MASIGNALPHA101

တပ္ခ်ဳပ္ႀကီး ဦးမင္းေအာင္လိႈင္ ၂၀၂၀ မွာ သမၼတေလာင္းျဖစ္လာနိုင္

တပ္ခ်ဳပ္ႀကီး ဦးမင္းေအာင္လိႈင္ ၂၀၂၀ မွာ သမၼတေလာင္းျဖစ္လာနိုင္
Wednesday, April 11, 2018


တပ္ခ်ဳပ္ႀကီး ဦးမင္းေအာင္လိႈင္ ၂၀၂၀ မွာ သမၼတေလာင္းျဖစ္လာနိုင္လို႔ ဦးရဲထြဋ္ေျပာ

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္အေနနဲ႔ လာမယ့္ ၂၀၂၀ ခုနစ္မွာ သမၼတေလာင္း အျဖစ္ ျမင္ေတြ႕လာရဖြယ္ရွိေနတယ္လို႔ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္က ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဦးရဲထြဋ္ရဲ့ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္ အရာရွိေဟာင္းလည္း ျဖစ္တဲ့ ဦးရဲထြဋ္ရဲ့ စကၤာပူ အေျခစိုက္ ISEAS အင္စတီက်ဴ႕အတြက္ ေရးသားထားတဲ့ ေဆာင္းပါးတပုဒ္ မွာ လက္ရွိတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ဟာ ေဒၚေအာင္ဆန္းစုၾကည္ထက္ ဆယ္ႏွစ္ေလာက္ငယ္ရြယ္ၿပီး သူ႔ရဲ့ေနာက္မွာ ငယ္ရြယ္တဲ့ ဗိုလ္ခ်ဳပ္ေတြကလည္း ေနရာအရိုက္အရာေတြ ဆက္ခံဖို႔ ရွိေနၾကတယ္လို႔ ဆိုထားပါတယ္။

လက္ရွိအေျခခံ ဥပေဒအရေတာ့ လႊတ္ေတာ္ထဲက တပ္မေတာ္သား ကိုုယ္စားလွယ္ အစုအဖြဲ႕ကေန ဒုတိယ သမၼတတဦး တင္သြင္းခြင့္ရွိေနတာ ျဖစ္ပါတယ္။မၾကာခင္ျဖစ္ေပၚလာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ အန္အယ္လ္ဒီအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အလြန္ကာလမွာ အရည္အခ်င္းျပည့္ဝတဲ့ လူငယ္ေခါင္းေဆာင္သစ္ေတြရွိေနတယ္ဆိုတဲ့ လူထုကို ခ်ျပရပါလိမ့္မယ္။

အဲဒီ အသစ္ေတြဟာ လူထုကို အက်ိဳးျပဳမယ့္ လူမွုစီးပြား ဖြံ့ၿဖိဳးမွုကို လုပ္ေဆာင္ေပးနိုင္ေၾကာင္း စည္း႐ုံးျပရလိမ့္မယ္လို႔လည္း ေရးသားထားပါတယ္။သမၼတ သစ္ျဖစ္လာတဲ့ ဦးဝင္းျမင့္ ေအာင္ျမင္မလား မေအာင္ျမင္သလားဆိုတဲ့ ကိစၥကေတာ့ အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ တာဝန္ယူထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူ႔ကို လုပ္ပိုင္ခြင့္ ေနရာဘယ္ေလာက္ေပးမလဲဆိုတဲ့ အေပၚမူတည္တယ္လို႔ ဦးရဲထြဋ္က သုံးသပ္ပါတယ္။

သမၼတသစ္ ဦးဝင္းျမင့္ဟာ က်ယ္ျပန႔္တဲ့ နိုင္ငံေရးအေတြ႕အၾကဳံရွိသူျဖစ္ၿပီး လႊတ္ေတာ္ သက္တမ္း ၂ ႀကိမ္မွာ ပါဝင္ခဲ့မွုနဲ႔ ႏွစ္ေပါင္း ၂၀ ေက်ာ္ အန္အယ္လ္ဒီမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေတြ႕အၾကဳံေတြက အစိုးရအဖြဲ႕ဝင္ေတြကို အားေကာင္းေကာင္းနဲ႔ ဆက္ဆံနိုင္လိမ့္မယ္လို႔ ဦးရဲထြဋ္ရဲ့ A new Generation leader for Myanmar’s National League for Democracy ဆိုတဲ့ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

BBC Burmese

===============

Unicode

တပ်ချုပ်ကြီး ဦးမင်းအောင်လှိုင် ၂၀၂၀ မှာ သမ္မတလောင်းဖြစ်လာနိုင်လို့ ဦးရဲထွဋ်ပြော

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လာမယ့် ၂၀၂၀ ခုနစ်မှာ သမ္မတလောင်း အဖြစ် မြင်တွေ့လာရဖွယ်ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

တပ်မတော် အရာရှိဟောင်းလည်း ဖြစ်တဲ့ ဦးရဲထွဋ်ရဲ့ စင်္ကာပူ အခြေစိုက် ISEAS အင်စတီကျူ့အတွက် ရေးသားထားတဲ့ ဆောင်းပါးတပုဒ် မှာ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် ဆယ်နှစ်လောက်ငယ်ရွယ်ပြီး သူ့ရဲ့နောက်မှာ ငယ်ရွယ်တဲ့ ဗိုလ်ချုပ်တွေကလည်း နေရာအရိုက်အရာတွေ ဆက်ခံဖို့ ရှိနေကြတယ်လို့ ဆိုထားပါတယ်။

လက်ရှိအခြေခံ ဥပဒေအရတော့ လွှတ်တော်ထဲက တပ်မတော်သား ကိုုယ်စားလှယ် အစုအဖွဲ့ကနေ ဒုတိယ သမ္မတတဦး တင်သွင်းခွင့်ရှိနေတာ ဖြစ်ပါတယ်။မကြာခင်ဖြစ်ပေါ်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလမှာ အရည်အချင်းပြည့်ဝတဲ့ လူငယ်ခေါင်းဆောင်သစ်တွေရှိနေတယ်ဆိုတဲ့ လူထုကို ချပြရပါလိမ့်မယ်။

အဲဒီ အသစ်တွေဟာ လူထုကို အကျိုးပြုမယ့် လူမှုစီးပွား ဖွံ့ဖြိုးမှုကို လုပ်ဆောင်ပေးနိုင်ကြောင်း စည်းရုံးပြရလိမ့်မယ်လို့လည်း ရေးသားထားပါတယ်။သမ္မတ သစ်ဖြစ်လာတဲ့ ဦးဝင်းမြင့် အောင်မြင်မလား မအောင်မြင်သလားဆိုတဲ့ ကိစ္စကတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကို လုပ်ပိုင်ခွင့် နေရာဘယ်လောက်ပေးမလဲဆိုတဲ့ အပေါ်မူတည်တယ်လို့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်ဟာ ကျယ်ပြန့်တဲ့ နိုင်ငံရေးအတွေ့အကြုံရှိသူဖြစ်ပြီး လွှတ်တော် သက်တမ်း ၂ ကြိမ်မှာ ပါဝင်ခဲ့မှုနဲ့ နှစ်ပေါင်း ၂၀ ကျော် အန်အယ်လ်ဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေက အစိုးရအဖွဲ့ဝင်တွေကို အားကောင်းကောင်းနဲ့ ဆက်ဆံနိုင်လိမ့်မယ်လို့ ဦးရဲထွဋ်ရဲ့ A new Generation leader for Myanmar’s National League for Democracy ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

BBC Burmese