MASIGNALPHA101

(၂၂) ပေါင်ခန့်အလေးချိန်ရှိသည့် သမီးလေး နန်းဆိုင်လူ၏ ရင်သားအား အောင်မြင်စွာခွဲစိတ်ကုသနိင်ခဲ့တဲ့ ရုပ်သံ

(၂၂) ပေါင်ခန့်အလေးချိန်ရှိသည့် သမီးလေး နန်းဆိုင်လူ၏ ရင်သားအား အောင်မြင်စွာခွဲစိတ်ကုသနိင်ခဲ့တဲ့ ရုပ်သံ
Wednesday, April 11, 2018



Axsai(HsipawNews)




ရင်သား ခွဲစိတ်ကုသခံမိန်းကလေးကို






#LyMoNews@CNB



========

Unicode

(၂၂) ပေါင်ခန့်အလေးချိန်ရှိသည့် သမီးလေး နန်းဆိုင်လူ၏ ရင်သားအား
သီပေါမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာခွဲစိတ်ကုသနိင်ခဲ့

Axsai(HsipawNews)

ရင်သား ခွဲစိတ််ကုသခံမိန်းကလေးကို
အလှူငွေပေးပို့လှူဒါန်း

ရင်သားအပေါ် ဟော်မုန်းသက်ရောက်ပြီး အဆမတန်ကြီးမားခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူရတဲ့ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ် နန်းဆိုင်လူအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နေ စေတနာရှင်တစ်ဦးက အလှူငွေ ကျပ်(၁)သိန်း ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလှူငွေကို သီပေါမြို့နယ်စာရေးဆရာအသင်းက ဧပြီ(၁)ရက်က သွားရောက်လှူဒါန်းပေးခဲ့ရာ နန်းဆိုင်လူကိုယ်စား ဆေးရုံအုပ်ကြီးကလက်ခံယူပြီး ကျေးဇူးတင်စကား ပြန် လည်ပြောကြားပေးခဲ့ပါတယ်။

အခုအခါမှာ နန်းဆိုင်လူရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီလို့ သိရပါတယ်။

နန်းဆိုင်လူဟာ အသက်(၁၁)နှစ်အရွယ်ကတည်းက ရင်သားနှစ်ဖက်အဆမတန်ကြီးမားခဲ့ရပြီး အသက်(၁၃)နှစ်အရွယ်ရောက်ချိန်မှာတော့ ရင်သားတွေဟာ တစ်ဖက်ကို (၂၂) ပေါင်အထိ ရှိလာခဲ့ပါတယ်။

ဧပြီ(၉)ရက်မှာတော့ သီပေါဆေးရုံအုပ်နဲ့အဖွဲ့က အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။

#LyMoNews@CNB