MASIGNALPHA101

ပဲခူးၿမိဳ႕တြင္ တေန႔တည္း လူသတ္မႈ ၂ ႀကိမ္ ျဖစ္ပြား

ပဲခူးၿမိဳ႕တြင္ တေန႔တည္း လူသတ္မႈ ၂ ႀကိမ္ ျဖစ္ပြား
Friday, April 6, 2018


ပဲခူးၿမိဳ႕အမွတ္-၂ နဲ႔ အမွတ္ ၃ ရဲစခန္းအပိုင္မွာ ဒီေန႔မနက္ပိုင္းက တေန႔တည္း လူသတ္မႈ ၂ ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ ပဲခူးၿမိဳ႕နယ္ ဒုၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မႉး ဒုရဲမႉး ခိုင္သန္းက ေျပာပါတယ္။

ပဲခူးၿမိဳ႕ အမွတ္ ၂ ရဲစခန္းအပိုင္ ေရႊသာေလွ်ာင္းလမ္းမတန္း အထက(၇) ေက်ာင္းေရွ႕ မ်က္နာျခင္းဆိုင္မွာရွိတဲ့ မီးေသြး႐ံုက အသက္ ၅၈ နွစ္အရြယ္ရွိ ပိုင္ရွင္အမ်ဳိးသမီး ေဒၚျဖဴျဖဴရွိန္ဟာ ေနအိမ္ထဲမွာ တေယာက္တည္း လည္ပင္းထိုးသြင္း ဒဏ္ရာေတြနဲ႔ ေသြးအိုင္ထဲမွာ လဲက်ေသဆံုးေနတယ္လို႔ သိရပါတယ္။

မဇင္းအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မင္းက “လူသတ္တရားခံဟာ ဓာတ္သိထဲက ျဖစ္ႏုိင္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ တခါးေတြကို ဖ်က္ဆီးတာ ဘာမွမေတြ႔ရဘူး။ သာသာယာယာပဲ ၀င္ထြက္သြားတဲ့ သေဘာရွိတယ္။ အခန္းထဲမွာ တီဗီြတလံုး ဖြင္လွွ်က္အေနအထားနဲ႔ လဲက်ေနတယ္။ ကုလားထိုင္တလုံး လဲေနတယ္။ ပစၥည္းေတြ ဖုန္းေတြ ဒီအတိုင္းပဲ မီးေသြးေရာင္းထားတဲ့ ေငြ ၁၇ သိန္းေလာက္ကေတာ့ မေတြ႔ေတာ့ဘူး” လို႔ ေျပာပါတယ္။

တဆက္တည္းမွာပဲ အမွတ္ ၃ ရဲစခန္းအပိုင္ ပဲခူး ဟံသာ၀တီ ေလယာဥ္ကြင္း ေဆာက္လုပ္မယ့္ေနရာက မေလးရွားပင္ေအာက္မွာ အသက္ ၃၀ အရြယ္ အမည္မသိ အမ်ိဳးသမီးတဦး ဓားဒဏ္ရာေတြနဲ႔ မွက္နွာေပၚမွာ အမႈိက္တင္ကာ မီး႐ိႈ႕ခံထာရၿပီး ေသဆံုးေနတာကို ေတြ႔ရတယ္လို ့ ရဲမွတ္တမ္းေတြအရ သိရပါတယ္။

အဲဒီလူသတ္မႈ ႏွစ္ခုစလံုးနဲ႔ ပတ္တ္သက္ၿပီး ရာဇသတ္ႀကီးပုဒ္မ-၃၀၂ နဲ႔ အမႈဖြင့္ထားၿပီး တရာခံေတြ အျမန္ဆံုးေဖာ္ထုတ္ႏိုင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ ရဲတပ္ဖဲြ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

Credit - DVB

=========

Unicode

ပဲခူးမြို့အမှတ်-၂ နဲ့ အမှတ် ၃ ရဲစခန်းအပိုင်မှာ ဒီနေ့မနက်ပိုင်းက တနေ့တည်း လူသတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့နယ် ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ခိုင်သန်းက ပြောပါတယ်။

ပဲခူးမြို့ အမှတ် ၂ ရဲစခန်းအပိုင် ရွှေသာလျှောင်းလမ်းမတန်း အထက(၇) ကျောင်းရှေ့ မျက်နာခြင်းဆိုင်မှာရှိတဲ့ မီးသွေးရုံက အသက် ၅၈ နှစ်အရွယ်ရှိ ပိုင်ရှင်အမျိုးသမီး ဒေါ်ဖြူဖြူရှိန်ဟာ နေအိမ်ထဲမှာ တယောက်တည်း လည်ပင်းထိုးသွင်း ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတယ်လို့ သိရပါတယ်။

မဇင်းအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက “လူသတ်တရားခံဟာ ဓာတ်သိထဲက ဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ တခါးတွေကို ဖျက်ဆီးတာ ဘာမှမတွေ့ရဘူး။ သာသာယာယာပဲ ဝင်ထွက်သွားတဲ့ သဘောရှိတယ်။ အခန်းထဲမှာ တီဗွီတလုံး ဖွင်လျှှက်အနေအထားနဲ့ လဲကျနေတယ်။ ကုလားထိုင်တလုံး လဲနေတယ်။ ပစ္စည်းတွေ ဖုန်းတွေ ဒီအတိုင်းပဲ မီးသွေးရောင်းထားတဲ့ ငွေ ၁၇ သိန်းလောက်ကတော့ မတွေ့တော့ဘူး” လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ အမှတ် ၃ ရဲစခန်းအပိုင် ပဲခူး ဟံသာဝတီ လေယာဉ်ကွင်း ဆောက်လုပ်မယ့်နေရာက မလေးရှားပင်အောက်မှာ အသက် ၃၀ အရွယ် အမည်မသိ အမျိုးသမီးတဦး ဓားဒဏ်ရာတွေနဲ့ မှက်နှာပေါ်မှာ အမှိုက်တင်ကာ မီးရှို့ခံထာရပြီး သေဆုံးနေတာကို တွေ့ရတယ်လို ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီလူသတ်မှု နှစ်ခုစလုံးနဲ့ ပတ်တ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရာခံတွေ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Credit - DVB