MASIGNALPHA101

ေရႊစက္ေတာ္ မန္းေခ်ာင္းအတြင္း ေရမခ်ိဳးေစခ်င္

ေရႊစက္ေတာ္ မန္းေခ်ာင္းအတြင္း ေရမခ်ိဳးေစခ်င္
Saturday, April 7, 2018


ကြ်န္ေတာ္ ၁၅-၁-၂၀၁၈ရက္ေန႔က မင္း ဘူးရွင္ပင္စကၠိန္းတဲဘုရားမွာ မင္းဘူးၿမိဳ႕ေအာက္က နာနာဘာဝၿမိဳ႕သံုးၿမိဳ႕မွ နာမ္ေလာကသားမ်ားကို ဆြမ္း ေတာ္ပြဲကပ္လွဴၿပီး အမွ်ေဝတဲ့ ကိစၥေဆာင္ရြက္ၿပီး တဲ့အခါ မနက္ ၉ နာရီခြဲမွာ ေရႊစက္ေတာ္ဘုရားကို သြားေရာက္ပါတယ္။

ကြ်န္ေတာ္လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က တစ္ ႀကိမ္ေရႊစက္ေတာ္ဘုရားသို႔ ဘုရားဖူး ေရာက္ခဲ့ပါ တယ္။ အဲဒီ့အခ်ိန္ကနဲ႔စာလွ်င္ လမ္းက ေတာ္ေတာ္ ေကာင္းေနပါၿပီ။ လမ္းမွာ စိမ္းစိုေအးျမေနတဲ့ သစ္ ေတာႀကီးကို ျဖတ္ရေတာ့ စိတ္ၾကည္ႏူးေအးခ်မ္းပါ တယ္။ မံုရြာပုသိမ္လမ္းမႀကီးေက်ာ္လာေတာ့ ေတာင္ ဆင္းေတာင္တက္အေကြ႕အေကာက္ေတြမ်ားပါတယ္။

လမ္းကက်ဥ္းေတာ့ လမ္းမွာေတြ႕ရတဲ့ ကား ေတြကို သတိထားေရွာင္ေမာင္းေနရပါတယ္။ ဘုရား ပြဲက်င္းပမည့္ ရက္နီးေနေတာ့ ဘုရားဖူးကားေတြ လည္း ေတြ႕ရပါတယ္။ ကားကအထက္စက္ေတာ္ ရာအနီးထိတက္လို႔ရပါတယ္။ ရင္ျပင္ေတာ္ေပၚမွာ ဘုရားဖူးကားေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ရပါတယ္။ ကြ်န္ေတာ္အရင္တစ္ေခါက္ ဘုရားဖူးေရာက္စဥ္က အထက္စက္ေတာ္ရာကားနဲ႔ အတက္မွာ ဦးခႏၱီႀကီး ဇရပ္ႀကီးအနီးမွာ ကားပ်က္တဲ့အတြက္ အထက္စက္ ေတာ္ရာကို မဖူးခဲ့ရပါဘူး။ ေအာက္စက္ေတာ္ရာကို ပဲဖူးခဲ့ရပါတယ္။

ကြ်န္ေတာ္ အထက္စက္ေတာ္ရာ ေစတီမွာ ကန္ေတာ့ပြဲကပ္လွဴဖို႔ မေကြးကပင္ ဝယ္ခဲ့ပါတယ္။ ပန္းနဲ႔ ပန္းကံုးအခ်ိဳ႕ကိုေတာ့ ဒီစက္ေတာ္ရာမွာပဲ ဝယ္ခဲ့ပါတယ္။ အထက္စက္ေတာ္ရာကို ေရႊပိန္းခ် ထားတဲ့ Óာဏ္ေတာ္၁၀ေတာင္ခန္႔ရွိမည့္ ေစတီနဲ႔ ဖံုးအုပ္ထားပါတယ္။ ေစတီကို မွန္နဲ႔ ကာရံထားတဲ့ အတြင္းဖက္ကို အမ်ိဳးသမီးေတြ မဝင္ရပါဘူး။ ကြ်န္ ေတာ္ ဘုရားကို ကန္ေတာ့္ပြဲတစ္ပြဲ ေငြ၅၀ဝ၀က်ပ္ ေရႊသကၤန္း ၂ ဆိုင္း ကပ္လွဴပါတယ္။ ပုတီးကိုးပတ္ စိပ္ပါတယ္။

ကြ်န္ေတာ္ပုတီးစိပ္ၿပီးမွ သူတကာ ေရႊသ ကၤန္း ကပ္လွဴတာျမင္ရမွ ကြ်န္ေတာ္လည္း သတိ ရၿပီး ေရႊသကၤန္းကပ္လွဴတာျဖစ္ပါတယ္။ ေရႊသကၤန္း ကပ္လွဴၿပီးေတာ့ ေရႊသူေ႒းႀကီးျဖစ္ဖို႔ ဆုေတာင္းမိ ပါတယ္။

ကြ်န္ေတာ္လည္း လယ္ကိုင္းေက်ာင္းေတာ္ရာ ဘုရားနဲ႔ မေကြးျမသလြန္ဘုရားမ်ားပါ ဒီေန႔တစ္ရက္ တည္းဖူးဖို႔ အစီအစဥ္ရွိတဲ့အတြက္ မုဆိုးေတာင္နဲ႔ အျခားေစတီမ်ားမသြားေတာ့ဘဲ ေအာက္စက္ေတာ္ ရာသို႔ ဆင္းခဲ့ပါတယ္။ မန္းေခ်ာင္းတစ္ေလွ်ာက္မွာ ဘုရားပြဲလာေရာက္ၾကမည့္ဘုရားဖူးမ်ားအတြက္ ဝါး နဲ႔သစ္နဲ႔ေဆာက္ထားတဲ့ တည္းခိုေဆာင္မ်ား ေျမာက္ ျမားစြာေတြ႕ရပါတယ္။ မန္းေခ်ာင္းကိုလည္း ယာယီ တံတားသံုးစင္းျဖတ္ၿပီး တည္ေဆာက္ထားပါတယ္။ မန္းေခ်ာင္းက ကြ်န္ေတာ္အရင္တစ္ေခါက္ေရာက္စဥ္ ကထက္က်ဥ္းေနတာေတြ႕ရပါတယ္။ ေပ၄၀ေလာက္ ပဲက်ယ္မည္ထင္ပါတယ္။

ကြ်န္ေတာ္ေအာက္စက္ ေတာ္ရာမွာ ပန္းမ်ားနဲ႔ ေငြ၅၀ဝ၀က်ပ္ ကပ္လွဴပါ တယ္။ ပုတီးကိုးပတ္စိပ္ပါတယ္။ ေအာက္စက္ေတာ္ ရာကို ဖန္ေပါင္းေခ်ာင္နဲ႔ ထားပါတယ္။ မန္းေခ်ာင္း က မိုးရာသီမွာ ေရတက္ရာ ေအာက္စက္ေတာ္ရာ တန္ေဆာင္းအမိုးထိလုနီးပါးျမႇဳပ္တယ္။ ဘုရားေျခ ေတာ္ရာလည္း ျမႇဳပ္ထားတဲ့အတြက္ ေရမဝင္ႏိုင္ ေအာင္လူေတြလည္း ဖူးျမင္ႏိုင္ေအာင္ ဖန္ေပါင္း ေခ်ာင္ႀကီးနဲ႔ အုပ္ၿပီးထိန္းသိမ္းေစာင့္ေရွာက္ထားပါ တယ္။ ေျခေတာ္ရာကို ေရႊမ်ားခ်ထားတဲ့အတြက္ ေျခေခ်ာင္းေနရာေလးေတြ မျမင္ရေတာ့ပါဘူး။

ကြ်န္ေတာ္ကိုေဗဒင္ကူညီေဟာေပးေနတဲ့ ဘုရားရွင္ႀကီးကို ဒီေျခေတာ္ရာသည္ ေဂါတမ ဘုရား၏ေျခေတာ္ရာစစ္မစစ္ေမးေလွ်ာက္ၾကည့္ပါ တယ္။

ထိုအခါ သကၤန္းေတာ္ေရႊေရာင္နဲ႔ ဘုရားရွင္ ႀကီးတစ္ဆူျြကေရာက္လာပါတယ္။ ဘုရားရွင္က ေဂါတမဘုရားရဲ႕ လက္ဝဲဘက္ေျခေတာ္ရာ အစစ္ ျဖစ္ေၾကာင္း ေဂါတမဘုရားျြကလာတဲ့အခါ နမၼဒါ ျမစ္(မန္းေခ်ာင္း)ထဲမွ နဂါးေတာင္းပန္သျဖင့္ ျမသား ေက်ာက္ေပၚမွာ ဝဲဘက္ေျခေတာ္ရာခ်ထားခဲ့ေၾကာင္း သစၥဗႏၶရဟႏၱာေတာင္းပန္တဲ့အတြက္ မကုလေတာင္ တြင္ ျမသားေက်ာက္ျဖာထက္၌ ဝဲဘက္ေျခေတာ္ရာ တစ္ဆူခ်ထားခဲ့ေၾကာင္း မိန္႔ၾကားပါတယ္။

ကြ်န္ေတာ္က ယေန႔ျမန္မာႏိုင္ငံဗုဒၶသာသနာ ေတာ္မ်ားသံဃာေတာ္မ်ား တစ္ႏွစ္လွ်င္ အပါး ၃၀ဝ၀ဝ ေလာက္လူထြက္ေနရာ သာသနာေတာ္ အတြက္ စိုးရိမ္ရပါေၾကာင္း ေလွ်ာက္ထားရာ ဘုရား ရွင္ႀကီးက ဒကာႀကီး မစိုးရိမ္ပါနဲ႔ မၾကာမီ ဝိနည္းကို ေလးစားတဲ့သံဃာေတာ္ေတြ ေပၚလာလိမ့္မည္ မိန္႔ ၾကားပါတယ္။ ဤသို႔မိန္႔ၾကားၿပီးဘုရားရွင္ ႀကီးျပန္ ျြကသြားပါတယ္။ခဏေနေတာ့ ေရႊေရာင္သကၤန္းနဲ႔ ရဟႏၱာႀကီးတစ္ပါး ၾကြေရာက္လာျပန္ပါတယ္။

“ရဟႏၱာအရွင္ျမတ္ႀကီး အမိန္႔ရွိေတာ္မူပါ ဘုရား”“ေရႊစက္ေတာ္ဘုရားပြဲမွာ ဘုရားဖူးလာၾက တဲ့ ဘုရားဖူးေတြအေနနဲ႔ ေခ်ာင္းထဲေရမခ်ိဳးေစခ်င္ ပါဘူး။ ဘုရားပြဲေဂါပကလူႀကီးမ်ားက တားျမစ္ေပး ပါသံုးႏွစ္အခ်ိန္ေပးမည့္ သံုးႏွစ္ေနလို႔မွ ဘုရားဖူး ေတြ ေရခ်ိဳးတဲ့ကိစၥမတားျမစ္ႏိုင္လွ်င္ဘုရားပြဲ မက်င္း ပႏိုင္ေအာင္ေဆာင္ရြက္မည္”“ဘယ္လိုေၾကာင့္ ဘုရားဖူးေတြေရမခ်ိဳး ေစခ်င္တာပါလဲဘုရား”“ေရမခ်ိဳးေစခ်င္တာ အေၾကာင္းသံုးခ်က္ရွိတယ္

ဘုရားပြဲကာလမွာ ေခ်ာင္းထဲမွာ ေယာက်ာ္း မိန္းမ ရဟန္းသံဃာ ေရခ်ိဳးၾကတယ္။ မိန္းမေတြက အထက္ဖက္ကခ်ိဳးတာေတြရွိတယ္။ ရဟန္းသံဃာ ေတြက ေခ်ာင္းေအာက္ပိုင္းမွာ ေရခ်ိဳးၾကတာရွိတယ္။ အဲဒီလိုခ်ိဳးၾကတာ မသင့္ေလ်ာ္ဘူး။ဒီမန္းေခ်ာင္းရဲ႕ ေအာက္မွာ နဂါးႀကီး တစ္ ေကာင္ရွိတယ္။ ဒီနဂါးႀကီးက ေဂါတမျမတ္စြာဘုရား ဒီမန္းေခ်ာင္းေဒသ ၾကြလာတဲ့အခါ လူအမ်ား ေနာင္ အရွည္သျဖင့္ ကိုးကြယ္ရန္ တစ္စံုတစ္ရာေပးသနား ရန္ ေတာင္းပန္၍ ျမသားအစစ္ ေက်ာက္ဖ်ာထက္ တြင္ လက္ဝဲေျခေတာ္ရာတစ္ဆူ ခ်ေပးေတာ္မူခဲ့တာ ျဖစ္တယ္။ ဘုရားပြဲကာလမွာ လူေပါင္းမ်ားစြာ ေရခ်ိဳး ၾက၍ ေရမသန္႔တဲ့အတြက္ နဂါးႀကီးက စိတ္ဆိုးေန တယ္။

ဒီေရႊစက္ေတာ္တစ္ဝိုက္မွာ သိုက္ေပါင္း ၃၀ ေက်ာ္ေလာက္ရွိတယ္။ သိုက္က ပုဂၢိဳလ္မ်ားလည္း ၾကည္လင္ေအးျမတဲ့ မန္းေခ်ာင္းေရကို ခ်ိဳးၾကတယ္။ ဘုရားပြဲက်င္းပတဲ့ သံုးလေလာက္ကာလမွာ လူေတြ က မသန္႔ရွင္းတဲ့အတြက္ သူတို႔လည္း ေရမခ်ိဳးၾက ရဘူး။ ဘုရားပြဲကာလ ေရခ်ိဳးၾကတဲ့သူေတြကလည္း ေခ်ာင္းနဲ႔ အျပည့္ရွိတယ္။ ဒါေၾကာင့္ ဘုရားပြဲကာလ မွာ ဘုရားဖူးေတြကို ေခ်ာင္းေရမခ်ိဳးဖို႔ တားျမစ္ရတာ ျဖစ္တယ္”

“အရွင္ျမတ္က ဘယ္က ၾကြလာတာပါလဲ ဘုရား”“က်ဳပ္က အထက္စက္ေတာ္ရာမွာ သီတင္း သံုးတဲ့ ေသာဘိတ ရဟႏၱာႀကီးပါ။ က်ဳပ္က ေရႊစက္ ေတာ္ဘုရားပြဲကိုလည္း ေစာင့္ေရွာက္တယ္။ ဗုဒၶေျခ ေတာ္ရာႏွစ္ဆူကိုလည္း ေစာင့္ေရွာက္ပါတယ္။ေရႊစက္ေတာ္ဘုရားပြဲမွာ မုန္႔ပဲသေရစာ ေရာင္းခ်တဲ့သူမ်ားကို ေျပာခ်င္ပါတယ္။ မိမိဆိုင္ရဲ႕ ပတ္ဝန္းက်င္တစ္ဝိုက္ကို သန္႔သန္႔ရွင္းရွင္းရွိ ေအာင္ ထိန္းသိမ္းၾကပါ”

ကြ်န္ေတာ္ကို ကားအငွားလိုက္ပို႔တဲ့ကား ဆရာက ေရႊစက္ေတာ္နဲ႔ မေကြးမင္းဘူးႀကိမ္ဖန္မ်ား စြာ သြားလာေနတဲ့အေၾကာင္း ယခင္ႏွစ္မ်ားက ဘုရားပြဲကာလမွာ လူေတြအလြန္မ်ားေၾကာင္း လာ သမွ် လူေတြေရခ်ိဳးၾကတာ ေခ်ာင္းနဲ႔အျပည့္ရွိ ေၾကာင္း ေခ်ာင္းေရက ညစ္ပတ္တဲ့အတြက္ ေခ်ာင္း ေရခ်ိဳးၿပီးလွ်င္ထပ္ၿပီး ေရသန္႔နဲ႔ ခ်ိဳးရေၾကာင္း ဘုရားေဂါပကက အရက္ဆိုင္မဖြင့္ရတားျမစ္ထားေပ မယ့္ ဘုရားဖူးလာၾကတဲ့ လူငယ္ေတြက အရက္ဘီ ယာဘူးေတြ မေကြးမင္းဘူးကဝယ္လာၿပီး ေသာက္ ၾကေၾကာင္းေျပာပါတယ္။

လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ေလာက္က ဘုရားပြဲ မွာသားသတ္လိုင္စင္ခြင့္ျပဳတဲ့အတြက္ သက္ဆိုင္ရာ အထက္ပုဂၢိဳလ္မ်ား မေက်နပ္လို႔ ေဆာင္းရာသီႀကီး မွာမန္းေခ်ာင္းေရေတြ ႀကီးလာလို႔ လူေတြေရာ ဆိုင္ ေတြတည္းခိုခန္းေတြ ေမာ္ေတာ္ယာဥ္ေတြပါ ေရႀကီး နစ္ျမႇဳပ္ခဲ့ေၾကာင္း လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ေရနစ္ျမႇဳပ္ေသဆံုးခဲ့ေၾကာင္းေျပာပါတယ္။ကြ်န္ေတာ္တို႔လည္း ေန႔လည္၁နာရီခြဲမွာ ေရႊစက္ေတာ္ကေနပြင့္ျဖဴၿမိဳ႕နယ္ လယ္ကိုင္းေက်ာင္း ေတာ္ရာဘုရားသို႔ သြားေရာက္ဖူးေမွ်ာ္ပါတယ္။

လယ္ကိုင္းေက်ာင္းေတာ္ရာ ဘုရားမွာ ေငြ ၅၀ဝ၀နဲ႔ ပန္းမ်ားကပ္လွဴပုတီးကိုးပတ္စိပ္အမွ်ေဝပါ တယ္။ လြန္ခဲ့တဲ့၁၀ႏွစ္ေက်ာ္ေလာက္က လယ္ကိုင္း ေက်ာင္းေတာ္ရာ ဘုရားမွာ သတင္းသံုးတဲ့ ကြ်န္ေတာ့္ ရဲ႕ ပုဂံေခတ္က အဘိုးေတာ္တဲ့ဝိဇၨာရေသ့ႀကီး ရွိပါ ေသးသလားလို႔ဘုရားေစာင့္နတ္ႀကီးပင့္ေမးေလွ်ာက္ ၾကည့္ေတာ့ မရွိေတာ့ေၾကာင္း ေျပာပါတယ္။

အဲ့ဒီအဘိုးရေသ့ႀကီးက လယ္ကိုင္းေက်ာင္းေတာ္ရာဘုရားမွာ ကြ်န္ေတာ္နဲ႔ေတြ႕ၿပီးကြ်န္ေတာ္ ရန္ကုန္အျပန္မွာ ကြ်န္ေတာ္နဲ႔ရန္ကုန္လိုက္လာပါ တယ္။ ကြ်န္ေတာ့္အိမ္မွာ သံုးလေလာက္ အတူေန သြားပါတယ္။ နာမ္႐ုပ္နဲ႔ ဝိဇၨာႀကီးပါ။ အဘို္းက ကြ်န္ေတာ့္ကို အလြန္ခ်စ္ပါတယ္။ ညအိပ္ေတာ့လည္း ကြ်န္ေတာ္နဲ႔ အတူအိပ္ပါတယ္။ ေျမးအဘိုးႏွစ္ ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္စၾကေနာက္ၾက ေနၾကပါတယ္။ သံုးလေလာက္ၾကာေတာ့ တစ္ညမွာ ရေသ့ဝိဇၨာႀကီး တစ္ပါးေရာက္လာၿပီး အိပ္ယာထဲက အတင္းႏိႈးၿပီးျပန္ေခၚသြားပါတယ္။ အဲဒီကတည္းက အဘိုးဝိဇၨာရေသ့ႀကီးနဲ႔ မေတြ႕ရေတာ့ပါဘူး။

ညေနေလးနာရီမွာ မေကြးျမသလြန္ ဘုရား ဖူးပါတယ္။ ျမသလြန္ဘုရားမွာ ေငြ ၅၀ဝ၀လွဴပန္း မ်ား၊ လွဴဂုဏ္ေတာ္ပုတီးကိုးပတ္စိပ္ၿပီး ဘုရားကုန္း ေတာ္ေပၚက ဧရာဝတီျမစ္ဘက္ ႐ႈေမွ်ာ္ခင္းမ်ားၾကည့္ ႐ႈၿပီး ေဟာ္တယ္သို႔ ျပန္ခဲ့ပါတယ္။ကြ်န္ေတာ္ ၁၆-၁-၂၀၁၈ ရက္ေန႔မနက္ ရွစ္နာရီမွာ မေကြးမွ ေရႊမႏၱေလးကားနဲ႔ ရန္ကုန္ ျပန္လာပါတယ္။ အျပန္မွာေတာ့ ကားက နတ္ ေမာက္လမ္းမွ မျပန္ဘဲ ေတာင္တြင္းႀကီးဘက္က ျပန္ပါတယ္။ ေတာင္တြင္းႀကီးၿမိဳ႕ထဲကိုလည္း မေရာက္ပါဘူး။ ကြ်န္ေတာ္ဒီလမ္းကို တစ္ခါမွ် မသြား ဖူးပါဘူး။ ကားက သံုးနာရီေလာက္ေမာင္းၿပီးမွ မႏၱေလးရန္ကုန္အျမန္လမ္းမႀကီးေရာက္ပါတယ္။

လမ္းက က်ဥ္းတယ္။ ေတာေတြေတာင္ေတြ အထပ္ထပ္ျဖတ္ရပါတယ္။ အဆင္းအတက္အေကြ႕ အေကာက္လည္းမ်ားပါတယ္။ ကားႏွစ္စင္းဆံုလွ်င္ ကားကိုရပ္ၿပီး ေရွာင္ေနရပါတယ္။ ဒီခရီးမွာေတာ့ သစ္ေတာေတြေတာ္ေတာ္မ်ားမ်ားေတြ႕ရပါတယ္။ သစ္ပင္ကို ခုတ္မည္ဆိုလွ်င္ အထုတ္ရအလြန္ခက္ပါ တယ္။ ခ်ပ္ေတြလွ်ိဳေတြ အလြန္မ်ားပါတယ္။ လူ ေတာင္ တက္ဖို႔ဆင္းဖို႔ မလြယ္ပါဘူး။ ေတာင္ေပၚ မေရာက္ခင္ ဆည္ေျမာင္းေတြေဖာက္လုပ္ထားတာ ေတြ႕ရပါတယ္။ နဝတအစိုးရလက္ထက္ေဖာက္လုပ္ တဲ့ဆည္ေျမာင္းေတြျဖစ္ပံုရပါတယ္။ နဝတအစိုးရ လက္ထက္မိုးေခါင္တဲ့ေဒသေတြမွာ ဆည္ေျမာင္းေတြ ေဖာက္လုပ္ေပးတာျမစ္ေရတင္ စီမံကိန္းေတြေဆာင္ ရြက္ေပးတာဟာျဖင့္ ျပည္သူေတြကို အလြန္အက်ိဳး မ်ားေစပါတယ္။

အျမန္လမ္းေပၚမွာ ကားသြားေနရင္း ကြ်န္ ေတာ့္ေရွ႕သို႔ သကၤန္းေတာ္အျပာေရာင္ႏွင့္ ဘုရား ရွင္ႀကီးတစ္ဆူ ၾကြရာက္ေတာ္မူလာတာဖူးေတြ႕ရပါ တယ္။ ဘုရားရွင္ႀကီးက ဒကာႀကီးေရႊသူေ႒းႀကီး ျဖစ္ေအာင္တူးရမည့္ ေရႊတြင္းသံုးတြင္းကို မိန္႔ၾကား မည္။ ကသာခ႐ိုင္ထီးခ်ိဳင့္ၿမိဳ႕အေနာက္ဘက္ ၃ မိုင္ ကြာမွာရွိတဲ့ ေရႊတြင္း၊ ေနာက္တစ္တြင္းက ေတာင္ တြင္းႀကီးၿမိဳ႕အေရွ႕ဘက္ ၅ မိုင္အကြာမွာ ရွိတဲ့ေရႊတြင္း သံုးတြင္းကို တူးေဖာ္ရမည့္ ေနာက္ႏွစ္ႏွစ္ေနလွ်င္ တူးေဖာ္ရမည္မိန္႔ၾကားသြားပါတယ္။

ကြ်န္ေတာ္၁၅-၁-၂၀၁၈ရက္ေန႔ မနက္က အထက္စက္ေတာ္ရာ ဘုရားမွာ ေရႊသကၤန္းကပ္ လွဴၿပီး ေရႊသူေ႒းႀကီးျဖစ္ရပါလို၏လို႔ ေတာင္းတဲ့ ဆုေတာင္းျပည့္တဲ့သေဘာလို႔ ထင္ပါတယ္။ဒီေနရာမွာ စက္ေတာ္ရာဘုရားသမိုင္းနဲ႔ ပတ္ သက္ၿပီး ဦးေက်ာ္စိန္ဝင္းျပဳစုတဲ့ သမိုင္းေမာ္ကြန္း ေရႊစက္ေတာ္စာအုပ္မွ အက်ဥ္းအားျဖင့္ တင္ျပခ်င္ ပါတယ္။ျမန္မာႏိုင္ငံအလယ္ပိုင္း ဧရာဝတီျမစ္ အ ေနာက္ဘက္လမ္းကို ေရွးေခတ္က သုနာပရႏၱတိုင္း ဟု ေခၚဆိုၾက၏။ ထိုတိုင္းတြင္ ယခုလယ္ကိုင္းၿမိဳ႕ အေရွ႕ဘက္တြင္ ဝါဏိဇၨဂါမရြာႀကီးရွိ၏။ ထိုရြာတြင္ စူဠပုဏၰႏွင့္ မဟာပုဏၰဆိုသည့္ ကုန္သည္ညီေနာင္ တို႔ရွိ၏။

တစ္ေန႔သ၌ အစ္ကိုျဖစ္သူ မဟာပုဏၰသည္ အေနာက္မဇၥ်ိမသို႔ ကုန္ေရာင္းသြားရာ သာဝတၴိ ၿမိဳ႕ တြင္ ဗုဒၶဘုရားရွင္ႏွင့္ေတြ႕၍ ဘုရားရွင္၏ တရားဓမၼ မ်ားကို နာၾကားခြင့္ရခဲ့ၿပီး ဘုရားရွင္သီတင္း သံုးရာ ေဇတဝန္ေက်ာင္းသို႔လိုက္ပါကာ ရဟန္းဘဝသို႔ ကူး ေျပာင္းလိုက္၏။ ဘုရားရွင္၏ တရားဓမၼမ်ားကို အား ထုတ္၍ ေနထိုင္ခဲ့ေလ၏။တစ္ေန႔ေသာအခါ မဟာပုဏၰသည္ ၄င္း၏ ေနရင္းဌာနဝါဏိဇၨဂါမရြာသို႔ ဘုရားရွင္အားခြင့္ပန္ ၿပီးျပန္ျြကလာ၏။ မကုလကာရာမ ေခၚ ေတာ ေက်ာင္းေနရာတြင္ တရားအားထုတ္ေနေလ၏။ ေနာင္ေသာ္ ရဟႏၱာျဖစ္၍ သြားေလ၏။

စူဠပုဏၰညီငယ္သည္ ကုန္သြယ္သြားရင္း မေလးရွားမွ စႏၵကူးသစ္မ်ား ရရွိလာ၏။ ေနာင္ေတာ္ မဟာပုဏၰအတြက္ ေက်ာင္းေဆာက္လုပ္ေပးမည့္ ရည္ရြယ္၏။ မဟာပုဏၰက ဤစႏၵကူးေက်ာင္းေတာ္ သည္ျမတ္စြာဘုရားရွင္ႏွင့္ သာထိုက္တန္သည္ဆိုၿပီး ဘုရားရွင္အားလွဴဒါန္းရန္ ရည္ရြယ္ၿပီး ႀကီးက်ယ္ ခမ္းနားစြာေသာ ေက်ာင္းေတာ္ႀကီးကို ေဆာက္လုပ္ ၾကေလေတာ့၏။မဟာပုဏၰမေထရ္သည္ ေက်ာင္းေတာ္ႀကီး ၿပီးစီးေသာအခါ သာဝတၴိျပည္သို႔ သြားေရာက္ၿပီး ဘုရားရွင္အား စႏၵကူးနံ႔သာေက်ာင္းေတာ္ႀကီးကို အလွဴခံရန္ ပင့္ဖိတ္ခဲ့၏။ ဤသို႔ႏွင့္ မဟာသကၠရာဇ္ ၁၂၄ ခုတြင္ ဘုရားရွင္သည္ ေနာက္ပါသံဃာ ၄၉၉ ပါးႏွင့္အတူ ျြကခ်ီလာ၏။

ျမတ္စြာဘုရားႏွင့္ သံဃာေတာ္မ်ား ဝါဏိဇၨ ဂါမရြာေရာက္ေသာအခါ လူအေပါင္းက ေသာင္း ေသာင္းဖ်ဖ်ႀကိဳဆိုၾက၏။ ဆြမ္းခဲဖြယ္မ်ား ကပ္လွဴ ၾက၏။ ဘုရားရွင္သည္ စႏၵကူးနံ႔သာေက်ာင္းတြင္ ေနထိုင္သီတင္းသံုး၏ေက်ာင္းကို အလွဴခံ၏။ ျမတ္ စြာဘုရား ၇ ရက္သီတင္းသံုးၿပီး အျပန္တြင္ နမၼဒါ ျမစ္ေခၚ မန္းျမစ္(မန္းေခ်ာင္း) တစ္ဖက္ကမ္း၌ ဆင္း သက္စဥ္ မန္းျမစ္အတြင္းမွ နဂါးမင္းကုန္းေပၚတက္ ေရာက္လာၿပီး ဘုရားရွင္အားပူေဇာ္၏။ ေနာင္အရွည္ သျဖင့္ ကိုးကြယ္ရန္ တစ္စံုတစ္ရာ ခ်ီးျမႇင့္ေပးသနား ရန္ ေတာင္းပန္၍ မန္းျမစ္ကမ္းစပ္ျမသား အဆင္း ေက်ာက္ဖ်ာထက္တြင္ ဝဲဘက္ေျခေတာ္ရာ တစ္ဆူ ခ်၍ ေပးသနားေလ၏။

ထိုမွတစ္ဆင့္ ဘုရားရွင္သည္ မကုလေတာင္ ေပၚသို႔တက္၏။ ေတာင္ေပၚတြင္ သစၥဗႏၶရဟႏၱာ သစၥဗႏၶရေသ့ဘဝမွ ရဟႏၱာျဖစ္လာသူႏွင့္ ေတြ႕၍ အဖူးေမွ်ာ္ခံ၏။ သစၥဗႏၶ ရဟႏၱာအားလည္း ေနာင္ အစဥ္သျဖင့္ ကိုးကြယ္ဆည္းကပ္ရန္ တစ္စံုတစ္ရာ ေပးသနားေတာ္မူခဲ့၏။ျမတ္ဗုဒၶ၏ေျခေတာ္ရာကို ဖူးေမွ်ာ္ၾကည္ညိဳ ရာတြင္ ထိုစက္ေတာ္ရာမ်ား၏ သၡင္သဥာပ ေလာက သံုးပါးကို အတုမရွိသိေတာ္မူေသာ ေလာကဝိဒူဂုဏ္၊ ေလာကသံုးပါးမွ လြတ္ေျမာက္ေတာ္မူသည္။ (တိေလာကႏၱဂုဏ္)တို႔ကို အာ႐ံုျပဳ၍ ၾကည္ညိဳလိုက္ ေသာအခါ ထူးျမတ္ေသာ ကုသိုလ္တရားလည္း ျဖစ္ တည္လာေလ၏။

ဘုရားရွင္၏ စက္ေတာ္ရာမ်ားကို ျမန္မာမင္း အဆက္ကိုးကြယ္ခဲ့ၾက၏။ သကၠရာဇ္ ၁၅၁ ခုႏွစ္တြင္ ဒြတၲေဆာင္မင္းႀကီးစက္ေတာ္ရာကို အဖူးအေမွ်ာ္ ေရာက္ခဲ့ၿပီး ေရႊဇရပ္ႏွစ္ေဆာင္ေဆာက္လုပ္ လွဴဒါန္း ခဲ့၏။သကၠရာဇ္ ၁၅၂ ႏွစ္တြင္ ေဝဘာဂီျပည္ကို အစိုးရေသာ ပထမမင္းေခါင္သည္ စက္ေတာ္ရြာကို အဖူးအေမွ်ာ္ေရာက္ခဲ့ၿပီး ေရႊခ်ိန္ ၁၀ဝ လွဴဒါန္းခဲ့၏။

သကၠရာဇ္ ၁၅၄ ခု ပါတလိပုတ္ျပည္ကို အစိုးရေတာ္မူေသာ မနႏၵမင္းသည့္ ပါဒေစတီႏွစ္ဆူ ကို အဖူးအေမွ်ာ္ေရာက္ရာတြင္ ေၾကးျပႆဒ္ႏွစ္ ေဆာင္ ကုသိုလ္ေကာင္းမႈျပဳလုပ္လွဴဒါန္းခဲ့၏။ေပါကၠံျပည္ကို အစိုးရေသာ တရားသူႀကီး မင္း၊ ကြမ္းထမ္းမင္းရာဇာ၊ အေနာ္ရထာမင္းေစာ၊ က်န္စစ္မင္း၊ နရပတိစည္သူမင္း၊ နန္းေတာင္းမ်ား မင္း၊ က်စြာမင္း၊ ကုန္းေဘာင္ေခတ္ အေလာင္းမင္း တရားႀကီး ကေနာင္ေတာ္ႀကီးမင္း၊ မင္းတုန္းမင္းႀကီး နာမည္ႀကီးဆရာေတာ္သံဃာေတာ္မ်ား နာမည္ႀကီး လူပုဂၢိဳလ္မ်ားေခတ္အဆက္ဆက္ ကိုးကြယ္လွဴဒါန္း ခဲ့ၾကသည္။ ရေသ့ႀကီး ဦးခႏၱီသည္လည္း အေဆာက္ အဦးမ်ားစြာ လွဴဒါန္းခဲ့သည္။

ျမတ္စြာေျခေတာ္ရာ အစစ္အမွန္ျဖစ္တဲ့အ တြက္ ဘုရားတန္ခိုးေတာ္ေၾကာင့္ ေတာႀကီးမ်က္မဲ လူသူနဲ႔မနီးတဲ့ ေဒသမွာ ေခတ္အဆက္ဆက္ဗုဒၶ ဘာသာဝင္ေတြလာေရာက္ပူေဇာ္ကန္ေတာ့ေနၾကပါ တယ္။ ႏိုင္ငံျခားတိုင္းျပည္အသီးသီးက ဗုဒၶဘာသာ ဝင္ေတြလည္း ဘုရားေျခေတာ္ရာအစစ္ကို လာ ေရာက္ဖူးေမွ်ာ္ေနၾကတယ္လို႔ သိရပါတယ္။ေခတ္အဆက္ဆက္ ဗုဒၶဘာသာဘုရင္ႀကီးေတြ ဆရာေတာ္ေတြ ထြက္ရပ္ေပါက္ပုဂၢိဳလ္ေတြပါ။ လာေရာက္ဖူးေမွ်ာ္ၾကရတဲ့ ေရႊစက္ေတာ္ေဒသကို သန္႔ရွင္းတဲ့ ၾကည္လင္ေအးျမတဲ့ ဘုရားဖူးရာေဒသ ျဖစ္သင့္ပါတယ္။ အေပ်ာ္အပါး ခရီးထြက္တဲ့ေဒသ အျဖစ္သို႔ မေရာက္ရွိသင့္လို႔ ယူဆပါတယ္။ တာဝန္ ရွိသူမ်ားအေနျဖင့္ ရဟႏၱာႀကီး ေတာင္းဆိုခ်က္ကို လိုက္နာသင့္ေၾကာင္း တင္ျပလိုက္ရပါတယ္။

သတၲဝါမ်ားက်န္းမာခ်မ္းသာၾကပါေစ

ဆရာဝင္း(သာကီႏြယ္)

manawmayajournal

=========

Unicode

ကျွန်တော် ၁၅-၁-၂၀၁၈ရက်နေ့က မင်း ဘူးရှင်ပင်စက္ကိန်းတဲဘုရားမှာ မင်းဘူးမြို့အောက်က နာနာဘာဝမြို့သုံးမြို့မှ နာမ်လောကသားများကို ဆွမ်း တော်ပွဲကပ်လှူပြီး အမျှဝေတဲ့ ကိစ္စဆောင်ရွက်ပြီး တဲ့အခါ မနက် ၉ နာရီခွဲမှာ ရွှေစက်တော်ဘုရားကို သွားရောက်ပါတယ်။

ကျွန်တော်လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တစ် ကြိမ်ရွှေစက်တော်ဘုရားသို့ ဘုရားဖူး ရောက်ခဲ့ပါ တယ်။ အဲဒီ့အချိန်ကနဲ့စာလျှင် လမ်းက တော်တော် ကောင်းနေပါပြီ။ လမ်းမှာ စိမ်းစိုအေးမြနေတဲ့ သစ် တောကြီးကို ဖြတ်ရတော့ စိတ်ကြည်နူးအေးချမ်းပါ တယ်။ မုံရွာပုသိမ်လမ်းမကြီးကျော်လာတော့ တောင် ဆင်းတောင်တက်အကွေ့အကောက်တွေများပါတယ်။

လမ်းကကျဉ်းတော့ လမ်းမှာတွေ့ရတဲ့ ကား တွေကို သတိထားရှောင်မောင်းနေရပါတယ်။ ဘုရား ပွဲကျင်းပမည့် ရက်နီးနေတော့ ဘုရားဖူးကားတွေ လည်း တွေ့ရပါတယ်။ ကားကအထက်စက်တော် ရာအနီးထိတက်လို့ရပါတယ်။ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူးကားတွေ တော်တော်များများတွေ့ရပါတယ်။ ကျွန်တော်အရင်တစ်ခေါက် ဘုရားဖူးရောက်စဉ်က အထက်စက်တော်ရာကားနဲ့ အတက်မှာ ဦးခန္တီကြီး ဇရပ်ကြီးအနီးမှာ ကားပျက်တဲ့အတွက် အထက်စက် တော်ရာကို မဖူးခဲ့ရပါဘူး။ အောက်စက်တော်ရာကို ပဲဖူးခဲ့ရပါတယ်။

ကျွန်တော် အထက်စက်တော်ရာ စေတီမှာ ကန်တော့ပွဲကပ်လှူဖို့ မကွေးကပင် ဝယ်ခဲ့ပါတယ်။ ပန်းနဲ့ ပန်းကုံးအချို့ကိုတော့ ဒီစက်တော်ရာမှာပဲ ဝယ်ခဲ့ပါတယ်။ အထက်စက်တော်ရာကို ရွှေပိန်းချ ထားတဲ့ Óာဏ်တော်၁၀တောင်ခန့်ရှိမည့် စေတီနဲ့ ဖုံးအုပ်ထားပါတယ်။ စေတီကို မှန်နဲ့ ကာရံထားတဲ့ အတွင်းဖက်ကို အမျိုးသမီးတွေ မဝင်ရပါဘူး။ ကျွန် တော် ဘုရားကို ကန်တော့်ပွဲတစ်ပွဲ ငွေ၅၀ဝဝကျပ် ရွှေသင်္ကန်း ၂ ဆိုင်း ကပ်လှူပါတယ်။ ပုတီးကိုးပတ် စိပ်ပါတယ်။

ကျွန်တော်ပုတီးစိပ်ပြီးမှ သူတကာ ရွှေသ င်္ကန်း ကပ်လှူတာမြင်ရမှ ကျွန်တော်လည်း သတိ ရပြီး ရွှေသင်္ကန်းကပ်လှူတာဖြစ်ပါတယ်။ ရွှေသင်္ကန်း ကပ်လှူပြီးတော့ ရွှေသူဋ္ဌေးကြီးဖြစ်ဖို့ ဆုတောင်းမိ ပါတယ်။

ကျွန်တော်လည်း လယ်ကိုင်းကျောင်းတော်ရာ ဘုရားနဲ့ မကွေးမြသလွန်ဘုရားများပါ ဒီနေ့တစ်ရက် တည်းဖူးဖို့ အစီအစဉ်ရှိတဲ့အတွက် မုဆိုးတောင်နဲ့ အခြားစေတီများမသွားတော့ဘဲ အောက်စက်တော် ရာသို့ ဆင်းခဲ့ပါတယ်။ မန်းချောင်းတစ်လျှောက်မှာ ဘုရားပွဲလာရောက်ကြမည့်ဘုရားဖူးများအတွက် ဝါး နဲ့သစ်နဲ့ဆောက်ထားတဲ့ တည်းခိုဆောင်များ မြောက် မြားစွာတွေ့ရပါတယ်။ မန်းချောင်းကိုလည်း ယာယီ တံတားသုံးစင်းဖြတ်ပြီး တည်ဆောက်ထားပါတယ်။ မန်းချောင်းက ကျွန်တော်အရင်တစ်ခေါက်ရောက်စဉ် ကထက်ကျဉ်းနေတာတွေ့ရပါတယ်။ ပေ၄၀လောက် ပဲကျယ်မည်ထင်ပါတယ်။

ကျွန်တော်အောက်စက် တော်ရာမှာ ပန်းများနဲ့ ငွေ၅၀ဝဝကျပ် ကပ်လှူပါ တယ်။ ပုတီးကိုးပတ်စိပ်ပါတယ်။ အောက်စက်တော် ရာကို ဖန်ပေါင်းချောင်နဲ့ ထားပါတယ်။ မန်းချောင်း က မိုးရာသီမှာ ရေတက်ရာ အောက်စက်တော်ရာ တန်ဆောင်းအမိုးထိလုနီးပါးမြှုပ်တယ်။ ဘုရားခြေ တော်ရာလည်း မြှုပ်ထားတဲ့အတွက် ရေမဝင်နိုင် အောင်လူတွေလည်း ဖူးမြင်နိုင်အောင် ဖန်ပေါင်း ချောင်ကြီးနဲ့ အုပ်ပြီးထိန်းသိမ်းစောင့်ရှောက်ထားပါ တယ်။ ခြေတော်ရာကို ရွှေများချထားတဲ့အတွက် ခြေချောင်းနေရာလေးတွေ မမြင်ရတော့ပါဘူး။

ကျွန်တော်ကိုဗေဒင်ကူညီဟောပေးနေတဲ့ ဘုရားရှင်ကြီးကို ဒီခြေတော်ရာသည် ဂေါတမ ဘုရား၏ခြေတော်ရာစစ်မစစ်မေးလျှောက်ကြည့်ပါ တယ်။

ထိုအခါ သင်္ကန်းတော်ရွှေရောင်နဲ့ ဘုရားရှင် ကြီးတစ်ဆြွူကရောက်လာပါတယ်။ ဘုရားရှင်က ဂေါတမဘုရားရဲ့ လက်ဝဲဘက်ခြေတော်ရာ အစစ် ဖြစ်ကြောင်း ဂေါတမဘုရားြွကလာတဲ့အခါ နမ္မဒါ မြစ်(မန်းချောင်း)ထဲမှ နဂါးတောင်းပန်သဖြင့် မြသား ကျောက်ပေါ်မှာ ဝဲဘက်ခြေတော်ရာချထားခဲ့ကြောင်း သစ္စဗန္ဓရဟန္တာတောင်းပန်တဲ့အတွက် မကုလတောင် တွင် မြသားကျောက်ဖြာထက်၌ ဝဲဘက်ခြေတော်ရာ တစ်ဆူချထားခဲ့ကြောင်း မိန့်ကြားပါတယ်။

ကျွန်တော်က ယနေ့မြန်မာနိုင်ငံဗုဒ္ဓသာသနာ တော်များသံဃာတော်များ တစ်နှစ်လျှင် အပါး ၃၀ဝဝဝ လောက်လူထွက်နေရာ သာသနာတော် အတွက် စိုးရိမ်ရပါကြောင်း လျှောက်ထားရာ ဘုရား ရှင်ကြီးက ဒကာကြီး မစိုးရိမ်ပါနဲ့ မကြာမီ ဝိနည်းကို လေးစားတဲ့သံဃာတော်တွေ ပေါ်လာလိမ့်မည် မိန့် ကြားပါတယ်။ ဤသို့မိန့်ကြားပြီးဘုရားရှင် ကြီးပြန် ြွကသွားပါတယ်။ခဏနေတော့ ရွှေရောင်သင်္ကန်းနဲ့ ရဟန္တာကြီးတစ်ပါး ကြွရောက်လာပြန်ပါတယ်။

“ရဟန္တာအရှင်မြတ်ကြီး အမိန့်ရှိတော်မူပါ ဘုရား”“ရွှေစက်တော်ဘုရားပွဲမှာ ဘုရားဖူးလာကြ တဲ့ ဘုရားဖူးတွေအနေနဲ့ ချောင်းထဲရေမချိုးစေချင် ပါဘူး။ ဘုရားပွဲဂေါပကလူကြီးများက တားမြစ်ပေး ပါသုံးနှစ်အချိန်ပေးမည့် သုံးနှစ်နေလို့မှ ဘုရားဖူး တွေ ရေချိုးတဲ့ကိစ္စမတားမြစ်နိုင်လျှင်ဘုရားပွဲ မကျင်း ပနိုင်အောင်ဆောင်ရွက်မည်”“ဘယ်လိုကြောင့် ဘုရားဖူးတွေရေမချိုး စေချင်တာပါလဲဘုရား”“ရေမချိုးစေချင်တာ အကြောင်းသုံးချက်ရှိတယ်

ဘုရားပွဲကာလမှာ ချောင်းထဲမှာ ယောကျာ်း မိန်းမ ရဟန်းသံဃာ ရေချိုးကြတယ်။ မိန်းမတွေက အထက်ဖက်ကချိုးတာတွေရှိတယ်။ ရဟန်းသံဃာ တွေက ချောင်းအောက်ပိုင်းမှာ ရေချိုးကြတာရှိတယ်။ အဲဒီလိုချိုးကြတာ မသင့်လျော်ဘူး။ဒီမန်းချောင်းရဲ့ အောက်မှာ နဂါးကြီး တစ် ကောင်ရှိတယ်။ ဒီနဂါးကြီးက ဂေါတမမြတ်စွာဘုရား ဒီမန်းချောင်းဒေသ ကြွလာတဲ့အခါ လူအများ နောင် အရှည်သဖြင့် ကိုးကွယ်ရန် တစ်စုံတစ်ရာပေးသနား ရန် တောင်းပန်၍ မြသားအစစ် ကျောက်ဖျာထက် တွင် လက်ဝဲခြေတော်ရာတစ်ဆူ ချပေးတော်မူခဲ့တာ ဖြစ်တယ်။ ဘုရားပွဲကာလမှာ လူပေါင်းများစွာ ရေချိုး ကြ၍ ရေမသန့်တဲ့အတွက် နဂါးကြီးက စိတ်ဆိုးနေ တယ်။

ဒီရွှေစက်တော်တစ်ဝိုက်မှာ သိုက်ပေါင်း ၃၀ ကျော်လောက်ရှိတယ်။ သိုက်က ပုဂ္ဂိုလ်များလည်း ကြည်လင်အေးမြတဲ့ မန်းချောင်းရေကို ချိုးကြတယ်။ ဘုရားပွဲကျင်းပတဲ့ သုံးလလောက်ကာလမှာ လူတွေ က မသန့်ရှင်းတဲ့အတွက် သူတို့လည်း ရေမချိုးကြ ရဘူး။ ဘုရားပွဲကာလ ရေချိုးကြတဲ့သူတွေကလည်း ချောင်းနဲ့ အပြည့်ရှိတယ်။ ဒါကြောင့် ဘုရားပွဲကာလ မှာ ဘုရားဖူးတွေကို ချောင်းရေမချိုးဖို့ တားမြစ်ရတာ ဖြစ်တယ်”

“အရှင်မြတ်က ဘယ်က ကြွလာတာပါလဲ ဘုရား”“ကျုပ်က အထက်စက်တော်ရာမှာ သီတင်း သုံးတဲ့ သောဘိတ ရဟန္တာကြီးပါ။ ကျုပ်က ရွှေစက် တော်ဘုရားပွဲကိုလည်း စောင့်ရှောက်တယ်။ ဗုဒ္ဓခြေ တော်ရာနှစ်ဆူကိုလည်း စောင့်ရှောက်ပါတယ်။ရွှေစက်တော်ဘုရားပွဲမှာ မုန့်ပဲသရေစာ ရောင်းချတဲ့သူများကို ပြောချင်ပါတယ်။ မိမိဆိုင်ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို သန့်သန့်ရှင်းရှင်းရှိ အောင် ထိန်းသိမ်းကြပါ”

ကျွန်တော်ကို ကားအငှားလိုက်ပို့တဲ့ကား ဆရာက ရွှေစက်တော်နဲ့ မကွေးမင်းဘူးကြိမ်ဖန်များ စွာ သွားလာနေတဲ့အကြောင်း ယခင်နှစ်များက ဘုရားပွဲကာလမှာ လူတွေအလွန်များကြောင်း လာ သမျှ လူတွေရေချိုးကြတာ ချောင်းနဲ့အပြည့်ရှိ ကြောင်း ချောင်းရေက ညစ်ပတ်တဲ့အတွက် ချောင်း ရေချိုးပြီးလျှင်ထပ်ပြီး ရေသန့်နဲ့ ချိုးရကြောင်း ဘုရားဂေါပကက အရက်ဆိုင်မဖွင့်ရတားမြစ်ထားပေ မယ့် ဘုရားဖူးလာကြတဲ့ လူငယ်တွေက အရက်ဘီ ယာဘူးတွေ မကွေးမင်းဘူးကဝယ်လာပြီး သောက် ကြကြောင်းပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဘုရားပွဲ မှာသားသတ်လိုင်စင်ခွင့်ပြုတဲ့အတွက် သက်ဆိုင်ရာ အထက်ပုဂ္ဂိုလ်များ မကျေနပ်လို့ ဆောင်းရာသီကြီး မှာမန်းချောင်းရေတွေ ကြီးလာလို့ လူတွေရော ဆိုင် တွေတည်းခိုခန်းတွေ မော်တော်ယာဉ်တွေပါ ရေကြီး နစ်မြှုပ်ခဲ့ကြောင်း လူတွေလည်း တော်တော်များများ ရေနစ်မြှုပ်သေဆုံးခဲ့ကြောင်းပြောပါတယ်။ကျွန်တော်တို့လည်း နေ့လည်၁နာရီခွဲမှာ ရွှေစက်တော်ကနေပွင့်ဖြူမြို့နယ် လယ်ကိုင်းကျောင်း တော်ရာဘုရားသို့ သွားရောက်ဖူးမျှော်ပါတယ်။

လယ်ကိုင်းကျောင်းတော်ရာ ဘုရားမှာ ငွေ ၅၀ဝဝနဲ့ ပန်းများကပ်လှူပုတီးကိုးပတ်စိပ်အမျှဝေပါ တယ်။ လွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်က လယ်ကိုင်း ကျောင်းတော်ရာ ဘုရားမှာ သတင်းသုံးတဲ့ ကျွန်တော့် ရဲ့ ပုဂံခေတ်က အဘိုးတော်တဲ့ဝိဇ္ဇာရသေ့ကြီး ရှိပါ သေးသလားလို့ဘုရားစောင့်နတ်ကြီးပင့်မေးလျှောက် ကြည့်တော့ မရှိတော့ကြောင်း ပြောပါတယ်။

အဲ့ဒီအဘိုးရသေ့ကြီးက လယ်ကိုင်းကျောင်းတော်ရာဘုရားမှာ ကျွန်တော်နဲ့တွေ့ပြီးကျွန်တော် ရန်ကုန်အပြန်မှာ ကျွန်တော်နဲ့ရန်ကုန်လိုက်လာပါ တယ်။ ကျွန်တော့်အိမ်မှာ သုံးလလောက် အတူနေ သွားပါတယ်။ နာမ်ရုပ်နဲ့ ဝိဇ္ဇာကြီးပါ။ အဘိ်ုးက ကျွန်တော့်ကို အလွန်ချစ်ပါတယ်။ ညအိပ်တော့လည်း ကျွန်တော်နဲ့ အတူအိပ်ပါတယ်။ မြေးအဘိုးနှစ် ယောက် တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြ နေကြပါတယ်။ သုံးလလောက်ကြာတော့ တစ်ညမှာ ရသေ့ဝိဇ္ဇာကြီး တစ်ပါးရောက်လာပြီး အိပ်ယာထဲက အတင်းနှိုးပြီးပြန်ခေါ်သွားပါတယ်။ အဲဒီကတည်းက အဘိုးဝိဇ္ဇာရသေ့ကြီးနဲ့ မတွေ့ရတော့ပါဘူး။

ညနေလေးနာရီမှာ မကွေးမြသလွန် ဘုရား ဖူးပါတယ်။ မြသလွန်ဘုရားမှာ ငွေ ၅၀ဝဝလှူပန်း များ၊ လှူဂုဏ်တော်ပုတီးကိုးပတ်စိပ်ပြီး ဘုရားကုန်း တော်ပေါ်က ဧရာဝတီမြစ်ဘက် ရှုမျှော်ခင်းများကြည့် ရှုပြီး ဟော်တယ်သို့ ပြန်ခဲ့ပါတယ်။ကျွန်တော် ၁၆-၁-၂၀၁၈ ရက်နေ့မနက် ရှစ်နာရီမှာ မကွေးမှ ရွှေမန္တလေးကားနဲ့ ရန်ကုန် ပြန်လာပါတယ်။ အပြန်မှာတော့ ကားက နတ် မောက်လမ်းမှ မပြန်ဘဲ တောင်တွင်းကြီးဘက်က ပြန်ပါတယ်။ တောင်တွင်းကြီးမြို့ထဲကိုလည်း မရောက်ပါဘူး။ ကျွန်တော်ဒီလမ်းကို တစ်ခါမျှ မသွား ဖူးပါဘူး။ ကားက သုံးနာရီလောက်မောင်းပြီးမှ မန္တလေးရန်ကုန်အမြန်လမ်းမကြီးရောက်ပါတယ်။

လမ်းက ကျဉ်းတယ်။ တောတွေတောင်တွေ အထပ်ထပ်ဖြတ်ရပါတယ်။ အဆင်းအတက်အကွေ့ အကောက်လည်းများပါတယ်။ ကားနှစ်စင်းဆုံလျှင် ကားကိုရပ်ပြီး ရှောင်နေရပါတယ်။ ဒီခရီးမှာတော့ သစ်တောတွေတော်တော်များများတွေ့ရပါတယ်။ သစ်ပင်ကို ခုတ်မည်ဆိုလျှင် အထုတ်ရအလွန်ခက်ပါ တယ်။ ချပ်တွေလျှိုတွေ အလွန်များပါတယ်။ လူ တောင် တက်ဖို့ဆင်းဖို့ မလွယ်ပါဘူး။ တောင်ပေါ် မရောက်ခင် ဆည်မြောင်းတွေဖောက်လုပ်ထားတာ တွေ့ရပါတယ်။ နဝတအစိုးရလက်ထက်ဖောက်လုပ် တဲ့ဆည်မြောင်းတွေဖြစ်ပုံရပါတယ်။ နဝတအစိုးရ လက်ထက်မိုးခေါင်တဲ့ဒေသတွေမှာ ဆည်မြောင်းတွေ ဖောက်လုပ်ပေးတာမြစ်ရေတင် စီမံကိန်းတွေဆောင် ရွက်ပေးတာဟာဖြင့် ပြည်သူတွေကို အလွန်အကျိုး များစေပါတယ်။

အမြန်လမ်းပေါ်မှာ ကားသွားနေရင်း ကျွန် တော့်ရှေ့သို့ သင်္ကန်းတော်အပြာရောင်နှင့် ဘုရား ရှင်ကြီးတစ်ဆူ ကြွရာက်တော်မူလာတာဖူးတွေ့ရပါ တယ်။ ဘုရားရှင်ကြီးက ဒကာကြီးရွှေသူဋ္ဌေးကြီး ဖြစ်အောင်တူးရမည့် ရွှေတွင်းသုံးတွင်းကို မိန့်ကြား မည်။ ကသာခရိုင်ထီးချိုင့်မြို့အနောက်ဘက် ၃ မိုင် ကွာမှာရှိတဲ့ ရွှေတွင်း၊ နောက်တစ်တွင်းက တောင် တွင်းကြီးမြို့အရှေ့ဘက် ၅ မိုင်အကွာမှာ ရှိတဲ့ရွှေတွင်း သုံးတွင်းကို တူးဖော်ရမည့် နောက်နှစ်နှစ်နေလျှင် တူးဖော်ရမည်မိန့်ကြားသွားပါတယ်။

ကျွန်တော်၁၅-၁-၂၀၁၈ရက်နေ့ မနက်က အထက်စက်တော်ရာ ဘုရားမှာ ရွှေသင်္ကန်းကပ် လှူပြီး ရွှေသူဋ္ဌေးကြီးဖြစ်ရပါလို၏လို့ တောင်းတဲ့ ဆုတောင်းပြည့်တဲ့သဘောလို့ ထင်ပါတယ်။ဒီနေရာမှာ စက်တော်ရာဘုရားသမိုင်းနဲ့ ပတ် သက်ပြီး ဦးကျော်စိန်ဝင်းပြုစုတဲ့ သမိုင်းမော်ကွန်း ရွှေစက်တော်စာအုပ်မှ အကျဉ်းအားဖြင့် တင်ပြချင် ပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ် အ နောက်ဘက်လမ်းကို ရှေးခေတ်က သုနာပရန္တတိုင်း ဟု ခေါ်ဆိုကြ၏။ ထိုတိုင်းတွင် ယခုလယ်ကိုင်းမြို့ အရှေ့ဘက်တွင် ဝါဏိဇ္ဇဂါမရွာကြီးရှိ၏။ ထိုရွာတွင် စူဠပုဏ္ဏနှင့် မဟာပုဏ္ဏဆိုသည့် ကုန်သည်ညီနောင် တို့ရှိ၏။

တစ်နေ့သ၌ အစ်ကိုဖြစ်သူ မဟာပုဏ္ဏသည် အနောက်မဇ္ဈိမသို့ ကုန်ရောင်းသွားရာ သာဝတ္ထိ မြို့ တွင် ဗုဒ္ဓဘုရားရှင်နှင့်တွေ့၍ ဘုရားရှင်၏ တရားဓမ္မ များကို နာကြားခွင့်ရခဲ့ပြီး ဘုရားရှင်သီတင်း သုံးရာ ဇေတဝန်ကျောင်းသို့လိုက်ပါကာ ရဟန်းဘဝသို့ ကူး ပြောင်းလိုက်၏။ ဘုရားရှင်၏ တရားဓမ္မများကို အား ထုတ်၍ နေထိုင်ခဲ့လေ၏။တစ်နေ့သောအခါ မဟာပုဏ္ဏသည် ၄င်း၏ နေရင်းဌာနဝါဏိဇ္ဇဂါမရွာသို့ ဘုရားရှင်အားခွင့်ပန် ပြီးပြနြွ်ကလာ၏။ မကုလကာရာမ ခေါ် တော ကျောင်းနေရာတွင် တရားအားထုတ်နေလေ၏။ နောင်သော် ရဟန္တာဖြစ်၍ သွားလေ၏။

စူဠပုဏ္ဏညီငယ်သည် ကုန်သွယ်သွားရင်း မလေးရှားမှ စန္ဒကူးသစ်များ ရရှိလာ၏။ နောင်တော် မဟာပုဏ္ဏအတွက် ကျောင်းဆောက်လုပ်ပေးမည့် ရည်ရွယ်၏။ မဟာပုဏ္ဏက ဤစန္ဒကူးကျောင်းတော် သည်မြတ်စွာဘုရားရှင်နှင့် သာထိုက်တန်သည်ဆိုပြီး ဘုရားရှင်အားလှူဒါန်းရန် ရည်ရွယ်ပြီး ကြီးကျယ် ခမ်းနားစွာသော ကျောင်းတော်ကြီးကို ဆောက်လုပ် ကြလေတော့၏။မဟာပုဏ္ဏမထေရ်သည် ကျောင်းတော်ကြီး ပြီးစီးသောအခါ သာဝတ္ထိပြည်သို့ သွားရောက်ပြီး ဘုရားရှင်အား စန္ဒကူးနံ့သာကျောင်းတော်ကြီးကို အလှူခံရန် ပင့်ဖိတ်ခဲ့၏။ ဤသို့နှင့် မဟာသက္ကရာဇ် ၁၂၄ ခုတွင် ဘုရားရှင်သည် နောက်ပါသံဃာ ၄၉၉ ပါးနှင့်အတူ ြွကချီလာ၏။

မြတ်စွာဘုရားနှင့် သံဃာတော်များ ဝါဏိဇ္ဇ ဂါမရွာရောက်သောအခါ လူအပေါင်းက သောင်း သောင်းဖျဖျကြိုဆိုကြ၏။ ဆွမ်းခဲဖွယ်များ ကပ်လှူ ကြ၏။ ဘုရားရှင်သည် စန္ဒကူးနံ့သာကျောင်းတွင် နေထိုင်သီတင်းသုံး၏ကျောင်းကို အလှူခံ၏။ မြတ် စွာဘုရား ၇ ရက်သီတင်းသုံးပြီး အပြန်တွင် နမ္မဒါ မြစ်ခေါ် မန်းမြစ်(မန်းချောင်း) တစ်ဖက်ကမ်း၌ ဆင်း သက်စဉ် မန်းမြစ်အတွင်းမှ နဂါးမင်းကုန်းပေါ်တက် ရောက်လာပြီး ဘုရားရှင်အားပူဇော်၏။ နောင်အရှည် သဖြင့် ကိုးကွယ်ရန် တစ်စုံတစ်ရာ ချီးမြှင့်ပေးသနား ရန် တောင်းပန်၍ မန်းမြစ်ကမ်းစပ်မြသား အဆင်း ကျောက်ဖျာထက်တွင် ဝဲဘက်ခြေတော်ရာ တစ်ဆူ ချ၍ ပေးသနားလေ၏။

ထိုမှတစ်ဆင့် ဘုရားရှင်သည် မကုလတောင် ပေါ်သို့တက်၏။ တောင်ပေါ်တွင် သစ္စဗန္ဓရဟန္တာ သစ္စဗန္ဓရသေ့ဘဝမှ ရဟန္တာဖြစ်လာသူနှင့် တွေ့၍ အဖူးမျှော်ခံ၏။ သစ္စဗန္ဓ ရဟန္တာအားလည်း နောင် အစဉ်သဖြင့် ကိုးကွယ်ဆည်းကပ်ရန် တစ်စုံတစ်ရာ ပေးသနားတော်မူခဲ့၏။မြတ်ဗုဒ္ဓ၏ခြေတော်ရာကို ဖူးမျှော်ကြည်ညို ရာတွင် ထိုစက်တော်ရာများ၏ သ္ခင်သဉာပ လောက သုံးပါးကို အတုမရှိသိတော်မူသော လောကဝိဒူဂုဏ်၊ လောကသုံးပါးမှ လွတ်မြောက်တော်မူသည်။ (တိလောကန္တဂုဏ်)တို့ကို အာရုံပြု၍ ကြည်ညိုလိုက် သောအခါ ထူးမြတ်သော ကုသိုလ်တရားလည်း ဖြစ် တည်လာလေ၏။

ဘုရားရှင်၏ စက်တော်ရာများကို မြန်မာမင်း အဆက်ကိုးကွယ်ခဲ့ကြ၏။ သက္ကရာဇ် ၁၅၁ ခုနှစ်တွင် ဒွတ္တဆောင်မင်းကြီးစက်တော်ရာကို အဖူးအမျှော် ရောက်ခဲ့ပြီး ရွှေဇရပ်နှစ်ဆောင်ဆောက်လုပ် လှူဒါန်း ခဲ့၏။သက္ကရာဇ် ၁၅၂ နှစ်တွင် ဝေဘာဂီပြည်ကို အစိုးရသော ပထမမင်းခေါင်သည် စက်တော်ရွာကို အဖူးအမျှော်ရောက်ခဲ့ပြီး ရွှေချိန် ၁၀ဝ လှူဒါန်းခဲ့၏။

သက္ကရာဇ် ၁၅၄ ခု ပါတလိပုတ်ပြည်ကို အစိုးရတော်မူသော မနန္ဒမင်းသည့် ပါဒစေတီနှစ်ဆူ ကို အဖူးအမျှော်ရောက်ရာတွင် ကြေးပြဿဒ်နှစ် ဆောင် ကုသိုလ်ကောင်းမှုပြုလုပ်လှူဒါန်းခဲ့၏။ပေါက္ကံပြည်ကို အစိုးရသော တရားသူကြီး မင်း၊ ကွမ်းထမ်းမင်းရာဇာ၊ အနော်ရထာမင်းစော၊ ကျန်စစ်မင်း၊ နရပတိစည်သူမင်း၊ နန်းတောင်းများ မင်း၊ ကျစွာမင်း၊ ကုန်းဘောင်ခေတ် အလောင်းမင်း တရားကြီး ကနောင်တော်ကြီးမင်း၊ မင်းတုန်းမင်းကြီး နာမည်ကြီးဆရာတော်သံဃာတော်များ နာမည်ကြီး လူပုဂ္ဂိုလ်များခေတ်အဆက်ဆက် ကိုးကွယ်လှူဒါန်း ခဲ့ကြသည်။ ရသေ့ကြီး ဦးခန္တီသည်လည်း အဆောက် အဦးများစွာ လှူဒါန်းခဲ့သည်။

မြတ်စွာခြေတော်ရာ အစစ်အမှန်ဖြစ်တဲ့အ တွက် ဘုရားတန်ခိုးတော်ကြောင့် တောကြီးမျက်မဲ လူသူနဲ့မနီးတဲ့ ဒေသမှာ ခေတ်အဆက်ဆက်ဗုဒ္ဓ ဘာသာဝင်တွေလာရောက်ပူဇော်ကန်တော့နေကြပါ တယ်။ နိုင်ငံခြားတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာ ဝင်တွေလည်း ဘုရားခြေတော်ရာအစစ်ကို လာ ရောက်ဖူးမျှော်နေကြတယ်လို့ သိရပါတယ်။ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဘုရင်ကြီးတွေ ဆရာတော်တွေ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေပါ။ လာရောက်ဖူးမျှော်ကြရတဲ့ ရွှေစက်တော်ဒေသကို သန့်ရှင်းတဲ့ ကြည်လင်အေးမြတဲ့ ဘုရားဖူးရာဒေသ ဖြစ်သင့်ပါတယ်။ အပျော်အပါး ခရီးထွက်တဲ့ဒေသ အဖြစ်သို့ မရောက်ရှိသင့်လို့ ယူဆပါတယ်။ တာဝန် ရှိသူများအနေဖြင့် ရဟန္တာကြီး တောင်းဆိုချက်ကို လိုက်နာသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်