
ညီမကိုချစ်ရင် ညစာကောစားသွားပါလားအကို
” လာ သယ်ရင်း မင်း တို့ရပ်ကွက်ထဲ ရောက်တုန်းရောက်ခိုက်လေး ဆော်ချောလေးအိမ် လိုက်ပို့မယ် ”
” ဖြစ်ပါ့မလားကွာ ”
” ဖြစ်ပါတယ်ကွ တို့ဆီက ဧည့်သည်လာရင် မသိလည်း ရိုက်မထုတ်တတ်ပါဘူး ဧည့်ဝတ်ကျေအောင် ဧည့်ခံကြပါတယ်ကွ ”
” အဲ့တာဆိုရင်လည်း သွားကွာ ”
” လာ ရှေ့ကအိမ်ပဲ ”
” ဒေါ်လေး ဒေါ်လေးရေ အလည်လာတယ်ဗျို့ ”
” ဒေါ်လေးရေ ”
” ဟေ လာပြီ နင်တို့ခေါ်တာနဲ့ ချီးကို ပြီးအောင်မပါခဲ့ရပါဘူးအေ ”
အော် သူ ချီးပါတာပြီးမပြီးကို အရင်သိအောင် စုံစမ်းထားရမလိုဖြစ်နေပြီ အိမ်သာထဲဆိုတော့ ကိုယ်မှ မမြင်ရတာ
” သမီးရေ ”
” ရှင် အမေ ”
” အေးကွယ် လာပါဦး ခဏ ”
” လာပြီအမေ ဒီမှာ နှစ်ပင်တည်းကျန်တော့တာ ”
” ဟဲ့ ဘာတုန်းဟဲ့ ”
လခွမ်း ဘာတုန်းဟ ဘာမွှေးတွေနှုတ်နေတာပါလိမ့်
” ဟို ဂျိုင်းမွှေးနှုတ်နေတာပါ အမေရဲ့ ပြီးပြီ ”
” တော်ပါသေးရဲ့ ”
” အေး အေး လာပါဦး ဒီမှာ နင့်အကိုတို့စားဖို့ ကြောင်အိမ်အောက်က ထိုးမုန့်ယူခဲ့ပါဦး ”
အမ် ကြောင်အိမ်ပေါ်ကလည်း မဟုတ်ဘူး
” ဟုတ် အမေ ဒီမှာ ပုရွှက်ဆိတ်တွေ တက်နေတယ် ”
” အေး မီးခဏကင်လိုက် ”
” မီးက သေနေပြီအမေရဲ့ ”
” ဟုတ်လား အဲ့တာဆို ခဏနေက ခွင်ပေါ်က ချထားတဲ့ ဝက်စာအိုးပေါ်တင်ထားလိုက် ပူသေးတယ် အဲ့တာ ”
စားရမှာတောင် ပါးစပ်တွေ ကျိန်းလိုက်တာ
” ကဲ ရပြီကွယ် စားကြ အဲ့ဒီမှာ ”
” ဟုတ် ဒေါ်လေး ”
” ဟို ဖဲ့မရဘူး ဖြစ်နေတယ် အဲ့တာ ”
” အော် အေး အေး သမီးရေ ဝက်သားခုတ်တဲ့ ဓါးမကြီး ယူခဲ့ပါဦးကွယ် ”
” တော်ပြီ ရတယ် ရတယ် ဒေါ်လေး ဒီတိုင်းပဲ ဝါးရသလို ဝါးတော့မယ် ”
ဒီထိုးမုန့်စားမယ့်အစား ကြက်ပေါင်ဖိနပ်တာ ပြေးကိုက်ချင်တယ် ငါနော်
” အကိုတို့ စားခဲ့ကြပြီလား ”
” ဟုတ် ”
ဟင် ကောင်မလေး အောက်စလွှတ်နေတာပါလား
” ဒေါ်လေး ဒေါ်လေး ဒေါ်လေးသမီးကို ကြည့်ပြောပါဦး ”
” အမယ် ဘာလဲ ငါ့သမီးလှတာကို ပြောမလို့မို့လား သိပါတယ် ”
” အမ် မဟုတ် မဟုတ်ဘူး ဒေါ်လေးရဲ့ ဒေါ်လေးသမီး အောက်ကပေါ်နေတယ်ပြောတာ ”
” ဟင် သမီး နင်ဘယ်လိုထိုင်နေတာလဲ အဲ့တာ ”
” ဟီး ကန်တော့နော် အကိုတို့ကလည်း ညီမကို မပြောဘူး ဟွန်း ဒါမဲ့ ဘောင်းဘီတော့ပါပါတယ် ”
” အဝါရောင်လေးမလား ”
” ရှင် ”
” နှင်းဆီပွင့်လေးတောင်ပါသေးတယ် ”
” ဟမ် မဟုတ် မဟုတ်ပါဘူး ဟို ယောင်သွားလို့ အလကားပြောတာ ဘာမှမြင်ဘူး ”
” ဟို အမေ သမီး ခုမှ သတိရတယ် ခဏနေက အိမ်သာတက်တာ ရေမရှိလို့ ဒီတိုင်းထားခဲ့တာ ခု ရေသွားထည့်လိုက်ဦးမယ် ”
” ဖြီး ဖူး ”
” ဖြည်းဖြည်းစားပါ သားတို့ရယ် နင်သွားတာလား ဒေါ်လေး ရေခပ်ပေးမယ် ခဏ ”
” ဟုတ် ဒေါ်လေး ”
” ဟဲ့ ဒီက သောက်ရေအိုးက ရေခွက်တွေ ဘယ်ရောက်ကုန်တာလဲ အဲ့တာ ”
” အမေ ဒီမှာဗျို့ အငယ်ကောင် ရေခွက်တွေထဲ ဖုန်တွေထည့်ဆော့နေတယ် ”
” နေဦး နေဦး ဒီကောင်လေးတော့ ပေး ပေး ဒီမှာ နင့်အကိုတို့ကို ရပ်ခပ်တိုက်ရဦးမယ် ပြီးမှဆော့ ” ခံစမ်းဟ အဲ့တာမှ
” သမီး နင့်အကိုတို့ ညနေစားဖို့ ဟင်းကို လမ်းထိပ်နားက သွားဝယ်လိုက်ဦး ”
” အင်း အမေ ဘယ်ဆိုင်က ဝယ်ရမှာလဲ ”
” အော် နင်ကလည်းဟယ် နေ့တိုင်းဝယ်နေကျကို မသိဘူးလား ဖိနပ်ချုပ်တဲ့ကုလားဆိုင်လေ ”
” ဗျာ ဖိနပ်ချုပ်တဲ့ကုလားဆိုင်”
” အော် ဒီလိုပါကွယ် သူက ဖိနပ်ချုပ်ရင်း ထမင်းဟင်းရောင်းတာလေ ဆိုင်ကိုတွဲဖွင့်ထားတာ ”
” ဒေါ်လေး ဟို ဟိုလေ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်နော် ”
” နေပါဦး ငါ့တူတို့ရယ် ညနေစာစားပြီးမှပြန်ပါ ဟိုမှာ နင့်ညီမလည်း အိမ်သာအနောက်ဘက်က အလေ့ကျပေါက်တဲ့ ကန်စွန်းရွက်တောင် ခူးနေပြီကို ”
” ရ ရတယ် ဒေါ်လေး မစားတော့ပါဘူး သွားလိုက်ဦးမယ်နော် ”
” ကောင်လေးတို့ ညစာကော မစားကြတော့ဘူးလား ဒီထိုးမုန့်လေး ယူသွားပါဦးလား ”
” အိ တော်ပီဂျ ဗိုက်ပြည့်နေလို့ သွားပြီ နောက်လည်းမလာတော့ဘူး ဟုတ်ပေါင် နောက်မှ လာခဲ့မယ်ပြောတာပါ ”
” ဟဲ့ ဟဲ့ ကောင်လေး ဒီမှာ ဦးထုပ်ကျန်ခဲ့ပြီ အမ် ဟင် –ဘယ်ရောက်သွားကြပါလိမ့် မြန်တာ ငနာလေးတွေ ”
ဟိန်းလင်းဇော်
(Mechanical)
Credit.org
comment 0 comments
more_vert