ျဖင့္ အတူလိုက္ပါလာခဲ့ေၾကာင္း သိရသည္။

ေနအိမ္သုိ ့ေရာက္ရွိခ်ိန္တြင္ အဆုိေတာ္အစၥဏီက ေမာ္ဒယ္အမ်ဳိးသမီးအား အက်ီၤကုိ ဆဲြခၽြတ္ခဲ့ရာ အမ်ဳိးသမီးက ရုန္းကန္ခဲ့စဥ္ ဦးေခါင္းျဖင့္ မွန္ဗီဒိုကုိတိုက္မိခဲ့၍ ဦးေခါင္း နာက်င္ခဲ့သည့္အျပင္ တစ္ကိုယ္လုံးကုိ ဖ်စ္ညႇစ္ျခင္း၊ ယာလက္ညႇိုး၊ လက္ခလယ္ႏွင့္ လက္သူႂကြယ္တို႔၏ လက္သည္းခြံမ်ားကို လွန္ခ်ိဳးသျဖင့္ နာက်င္၍သတိေမ့ေနစဥ္ သားမယား ႏွစ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း သိရသည္။

အမ်ဳိးသမီး သတိျပန္ရလာခ်ိန္တြင္ ပတ္၀န္းက်င္ကုိ အကူအညီေတာင္းခံရန္ ၾကိဳးစားခဲ့ရာ ဟန္ထြန္းေဇာ္ (ခ) အစၥဏီမွ ၎၏ယာေျခေထာက္အား ဗီဒိုမွန္ကြဲစျဖင့္ ျခစ္ခဲ့၍ ျပတ္ရွဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း၊ ယင္းေနာက္ ေမာ္ဒယ္ မ—–(ခ)——က အိမ္သာအသုံးျပဳမည္ဟု အေၾကာင္းျပကာ အိမ္သာတံခါးကုိ ေလာ့ခ်ၿပီး သူငယ္ခ်င္းျဖစ္သူ မ——–ထံ ဖုန္းျဖင့္ အကူအညီေတာင္းခံခဲ့ရာ နံနက္ ၅ နာရီ ၃၀ အခ်ိန္တြင္ မ——-ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ေရာက္ရွိလာၿပီး ၎အားကယ္တင္ႏုိင္ခဲ့ေၾကာင္း သိရသည္။ အမ်ဳိးသမီးက အဆုိေတာ္ အစၥဏီကုိ အေရးယူေပးပါရန္ တုိင္ၾကားခဲ့ေသာေၾကာင့္ တာေမြျမိဳ ့နယ္ ရဲစခန္းက (ပ)၃၆၂/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄(မုဒိမ္းမွု/တုံးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမွု/ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမွု)ျဖင့္ ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။

Credit – သတင္းဘုရင္

==========

Unicode

အဆိုတော် အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အဓမ္မနှစ်ကြိမ်ပြုကျင့်သည့်အပြင် ကိုယ်ထိလက်ရောက်ပါ ကျုးလွန်
——– မိုးတိမ် ———
အဆိုတော် အစ္စဏီက ရည်းစားဟောင်းဖြစ်သူအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့်အပြင် ထိခိုက်နာကျင်စေသည်အထိပါ လုပ်ဆောင်ခဲ့သောဖြစ်စဉ်တစ်ခု ဧပြီလ ၁၂ ရက် က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလ ၁၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်အရ အသက် ၂၇ နှစ်အရွယ် မော်ဒယ်အမျိုးသမီး – – – သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို ့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက် နံနက် ၂ နာရီ ၄၅ မိနစ်အချိန်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်က ဘားအတွင်းဝင်ရောက်၍ ပြဿနာရှာနေသဖြင့် မော်ဒယ် မ—–(ခ)—— က ၎င်းငှားရမ်း
နေထိုင်သည့် တာမွေမြို ့နယ်အတွင်းရှိ တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာခဲ့ကြောင်း သိရသည်။

နေအိမ်သို ့ရောက်ရှိချိန်တွင် အဆိုတော်အစ္စဏီက မော်ဒယ်အမျိုးသမီးအား အကျီင်္ကို ဆွဲချွတ်ခဲ့ရာ အမျိုးသမီးက ရုန်းကန်ခဲ့စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုကိုတိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့်အပြင် တစ်ကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍သတိမေ့နေစဉ် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး သတိပြန်ရလာချိန်တွင် ပတ်ဝန်းကျင်ကို အကူအညီတောင်းခံရန် ကြိုးစားခဲ့ရာ ဟန်ထွန်းဇော် (ခ) အစ္စဏီမှ ၎င်း၏ယာခြေထောက်အား ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့၍ ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ယင်းနောက် မော်ဒယ် မ—–(ခ)——က အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါးကို လော့ချပြီး သူငယ်ချင်းဖြစ်သူ မ——–ထံ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီ ၃၀ အချိန်တွင် မ——-နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ၎င်းအားကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အမျိုးသမီးက အဆိုတော် အစ္စဏီကို အရေးယူပေးပါရန် တိုင်ကြားခဲ့သောကြောင့် တာမွေမြို ့နယ် ရဲစခန်းက (ပ)၃၆၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

Credit – သတင်းဘုရင်